← Chapters

အခန်း (၁၂၄၃)

Vol. 96 Ch. 1343

အခန်း (၁၂၄၃)

Vol. 96 Ch. 1343

လူတိုင်းက ‌လေးနက်သောမျက်နှာထားနှင့် ဖြည်းဖြည်းချင်းပေါ်ထွက်လာသော ဆရာသခင်ကျူးယုဟယ်ကို မြင်လိုက်ရသည်။

ကျူးယုဟယ်က လက်ထဲတွင် အနက်ရောင်မီးပြင်းဖိုကို ကိုင်ထားသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လက်ဖြန့်သည်။

သက်တံရောင်တံဆိပ်ပြားသည် သူ့ဆီသို့ ဆင်းသက်လာသည်။

နတ်ဘုရားအဆင့် ဖြစ်သည်။

“နတ်ဘုရားအဆင့် ပန်းပဲပညာရှင်ဖြစ်လာတဲ့ ဆရာသခင်ကျူးယုဟယ်ကို ကြိုဆိုလိုက်ပါတယ်”

ခန်းဆောင်၏ရှေ့တွင် အားပေးသံများကို ကြားရသည်။

ကျူးယုဟယ်က ခံစားချက်များဖြင့် ခေါင်းညိတ်သည်။

“စမ်းသပ်ပွဲနယ်မြေမှာ နှစ်သောင်းချီကုန်ဆုံးသွားခဲ့တယ်။ အပြင်လောကမှာ နှစ်တစ်ရာကုန်ဆုံးသွားပြီ”

“ဝမ်ကျင်းမြို့ကို မမြင်ရတာ အရမ်းကြာနေပြီ”

ဘဝတစ်သက်စာ ကုန်ဆုံးသွားသကဲ့သို့ ဖြစ်သည်။

ကျူးယုဟယ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သိပ်မဝေးသောနေရာတွင် ရှိနေသည့် ဟန်မူယဲ့ကို မြင်ရသည်။

သူက အနည်းငယ် အံ့အားသင့်သွားသည်။

“ဆရာသခင်၊ သူက ဆရာသခင်ထက်အရင် ခန်းဆောင်ထဲကနေထွက်လာတဲ့ နတ်ဘုရားအဆင့် ပန်းပဲပညာရှင်ပါ”

အဆင့်ကိုးပန်းပဲပညာရှင်တစ်ယောက်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျူးယုဟယ်ကို ဦးညွတ်၍ တီးတိုးပြောသည်။

“သူက စမ်းသပ်ပွဲနယ်မြေမှာ တစ်နှစ်ပဲ နေခဲ့ပါတယ်”

စမ်းသပ်ပွဲနယ်မြေတွင် တစ်နှစ်သာနေထိုင်ခဲ့သော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်၏ အခြေခံအုတ်မြစ်က ခိုင်မာမည်မဟုတ်ပေ။ သူက ဆရာကျူးယုဟယ်နှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

သို့သော် ထိုအချိန်တွင် ကျူးယုဟယ်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တုန်ခါနေပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“မင်း .... မင်းရဲ့ မျိုးရိုးနာမည်က ဟန်လား”

သူ့စကားကြောင့် လူတိုင်းက ကြောင်အသွားသည်။

‘သူတို့က တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား’

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်သည်။ သူက ကျူးယုဟယ်ကို ကြည့်လိုက်သည်။

“ငါက မင်းကို မှတ်မိတယ်”

“အံ့ဖွယ်ကိုးပါးတောင်မှာ မင်းရဲ့နာမည် ရှိတယ်။ မင်းကလည်း စမ်းသပ်မှုကို ကျော်ဖြတ်နေတာလို့ ထင်မထားခဲ့ဘူး”

