← Chapters

အခန်း (၁၃၃၃)

Vol. 96 Ch. 1333

အခန်း (၁၃၃၃)

Vol. 96 Ch. 1333

နောက်ဆုံးတွင် ဟန်မူယဲ့၏ လက်နက်သန့်စင်ခြင်းက ပြီးဆုံးသွားသည်။

သူက ရှာတွေ့ထားသော ဝိညာဉ်သတ္တုများဖြင့် ချပ်ဝတ်နှင့် ဓားမော့တစ်လက်ကို သန့်စင်ခဲ့သည်။

ထိုလက်နက်များ၏ အရည်အသွေးက သိပ်မဆိုးပေ။ အဆင့်ခုနစ်တွင် ရှိနေသည်။

သို့သော် သူ့ကို မည်သူမှ ဂရုမစိုက်ကြပေ။ ပင်မအကြီးအကဲများကပင် တစ်ချက်သာကြည့်လိုက်ပြီး စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။

သူက နောက်ကျနေသောကြောင့် အမှတ်တစ်သောင်းရရန်ပင် အလွန်ကြိုးစားရလိမ့်မည်။

ချပ်ဝတ်နှင့် ဟန်မူယဲ့က ဓားမော့ကို ဆုပ်ကိုင်ထားပြီး ပြင်းထန်စွာ ခုတ်ချသည်။ ထို့နောက် ရှေ့ဆက်လျှောက်သွားသည်။

တောင်တန်းတစ်လျှောက်တွင်ရှိသော သားရဲများက သူ့ဆီသို့ ပြေးဝင်လာကြသည်။

“ခလွမ်”

ဓားမော့က လေပြင်းကို သယ်ဆောင်ထားပြီး ဆင်းသက်လာသည်။

“ကျင့်ကြံဆင့်ကောင်းတယ်”

“ဓားမော့နည်းစနစ်ကလည်း မဆိုးဘူးပဲ”

“ဒါပေမဲ့ သာမန်ပါပဲ။ သူက စောစောစီးစီး စတင်ခဲ့ရင် အောင်မြင်ဖို့ အခွင့်အရေးရှိသေးတယ်”

ဟန်မူယဲ့က လှုပ်ရှားလိုက်သောအခါ အပြင်ဘက်တွင်ရှိသော လူများက အကဲဖြတ်ပေးလိုက်ကြသည်။

ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ဓားမော့က အဆင့်ခြောက်သားရဲတစ်ကောင်၏ လည်ပင်းကို ဖြတ်တောက်ပစ်ခဲ့သည်။

ဓားသွားက တောက်ပနေပြီး သားရဲ၏သွေးချီကို ဝါးမြိုလိုက်သည်။

သွေးချီသည် ဓားမော့နှင့် ချပ်ဝတ်ပေါ်တွင် စုစည်းလာသည်။

တခြားလူများက ထိုဖြစ်ရပ်ကို ဂရုမစိုက်ကြပေ။

သို့သော် သွေးချီသည် ဓားမော့နှင့် ချပ်ဝတ်ကို အနည်းငယ် အသက်ဝင်လာစေသည်။

ဝါးမြိုခြင်း ....

သွေးမိစ္ဆာဝင်္ကပါ ဖြစ်သည်။

သွေးစက်ကျချောက်ကမ်းပါးတွင် ကမ္ဘာဦးခေတ်၏ အုပ်ချုပ်သူအဆင့် နဂါးမိကျောင်းသားရဲကို ဖိနှိပ်ခဲ့သော ဝင်္ကပါ ဖြစ်သည်။

ဟန်မူယဲ့က ခြေတစ်လှမ်းတိုးပြီး သားရဲများကို ဓားဖြင့် ခုတ်ချသည်။ ခြေဆယ်လှမ်းအကွာတွင် သူ့တစ်ကိုယ်လုံးက သွေးနီရောင်တောက်နေသည်။

“ဝီ”

သူ၏ ချပ်ဝတ်က တုန်ခါနေပြီး သွေးအလင်းသည် အလွှာတစ်ခုအဖြစ် ပေါ်ထွက်လာသည်။

ချပ်ဝတ်က အဆင့်တက်သွားသည်။

ခန်းဆောင်၏ အပြင်ဘက်တွင် လူတိုင်းက သွေးနီရောင်တောက်နေသော ချပ်ဝတ်နှင့် ဆယ်ပေအထိ ဖြာထွက်လာသော ဓားမော့အလင်းကို မြင်နေရသည်။

သွေးအလင်းရောင်သည် ပတ်ဝန်းကျင်ကို ဆက်တိုက်လွှမ်းခြုံလိုက်သည်။

အဆင့်ခုနစ်ချပ်ဝတ် ....

