← Chapters

အခန်း (၁၃၄၀)

Vol. 96 Ch. 1340

အခန်း (၁၃၄၀)

Vol. 96 Ch. 1340

ဟန်မူယဲ့က တခြားလူများ၏ဓားကို အရည်အသွေးမြှင့်ပေးနိုင်လျှင်ပင် အသုံးမဝင်ပေ။

ဓားတစ်လက်သည် ဓားကျင့်ကြံသူတစ်ယောက်၏ အသက်သွေးကြော ဖြစ်သည်။

သူတို့က ကိုယ်ပိုင်အသက်သွေးကြောကို တခြားလူတစ်ယောက်၏လက်ထဲသို့ မအပ်နိုင်ပေ။

“ဘုန်း”

တောင်ခြေတွင် မိစ္ဆာချီသည် ပေတစ်ထောင်ကြီးမားသော မိစ္ဆာပုံရိပ်အဖြစ် စုစည်းသွားသည်။

လှံကိုင်ထားသော မိစ္ဆာနတ်ဘုရားပုံရိပ်သည် တောင်စောင်းဆီသို့ ပြေးဝင်လာခဲ့သည်။

ဟန်မူယဲ့က လက်မြှောက်သည်။ ဓားရှည်များသည် တစ်လက်ပြီးတစ်လက် ပျံထွက်လာကြသည်။

ဓားအလင်းများသည် ပတ်ဝန်းကျင်တွင်ရှိသော ဓားကျင့်ကြံသူများနှင့် ပေါင်းစပ်သွားကြသည်။

ထိုဓားများကို ဓားသေတ္တာထဲတွင် အနည်းဆုံး သုံးနှစ်ကြာအောင် ပျိုးထောင်ပေးထားသောကြောင့် အသိစိတ်ကို ပိုင်ဆိုင်လာကြသည်။

ထိုအသိစိတ်သည် ဓားသေတ္တာ၏အကူအညီနှင့် မွေးဖွားလာခြင်း ဖြစ်သည်။

ထိုဓားများသည် ပိုင်ရှင်၏ အမှတ်အသားကို သယ်ဆောင်ထားကြသည်။

ယခုပေါ်ထွက်လာသော ဓားများသည် ပိုင်ရှင်၏ ဝိညာဉ်၊ အသွေးအသားနှင့် ပေါင်းစပ်သွားပြီး ဓားကျင့်ကြံခြင်းကို အများအပြား တိုးတက်လာစေသည်။

ထိုအရာသည် နှလုံးသားကို ကျင့်ကြံခြင်း ဖြစ်သည်။

ဓားကျင့်ကြံခြင်းလည်း ဖြစ်သည်။

လူတိုင်းက အနည်းဆုံး သုံးနှစ်ကြာအောင် ဓားနှင့် မထိတွေ့ခဲ့ရသောကြောင့် ယခုအချိန်တွင် တစ်ကိုယ်လုံး တုန်ခါနေကြသည်။

သူတို့က ဓားကို လွှတ်ပေးတော့မည်မဟုတ်ပေ။

“ဘုန်း”

ဧရာမဓားတစ်လက်သည် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။

ပေတစ်သိန်းကြီးမားသော ဓားရှည်သည် လွှမ်းမိုးနိုင်သောခွန်အားဖြင့် ခုတ်ချသည်။

ထိုဓားသည် တောင်တန်းနှင့်မြစ်များကို ပြိုကွဲသွားစေသည်။

ပြေးဝင်လာသော မိစ္ဆာနတ်ဘုရားပုံရိပ်က နှစ်ပိုင်းကွဲထွက်သွားသည်။

“ကောင်းလိုက်တဲ့ဓားပဲ”

လျန်ထျန်းဂိုဏ်း၏ ခန်းဆောင်တွင် အလင်းလွှာကို စောင့်ကြည့်နေသော ကျွမ်းကျင်သူများက ပြုံးလိုက်ကြသည်။

လွန်ခဲ့သောနှစ်များတွင် ဟန်မူယဲ့ ထွက်သွားသောအခါ လူတိုင်းက သူ၏ ပါရမီကိုသာ မြင်ခဲ့ကြသည်။

ထို့နောက် သူက ခရီးစဉ်တစ်လျှောက်တွင် ဓားသွေးနေပြီး တခြားလူများက သူ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို မြင်လိုက်ရသည်။