အံ့ဖွယ်ကိုးပါးတောင်တွင် တပည့်များ ရှိနေကြသည်။

သူတို့အားလုံးက အံ့ဖွယ်ကိုးပါးတောင်တွင် ကျင့်ကြံပြီး ဟန်မူယဲ့ကို ခံစားရသည်။

“ဂိုဏ်းတူအစ်ကိုဟန်ကို နှုတ်ဆက်ပါတယ်”

ကျူးယုဟယ်က လျင်မြန်စွာ ရှေ့တက်လာပြီး ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းက ကြောင်အသွားသည်။

စမ်းသပ်ပွဲနယ်မြေတွင် နှစ်တစ်ရာနေထိုင်ခဲ့‌သော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်က တစ်နှစ်သာနေထိုင်ခဲ့သော ပန်းပဲပညာရှင်ကို ဦးညွတ်နေသည်။

ထို့အပြင် ဂိုဏ်းတူအစ်ကိုဟု ခေါ်လိုက်သည်။

“ဂိုဏ်းတူအစ်ကိုက ဓားသွေးတောင်ကနေ ပြန်လာပြီး အံ့ဖွယ်ကိုးပါးတောင်မှာ တံခါးပိတ်ကျင့်ကြံနေတယ်လို့ ထင်နေခဲ့တာ”

“စမ်းသပ်ပွဲကို အောင်မြင်ပြီး ဝမ်ကျင်းမြို့ကို ပြန်ရောက်လာမယ်လို့ ထင်မထားခဲ့ဘူး”

ကျူးယုဟယ်က နောင်တရနေသော မျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ဂိုဏ်းတူအစ်ကို၊ အမှန်အတိုင်းပြောရရင် အဲဒီမှာ တစ်သက်လုံးနေလိုက်တာလည်း မကောင်းတာတော့ မဟုတ်ပါဘူး”

သူက စကားပြောလိုက်ပြီး ဟန်မူယဲ့ကို ဦးညွတ်ပြန်သည်။ ထို့နောက် တီးတိုးပြောသည်။

“ဂိုဏ်းတူအစ်ကို၊ ကျွန်တော်တို့က ကြယ်စင်စုစကြဝဠာကို ပြန်ရောက်လာရင် အဲဒီမှတ်ဉာဏ်တွေက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မယ်။ တကယ်လို့ ကျွန်တော်က ဂိုဏ်းတူအစ်ကိုကို အနာဂတ်မှာ မမှတ်မိတော့ရင် သတိပေးပါ”

သူ့စကားကို ကြားရသောအခါတွင် ဟန်မူယဲ့က လက်ကို ဆန့်ထုတ်လိုက်ပြီး ကျူးယုဟယ်၏ပခုံးကို ပုတ်ပေးသည်။

“ကောင်းပြီ”

ထိုသို့ဖြင့် သူက လှည့်ထွက်သွားသည်။

ရင်ပြင်တွင်ရှိသော လူတိုင်းက စိတ်ရှုပ်ထွေးနေကြသည်။

“သူ့မျိုးရိုးနာမည်က ဟန်လား ....”

“သူဘယ်သူလဲဆိုတာ ငါသိပြီ”

“ပါရမီရှင်တစ်ယောက် ဖြစ်နေပြီး စမ်းသပ်ပွဲနယ်မြေမှာ တစ်နှစ်နေလိုက်ရုံနဲ့ နတ်ဘုရားအဆင့် ပန်းပဲပညာရှင် ဖြစ်လာတဲ့ ကျူးယုဟယ်ကို ဦးညွတ်အောင် လုပ်နိုင်တာ ....”

“ဘုန်း”

ကောင်းကင်ထက်တွင် တိမ်တိုက်များသည် လှေကားထစ်အဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ရှေ့သို့ ကျဆင်းလာသည်။

“ဆရာဟန်၊ ဟန်မူယဲ့ကို ကြိုဆိုလိုက်ပါတယ်”

“ဆရာဟန်၊ ကျေးဇူးပြုပြီး ဝမ်ကျင်းခန်းဆောင်မှာ ပင်မအကြီးအကဲရာထူးကို လက်ခံပေးပါ”

အသံတစ်သံကို ကြားရသည်။

ဆရာဟန် ....