အဆင့်ရှစ်ချပ်ဝတ် ....

အဆင့်ကိုးချပ်ဝတ် ....

အဆင့်သုံးဆင့် မြင့်တက်သွားရန်အတွက် နာရီဝက်ခန့်သာ ကြာခဲ့သည်။

နောက်ထပ် နာရီဝက်အကြာတွင် သူတော်စင်အဆင့်သို့ ရောက်သွားသည်။

တစ်နာရီအကြာတွင် ချပ်ဝတ်၏ သွေးအလင်းက ဟိန်းဟောက်နေသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

နတ်ဘုရားအဆင့် ဖြစ်သည်။

သွေးနဂါး၏ ဟိန်းသံသည် ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။

အဆင့်နိမ့်သားရဲများက တုန်ခါနေပြီး ဖိနှိပ်ခံလိုက်ရသည်။

အဆင့်လေးအောက်တွင်ရှိသော မရေမတွက်နိုင်သည့် သားရဲများက သေဆုံးသွားကြသည်။

ထိုအရာသည် ဝိညာဉ်အထိ ကျူးကျော်ဝင်ရောက်ပြီး စိတ်နတ်ဆိုးများကို ဖြစ်ပေါ်စေနိုင်သော သွေးမိစ္ဆာစွမ်းအင် ဖြစ်သည်။

အဆင့်လေးအထက်တွင်ရှိသော သားရဲများက ဟန်မူယဲ့ဆီသို့ ရူးသွပ်စွာ ပြေးဝင်လာကြသည်။ ထို့နောက် သူတို့က သွေးနဂါးဆီသို့ ကိုယ့်ကိုယ်ကိုယ် ပစ်သွင်းလိုက်ကြသည်။

သွေးနဂါးက ပိုမိုသန်မာလာသည်။

ခန်းဆောင်၏ အပြင်ဘက်တွင်ရှိသော လူတိုင်းက အံ့အားသင့်နေကြသည်။

တောရိုင်းမြေတွင်ရှိသော တခြားပြိုင်ပွဲဝင်လေးယောက်က သွေးနဂါး၏စွမ်းအင်ကို အားတင်းပြီး ခုခံနေရသည်။

သူတို့က သားရဲများကိုပင် အမဲမလိုက်နိုင်တော့ပေ။

“ဘုန်း”

သွေးနဂါးက လေထုကို ထိုးခွဲလိုက်ပြီး အဝေးတစ်နေရာတွင်ရှိသော ပေတစ်ရာကြီးမားသည့် နတ်ဘုရားအဆင့် သိမ်းငှက်ကို ကိုက်ချသည်။

နတ်ဘုရားအဆင့် သိမ်းငှက်က ရုန်းကန်နေသော်လည်း ဝါးမြိုခံလိုက်ရသည်။

သိမ်းငှက်ကို ဝါးမြိုလိုက်ပြီး သွေးနဂါး၏ စွမ်းအားက အထွတ်အထိပ်သို့ ရောက်သွားသည်။ သွေးနဂါးက ဟိန်းဟောက်လိုက်ပြီး အဆင့်ခုနစ်နှင့် အောက်တွင်ရှိသော သားရဲများအားလုံးကို လဲကျသွားစေသည်။

“စမ်းသပ်ပွဲမပြီးခင် လေးပုံတစ်ပုံလောက် အချိန်ကျန်သေးတယ်”

ခန်းဆောင်၏ အပြင်ဘက်တွင် ပင်မအကြီးအကဲတစ်ယောက်ဖြစ်သော ဇောင်ကျွင်းက လက်သီးဆုပ်ပြီး အံကြိတ်ထားလိုက်သည်။ သူက အကောင်းဆုံးကြိုးစားပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းနေသည်။

သူက အဆင့်အတန်းမြင့်မားသည်။

သန်မာသော ကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်သည်။

သို့သော် ထိုမြင်ကွင်းရှေ့တွင် အသုံးမဝင်တော့ပေ။

တစ်ဖက်လူအသုံးပြုနေသော ပန်းပဲနည်းစနစ်ကို သူက နားမလည်နိုင်ပေ။

ပန်းပဲပညာရှင်အစည်းအရုံး၏ ပင်မအကြီးအကဲတစ်ယောက်ဖြစ်သော သူက ဟာသဖြစ်သွားလိမ့်မည်။

“သူက အဲဒီလောက်တောင် သန်မာတာလား”

