အခန်း (၁၃၃၁)
Vol. 96 Ch. 1331
“ကျန်တဲ့လူနှစ်ယောက်က လှုပ်ရှားဖို့ ယုံကြည်ချက်မရှိတော့ဘူးထင်တယ်”
“ဟူး၊ စမ်းသပ်ပွဲနဲ့ပတ်သတ်ပြီး ကြောက်စရာအကောင်းဆုံးအရာက ဒီလို အခြေအနေမျိုးပဲ။ ဘယ်သူက ပါရမီရှင်တွေနဲ့ တစ်အုပ်စုတည်း ကျချင်မှာလဲ”
ခန်းဆောင်၏အပြင်ဘက်တွင် လူအများအပြားက ကျန်ရှိနေသော ပုံရိပ်နှစ်ခုကို ကြည့်လိုက်ပြီး ကရုဏာသက်စွာ ခေါင်းခါကြသည်။ ထိုပုံရိပ်နှစ်ခုက ဟန်မူယဲ့နှင့် ချူကျန်ကျား ဖြစ်သည်။
လူအများက ကိုယ်ပိုင်အတွေ့အကြုံကိုပင် ပြန်တွေးမိကြသည်။
“ဝီ”
ခန်းဆောင်၏အပြင်ဘက်တွင် ညင်သာသောအသံကို ကြားရသည်။
ပုံရိပ်သုံးခု ပျံသန်းလာသည်။
လောယန်က ခေါင်းမော့ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။
“အကြီးအကဲကျင်းဝူ”
“အကြီးအကဲဇောင်ကျွင်း”
“အကြီးအကဲ ရှမင်ဟွာ”
ထိုသုံးယောက်သည် ပန်းပဲပညာရှင်အစည်းအရုံး၏ ပင်မအကြီးအကဲ ဆယ့်ရှစ်ယောက်ထဲတွင် ပါဝင်သည်။
ပင်မအကြီးအကဲ သုံးယောက်က ဤနေရာသို့ ရောက်လာခဲ့သည်။
လောယန်က ခန်းဆောင်ကို လှမ်းကြည့်လိုက်သည်။
‘ဒါက သူတော်စင်အဆင့် စမ်းသပ်ပွဲလေးပဲ မဟုတ်ဘူးလား။ ပင်မအကြီးအကဲသုံးယောက် ရောက်လာဖို့ မလိုပါဘူး’
‘နတ်ဘုရားအဆင့် စမ်းသပ်ပွဲဆိုရင်တောင် အကြီးအကဲတွေက အမြဲတမ်း ရောက်မလာတတ်ဘူး’
“ဒီနေရာပဲ”
ရှေ့ဆုံးတွင်ရှိသော အဖြူရောင်မုတ်ဆိတ်နှင့် ပင်မအကြီးအကဲက ပြောလိုက်သည်။
“အရင်ဆုံး စောင့်ကြည့်လိုက်ကြတာပေါ့”
ရွှေရောင်သရဖူနှင့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော တခြားအကြီးအကဲတစ်ယောက်က ပြောလိုက်သည်။
“သဘောတူတယ်။ ပြိုင်ပွဲဝင်က ထူးခြားလိမ့်မယ်”
အဖြူရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် အကြီးအကဲက ဝင့်ကြွားသောမျက်နှာထားဖြင့် ပြောသည်။
သူတို့သုံးယောက်က ရင်ပြင်၏ရှေ့တွင် ရပ်လိုက်ပြီး စကားမပြောဘဲ ပုံရိပ်များကို ကြည့်နေခဲ့သည်။
ပတ်ဝန်းကျင်တွင်ရှိသော ပန်းပဲပညာရှင် အများအပြားက အကြီးအကဲသုံးယောက်ကို မှတ်မိလိုက်ကြသည်။
ယခုအချိန်တွင် သူတို့အားလုံး၏ မျက်လုံးများက တောက်ပနေပြီး အသက်ရှူအောင့်ထားမိသည်။
သူတော်စင်အဆင့် စမ်းသပ်ပွဲသည် ပင်မအကြီးအကဲ သုံးယောက်ကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုဖြစ်ရပ်သည် အလွန်ရှားပါးသည်။
‘ဒီနေ့ စမ်းသပ်ပွဲရဲ့ ပြိုင်ပွဲဝင်ငါးယောက်မှာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ရှိနေတာလား’
‘အဲဒါက ရှုအောင်းပဲဖြစ်ရမယ်’
