← Chapters

အခန်း (၁၃၃၉)

Vol. 96 Ch. 1339

အခန်း (၁၃၃၉)

Vol. 96 Ch. 1339

ဂိုဏ်းချုပ်သွမ်ထျန်ဖုန်းက ထူးဆန်းသောမျက်နှာထားဖြင့် အလင်းလွှာကို ကြည့်နေခဲ့သည်။

“လောကရဲ့ ထိပ်တန်းအဆင့် ဓားသမားဆယ်ယောက်ထဲမှာပါတဲ့ ကောင်းကင်ဓားကျူး”

“ဒီလိုလူမျိုးရဲ့ အသိစိတ်က ပျောက်ကွယ်နေရင်တောင် ဓားကျင့်ကြံခြင်းမှာ အားကောင်းလိမ့်မယ်။ ဒါပေမဲ့ ဟန်မူယဲ့က သူ့ဓားကို လုယူနိုင်ခဲ့တယ်”

အလင်းလွှာတွင် ကောင်းကင်ဓားကျူးက ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။

“ညီအစ်ကိုဟန်၊ ငါက မင်းကို ဆယ်နှစ် စောင့်ကြပ်ပေးမယ်”

ဆယ်နှစ် ....

ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော ကောင်းကင်ဓားကျူး၏ အချိန်ဆယ်နှစ်သည် လုံလောက်မှုရှိသည်။

ထိုစကားကြောင့် လျန်ထျန်းဂိုဏ်း၏ ပန်းပဲပညာရှင်များက အားကျနေကြသည်။

ဟန်မူယဲ့က ထိုသို့ ကံကောင်းနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

“သူက တစ်ခုခုကို ထွင်းဖောက်မြင်ခဲ့တာလား”

“ပြီး‌တော့ ဓားတာအိုနဲ့ပတ်သတ်ပြီး နားလည်နေတာလား”

ထိုမေးခွန်းများအတွက် အဖြေမရှိပေ။

လူတိုင်းက ယွင်မင်ဓားဂိုဏ်းသို့ ဝင်ရောက်သွားသော ဟန်မူယဲ့ကို ကြည့်နေလိုက်ကြသည်။

ဟန်မူယဲ့က ယွင်မင်ဓားဂိုဏ်းတွင် ငါးရက်ကြာအောင်နေပြီး တိတ်ဆိတ်စွာ ထွက်သွားခဲ့သည်။

ကျူးရှုယွမ်က သူ့နောက်တွင် ပါလာသည်။

သူက ယွင်မင်ဓားဂိုဏ်း၏ ဘိုးဘေး ကောင်းကင်ဓားကျူး မဟုတ်တော့ပေ။ လက်ရွေးစင်တပည့် ကျူးရှုယွမ်သာ ဖြစ်သည်။

ယခုအချိန်တွင် လျန်ထျန်းဂိုဏ်းမှ ပန်းပဲပညာရှင်များ၏ မျက်နှာထားက လေးနက်နေသည်။

ဟန်မူယဲ့က ကျင့်ကြံခြင်းပုံစံတစ်ခုကို ဖြတ်ကျော်နေကြောင်း သူတို့က နားလည်လိုက်ကြသည်။

ထိုကျင့်ကြံခြင်းသည် သူတို့၏လမ်းစဉ်နှင့် ကွာခြားသည်။ သို့သော် မဟာတာအိုသို့ ဦးတည်နေသော လမ်းတစ်လမ်းပင် ဖြစ်သည်။

သူတို့က အာရုံစိုက်ထားပြီး အလင်းလွှာကို စောင့်ကြည့်နေကြသည်။

နှစ်ရက်အကြာတွင် အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူက တောရိုင်းထဲတွင် ဟန်မူယဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

“ဆရာဟန်မဟုတ်လား။ ငါက ဓားကျင့်ကြံသူ ကျောက်ကျဲမင်ပါ”

ထိုသို့ဖြင့် သူက လက်ထဲတွင်ရှိသော ဓားကို ဟန်မူယဲ့၏ရှေ့သို့ ပစ်လွှတ်လိုက်သည်။

“ငါက ကြိုးကြာတောင်ပံဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်နဲ့ ရင်းနှီးတယ်။ မင်းကိုရှာပြီး ဓားပေးလိုက်ရင် စိတ်ကူးမယဉ်နိုင်တဲ့ အခွင့်အရေးတစ်ခုကို ရမယ်လို့ သူက ပြောလိုက်တယ်”

ဓားကို ပေးအပ်မည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး လက်မြှောက်၍ ရှေ့တွင် လွင့်မျောနေသော ဓားကို ဆုပ်ကိုင်သည်။

