← Chapters

အခန်း (၁၃၃၅)

Vol. 96 Ch. 1335

အခန်း (၁၃၃၅)

Vol. 96 Ch. 1335

“နတ်ဘုရားမီးတောက်ဝိညာဉ်”

“ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ပေါ်ထွက်လာပြီ”

“နှစ်တစ်သန်းမှာ တစ်ကြိမ်ပဲပေါ်လာတတ်တဲ့ ပါရမီရှင်”

ပုံရိပ်အများအပြားသည် စင်မြင့်၏ပတ်ဝန်းကျင်သို့ ရောက်လာပြီး ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

သူတို့၏အရှိန်အဝါက ခမ်းနားပြီး မြူခိုးများသည် သူတို့၏ပုံရိပ်ကို လွှမ်းခြုံထားသည်။

တခြားတပည့်များကပင် သူတို့ကို မမြင်ရပေ။

သူတို့က တုန်ခါနေသော မီးတောက်များကို ဖုံးကွယ်လိုက်ကြသည်။

ထိုအချိန်တွင် ဟန်မူယဲ့က နှလုံးသားထဲတွင် မတိုင်းတာနိုင်သော ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

သူ့ဝိညာဉ်က အသိုက်သို့ ပြန်ရောက်သွားပုံပေါ်သည်။ သူက နွေးထွေးပြီး ငြိမ်းချမ်းစွာအိပ်စက်နိုင်သော နေရာတစ်ခုကို ရှာတွေ့သွားပုံရသည်။

“ဒါက ရွှေကျီးကန်းစွမ်းအားလား။ ဒါပေမဲ့ အားနည်းနေသလိုပဲ”

“ရွှေကျီးကန်းတင်မဟုတ်ဘူး။ မိချောင်းလေးတစ်ကောင်ရဲ့စွမ်းအားလည်း ရှိနေတယ်”

“နွားသိုးတစ်ကောင် ကျန်သေးတယ်။ ဒါပေမဲ့ အရမ်းအားနည်းတယ်”

မီးတောက်များက တုန်ခါနေပြီး ပြောလိုက်ကြသည်။

ဟန်မူယဲ့က ခေါင်းမော့ကြည့်သည်။

ပူလောင်နေသော မီးတောက်များက သူ့အတွက် နွေးထွေးပြီး ညင်သာသည်ဟု ထင်ရသည်။

သူက လက်ကို ဆန့်ထုတ်သည်။ မီးတောက်များက သူ့ဆီသို့ ဆင်းသက်လာကြသည်။

ဖီးနစ်ငှက်၏ ပြန်လည်မွေးဖွားခြင်းမီးတောက် ....

မီးငှက်၏ လောင်ကျွမ်းနှလုံးသားမီးတောာက် ....

သိုး၏ ရေပြာမီးတောက် ....

နတ်ဘုရားမီးတောက်များက ဆင်းသက်လာပြီး ဟန်မူယဲ့၏ ကိုယ်ပေါ်တွင်ရှိသော ရွှေကျီးကန်းမီးတောက် အမှတ်အသားနှင့် ပေါင်းစပ်သွားကြသည်။

ပုံရိပ်ယောင်နယ်မြေတွင် သူ၏ စွမ်းအားများ ပျောက်ဆုံးသွားသည်။

သို့သော် ဉာဏ်အလင်းက ကျန်ရှိနေသည်။ ထို့အပြင် စွမ်းအားများ၏ အမှတ်အသားလည်း ရှိနေခဲ့သည်။

ထိုအမှတ်အသားကို မပယ်ဖျက်နိုင်ပေ။

ထိုအမှတ်အသားများသည် စည်းမျဉ်းကို ကိုယ်စားပြုသည်။

ထိုအရာကို ပယ်ဖျက်ချင်လျှင် စည်းမျဉ်းထက်ကျော်လွန်နေသော စွမ်းအားကို ပိုင်ဆိုင်ရမည်။

ထိုစွမ်းအားမျိုးသည် ဤပုံရိပ်ယောင်တွင် မရှိပေ။

ထိုစွမ်းအားမျိုး ရှိနေလျှင် ဟန်မူယဲ့က ဤနေရာသို့ မလာလောက်ပေ။

သူက နတ်ဘုရားမီးတောက်များနှင့် ပေါင်းစပ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူ့အတွက် အရှုံးမရှိပေ။

မီးတောက်များနှင့် ပေါင်းစပ်လိုက်သောကြောင့် ဟန်မူယဲ့၏ မီးနှင့်ပတ်သတ်သော နားလည်နိုင်စွမ်းက ပိုမိုမြင့်မားလာသည်။

မီးစွမ်းအားသည် လောကတွင်ရှိသော သက်ရှိများအားလုံးဆီမှ မွေးဖွားလာသည်။ ထိုစွမ်းအားသည် မရေမတွက်နိုင်သော လောကများကိုလည်း ဖျက်ဆီးနိုင်သည်။

အလင်းနှင့်အပူ၊ အလင်းနှင့်အမှောင် ....