ကျူးရှောက်ရှန်က ပင်မအကြီးအကဲသုံးယောက်ကို ကြည့်လိုက်ပြီး ပျော်ရွှင်နေသောမျက်နှာထားဖြင့် ချီမိသားစု၏ လူများကို ရှင်းပြလိုက်သည်။
ချီမိသားစုကို ဦးဆောင်လာသော အကြီးအကဲက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။
ပင်မအကြီးအကဲသုံးယောက်က သူတို့၏သခင်လေး ပါဝင်သော စမ်းသပ်ပွဲကို စောင့်ကြည့်နေသည်။ အကယ်၍ သခင်လေးချီက ကောင်းမွန်စွာ ဆောင်ရွက်နိုင်လျှင် အကျိုးအမြတ်များကို ရရှိပြီး တစ်ခါတည်း အောင်မြင်သွားလိမ့်မည်။
သူတို့၏ သခင်လေးက စမ်းသပ်မှုခံယူနေသော လူများကြားတွင် အတော်ဆုံးမဟုတ်သော်လည်း အတော်ဆုံးလူနှင့် အမီလိုက်နိုင်သ၍ အဆင်ပြေသွားလိမ့်မည်။
အလင်းလွှာတွင် ပုံရိပ်သုံးခုက ဝိညာဉ်သတ္တုများကို ဆက်တိုက် စုဆောင်းနေသည်။
ကျန်နှစ်ယောက်ကတော့ ယခုအချိန်အထိ မလှုပ်ရှားသေးပေ။
ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ဝိညာဉ်သတ္တုများကို ကြည့်နေသည်။
သူက ချူကျန်ကျားကို လှည့်ကြည့်သည်။
ချူကျန်ကျားက တီးတိုးရေရွတ်နေသည်။ သူက လက်ဝါးကို ဆုပ်လိုက်ဖြန့်လိုက် လုပ်နေသော်လည်း မလှုပ်ရှားခဲ့ပေ။
သို့သော် ခဏအကြာတွင် ချူကျန်ကျားက ပေါင်ကို ရုတ်တရက် ရိုက်လိုက်ပြီး အကြိမ်ရေအနည်းငယ်ခန့် ရယ်သည်။ ထို့နောက် သူက လက်မြှောက်ပြီး မီးတောက်ကို ဖော်ထုတ်သည်။
သူက ဝိညာဉ်သတ္တုတချို့ကို ဆင့်ခေါ်ပြီး အရည်ဖျော်လိုက်သည်။
“ဒါပဲလား”
ခန်းဆောင်၏အပြင်ဘက်တွင် လူတစ်ယောက်က လှုပ်ရှားနေသောပုံရိပ်ကို ကြည့်ပြီး ခေါင်းခါသည်။
မီးတောက်များအား အသုံးပြုပြီး ဝိညာဉ်သတ္တုကို ရွေးချယ်ခဲ့သော ချီကျူးကျန်း၏ နည်းလမ်းနှင့် သိပ်မကွာပေ။
သို့သော် သူက နောက်ကျမှ လှုပ်ရှားလိုက်သောကြောင့် ဤအဆင့်တွင် အရေးနိမ့်နေလိမ့်မည်။
“မဟုတ်သေးဘူး”
လူတစ်ယောက်က ချူကျန်ကျား၏ မီးတောက်နှင့် ဝိညာဉ်သတ္တုများကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
မီးတောက်ကြားတွင်ရှိသော ဝိညာဉ်သတ္တုများက လှုပ်ရှားနေပြီး တူတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ချူကျန်ကျားက လက်ကို ဆန့်ထုတ်ပြီး ဝိညာဉ်အင်းကွက်များကို တူပေါ်တွင် တိုက်ရိုက် ထွင်းထုသည်။
‘လက်နက်သန့်စင်နေတာလား’
‘ဒီလိုအချိန်မျိုးမှာလား’
“ဟားဟား၊ အဲဒါက ဝိညာဉ်မီးတောက် အင်းကွက်ပဲ။ ပြီးတော့ နောက်တစ်ခုက ပေါင်တစ်ထောင်အင်းကွက်။ ဒီတူနဲ့ဆိုရင် ဝိညာဉ်သတ္တုတွေကို ရွေးချယ်ဖို့ လွယ်သွားပြီ”
ခန်းဆောင်၏ရှေ့တွင်ရှိသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ယောက်က အံ့အားသင့်စွာ ပြောသည်။