“သုံးလွှာနည်းစနစ်နဲ့ သံမဏိစိမ်းကို အသုံးပြုထားတဲ့ ဓားတစ်လက်ပဲ။ ဓားသွားက သုံးပေနဲ့ ရှစ်လက်မ ရှည်လျားတယ်။ ငါးပေါင်နဲ့ ရှစ်အောင်စ လေးတယ်”

“ပေါ့ပါးမှုနဲ့ လေစွမ်းအင်အတွက် အင်မော်တယ်အင်းကွက် ၁၈ခုကို ထည့်သွင်းထားတယ်”

“ဒီဓားက မင်းနဲ့ မလိုက်ဖက်ဘူး”

ဟန်မူယဲ့၏စကားကို ကြားရသောအခါတွင် သက်လတ်ပိုင်းအရွယ်လူ၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက စဉ်းစားကြည့်လိုက်ပြီး ဟန်မူယဲ့ကိုကြည့်၍ ပြောသည်။

“အဲဒါဆိုရင် ဆရာဟန်က ငါ့အတွက် ဓားတစ်လက် သွန်းလုပ်ပေးပါ”

ဟန်မူယဲ့က လက်ထဲတွင်ရှိသော ဓားကို ရုပ်ဆိုးသော ဓားအိမ်ထဲသို့ ထည့်လိုက်သည်။

“ငါ့ရဲ့ သက်တော်စောင့်အဖြစ် ဆယ်နှစ်ကြာအောင် တာဝန်ထမ်းဆောင်ပါ။ ပြီးရင် မင်းအတွက် ဓားတစ်လက် လုပ်ပေးမယ်”

ဤတစ်ကြိမ်တွင် သက်လတ်ပိုင်းအရွယ်လူက တုံ့ဆိုင်းမနေခဲ့ပေ။ သူက ဦးညွတ်လိုက်ပြီး ပြောသည်။

“သခင်လေးကို နှုတ်ဆက်ပါတယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပေါ့ပါးစွာ ရှေ့ဆက်သွားသည်။

လမ်းတစ်လျှောက်တွင် သူ၏ ဂုဏ်သတင်းကြောင့် စုစည်းလာသော ဓားကျင့်ကြံသူများနှင့် တွေ့ခဲ့ရသည်။ သူတို့က အခွင့်အရေးကို ရှာဖွေရန် ရောက်လာကြသည်။

ဟန်မူယဲ့က သူတို့၏ဓားကို သုံးသပ်ပြီး အကူအညီပေးရန် ဆုံးဖြတ်ခဲ့သည်။

ရက်တစ်ရာအကြာတွင် ဓားကျင့်ကြံသူ ခုနစ်ယောက်သည် သူ့နောက်တွင် ရှိနေခဲ့သည်။

ထိုလူများသည် ဓားသန့်စင်ပေးရန်အတွက် ဟန်မူယဲ့ကို ဆယ်နှစ်ကြာအောင် စောင့်ရှောက်ပေးကြလိမ့်မည်။

သူတို့က ဟန်မူယဲ့၏စွမ်းရည်ကို သေချာမသိသော်လည်း ကြိုးကြာတောင်ပံဓားဂိုဏ်းနှင့် ယွင်မင်ဓားဂိုဏ်းမှ လူများ၏စကားကို ယုံကြည်ကြသည်။

သုံးနှစ်ကြာသွားသည်။

ဟန်မူယဲ့က ဓားဂိုဏ်းပေါင်း သုံးဆယ်ကျော်သို့ သွားရောက်ခဲ့သည်။

သူ၏ သက်တော်စောင့်များသည် လူငါးဆယ်အထိ အရေအတွက်တိုးလာသည်။

ထိုသုံးနှစ်တွင် ဟန်မူယဲ့၏ ဂုဏ်သတင်းက အလွန်မြင့်တက်လာခဲ့သည်။

လောကတွင် သူအကဲမဖြတ်နိုင်သော ဓားမရှိဟု ပြောကြသည်။

သူက ဓားကျင့်ကြံသူတိုင်းကို နားလည်နိုင်သည်။

သူ၏ ဓားတာအိုကျင့်ကြံခြင်းသည် ပန်းပဲပညာကျင့်ကြံခြင်းထက် ပိုမိုသာလွန်သည်ဟု ပြောနေကြသည်။