ခန်းဆောင်၏ရှေ့တွင်ရှိသော လူတိုင်းက မျက်လုံးပြူးသွားကြသည်။

ဝူကျောက်က တစ်ကိုယ်လုံး တုန်ခါနေပြီး တိမ်လှေကားပေါ်သို့ တက်သွားသော ဟန်မူယဲ့ကို ကြည့်နေသည်။

သူက ထိုအကြောင်းကို တွေးမိခဲ့သင့်သည်။

ဟန်မူယဲ့က တိမ်လှေကားပေါ်သို့ တစ်လှမ်းချင်းစီတက်သွားသည်။ အခမ်းအနားဝတ်စုံနှင့် ပင်မအကြီးအကဲများသည် သူ့ရှေ့တွင် လေးနက်စွာ ရပ်နေကြသည်။

အောက်တွင် ကျန်ခဲ့ကြသော ကျင့်ကြံသူများက ‌ဦးညွတ်ထားပြီး ခေါင်းမော့မကြည့်ရဲကြပေ။

ဆရာဟန် ....

ထိုလူက ကြယ်စင်စုစကြဝဠာ၏ ပန်းပဲပညာလောကကို တစ်ယောက်တည်း ပြောင်းလဲပြီး ငွေရောင်ခေတ်သို့ တွန်းပို့ပေးခဲ့သော ဆရာဟန် ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်များတွင် ပန်းပဲပညာရှင်အစည်းအရုံး၏ လွှမ်းမိုးနိုင်စွမ်းက အလွန်မြင့်မားလာသည်။ ထိုဖြစ်ရပ်တွင် ဆရာဟန်က အဓိကနေရာတွင် ပါဝင်ခဲ့သည်။

သူ၏ လုပ်ဆောင်ချက်များကြောင့် ပန်းပဲပညာရှင်အစည်းအရုံးက တိုးတက်လာခဲ့သည်။

ဆရာဟန်က ပင်မအကြီးအကဲတစ်ယောက် ဖြစ်လာမည်ဟု သတင်းများထွက်နေသည်။

ယနေ့တွင် သူတို့က ထိုသတင်းကို အတည်ပြုနိုင်ခဲ့သည်။

ဟန်မူယဲ့က တည်ငြိမ်စွာ ရှေ့ဆက်သွားသည်။

သူက စမ်းသပ်ပွဲနယ်မြေမှ ထွက်လာသော်လည်း ထိုနေရာတွင် ကျန်ရစ်ခဲ့သော သူ၏ ဝိညာဉ်အစိတ်အပိုင်းက ဆက်လက်လှုပ်ရှားနေသည်။

ဟန်မူယဲ့က လျန်ထျန်းဂိုဏ်းတွင် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

သူ၏ ဝိညာဉ်အမှတ်အသားက ကျန်ရှိနေသောကြောင့် စမ်းသပ်ပွဲနယ်မြေကို လှိုင်းထန်သွားအောင်လုပ်ရန် ကံပါလာသည်။

တစ်ချိန်တွင် သူနှင့် ပြန်လည်ဆုံတွေ့နိုင်လိမ့်မည်။

“ဆရာဟန်၊ ကျေးဇူးပြုပြီး အဓိကခန်းဆောင်ကို ဝင်ရောက်ပေးပါ”

အကြီးအကဲကျင်းဝူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ဟန်မူယဲ့ကို ပြောသည်။

သူ့နောက်တွင် အကြီးအကဲဇောင်ကျွင်းနှင့် ရှမင်ဟွာတို့က ခမ်းနားသောအငွေ့အသက်ကို ထုတ်လွှတ်လျက် ရှိနေကြသည်။