လောယန်နှင့် တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။
“အဲဒါက ရှုအောင်းများလား”
ချူကျန်ကျားက ရှေ့တွင်ရှိသော ဝိညာဉ်သတ္တုများကို တူဖြင့် လျင်မြန်စွာ ထုနှက်ပြီး ရွေးချယ်နေသောအခါ သူတော်စင်အဆင့် ပန်းပဲပညာရှင်တစ်ယောက်က ပြောလိုက်သည်။
ချူကျန်ကျား၏နည်းလမ်းနှင့် ယှဉ်လိုက်လျှင် ရှုအောင်း၏ နည်းလမ်းက နိမ့်ကျနေသည်။
“ငါမသိဘူး”
လောယန်က ခေါင်းခါလိုက်ပြီး ရှေ့တွင်ရှိသော ပင်မအကြီးအကဲသုံးယောက်ကို ကြည့်သည်။
သို့သော် အကြီးအကဲသုံးယောက်၏ မျက်နှာထားက အလွန်တည်ငြိမ်နေသောကြောင့် မည်သည့်အရာကိုမှ မခန့်မှန်းနိုင်ပေ။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ တခြားလေးယောက်က လှုပ်ရှားနေသောကြောင့် ဟန်မူယဲ့ကလည်း စတင်လှုပ်ရှားခဲ့သည်။
အလင်းလွှာတွင် နောက်ဆုံးကျန်ရှိနေသော ပုံရိပ်က လက်ဆန့်ထုတ်ပြီး ဝိညာဉ်သတ္တုများကို ရွေးချယ်လိုက်သည်။
သူက မည်သည့်နည်းလမ်းကိုမှ မသုံးခဲ့ပေ။ ပုံမှန်အတိုင်း ကောက်ယူလိုက်သည်။
‘ဒါပဲလား’
အမှန်ပင်ဖြစ်သည်။ ဟန်မူယဲ့က အကြည့်တစ်ချက် သို့မဟုတ် နတ်အာရုံတစ်ချက်ဖြင့် ထိုဝိညာဉ်သတ္တုများကို ခွဲခြားနိုင်သည်။
သူတို့၏ ဂုဏ်သတ္တိများကိုလည်း ချက်ချင်းသိနိုင်သည်။
သူ၏ ကျင့်ကြံဆင့်အရ ထိုသို့ မလုပ်နိုင်လျှင် လောကကို မည်သို့ လွှမ်းမိုးနိုင်မည်နည်း။
ယခုအချိန်တွင် သူရွေးချယ်လိုက်သော ဝိညာဉ်သတ္တုတိုင်းသည် ပေါင်သုံးသောင်းအလေးချိန်ကို ခံနိုင်ရည်ရှိပြီး မီးတောက်နှင့် နာရီဝက်ကြာအောင် အပူပေးရမည်။
အစစ်အမှန် စံနှုန်းမီ ဝိညာဉ်သတ္တုများ ဖြစ်ကြသည်။
သူ့ရှေ့တွင် ဝိညာဉ်သတ္တုတစ်သောင်း ရှိသည်။ ထိုထဲမှ တိကျသော ဝိညာဉ်သတ္တု ၁၈၀ကို သူက ရွေးချယ်ခဲ့သည်။
အပြင်ဘက်တွင်ရှိသော လူများက ဟန်မူယဲ့၏ပုံရိပ်ကို တစ်ချက်သာ ကြည့်လိုက်ကြသည်။
သူတို့က စိတ်မဝင်စားပေ။
နောက်ဆုံးကျန်နေသော ပုံရိပ်ကို လက်လျှော့ထားသည်။
ပုံမှန်ပင်ဖြစ်သည်။ ထိုပုံရိပ်က တခြားလူများနှင့် မယှဉ်နိုင်သောကြောင့် အရှုံးပေးလိုက်ခြင်း ဖြစ်လိမ့်မည်။
ဟန်မူယဲ့က လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ဝိညာဉ်သတ္တု ၁၈၀ကို ရွေးချယ်ခဲ့သည်။ ထို့နောက် တည်ငြိမ်စွာ ရပ်နေသည်။
စမ်းသပ်ပွဲ၏ အချက်အလက်များကို ပေးပို့လိုက်သောအခါ ပင်မအကြီးအကဲများက သေချာပေါက် ရောက်လာလိမ့်မည်။