သတင်းအမျိုးမျိုးကို ကြားရသည်။

သူက ပန်းပဲပညာရပ်ကို မတတ်မြောက်ဟု ပြောနေသော သတင်းများလည်း ရှိသည်။

အဘယ်ကြောင့်ဆိုသော် သူက လျန်ထျန်းဂိုဏ်းမှ ထွက်လာပြီး ယခုအချိန်အထိ ဓားတစ်လက်ကိုပင် မသန့်စင်ခဲ့ပေ။

သူက တခြားလူများ၏ဓားကို စုစည်းပြီး နောက်ကျောတွင်ရှိနေသော အရုပ်ဆိုးသည့်ဓားအိမ်ထဲတွင်သာ ထည့်ထားသည်။

ထိုဓားအိမ်သည် ယခုအချိန်တွင် ဓားသေတ္တာတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး အရေအတွက်များပြားသော ဓားရှည်များကို သယ်ဆောင်ထားသည်။

သုံးနှစ်အကြာတွင် သူက လျန်ထျန်းဂိုဏ်းနှင့် မိုင်ငါးသန်းအကွာသို့ ရောက်လာခဲ့သည်။

ဓားဂိုဏ်းတစ်ဂိုဏ်းသို့ ထပ်မံသွားရောက်ခဲ့ပြီး ဟန်မူယဲ့နှင့် နောက်လိုက် ၇၂ယောက်တို့သည် အပြန်လမ်းကို စတင်ခဲ့ကြသည်။

သူတို့က လျန်ထျန်းဂိုဏ်းသို့ ဦးတည်နေကြသည်။

ထိုအချိန်ကို လူတိုင်းက စောင့်စားနေကြသည်။

“ဟန်မူယဲ့က လျန်ထျန်းဂိုဏ်းကို ပြန်ရောက်လာရင် သူ့ရဲ့ ပန်းပဲပညာလမ်းစဉ်က အထွတ်အထိပ်ကို ရောက်သွားလိမ့်မယ်”

ထိုစကားကို ပန်းပဲပညာအသိုင်းအဝိုင်း၏ ကျွမ်းကျင်သူကြီးတစ်ယောက်က ပြောခဲ့သည်။

ထိုလူ၏စကားကို မည်သူမှ သံသယမဝင်ကြပေ။

အဘယ်ကြောင့်ဆိုသော် ထိုလူက ဤလောက၏ အထွတ်အထိပ်တွင် တည်ရှိသည်။

လျန်ထျန်းဂိုဏ်းက ဟန်မူယဲ့ကို ကြိုဆိုရန်အတွက် ကျွမ်းကျင်သူ ၁၂ယောက်ကို စေလွှတ်ခဲ့သည်။

သို့သော် လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ခြံခိုတိုက်ခိုက်မှုများနှင့် ကြုံခဲ့ရသည်။

လူတိုင်းက ဟန်မူယဲ့၏ ပန်းပဲပညာစွမ်းရည်ကို စောင့်မျှော်နေကြသော်လည်း မိစ္ဆာကျင့်ကြံသူများနှင့် လျန်ထျန်းဂိုဏ်း၏ အောင်မြင်မှုကို မလိုချင်သော တခြားလူများလည်း ရှိနေကြသည်။

လျန်ထျန်းဂိုဏ်းတွင်လည်း ရန်သူများရှိသည်။

“စိတ်ဝင်စားစရာပဲ ....”

“ဒီလူငယ်က လက်နက်တစ်ခုကိုတောင် မသန့်စင်ဖူးဘူး။ ဒါပေမဲ့ ပန်းပဲပညာလမ်းစဉ်ရဲ့ နံပတ်တစ်မျိုးဆက်သစ်အဖြစ် သတ်မှတ်ခံထားရတယ်”

“သူက တစ်ခါမှ စွမ်းရည်ထုတ်မပြဖူးဘူး။ ဒါကိုတောင် လူတိုင်းက အထင်ကြီးနေကြတယ်”

“သူက ပန်းပဲပညာရှင်ဖြစ်နေတာ တော်သေးတယ်။ တခြားလမ်းစဉ်ကို ကျင့်ကြံခဲ့ရင် ကောင်းကင်နဲ့မြေကြီးကိုတောင် ထိုးမွှေနေလောက်တယ်”

မရေမတွက်နိုင်သော ကျွမ်းကျင်သူများက စောင့်ဆိုင်းနေကြသည်။

၂နှစ်အကြာတွင် ဟန်မူယဲ့က မိစ္ဆာဂိုဏ်းတစ်ဂိုဏ်း၏ လက်ချက်ကြောင့် တောင်စောင်းတစ်ခုတွင် ပိတ်ဆို့ခံထားရသည်။