တစ်ဖက်တွင်ရှိသော အကြီးအကဲကျင်းဝူ၏မျက်နှာက နီရဲနေပြီး ပြင်းထန်စွာ အသက်ရှူလျက် ရေရွတ်သည်။

သန်မာသည်။

အလွန်သန်မာသည်။

အလင်းလွှာတွင် သွေးနဂါးက နေရာတိုင်းကို လွှမ်းမိုးထားသည်။ တောရိုင်းမြေတွင်ရှိသော သားရဲများက ဝါးမြိုမခံရလျှင် အသတ်ခံရသည်။

နတ်ဘုရားအဆင့်သားရဲဖြစ်စေ၊ သူတော်စင်အဆင့်သားရဲဖြစ်စေ တစ်ချက်ပင် မခုခံနိုင်ခဲ့ပေ။

တောရိုင်းမြေတွင် နေဝင်သွားသောအခါ သွေးနဂါးက နောက်ဆုံးအကြိမ်အဖြစ် ဟိန်းဟောက်လိုက်ပြီး ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့၏ ကိုယ်ပေါ်တွင်ရှိသော ချပ်ဝတ်က ပြိုကွဲသွားသည်။

စမ်းသပ်ပွဲက ပြီးဆုံးသွားခဲ့သည်။

သူတော်စင်အဆင့် စမ်းသပ်ပွဲသည် ပန်းပဲပညာရှင်တစ်ယောက်၏ဘဝတွင် အဓိကဖြစ်ရပ်တစ်ခု ဖြစ်သည်။

သို့သော် ပန်းပဲပညာရှင်အစည်းအရုံးနှင့် ကျင့်ကြံခြင်းလောကအတွက် သာမန်သာ ဖြစ်သည်။

သူတော်စင်အဆင့်၏အထက်တွင် နတ်ဘုရားအဆင့် ဖြစ်သည်။ နတ်ဘုရားအဆင့်တွင် တူညီသည်ဟု ထင်ရသော်လည်း သိမ်မွေ့သော ကွာခြားချက်များ ရှိနေသည်။

ယနေ့ သူတော်စင်အဆင့် စမ်းသပ်ပွဲသည် လူတိုင်းကို စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

ပါရမီရှင်ဖြစ်နေသော တချို့လူများကို နားလည်နိုင်သည်။

သို့သော် သွေးနဂါးချပ်ဝတ်ကို ဖန်တီးပြီး စမ်းသပ်ပွဲတစ်ခုလုံးအား လွှမ်းမိုးခဲ့သောလူကို မည်သို့ နားလည်ရမည်နည်း။

“ငါက အကြမ်းဖျင်း တွက်ကြည့်ခဲ့တယ်။ အဲဒီလူရဲ့အမှတ်က .... ကြောက်စရာကောင်းတယ်”

မုတ်ဆိတ်ဖြူနှင့် လူအိုကြီးတစ်ယောက်က အနည်းငယ် နီရဲနေသော မျက်နှာထားဖြင့် လေးနက်စွာ ပြောသည်။

ခန့်မှန်းကြည့်နေရန် မလိုအပ်ပေ။ တောရိုင်းမြေတွင်ရှိသော သားရဲများအားလုံးက အပြတ်ရှင်းခံလိုက်ရသည်။ နတ်ဘုရားအဆင့်ဖြစ်စေ၊ သူတော်စင်အဆင့်ဖြစ်စေ အသတ်ခံလိုက်ရသည်။ ယနေ့တွင် သမိုင်းကြောင်းတစ်ခုကို မြင်တွေ့နေရကြောင်း လူတိုင်းက နားလည်လိုက်သည်။

“ပန်းပဲပညာလမ်းစဉ်က ဒီလောက်တောင် အားကောင်းပြီး ထူးခြားနိုင်တာလား”

အဆင့်ခုနစ် ချပ်ဝတ်သခင်တံဆိပ်ပြားနှင့် အဆင့်ခြောက် ပန်းပဲပညာရှင်တံဆိပ်ပြားကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က တီးတိုးရေရွတ်သည်။