ပါရမီကောင်းခြင်းသည် အခြေခံတစ်ခုသာဖြစ်သည်။

နားလည်နိုင်စွမ်းနှင့် ဉာဏ်အလင်း မြင့်မားမှသာ ကျင့်ကြံခြင်းလမ်းစဉ်တွင် အချိန်ကြာမြင့်စွာ လျှောက်လှမ်းနိုင်လိမ့်မည်။

“ဘုန်း”

မိစ္ဆာနတ်ဘုရားပုံရိပ် ပြိုကွဲသွားသောအခါ မိစ္ဆာကျင့်ကြံသူများက သွေးအန်ထုတ်လိုက်ပြီး နောက်ဆုတ်သွားကြသည်။

သို့သော် ဟန်မူယဲ့က ဓားသွေးတောင်တွင် ဆက်ရှိနေသည်။

ဓားကျင့်ကြံသူ ၇၂ယောက်က ဘယ်နှင့်ညာတွင် မတ်တပ်ရပ်ပြီး ဟန်မူယဲ့ကို စောင့်ကြပ်နေကြသည်။ သူတို့၏ လက်ထဲတွင်ရှိသော ဓားများက သူတို့၏ တာအိုနှင့် လိုက်ဖက်ညီနေသည်။

အဆုံးမရှိသော ဓားအလင်းများသည် ဟန်မူယဲ့ကို ဝိုင်းရံထားခဲ့သည်။

ထိုဓားအလင်းများသည် ပတ်ဝန်းကျင်တွင်ရှိသော ဓားကျင့်ကြံသူများအတွက် ရင်းနှီးသလို စိမ်းသက်နေသည်။

ထိုဓားအလင်းများသည် သူတို့အသုံးပြုခဲ့သော ဓားနည်းစနစ်နှင့် ဆင်တူသည်။

သို့သော် သေချာကြည့်လိုက်သောအခါ မတူတော့ပေ။

သို့သော် ထိုဓားအလင်းများသည် ဓားသေတ္တာမှတစ်ဆင့် ဟန်မူယဲ့ နားလည်ထားသော သူတို့၏ ဓားနည်းစနစ်များ ဖြစ်ကြသည်။

ဓားသေတ္တာသည် မှတ်ဉာဏ်များအားလုံးကို ဖတ်ရှုပြီး ဟန်မူယဲ့ဆီသို့ လွှဲပြောင်းပေးခဲ့သည်။

သူက ထိုမှတ်ဉာဏ်များကို ဖြည်းဖြည်းချင်း လေ့လာပြီး တခြားလူများ၏ ဘဝကို သုံးသပ်ခဲ့သည်။

ထိုသို့ဖြင့် သူက ဓားသေတ္တာမှတစ်ဆင့် မရေမတွက်နိုင်သော ဘဝပေါင်းများစွာကို လေ့ကျင့်ခဲ့သည်။

ထိုခံစားချက်သည် သူနှင့် စိမ်းသက်မနေပေ။

သူက ထိုနည်းလမ်းဖြင့် ဓားကို လေ့လာခဲ့သည်။

“ဝှစ်”

အဝေးတစ်နေရာတွင် ဓားအလင်းသည် ကောင်းကင်ကို ထိုးခွဲလိုက်သည်။

“မူလန်တောင်တန်းရဲ့ ရှုကျစ်ယွီက ဆရာဟန်မူယဲ့ကို အရိုအသေပေးပါတယ်”

“ဘိုးဘေးရဲ့အမိန့်အရ ဆရာဟန်ရဲ့လက်အောက်မှာ နှစ်တစ်ထောင်လေ့ကျင့်ဖို့ ဓားသွေးတောင်ကို ရောက်လာပါတယ်”

စကားအဆုံးတွင် အရပ်ရှည်ပြီး သွယ်လျသော လူငယ်တစ်ယောက်သည် ဓားတစ်လက်ကိုင်ထားပြီး တောင်စောင်းတွင် ပေါ်လာသည်။

ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

လူငယ်၏ ဓားရှည်က ဟန်မူယဲ့၏ လက်ထဲသို့ ရောက်သွားသည်။ ထို့နောက် ဓားသေတ္တာကို ဖွင့်ပြီး ထည့်ထားလိုက်သည်။

“နှစ်တစ်ထောင်က အရမ်းကြာလွန်းတယ်။ နှစ်တစ်ရာပဲ ထားလိုက်ပါ”

ဟန်မူယဲ့က ပြောသည်။

နှစ်တစ်ရာ ....