ဤနေရာတွင် နာမည်မရှိပေ။

မိစ္ဆာကျင့်ကြံသူသုံးထောင်သည် ပတ်ဝန်းကျင်တွင် စစ်ကူရောက်လာသော လူများကို တားဆီးထားသည်။ မိစ္ဆာကျွမ်းကျင်သူ အယောက်နှစ်ဆယ်က တောင်စောင်းတွင် ဟန်မူယဲ့တို့ကို ဝိုင်းရံထားကြသည်။

ဓားကျင့်ကြံသူ ၇၂ယောက်သည် ဟန်မူယဲ့နှင့်အတူ ရှိနေကြသည်။

“ဒီနေရာမှာ နာမည်မရှိဘူး။ ဒါပေမဲ့ ဒီနေ့မှာ နာမည်ရှိလာလိမ့်မယ်”

ဟန်မူယဲ့က ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး နောက်ကျောတွင်သယ်ထားသော အနက်ရောင်သေတ္တာကို ဒူးပေါ်သို့ တင်လိုက်သည်။

“ကလစ်”

သေတ္တာကို ဖွင့်လိုက်သည်။

သူက အစိမ်းပုပ်ရောင်ဓားရှည်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်သည်။

“ဒီနေရာကို အခုကစပြီး ဓားသွေးတောင်လို့ ခေါ်မယ်”

သူက အော်ဟစ်လိုက်ပြီး ဓားကို ပစ်ပေးသည်။

“ပုံရိပ်ဓား၊ သုံးပေရှည်ပြီး ပေါင် ၃,၈၀၀လေးတယ်။ ပုံရိပ်ယောင်အင်းကွက် ၁၉ခု ပါဝင်တယ်။ ကိုယ်ပျောက်သားရဲသုံးကောင်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ သန့်စင်ထားတယ်”

“ယုရှန်၊ ဒီဓားက မင်းအတွက်ပဲ”

ယုရှန်ဟုခေါ်သော ဓားကျင့်ကြံသူက လှုပ်ရှားလိုက်ပြီး ဓားရိုးကို ဆုပ်ကိုင်သည်။ ဓားရှည်နှင့် ဓားကျင့်ကြံသူက တစ်ခါတည်း ပျောက်ကွယ်သွားသည်။

“ရွှပ်”

မိစ္ဆာအရိပ် ၁၃ခုသည် တစ်ခါတည်း ခုတ်ပိုင်းခံလိုက်ရသည်။

ထို့နောက် ပုံရိပ်တစ်ခုက ဖျတ်ခနဲလှုပ်ရှားပြီး တောင်အောက်သို့ ပြေးဆင်းသွားသည်။

ဓားအလင်းသည် ကောင်းကင်အထိ ပေါ်ထွက်လာသည်။

ဓားတာအိုကို ပြီးပြည့်စုံစေခဲ့သည်။

ဟန်မူယဲ့က အကြည့်မလွှဲဘဲ လက်မြှောက်ပြီး နောက်ထပ်ဓားတစ်လက်ကို ဆွဲထုတ်သည်။

“ကောင်းကင်ထက်မှာ စုစည်းနေတဲ့ သက်တံတိမ်တိုက်သုံးထောင်နဲ့ ဖွဲ့စည်းထားတဲ့ တိမ်သူတော်စင်ဓား။ နှစ်ပေါင်းတစ်သောင်းကြာအောင် ပျိုးထောင်ပေးပြီး ဓားမှာ ဝိညာဉ်ဖြစ်တည်လာတယ်”

“ရှုဝူ၊ မင်းအတွက် ဒီဓားကို သွေးပေးပြီးပြီ”

ဓားကို ပစ်လွှတ်လိုက်သည်။ အရပ်ရှည်သော ဓားကျင့်ကြံသူတစ်ယောက်က ဓားကို ဖမ်းယူလိုက်သည်။

“ဘုန်း”

မိုင်တစ်ထောင်ကြီးမားသော တိမ်တိုက်သည် လောကကို လွှမ်းခြုံသွားသည်။

ဓားသည် ဓားကျင့်ကြံသူ၏ ခန္ဓာကိုယ်၊ သွေးမျိုးဆက်နှင့် ဆက်သွယ်နေသည်။

ဓားကို ဝှေ့ယမ်းလိုက်သောအခါ ဓားအလင်းနှင့် သွေးမျိုးဆက်သည် ပေါင်းစပ်သွားပြီး အဆုံးမရှိသော အလားအလာကို ထုတ်လွှတ်သည်။