ယနေ့ဖြစ်ရပ်ကြောင့် သူက စိတ်ရှုပ်ထွေးနေသည်။

ချပ်ဝတ်နှင့် ပန်းပဲပညာရပ်ကို ကျင့်ကြံခဲ့သော သူက ပါရမီရှင်တစ်ယောက် ဖြစ်သည်။ ယခုအချိန်တွင် သူက လမ်းစဉ်တစ်ခုကို ပိုမိုအားထုတ်ရန် ရွေးချယ်ရတော့မည်။

လူတိုင်း၏အကြည့်က ရှေ့တွင်ရှိသော ပင်မအကြီးအကဲသုံးယောက်ဆီသို့ အလိုလျောက် ရောက်သွားကြသည်။

ယနေ့ပြိုင်ပွဲတွင် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ပေါ်ထွက်လာမည်ဟု အကြီးအကဲသုံးယောက်က သိထားပုံရသည်။ ထို့ကြောင့် သူတို့က ရောက်လာခဲ့သည်။

‘သူတို့က တပည့်လက်ခံတော့မှာလား’

မရေမတွက်နိုင်သော လူများက အားကျနေကြသည်။

ပင်မအကြီးအကဲသုံးယောက် ရောက်လာပြီး တပည့်လက်ခံရန် စီစဉ်နေသည်။ ထိုဂုဏ်သိက္ခာမျိုးကို မည်သူက ရနိုင်မည်နည်း။

“အမှတ်တွေထွက်လာပြီ”

လူတစ်ယောက်က အော်ဟစ်လိုက်သည်။

အမှန်ပင်ဖြစ်သည်။ လွင့်မျောနေသော အလင်းလွှာတွင် ရမှတ်များကို မြင်လိုက်ရသည်။

အရင်ဆုံး လှုပ်ရှားခဲ့သော ချီကျူးကျန်းက အမှတ် ၂၀ ဖြစ်သည်။

ကျန်းရှန်မင်က ၁၇မှတ် ဖြစ်သည်။

သူတို့က ဤစမ်းသပ်ချက်ကို မကျော်ဖြတ်နိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့က လုံလောက်သော သားရဲများကို မသတ်နိုင်ခင် ဟန်မူယဲ့၏ သွေးနဂါးက သားရဲများအားလုံးကို ဖိနှိပ်ပြီး သတ်ဖြတ်ခဲ့သည်။

သူတို့က စွမ်းဆောင်ရည်မရှိသောကြောင့် မဟုတ်ပေ။ ဖိနှိပ်ခံလိုက်ရသောကြောင့် ဖြစ်သည်။

ရှုအောင်းနှင့် ချူကျန်ကျားတို့က ၃၅မှတ်နှင့် ၃၈မှတ်စီ ရကြသည်။

သူတို့နှစ်ယောက်သည် အမှတ်လေးဆယ်ကျော် ရသင့်သည်။

အထူးသဖြင့် ချူကျန်ကျားက ၄၅မှတ် ကျော်နိုင်သည်။ သို့သော် ဟန်မူယဲ့၏ သွေးနဂါးကြောင့် သူက အမှတ်လေးဆယ်ပင် မရခဲ့ပေ။

ရမှတ်များကို ထုတ်ပေးပြီးသောအခါ အလင်းလွှာက တုန်ခါနေပြီး ပြောင်းလဲသွားသည်။

“ဘာလဲ”

“လျော်ကြေးပေးတဲ့အနေနဲ့ ရမှတ်တွေကို ပြန်တွက်နေတာလား”

အလင်းလွှာ၏အပြင်ဘက်တွင် ဆူညံသံများကို ကြားနိုင်သည်။

အလင်းလွှာ၏ နံပတ်များက တည်ငြိမ်သွားသည်။ ရမှတ်ငါးခု ပေါ်ထွက်လာသည်။

အနိမ့်ဆုံးသည် ၃၂မှတ် ဖြစ်သည်။

ထို့နောက် ၃၆၊ ၄၀နှင့် ၄၆ တို့ ဖြစ်ကြသည်။

သို့သော် ထိုအမှတ်များကို မည်သူမှ ဂရုမစိုက်ကြပေ။

လူတိုင်းက ထိပ်ဆုံးတွင်ရှိသော ရွှေရောင်စာလုံးကို ကြည့်နေသည်။

၅၀ ....

အမှတ်ပြည့် ဖြစ်သည်။

ထိုရမှတ်ကို မည်သူမှ သံသယမရှိကြပေ။

လူတိုင်းက ထိုလူ၏ လှုပ်ရှားမှုကို မြင်ခဲ့ရသည်။

“အမှတ်ပြည့် ....”