သူတို့ ထိတွေ့သွားသောအခါ လေပြင်းနှင့် မိုးကြိုးများ ဖြစ်ပေါ်ပြီး အရာအားလုံး မွေးဖွားလာကြသည်။

စင်မြင့်ထက်တွင်ရှိသော ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သည်။

အောက်တွင် စမ်းသပ်မှုခံယူရန် စောင့်ဆိုင်းနေသော လူငယ်များက နားမလည်နိုင်ကြပေ။

‘သူက မီးတောက်တစ်ခုကိုတောင် မဆွဲဆောင်နိုင်ဘူး။ ဘာဖြစ်လို့ ရှုံးနိမ့်ကြောင်း မကြေညာသေးတာလဲ”

‘သူ့မှာ အဆက်အသွယ်တွေ ရှိနေတာလား’

ကောင်းကင်ထက်တွင်ရှိသော လျန်ထျန်းဂိုဏ်း၏ ကျွမ်းကျင်သူများက စိတ်လှုပ်ရှားနေကြသည်။

“ဒါက မီးစွမ်းအားနဲ့ပတ်သတ်တဲ့ ဒဏ္ဍာရီလာ ဝမ်းတွင်းပါရမီလား”

အကြီးအကဲတစ်ယောက်က ပျော်ရွှင်နေသော မျက်နှာထားဖြင့် ညင်သာစွာပြောသည်။

“ဒီလိုပါရမီရှင်မျိုး ပေါ်မလာတာ အနည်းဆုံး နှစ်တစ်သန်းရှိပြီ”

သူ့စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော တခြားကျွမ်းကျင်သူများက ပြုံးလိုက်ကြသည်။

လောက၏စွမ်းအားကို တုန်ခါသွားစေနိုင်သော ပါရမီရှင် ....

ခေတ်တိုင်းကို ထိုပါရမီရှင်မျိုးက ဦးဆောင်လေ့ရှိသည်။

“သူက မီးတောက်တွေကို မယူဖို့ ရွေးချယ်လိုက်တယ်။ အထင်ကြီးစရာကောင်းတယ်”

အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက်က အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“မီးတောက်တွေကို မယူတဲ့အတွက် သူ့နှလုံးသားက ကျယ်ပြန့်ပြီး အဆုံးမရှိတဲ့ အနာဂတ်ကို ရလိမ့်မယ်”

တခြားအကြီးအကဲတစ်ယောက်က ညင်သာစွာပြောသည်။

လူတိုင်းက ပြုံးနေပြီး ဒုတိယစမ်းသပ်မှုအတွက် လှုပ်ရှားလိုက်သော ဟန်မူယဲ့ကို ကြည့်နေကြသည်။

ဤတစ်ကြိမ်တွင် လွင့်မျောနေသော အလင်းစုတစ်ထောင်ကျော်က ဟန်မူယဲ့ကို စောင့်နေသည်။

ထိုအလင်းစုများသည် အမျိုးမျိုးသော အငွေ့အသက်ကို ထုတ်လွှတ်နေပြီး အလွန်လှပသည်။

“ဆယ့်ငါးမိနစ်အတွင်း ဂုဏ်သတ္တိတွေကို အခြေခံပြီး အလင်းစုထဲမှာရှိတဲ့ ပစ္စည်းကို အမျိုးအစားခွဲခြားရမယ်”

အသံတစ်သံကို ကြားရသည်။

‘အမျိုးအစားခွဲရမှာလား’

ဟန်မူယဲ့က အလင်းစုများကို ကြည့်လိုက်သည်။

သူက အထဲတွင်ရှိသော ပစ္စည်းကို မမြင်နိုင်ပေ။ သူ၏ အာရုံခံနိုင်စွမ်းကိုသာ အသုံးပြုရမည်။

‘လက်နဲ့ ထိကြည့်လိုက်ရမလား’