မိုင်တစ်ထောင်ပတ်ဝန်းကျင်တွင်ရှိသော တိမ်တိုက်များသည် စုစည်းလာပြီး ကွဲထွက်သွားကြသည်။

“ဓားကောင်းတစ်လက်ပဲ”

“တကယ်အားကောင်းတဲ့ ဓားကျင့်ကြံသူပဲ”

“ကျေနပ်စရာကောင်းတယ်”

မိစ္ဆာကျင့်ကြံသူဖြစ်စေ၊ အားကောင်းသော ရန်သူများဖြစ်စေ ဓားချက်၏စွမ်းအားကို အသိအမှတ်ပြုလိုက်ရသည်။

ဓားတစ်ချက်ကြောင့် ပတ်ဝန်းကျင်သည် ငြိမ်သက်သွားသည်။

ထောင်ချီသော မိစ္ဆာကျင့်ကြံသူများက သွေးအန်လိုက်ပြီး ဒဏ်ရာများနှင့်အတူ နောက်ဆုတ်သွားကြသည်။

“ရှုဝူက ဓားသွေးပေးတဲ့အတွက် ဆရာဟန်ကို ကျေးဇူးတင်ပါတယ်”

ရှုဝူက ဟန်မူယဲ့ကို လေးနက်စွာ ဦးညွတ်လိုက်သည်။

တစ်ဖက်တွင် ဓားတစ်လက်နှင့်အတူ ပြန်လာသော ယုရှန်က စကားမပြောသော်လည်း ကျေနပ်နေသော မျက်နှာထားကို ထင်ရှားစွာ မြင်နိုင်သည်။

သူတို့နှစ်ယောက်ကြောင့် တောင်စောင်းတွင်ကျန်ရှိနေသော တခြားဓားကျင့်ကြံသူများ၏ မျက်လုံးက တောက်ပသွားသည်။

ယုရှန်နှင့် ရှုဝူတို့သည် သက်တော်စောင့်လုပ်နေသော ဓားကျင့်ကြံသူများကြားတွင် သန်မာသည်ဟု မပြောနိုင်ပေ။

သို့သော် ယခုအချိန်တွင် သူတို့၏ နည်းစနစ်များက အလွန်အားကောင်းနေကြသည်။

သူတို့၏ ကျင့်ကြံခြင်းက တိုးတက်လာသောကြောင့် မဟုတ်ပေ။ သူတို့၏ ဓားက သူတို့၏ တိုက်ခိုက်နိုင်စွမ်း၊ ကျင့်ကြံဆင့်နှင့် ကောင်းမွန်စွာ လိုက်ဖက်ညီနေသောကြောင့် ဖြစ်သည်။

“ကောင်းတယ်”

အဝေးတစ်နေရာတွင်ရှိသော တောင်တန်းတွင် အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲက တောင်စောင်းတွင် တင်ပျဉ်ခွေထိုင်နေသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

ထိုအကြီးအကဲ၏နောက်တွင် နက်ရှိုင်းသောအငွေ့အသက်နှင့် ကျင့်ကြံသူသုံးဆယ်သည် ဖြောင့်မတ်စွာ မတ်တပ်ရပ်နေကြသည်။

“ဆရာဦးလေး၊ ဟန်မူယဲ့က တခြားလူတွေကို ဓားသွေးပေးပြီး ဘာအကျိုးအမြတ်ကို ရနိုင်မှာလဲ”

ဓားတစ်လက်လွယ်ထားသော သက်လတ်ပိုင်းအရွယ်လူက အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

ဤလောကတွင် အလကားရသောအရာ မရှိပေ။

ဟန်မူယဲ့က တခြားလူများကို ဓားသွေးပေးပြီး တစ်ခုခု ပြန်ရလိမ့်မည်။

“ဓားသွေးပေးတာလည်း အကျိုးအမြတ် ရှိတာပေါ့”

အကြီးအကဲက ပြောလိုက်ပြီး တောင်ခြေတွင် လူပြန်စုနေသော မိစ္ဆာကျင့်ကြံသူများကို ကြည့်သည်။

“ငါတို့ ဓားကျင့်ကြံသူတွေက တခြားလူတွေ ဓားလေ့ကျင့်တာကိုကြည့်ပြီး အကျိုးအမြတ်ရနိုင်တာပဲလေ”

“ဘယ်လိုပဲဖြစ်ဖြစ် ငါက ဓားကို တခြားလူဆီ အပ်လိုက်မှာမဟုတ်ဘူး”

အကြီးအကဲ၏စကားကြောင့် နောက်တွင်ရှိသော လူများက ခေါင်းညိတ်လိုက်ကြသည်။

All Chapters