သူတို့သုံးယောက်က လွန်ခဲ့သောနှစ်တစ်ရာတွင် အစည်းအရုံး၏ ကိစ္စရပ်များကို ဆောင်ရွက်ပေးရန် တာဝန်ယူထားကြသည်။

ယခုအချိန်တွင် ပင်မအကြီးအကဲ ၁၈ယောက်လုံး ရှိနေကြသည်။

ပင်မအကြီးအကဲသစ် ပေါ်ထွက်လာသော ဖြစ်ရပ်သည် အလွန်အရေးကြီးသောကြောင့် သူတို့အားလုံး ရှိနေရမည်။

“ဟန်မူယဲ့က အကြီးအကဲတွေကို နှုတ်ဆက်လိုက်ပါတယ်”

ခန်းဆောင်ထဲတွင် ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ပြောလိုက်သည်။

သူ့ရှေ့တွင်ရှိသော ပင်မအကြီးအကဲ ၁၈ယောက်လုံး၏ မျက်နှာထားသည် လေးနက်နေပြီး ချောက်နက်သဖွယ် နက်ရှိုင်းသော အငွေ့အသက်ကို သယ်ဆောင်ထားကြသည်။

သူတို့အားလုံးသည် ကြယ်စင်စုစကြဝဠာကို လှိုင်းထန်သွားစေနိုင်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။

သူတို့ထဲတွင် ငါးယောက်သည် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကို သန့်စင်နိုင်ကြသည်။

ထိုကျွမ်းကျင်သူမျိုးသည် နေရာတိုင်းတွင် လေးစားခံရသည်။

သူတို့က အစည်းအရုံး၏ ပင်မအကြီးအကဲများ ဖြစ်နေသောကြောင့် အကောင်းဆုံးအရင်းအမြစ်များကို အသုံးပြုနိုင်ပြီး စကြဝဠာနယ်မြေနှင့် အဆက်အသွယ်ရှိကြသည်။

“ဟားဟား၊ ဆရာဟန်အတွက်ဆိုရင် ငါတို့က အတော်လေး အသက်ကြီးနေလောက်ပြီ”

အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က ရယ်မောလိုက်ပြီး လက်ကို ညင်သာစွာ ဝှေ့ယမ်းသည်။

ရွှေရောင်ဂိတ်တံခါးတစ်ခုသည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်လာသည်။

ဟန်မူယဲ့က ဂိတ်တံခါးထဲသို့ ဝင်သွားပြီး ပတ်ဝန်းကျင်ကို အာရုံခံကြည့်သည်။

‘လေဟာနယ်လား’

ဂိတ်တံခါး၏နောက်ကွယ်တွင် လေဟာနယ်တစ်ခု ရှိနေသည်။ သို့သော် သာမန်မဟုတ်ပေ။ ထူးခြား‌သော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ဟန်မူယဲ့က ထိုစွမ်းအားမျိုးကို စမ်းသပ်ပွဲနယ်မြေတွင် အာရုံခံနိုင်ခဲ့သည်။

“ဆရာဟန်၊ ဝမ်ကျင်းမြို့က သာမန်လောကမှာ ရှိနေတယ်လို့ ထင်နေတာလား”

အစိမ်း‌ရောင်ဝတ်စုံနှင့် ဆံပင်ဖြူနေသော အကြီးအကဲတစ်ယောက်က ဂုဏ်ယူနေသော မျက်နှာထားဖြင့် ခပ်ဟဟရယ်သည်။

“ဝမ်ကျင်းမြို့မှာရှိတဲ့ ဒီခန်းဆောင်က စကြဝဠာနယ်မြေရဲ့ အစွန်အဖျားမှာ တည်ရှိတယ်”

စကြဝဠာနယ်မြေ၏ အစွန်အဖျားသည် စကြဝဠာနယ်မြေပင် ဖြစ်သည်။

ဟန်မူယဲ့က နှလုံးခုန်မှားသွားသည်။

မထူးဆန်းတော့ပေ။

အစည်းအရုံးတွင် စကြဝဠာနယ်မြေ၏နောက်ခံ ရှိနေသည်။

“ဟန်မူယဲ့၊ ငါတို့ ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ပင်မအကြီးအကဲတစ်ယောက် ဖြစ်လာချင်လား”