နှစ်တစ်ရာအကြာတွင် သူက ဓားကို ပြန်ပေးမည်။

ရှုကျစ်ယွီက ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဦးညွတ်သည်။

တခြားတောင်တန်းများတွင် စောင့်ကြည့်နေသော လူအများအပြားက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

တာအိုစောင့်ရှောက်သူအနေဖြင့် သက်တော်စောင့် ၇၂ယောက်ကို လက်ခံထားခြင်းသည် ဟန်မူယဲ့၏ အကန့်အသတ်ဖြစ်သည်ဟု သူတို့က ထင်ခဲ့ကြသည်။

ယခုအချိန်တွင် ဟန်မူယဲ့က တာအိုစောင့်ရှောက်သူများကို ပိုမိုလက်ခံမည့်ပုံပေါ်သည်။

“ကျွန်တော်က ဝူထန်ဂိုဏ်းရဲ့ ကျောက်ကျူရှန်းပါ။ ဆရာဟန်ကို ဂါရဝပြုပါတယ်”

“ကျွန်တော်က အသွင်ပြောင်းဓားဂိုဏ်းရဲ့ ယွီဖေးပါ။ ဆရာဟန်ကို နှုတ်ဆက်ပါတယ်”

စကားသံများ ဆက်တိုက်ပေါ်ထွက်လာပြီး ဓားကျင့်ကြံသူများသည် တောင်စောင်းပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

တစ်လအကြာတွင် ဓားကျင့်ကြံသူသုံးထောင်သည် တောင်ခြေတွင် စုစည်းနေခဲ့သည်။

ထိုဓားကျင့်ကြံသူများသည် ဟန်မူယဲ့၏ တာအိုစောင့်ရှောက်သူအဖြစ် တာဝန်ထမ်းဆောင်ပြီး တခြားလူများနှင့်အတူ ကျင့်ကြံရန် ဆန္ဒရှိကြသည်။

ဓားသွေးတောင်သည် နာမည်မရှိသော တောင်တစ်လုံးဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ဓားဂိုဏ်းတစ်ဂိုဏ်းနှင့် ဆင်တူနေသည်။

ဟန်မူယဲ့က တစ်လကြာအောင် တံခါးပိတ်ကျင့်ကြံပြီး လူအများရှေ့တွင် ပြန်ပေါ်လာခဲ့သည်။

သူက တောင်ခြေနှင့် တောင်ပေါ်တွင်ရှိသော ဓားကျင့်ကြံသူများကို ကြည့်လိုက်ပြီး လက်မြှောက်၍ ညွှန်ပြသည်။

“ကျူးဝူရှို့၊ တောင်အောက်ကိုဆင်းပြီး တိုက်ပွဲဆယ်ခု တိုက်ခိုက်ခဲ့ပါ”

“တုချန်ကူ၊ မင်းလည်း အတူတူပဲ သွားလိုက်ပါ”

ချက်ချင်းဆိုသလိုပင် ဓားအလင်းများသည် တောင်စောင်းတွင် ပေါ်ထွက်လာကြသည်။

ဓားသွေးတောင်တွင် ဟန်မူယဲ့တစ်ယောက်တည်းကသာ ဓားသွေးနေခြင်းမဟုတ်ပေ။

ဓားသွေးတောင်သည် ဓားသွေးရန်အတွက်သာ မဟုတ်ပေ။

လူများကို ‌လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။

လူနှင့်ဓားက ပေါင်းစပ်သွားသောအခါ ဓားကျင့်ကြံသူ၏ ကျင့်ကြံခြင်း၊ ဉာဏ်အလင်းနှင့် ခွန်အားကို တိုးမြှင့်လာအောင် ပြုလုပ်ရန် လိုအပ်သည်။

“အဲဒီတော့ ဒါက အစစ်အမှန် ဓားသွေးတောင်ပေါ့ ....”

လေထုထဲတွင် လူတစ်ယောက်ကက တီးတိုးရေရွတ်လိုက်သည်။

ဓားအလင်းများသည် ဓားသွေးတောင်ကို လွှမ်းခြုံထားပြီး လောကကို တုန်ခါသွားစေသည်။

ထို့ကြောင့် လျန်ထျန်းဂိုဏ်းက လူများစေလွှတ်ပြီး ပတ်ဝန်းကျင်ကို ကာကွယ်ပေးရန်အတွက် ဝင်္ကပါတည်ဆောက်ခဲ့သည်။

ဓားသွေးတောင်ကို ပျက်စီးသွားစေရန် ခွင့်မပြုနိုင်ပေ။

ဟန်မူယဲ့က ဓားသွေးတောင်ကို ချန်ထားခဲ့ချင်သောကြောင့် ဓားချီနှင့် ဓားဆန္ဒများက ဓားသွေးတောင်ကို ဖျက်ဆီးသွားလျှင် အလွန်ဆိုးဝါးနေလိမ့်မည်။

တစ်နှစ် ....