သူကိုယ်တိုင်က ပင်မအကြီးအကဲအသစ် ဖြစ်တော့မည်။ ထို့ကြောင့် မှားယွင်းရွေးချယ်ပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် မလုပ်နိုင်ပေ။
လိုအပ်သောအရေအတွက်ထက် ကျော်လွန်၍ ရွေးချယ်လိုက်လျှင်လည်း မကောင်းပေ။
ထို့ကြောင့် အတိအကျသာ ရွေးချယ်ခဲ့သည်။
“ထင်ထားတဲ့အတိုင်း သူက အရှုံးပေးလိုက်ပြီပဲ။ ဝိညာဉ်သတ္တု ၁၈၀ကိုပဲ ရွေးချယ်ထားတယ်။ တစ်ခုတောင်မပိုဘူး”
အပြင်ဘက်တွင်ရှိသော လူတစ်ယောက်က ရယ်လိုက်သည်။
“အဲဒါဆိုရင်ရော ဘာဖြစ်လဲ။ သူက ယုံကြည်ချက်ရှိလို့ နေမှာပေါ့”
လူတစ်ယောက်က ငြင်းခုန်လိုက်သည်။
“ယုံကြည်ချက်ရှိတာလား”
အစပိုင်းတွင် စကားပြောလိုက်သောလူက ဘေးတွင်ရှိသော တိုင်လုံးကို ပုတ်ပြလိုက်သည်။
“တကယ်လို့ သူက အကုန်လုံးမှန်ရင် ငါက ဒီတိုင်လုံးကို ဝါးစားပြမယ်”
သူ့စကားကြောင့် ဘေးတွင်ရှိသော လူများက ရယ်လိုက်ကြသည်။
ရင်ပြင်၏ လေထုက ပေါ့ပါးလာသည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ အလင်းလွှာတွင် အချက်ပေးသံကို ကြားရသည်။
မရွေးချယ်ရသေးသော ဝိညာဉ်သတ္တုများက ချက်ချင်း ပျောက်ကွယ်သွားကြသည်။
ရွေးချယ်ထားသော ဝိညာဉ်သတ္တုများက လေထုထဲတွင် လွင့်မျောနေသည်။
ကျန်းရှန်မင်က အရင်ဆုံး လှုပ်ရှားခဲ့သော်လည်း အများဆုံး မရွေးခဲ့ပေ။
သူက အပူချိန်မခံနိုင်သော ဝိညာဉ်သတ္တုများကို ဖယ်ထုတ်ပြီး ဝိညာဉ်သတ္တု ၂၄၀ကိုသာ ရွေးချယ်ခဲ့သည်။
သူက ပတ်ဝန်းကျင်ကို စိုးရိမ်စွာ ကြည့်နေသည်။
ချီကျူးကျန်းက အနည်းဆုံး ဝိညာဉ်သတ္တု လေးရာကို ရွေးချယ်ထားသည်။
ရှုအောင်းက ချီကျူးကျန်းထက် ပိုများပြီး အနည်းဆုံး တစ်ထောင်ခန့် ရှိနေသည်။
ချူကျန်ကျားကတော့ သုံးရာကျော်သာ ဖြစ်သည်။
သို့သော် ချူကျန်ကျား၏ နည်းလမ်းအရ အဆင့်မီသော ဝိညာဉ်သတ္တုကို အများဆုံး ရွေးချယ်ထားလိမ့်မည်။ ထိုအချက်ကို လူတိုင်းက သိနေသည်။
ရှုအောင်းနှင့် ချီကျူးကျန်းက လေးနက်သောမျက်နှာထားဖြင့် ချူကျန်ကျားကို ကြည့်နေကြသည်။
ကျွမ်းကျင်သူတစ်ယောက်၏ နည်းလမ်းက အမှန်တကယ်ပင် ကွဲပြားသည်။
ဟန်မူယဲ့ကိုတော့ မည်သူမှ ဂရုမစိုက်ကြပေ။
သူက ဟာသတစ်ခုသာ ဖြစ်သည်။
ဝိညာဉ်သတ္တု ၁၈၀သည် ဟန်မူယဲ့၏ဘေးတွင် လွင့်မျောနေသည်။
“ဝီ”
လေပြင်းတစ်ချက်သည် ကျန်းရှန်မင်၏ဘေးတွင် ပေါ်ထွက်လာပြီး ရမှတ်ကို ဖော်ပြလိုက်သည်။
“၃၂”
သူတော်စင်အဆင့် စမ်းသပ်ပွဲတွင် အဆင့်နှစ်ဆင့် ရှိသည်။ တစ်ဆင့်လျှင် အမှတ်ငါးဆယ်စီ ဖြစ်သည်။
၃၂မှတ်သည် အရည်အချင်းပြည့်မီသည်။
ကျန်းရှန်မင်၏မျက်နှာထားက တောက်ပသွားသည်။
သူ့အတွက် ဤစမ်းသပ်ပွဲကို အောင်မြင်လျှင် အဆင်ပြေသည်။