ခရမ်းရောင်သရဖူနှင့် လူအိုကြီးတစ်ယောက်က လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

တခြားလူများကလည်း အလေးအနက်ထားနေကြသည်။

ဟန်မူယဲ့က တုံ့ဆိုင်းမနေပေ။ သူက ခေါင်းညိတ်လိုက်ပြီး အနည်းငယ် ဦးညွတ်သည်။

အကြီးအကဲဆယ့်ရှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်သည်။

“ဟန်မူယဲ့၊ မင်းက ပန်းပဲပညာရှင်အစည်းအရုံးအတွက် အကျိုးဆောင်ပေးခဲ့တာကြောင့် ငါတို့က မင်းကို ၁၉ယောက်မြောက် ပင်မအကြီးအကဲအဖြစ် သတ်မှတ်လိုက်တယ်”

“မင်းက ပန်းပဲပညာစွမ်းရည်နဲ့ ကြယ်စင်စုစကြဝဠာကို လမ်းပြပေးနိုင်တယ်”

“ဒီနေ့မှာ မင်းက ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ပင်မအကြီးအကဲတစ်ယောက် ဖြစ်လာပြီလို့ ငါတို့ ၁၈ယောက်က သဘောတူလိုက်တယ်”

ပင်မအကြီးအကဲ ....

စိတ်ကူးမယဉ်နိုင်သော အမိန့်အာဏာကို ပိုင်ဆိုင်ထားသည့် အစည်းအရုံး၏ ထိပ်တန်းအဆင့် လူတစ်ယောက် ဖြစ်သည်။

ယနေ့အပြီးတွင် ဟန်မူယဲ့က ကြယ်စင်စုစကြဝဠာ၏ အဓိကလူတစ်ယောက် ဖြစ်လာခဲ့သည်။

“ဒါပေမဲ့ စကြဝဠာနယ်မြေက မင်းကို အသိအမှတ် မပြုရသေးဘူး။ အဲဒါကြောင့် မင်းနာမည်ကို ကြေညာပေးဖို့ မဖြစ်နိုင်သေးဘူး”

အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးက ပြုံးလိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို လက်နှစ်ဖက်ဖြင့်ယူ၍ ဟန်မူယဲ့ဆီသို့ ပေးသည်။

“ဒါက တကယ်တော့ ကောင်းပါတယ်”

“မင်းကို အသားကျလာအောင် အချိန်ပေးလိုက်တာပဲ”

“နှစ်တစ်ရာလောက်ပေါ့”

“အဲဒီနှစ်တစ်ရာအတွင်းမှာ မင်းက ပင်မအကြီးအကဲရာထူးကို ပိုင်ဆိုင်ထားမယ်။ ဒါပေမဲ့ ကြယ်စင်စုစကြဝဠာမှာ မကြေညာနိုင်သေးဘူး”

“ဝမ်ကျင်းမြို့မှာလည်း နေစရာမလိုဘူး။ လွတ်လွတ်လပ်လပ် သွားနိုင်တယ်”

စကြဝဠာနယ်မြေ၏ အသိအမှတ်ပြုခြင်းကို လိုအပ်နေသောကြောင့် ဟန်မူယဲ့က နှစ်တစ်ရာအတွင်း ကြိုးစားအားထုတ်ပေးရမည်။

ထိုသို့မဟုတ်လျှင် သူ၏ ပင်မအကြီးအကဲရာထူးသည် မတည်မငြိမ်ဖြစ်လာလိမ့်မည်။

တစ်နည်းပြောရလျှင် အစည်းအရုံးက သူ့ကို အသိအမှတ်ပြုထားသော်လည်း စကြဝဠာနယ်မြေတွင် ဂုဏ်သတင်းတည်ဆောက်ရန် လိုအပ်နေသည်။