ဟန်မူယဲ့က ဓားသွေးတောင်တွင် တစ်နှစ်နေထိုင်ခဲ့သည်။

ထိုနှစ်တွင် တောင်ပေါ်တွင်ရှိသော ဓားကျင့်ကြံသူ ၇၂ယောက်က တစ်လှည့်စီလှုပ်ရှားပြီး တောင်ခြေတွင်ရှိသော ဓားကျင့်ကြံသူသုံးထောင်နှင့် တိုက်ခိုက်နေခဲ့သည်။

တောင်ပေါ်တွင်ရှိသော လူနှင့်ဓား တစ်သားတည်းဖြစ်နေသည့် ဓားကျင့်ကြံသူ၇၂ယောက်၏ ခွန်အားက ဆက်တိုက် တိုးတက်လာသည်။

သူတို့က အချင်းချင်း ကူညီပြီး လေ့ကျင့်ပေးနေကြသည်။

တောင်ခြေတွင်ရှိသော ဓားကျင့်ကြံသူသုံးထောင်က ဟန်မူယဲ့ဆီသို့ ဓားပေးထားသောကြောင့် လက်နက်မရှိသော်လည်း လွန်ခဲ့သောတစ်နှစ်တွင် အလွန်တိုးတက်လာခဲ့သည်။

သူတို့က ဓားပြန်ရလာပြီး ခွန်အားတိုးလာမည့်အချိန်ကို မျှော်လင့်နေမိကြသည်။

တောင်ပေါ်တွင် ဓားကျင့်ကြံသူ ၇၂ယောက်ရှိပြီး တောင်အောက်တွင် ဓားကျင့်ကြံသူ သုံးထောင် ရှိသည်။ ပတ်ဝန်းကျင်တွင် စုစည်းနေသော ဓားကျင့်ကြံသူများကိုတော့ ဟန်မူယဲ့က သတိမထားမိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ မရေမတွက်နိုင်သော လူများသည် နေ့စဉ်ဖြစ်ပွားနေသော ဓားတာအိုတိုက်ပွဲကို ကြည့်ရှုရန် ရောက်လာကြသည်။

ဟန်မူယဲ့က ဂရုမစိုက်ပေ။ သူနှင့် တွေ့ချင်သောလူရှိလျှင် သူ့ကို လာတွေ့နိုင်သည်။

သို့သော် ယခုနှစ်တွင် တောင်ပေါ်သို့ တက်လာနိုင်သောလူများ မရှိခဲ့ပေ။

ဓားကျင့်ကြံသူအများစုတွင် ကျွမ်းကျင်သူ ၇၂ယောက်နှင့် ဓားကျင့်ကြံသူသုံးထောင်၏ တိုက်ပွဲသည် လုံလောက်သည်။

သူတို့က ဟန်မူယဲ့၏ရှေ့သို့ သွားချင်လျှင်ပင် အရည်အချင်းရှိရန် လိုအပ်သည်။

တစ်နှစ်အကြာတွင် ဟန်မူယဲ့က တောင်ပေါ်မှ ဆင်းလာခဲ့သည်။

သူထွက်မသွားခင် တောင်စောင်းတွင် စာလုံးများကို ချန်ရစ်ခဲ့သည်။

“ဓားသွေးတောင်”

သူနှင့် ဓားကျင့်ကြံသူများ ထွက်သွားသောအခါ လူတိုင်းက နှလုံးသားအထိ ထိုးဖောက်နိုင်သော စာလုံးများကို ငေးကြည့်နေခဲ့ကြသည်။

ထိုစာလုံးတွင် ဓားဆန္ဒများ တည်ရှိနေသည်။

ထိုစာလုံးများကို သုံးသပ်ပြီး ဤနေရာတွင် အချိန်ကြာမြင့်စွာ လေ့ကျင့်နိုင်လိမ့်မည်။

“ဓားသွေးတောင်၊ နာမည်ကောင်းပဲ”

ဟန်မူယဲ့တို့ ထွက်သွားပြီး သုံးရက်အကြာတွင် အစိမ်းပုပ်ရောင်ဝတ်စုံနှင့် တန်ခိုးရှင်တစ်ယောက် ဆင်းသက်လာပြီး ရှေ့တွင်ရှိသော စာလုံးများကို ကြည့်လိုက်သည်။