ထိုသို့ဆိုလျှင် ပစ္စည်းများအားလုံးကို ဆယ့်ငါးမိနစ်အတွင်း အမျိုးအစားခွဲခြားရန် မဖြစ်နိုင်ပေ။

သူက အလင်းစုများကို ကြည့်နေပြီး ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။

မရေမတွက်နိုင်သော အလင်းပုံရိပ်များသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။

ထိုပုံရိပ်များသည် ပစ္စည်းကို အမျိုးအစားခွဲခြားရန်အတွက် သူနားလည်ထားသော၊ မြင်ဖူးသော၊ ဖန်တီးထားသော နည်းစနစ်များ ဖြစ်ကြသည်။

ရာချီနေသော နည်းလမ်းများက ပေါင်းစပ်ပြီး အပြင်ဘက်သို့ ဖြာထွက်သွားသည်။

လေပြည်လေညင်းတစ်ခုသည် အလင်းစုများအားလုံးကို လွှမ်းခြုံသွားသည်။

ချက်ချင်းဆိုသလိုပင် သူက အလင်းစုထဲတွင်ရှိသော ပစ္စည်းများအားလုံးကို မြင်လိုက်ရသည်။

သို့သော် ဟန်မူယဲ့က မလှုပ်ရှားသေးပေ။

သူက မျက်လုံးဖွင့်လိုက်ပြီး အလင်းစုများကို ကြည့်သည်။

“ဂုဏ်သတ္တိလား”

“ဒါမှမဟုတ် စွမ်းအင်လား”

ထိုပစ္စည်းများ၏ ဂုဏ်သတ္တိကို ခွဲခြားရန် လွယ်ကူသည်။

သို့သော် အသိစိတ်ကို မည်သို့ သတ်မှတ်ရမည်နည်း။

ခေတ်သစ်၏ ပန်းပဲနည်းစနစ်တွင် ကုန်ကြမ်းပစ္စည်းများ၏ ဂုဏ်သတ္တိကို ခွဲခြားပြီး သန့်စင်သည်။

သို့သော် ဤပစ္စည်းများတွင် ကိုယ်ပိုင်အသိစိတ် ရှိနေသည်။

‘အဲဒီအသိစိတ်က ဘယ်ကနေ ရောက်လာတာလဲ’

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေပြီး ညင်သာစွာ လက်မြှောက်သည်။

သူက အလင်းစုများနှင့် ဆက်သွယ်နေသည်ဟု ထင်ရသည်။

သူတို့ကို နှုတ်ဆက်နေခြင်း သို့မဟုတ် နှစ်သိမ့်ပေးနေခြင်း ဖြစ်နိုင်သည်။

ကုန်ကြမ်းပစ္စည်းများမဟုတ်ပဲ အသိစိတ်ရှိနေသော ပစ္စည်းများ ဖြစ်သည်။

“ဝီ”

အလင်းစက်တစ်ခုသည် ညင်သာစွာ တုန်ခါနေပြီး တခြားအလင်းစက်တစ်ခုဆီသို့ ရွေ့သွားသည်။

‘ဒေါသထွက်နေတာလား’

“ဘန်း”

ထိုအလင်းစက်က ပတ်ဝန်းကျင်တွင်ရှိသော အလင်းစက်ကို ဝါးမြိုချင်သော ကျားတစ်ကောင်ကဲ့သို့ လှုပ်ရှားလာသည်။

‘ဒါက မောက်မာနေတာလား’

တခြားအလင်းစက်များက တစ်ခုပြီးတစ်ခု အသက်ဝင်လာပုံရသည်။ တချို့က လှပစွာ ကခုန်နေသည်။ တချို့ကတော့ နောက်ဆုတ်သွားသည်။ တချို့က လက်သည်းနှင့် သွားစွယ်များကို ထုတ်ပြနေသည်။ တချို့က လွှမ်းမိုးနိုင်စွမ်းရှိသည်။

ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင်ရှိသော အလင်းစက်များသည် အလွန်ထူးခြားနေသည်။

သူတို့၏ အငွေ့အသက်များက သွယ်ယှက်နေပြီး အတူတကွ လှုပ်ရှားလာကြသည်။

ထိုအချိန်တွင် အလင်းစက်များအားလုံးသည် အသိစိတ်ကို ဖော်ပြလိုက်ကြသည်။

ထိုအရာသည် အစစ်အမှန် ဝိညာဉ်သိစိတ် ဖြစ်သည်။

“ကြည့်လိုက်။ သူက ကြားပေါက်ကနေ ဝင်လာတာပဲ။ ဝိညာဉ်ပစ္စည်းတွေက သူ့ကို အသိအမှတ်ပြုမှာမဟုတ်ဘူး”