“အမှတ်ပြည့်ရထားတဲ့ ပါရမီရှင်တစ်ယောက် ရှိနေတာလား”

“ဒီလိုပါရမီရှင်မျိုးက တကယ်ပဲ ပေါ်ထွက်လာတာလား”

အလင်းလွှာ၏အပြင်ဘက်တွင် လူတိုင်းက တီးတိုးပြောနေကြသည်။

ပင်မအကြီးအကဲသုံးယောက်၏ မျက်နှာထားကပင် ပြောင်းလဲသွားသည်။

“ငါက နှစ်ခုပေါင်း ၉၂မှတ် ရခဲ့တယ်။ နှစ်တစ်သိန်းမှာ တစ်ယောက်ပဲပေါ်ထွက်လာတဲ့ ပါရမီရှင်အဖြစ် အသိအမှတ်ပြုခံခဲ့ရတယ်”

အကြီးအကဲကျင်းဝူက ခါးသီးစွာပြုံးလိုက်ပြီး ခေါင်းခါသည်။

“ငါက ၉၃မှတ် ရခဲ့တယ်”

“ငါလည်းအတူတူပဲ”

ပင်မအကြီးအကဲသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ညင်သာစွာ သက်ပြင်းချသည်။

သူတို့၏ ရမှတ်များက လောကတွင် အလွန်ရှားပါးသည်။

ယခုအချိန်တွင် သူတို့က ပန်းပဲပညာရှင်အစည်းအရုံး၏ အဓိကအကြီးအကဲများ ဖြစ်နေကြသည်။

သို့သော် သူတို့က ဆရာဟန်နှင့် မယှဉ်နိုင်ပေ။

သမိုင်းကြောင်းတစ်လျှောက်တွင် ဆရာဟန်တစ်ယောက်တည်းကသာ အမှတ်ပြည့်ရထားသည်။

“ဝီ”

အလင်းလွှာက ပျောက်ကွယ်သွားသည်။ ခန်းဆောင်၏ တံခါးက ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။

လူတိုင်းက မျှော်လင့်ချက်များနှင့်အတူ ကြည့်လိုက်ကြသည်။

ပြန်ထွက်လာသောလူများထဲတွင် သူတော်စင်အဆင့် တံဆိပ်ပြားကို ရရှိထားသောလူက ယနေ့စမ်းသပ်ပွဲတွင် အကောင်းဆုံးဆောင်ရွက်ခဲ့သော ပါရမီရှင်နှစ်ယောက် ဖြစ်လိမ့်မည်။

အမှတ်ပြည့်ရထားသောလူကိုတော့ ပင်မအကြီးအကဲများ၏ အပြုအမူကိုကြည့်၍ ဆုံးဖြတ်ရမည်။

ခန်းဆောင်၏တံခါးက ပွင့်သွားသည်။

လူနှစ်ယောက် ပေါ်ထွက်လာသည်။

သူတို့နှစ်ယောက်လုံးက သူတော်စင်အဆင့် တံဆိပ်ပြားကို ဝတ်ဆင်ထားကြသည်။

“မဖြစ်နိုင်ဘူး”

“ဘယ်လိုလုပ်ပြီး သူတို့ဖြစ်နေတာလဲ”

“ရှုအောင်းက ထိပ်ဆုံးနှစ်ယောက်ထဲမှာ မဟုတ်ဘူးလား”

ခန်းဆောင်၏ အပြင်ဘက်တွင် တီးတိုးစကားသံများကို ကြားရသည်။

လူတိုင်း၏ အကြည့်အောက်တွင် ကျန်းရှန်မင်နှင့် ချီကျူးကျန်းက ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

ချီမိသားစုဝင်များက ငေးမောနေဆဲဖြစ်သည်။ သို့သော် ကျူးရှောက်ရှန်က စိတ်လှုပ်ရှားစွာ ရှေ့တက်သွားသည်။

“ဂုဏ်ယူပါတယ်သခင်လေးချီ”

သူတော်စင်အဆင့် ပန်းပဲပညာရှင်ဖြစ်လာသောကြောင့် ဂုဏ်ပြုပေးသည်။

သို့သော် ယနေ့လုပ်ဆောင်ချက်အရ ဂုဏ်ပြုစကားသည် လုံလောက်မှုမရှိပေ။

All Chapters