“ဒါက အကြီးအကဲဟန်အတွက် အရမ်းလွယ်မှာပါ”

အကြီးအကဲကျင်းဝူက အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ရွှေရောင်စာရွက်တစ်ရွက်ကို ထုတ်ပေးသည်။

“ဒါတွေက စကြဝဠာနယ်မြေရဲ့ တာဝန်တွေပဲ။ ဘယ်ဟာကို လက်ခံနိုင်မလဲ တစ်ချက်လောက် ကြည့်ပါအုံး”

“နှစ်တစ်ရာအတွင်း လုံလောက်တဲ့တာဝန်တွေကို လက်ခံခဲ့ရင် စကြဝဠာနယ်မြေမှာ နာမည်ကြီးလာလိမ့်မယ်”

ဟန်မူယဲ့က စာရွက်ကို ယူလိုက်ပြီး နတ်အာရုံဖြင့် ကြည့်သည်။

ကမ္ဘာဦးအဆင့် ချပ်ဝတ်ကို သန့်စင်ရမည့် တာဝန် ....

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို သန့်စင်ရမည့်တာဝန် ....

စကြဝဠာအဆင့် လက်နက်များကို ပြုပြင်ပြီး ပျိုးထောင်ပေးရမည့် အလုပ်များလည်း ရှိနေသည်။

ထိုတာဝန်များကို စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများက ထုတ်ပြန်ထားသည်။

ဟန်မူယဲ့က စာရွက်ကို တည်ငြိမ်စွာသိမ်းလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ အကြီးအကဲကျင်းဝူကို ပြောသည်။

“ကျေးဇူးပါအကြီးအကဲ”

တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။

ဟန်မူယဲ့က ခန်း‌‌ဆောင်ထဲတွင် အချိန်ကြာမြင့်စွာ မနေခဲ့ပေ။

သူက ပင်မအကြီးအကဲတစ်ယောက် ဖြစ်နေသော်လည်း တရားဝင် မကြေညာနိုင်သောကြောင့် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တံဆိပ်ပြားကိုသာ အသုံးပြုနိုင်သည်။

သူက ခန်းဆောင်ထဲမှ ထွက်လာပြီး လမ်းတစ်ခုဆီသို့ လျင်မြန်စွာ ရောက်လာသည်။

ထိုလမ်းတွင် ဈေးဆိုင်ကြီးတစ်ခု ရှိနေသည်။

ကျူကျင်းဈေးဆိုင် ....

ထိုအရာသည် ဝမ်ကျင်းမြို့တွင်ရှိသော ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ အကြီးမားဆုံးဆိုင် ဖြစ်သည်။

ဟန်မူယဲ့က ဆိုင်ဆီသို့ လျှောက်သွားသောအခါ တံခါးဝတွင် လေးစားစွာ စောင့်ဆိုင်းနေသော ဝူကျောက်ကို မြင်လိုက်ရသည်။

သူက ရယ်လိုက်ပြီး လက်ကို ဆန့်ထုတ်၍ ဝူကျောက်၏ပခုံးကို ပုတ်ပေးသည်။

ဝူကျောက်က အမှန်တကယ်ပင် ထက်မြက်သည်။

သူ့ကို ဤနေရာတွင် စောင့်ဆိုင်းနေသည်။

“ငါက ဝမ်ကျင်းမြို့နဲ့ မရင်းနှီးဘူး။ အခုအချိန်ကစပြီး မင်းက ကျူကျင်းဈေးဆိုင်မှာ အလုပ်လုပ်နိုင်တယ်။ တစ်ခုခုလိုအပ်ရင် မင်းကို လာရှာမယ်”

ဟန်မူယဲ့က ထိုသို့ ပြောလိုက်ပြီး ဆိုင်ထဲသို့ ဝင်သွားသည်။

All Chapters