လူတစ်ယောက်က ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင် သွယ်ယှက်နေသော ဝိညာဉ်ပစ္စည်းများကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

ဝိညာဉ်ပစ္စည်းများသည် ပတ်ဝန်းကျင်တွင် ခုန်ပေါက်ပြေးလွှားနေသောကြောင့် အမျိုးအစားခွဲခြားရန် မဖြစ်နိုင်တော့ပေ။

“သူက ဒီတစ်ပွဲကို အောင်မှာမဟုတ်ဘူး”

လူတစ်ယောက်က ခေါင်းခါလိုက်ပြီး ဂရုမစိုက်စွာပြောသည်။

“လျန်ထျန်းဂိုဏ်းက သန်မာတဲ့လူတွေကိုပဲ ရွေးချယ်တယ်။ အဆက်အသွယ်ရှိတဲ့လူတွေကို မျက်နှာသာမပေးဘူး”

စင်မြင့်အောက်တွင်ရှိသော လူငယ်များ၏ ဆွေးနွေးမှုသည် ကျွမ်းကျင်သူများအပေါ်တွင် သက်ရောက်မှုမရှိပေ။

ထိုအချိန်တွင် လျန်ထျန်းဂိုဏ်း၏ ကျွမ်းကျင်သူများက ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင်ရှိသော အလင်းစက်များကို အံ့အားသင့်စွာ ကြည့်နေကြသည်။

“ဝိညာဉ်ပစ္စည်းတွေအားလုံးရဲ့ အသိစိတ်ကို နှိုးဆွနိုင်တယ်။ ဒီလိုနည်းလမ်းက နတ်ဘုရားအဆင့် ပန်းပဲပညာရှင်အတွက်တောင် ခက်ခဲတယ်”

“ငါတို့ လျန်ထျန်းဂိုဏ်းမှာ နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တချို့ကလွဲပြီး ဒီလိုဝိညာဉ်သိစိတ်ကို ဘယ်သူက ပိုင်ဆိုင်ထားလို့လဲ”

“ဝိညာဉ်ပစ္စည်းတွေအားလုံးက တုံ့ပြန်နေတဲ့အတွက် သူ့ရဲ့ အာရုံခံနိုင်စွမ်းက အထွတ်အထိပ်မဟုတ်ရင်တောင် အဆင့်မြင့် ဖြစ်နေလိမ့်မယ် ....”

ထိုအချိန်တွင် စကားပြောလိုက်သောလူက မျက်လုံးပြူးသွားသည်။

အဘယ်ကြောင့်ဆိုသော် ဟန်မူယဲ့က ဆန့်ထုတ်ထားသောလက်ကို ပြန်ချလိုက်သည်။

ဝိညာဉ်ပစ္စည်းများအားလုံးက သူ၏ ရည်ရွယ်ချက်ကို နားလည်နေပုံပေါ်ပြီး ဒါဇင်ချီသော အုပ်စုများအဖြစ် အသီးသီး ဖွဲ့စည်းလိုက်ကြသည်။

အုပ်စုတစ်ခုချင်းစီသည် မတူညီသော ဂုဏ်သတ္တိကို ပိုင်ဆိုင်ထားကြသည်။

သူတို့၏ အသိစိတ်ကလည်း ကွဲပြားသည်။

သူတို့က ကိုယ်ပိုင်ဆန္ဒဖြင့် အုပ်စုဖွဲ့လိုက်ကြသည်။

သူတို၏ လွတ်လပ်မှု၊ သူတို့၏ ရွေးချယ်မှု ဖြစ်သည်။

‘ဒီလိုနည်းလမ်းကို သုံးနိုင်တဲ့လူက ဘယ်လိုပန်းပဲပညာရှင်မျိုး ဖြစ်လာမလဲ’

‘လောကမှာ လူဘယ်နှယောက်က ဝိညာဉ်ပစ္စည်းတွေကို ကိုယ်ပိုင်မိတ်ဆွေအဖြစ် သတ်မှတ်နိုင်လဲ’

ဟန်မူယဲ့က ရှေ့တွင်ရှိသော အလင်းစက်များကို ကျေနပ်စွာ ကြည့်လိုက်သည်။

“ရုပ်သေးရုပ်နဲ့ ချပ်ဝတ်တွေက ဒီလိုမျိုးပဲ မဟုတ်ဘူးလား”