ချီကျူးကျန်းက ၃၆မှတ် ဖြစ်သည်။
ကျန်းရှန်မင်ထက် လေးမှတ်သာ ပိုများသော်လည်း ပန်းပဲနည်းစနစ်တွင် အများအပြား ကွာခြားသွားလိမ့်မည်။
ရှုအောင်းက ၄၂မှတ် ဖြစ်သည်။
ချီကျူးကျန်းက ခြောက်မှတ်ပိုများသည်။
ဤစမ်းသပ်ပွဲတွင် အမှတ်လေးဆယ်ရရှိနိုင်သော လူသည် အစစ်အမှန်ပါရမီရှင် ဖြစ်သည်။
အလင်းလွှာ၏ အပြင်ဘက်တွင် အနည်းငယ် ဆူပွက်သွားသည်။
“အမှတ်လေးဆယ်ကျော်နေတဲ့ ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာတာလား။ ဒီစမ်းသပ်ပွဲက စိတ်လှုပ်ရှားစရာပဲ”
“အမှတ်လေးဆယ်ကျော်ကို မမြင်ရတာ ဆယ်နှစ်ကြာနေပြီ”
“သူက ၄၂မှတ်ရတယ်။ ကျန်တဲ့လူတွေက ဘယ်လောက်ရမလဲမသိဘူး”
ခန်းဆောင်၏အပြင်ဘက်တွင် လူတိုင်းက အလင်းလွှာကို အာရုံစိုက်ထားကြသည်။
‘နောက်တစ်ယောက်က ၄၂မှတ်ကို ကျော်နေမှာလား’
‘လက်လျှော့လိုက်တဲ့ နောက်ဆုံးတစ်ယောက်ကလွဲပြီး အမှတ်ပိုများတဲ့လူ ထွက်လာအုံးမှာလား’
ခန်းဆောင်ထဲတွင် ဟန်မူယဲ့က ခပ်ဟဟရယ်ပြီး တီးတိုးရေရွတ်သည်။
“၄၆မှတ်”
အလင်းလွှာတွင် ချူကျန်ကျား၏ရမှတ်ကို ဖော်ပြသည်။
၄၆မှတ်ပင် ဖြစ်သည်။
သူက အမှတ်ငါးဆယ်တွင် ၄၆မှတ် ရခဲ့သည်။
ထိုရမှတ်သည် မရေမတွက်နိုင်သော ပါရမီရှင်အများစုထက် ကျော်လွန်နေသည်။
၄၅မှတ်သည် နတ်ဘုရားအဆင့်အတွက် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ ၄၅မှတ်ကို ကျော်လွန်နေသော လူများသည် အသက်ရှင်နေသ၍ နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မည်။
အမှတ်လေးဆယ်ကျော်လျှင် နတ်ဘုရားအဆင့် ဖြစ်လာနိုင်သည်။ သို့သော် ၄၅မှတ် ကျော်နေလျှင် သေချာပေါက် နတ်ဘုရားအဆင့် ဖြစ်လာလိမ့်မည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်၊ ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များသည် ကြယ်စင်စုစကြဝဠာတွင် အလွန်ပေါများသည်ဟု ထင်ရသည်။ ဝမ်ကျင်းမြို့မှာပင် ထောင်ချီ၍ ရှိနေသည်။ သို့သော် သူတို့သည် သမိုင်းတစ်လျှောက် ပေါ်ထွက်လာခဲ့သော ကျွမ်းကျင်သူများ ဖြစ်ကြသည်။
နတ်ဘုရားအဆင့် ကျွမ်းကျင်သူ အများအပြားသည် နှစ်ပေါင်း သန်းရာချီ မဟုတ်လျှင်ပင် သန်းဆယ်ချီ၍ နေထိုင်ဖူးကြသည်။
ထိုသို့ ဖြစ်နေသော်လည်း ကုန်းမြေတွင် နတ်ဘုရားအဆင့် အနည်းငယ်သာ ရှိသည်။ လေဟာနယ်မြို့များတွင် နတ်ဘုရားအဆင့်သည် လက်ရွေးစင် ဖြစ်သည်။
နတ်ဘုရားအဆင့် လူသစ်တစ်ယောက် ပေါ်ထွက်လာလျှင် ဝမ်ကျင်းမြို့က ပျော်ရွှင်ရလိမ့်မည်။
တခြားမြို့ကြီးများတွင် နတ်ဘုရားအဆင့်သည် အရေးပါသော လူတစ်ယောက် ဖြစ်သည်။