“လျန်ထျန်းဂိုဏ်းက ဟန်မူယဲ့”

တန်ခိုးရှင်က ဟန်မူယဲ့တို့ ထွက်သွားသောဘက်သို့ ကြည့်သည်။ သူက တစ်ချက်လှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားသည်။

ဓားသွေးတောင်မှ ထွက်လာသော ဟန်မူယဲ့တို့သည် အချိန်ဆွဲမနေဘဲ လျန်ထျန်းဂိုဏ်းဆီသို့ သွားနေကြသည်။

လျန်ထျန်းဂိုဏ်းမှ စေလွှတ်လိုက်သော ကျွမ်းကျင်သူများက သူတို့ကို လမ်းပြပေးနေသည်။

ဟန်မူယဲ့က ဂိုဏ်းသို့ ပြန်ရောက်သွားလျှင် လျန်ထျန်းဂိုဏ်း၏ ဂုဏ်သတင်းက အလွန်မြင့်မားသွားလိမ့်မည်။ ထိုအချက်ကို လူတိုင်းက သိနေကြသည်။

ဟန်မူယဲ့က ကောင်းမွန်စွာ ဓားသွေးနိုင်ပြီး ဓားကျင့်ကြံသူ သုံးထောင်ကျော်ကို ဦးဆောင်ထားသည်။ သူ၏ စွမ်းရည်နှင့်ဆိုလျှင် ပန်းပဲပညာအသိုင်းအဝိုင်းတွင် လွှမ်းမိုးနိုင်သောလူတစ်ယောက် ဖြစ်လာလိမ့်မည်။

“ပြန်လာတာကို ကြိုဆိုပါတယ်။ ဂိုဏ်းတူအစ်ကိုဟန်”

အဝေးတစ်နေရာတွင်ရှိသော တောင်တန်းတွင် လျန်ထျန်းဂိုဏ်း၏ တပည့်များက ဦးညွတ်လိုက်ကြသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ရှေ့ဆက်သွားသည်။

နောက်ထပ် မိုင်တစ်ရာအကွာတွင် ကြိုဆိုနေသော ဂိုဏ်းတပည့်များကို မြင်လိုက်ရပြန်သည်။

“ပြန်လာတာကို ကြိုဆိုပါတယ်”

မိုင်သုံးထောင်အထိ နေရာတိုင်းတွင် ကြိုဆိုခံနေရသည်။

ဂိုဏ်း၏ အကြီးအကဲကပင် ထိုသို့ နာမည်မကြီးပေ။

ပြိုင်ဘက်ကင်းပါရမီရှင်ကို ဂိုဏ်းက အလွန်တန်ဖိုးထားနေသည်။

“ဘုန်း”

ဟန်မူယဲ့က လျန်ထျန်းဂိုဏ်း၏ အပြင်ဘက်သို့ ရောက်လာသောအခါတွင် လွင့်မျောလာသော တိမ်တိုက်များကို မြင်လိုက်ရပြီး မိုးခြိမ်းသံကို ကြားရသည်။

လျန်ထျန်းဂိုဏ်း၏ အဓိကခန်းဆောင်တွင် ဂိုဏ်းချုပ်သွမ်ထျန်ဖုန်း၏ မျက်နှာထားက ပြောင်းလဲသွားပြီး ပျံထွက်လာသည်။

“ဝင်္ကပါကို အသက်သွင်းလိုက်”

သူ့စကားသံအဆုံးတွင် အလင်းစီးကြောင်းများ ပေါ်ထွက်လာပြီး ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားသော ပေငါးသောင်းကြီးမားသည့် မီးပြင်းဖိုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မီးပြင်းဖိုသည် မီးတောက်များကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်ကို အလင်းပေးသည်။

သို့သော် မီးပြင်းဖို၏ အလင်းရောင်က ဖိနှိပ်ခံထားရသည်။

ဓားအလင်းနှင့် လျှပ်စီးကြောင်းကို မြင်ရသည်။

“ဘယ်အကြီးအကဲက လျန်ထျန်းဂိုဏ်းကို စနောက်နေတာပါလဲ”

သွမ်ထျန်ဖုန်းက အံကြိတ်ထားပြီး တီးတိုးပြောသည်။

လောကတွင် ဓားတာအိုစွမ်းအားကို အသုံးပြု၍ လျန်ထျန်းဂိုဏ်း၏ဝင်္ကပါအား ဖိနှိပ်နိုင်သောလူများ သိပ်မရှိပေ။

All Chapters