“နတ်ဘုရားလက်နက်၊ စကြဝဠာလက်နက်တွေက ပိုင်ရှင်နဲ့ နီးနီးကပ်ကပ် ဆက်သွယ်နေကြတယ်”

“ပိုင်ရှင်တွေက လက်နက်ကို မိတ်ဆွေအဖြစ် သဘောထားတယ်။ ပန်းပဲပညာရှင်တွေကလည်း ဝိညာဉ်သတ္တုတွေကို မိတ်ဆွေအဖြစ် သဘောထားရမယ်”

“ဘယ်သူ့ကိုမှ ကျွန်ပြုနေတာမဟုတ်ဘူး”

“အတူတူပူးပေါင်းမှ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာလိမ့်မယ်”

ပန်းပဲပညာလမ်းစဉ်သာ မဟုတ်ပေ။ တခြားလမ်းစဉ်များအတွက်လည်း အတူတူပင်ဖြစ်သည်။

ဓားတာအိုလမ်းစဉ်တွင်လည်း ဓားနှင့် တစ်သားတည်းဖြစ်ရမည်။ ဓားရှိနေသ၍ အသက်ရှင်မည်။ ဓားကျိုးသွားလျှင် သေဆုံးရလိမ့်မည်။

ထိုသို့ဆိုလျှင် ကျင့်ကြံခြင်းလမ်းစဉ်တွင် ခရီးပေါက်လိမ့်မည်။

ဟန်မူယဲ့က သုံးသပ်နေပြီး အလင်းစက်ထဲတွင်ရှိသော ပစ္စည်းများ၏ ဂုဏ်သတ္တိနှင် အသိစိတ်ကို မြင်နိုင်ခဲ့သည်။

ဖုံးကွယ်ထားသော ဂုဏ်သတ္တိများလည်း ရှိနေသည်။

အသိစိတ်တွင် ပိုမိုနက်ရှိုင်းသော စွမ်းအင်များသည် အလွှာလိုက် တည်ရှိနေပြီး အသွင်ပြောင်းသွားကြသည်။

ထိုအရာသည် သက်ရှိများအားလုံးနှင့် ဆင်တူသည်။ သူတို့က ရိုးရှင်းပုံပေါ်သော်လည်း ပိုမိုနက်ရှိုင်းသော စွမ်းအားကို ပိုင်ဆိုင်ကြသည်။

ထိုစွမ်းအားကို မလှုံ့ဆော်နိုင်ရုံသာ ဖြစ်သည်။

လူတိုင်းသည် စိတ်ကူးမယဉ်နိုင်သော အလားအလာကို ပိုင်ဆိုင်ကြသည်။

ဟန်မူယဲ့၏ နှလုံးသားထဲတွင် မီးတောက်လာသည်။

သူသင်ယူခဲ့သော ပန်းပဲနည်းစနစ်များ အားလုံးသည် အလကားဖြစ်သွားသည်ဟု ရုတ်တရက် ခံစားရသည်။

ရုပ်သေးရုပ်နှင့် လက်နက်များသည် စကြဝဠာအဆင့်တွင် ရှိနေလျှင်လည်း အရေးမကြီးပေ။ သူတို့၏ အနက်ရှိုင်းဆုံး အလားအလာကို မည်သူမှ မဖော်ထုတ်နိုင်ကြပေ။

အကယ်၍ သူက ကိုယ်ပိုင်ကျွမ်းကျင်မှုနှင့် ဝိညာဉ်သတ္တုများ၏ ဂုဏ်သတ္တိကို ပေါင်းစပ်နိုင်လျှင် သူ၏ ပန်းပဲနည်းစနစ်က စိတ်ကူးမယဉ်နိုင်သောအဆင့်သို့ ရောက်သွားလိမ့်မည်။

စိတ်ဆန္ဒတစ်ခုသည် သူ့နှလုံးသားထဲတွင် ပေါ်ထွက်လာသည်။

သူက တစ်ဖက်သို့လှည့်ပြီး ရှေ့ဆက်လျှောက်သွားသည်။

ထိုနေရာတွင် နောက်ဆုံးစမ်းသပ်မှု ရှိနေသည်။

လက်နက်သန့်စင်ခြင်း ဖြစ်သည်။

“သူက ဒီလိုပဲ အောင်မြင်သွားတာလား”

အောက်တွင်ရှိသော လူအများအပြားက ရေရွတ်လိုက်ကြသည်။

All Chapters