အခန်း (၁၃၄၄)
Vol. 96 Ch. 1344
ဟန်မူယဲ့က ဝူကျောက်၏အမြင်ကို မမေးခဲ့ပေ။
ဝူကျောက်၏ လမ်းညွှန်ခကိုလည်း မပေးခဲ့ပေ။
ဝူကျောက်အတွက် ကျူကျင်းကုန်သွယ်ရေးအဖွဲ့ကို ဝင်ရောက်နိုင်ခြင်းသည် အခွင့်အရေးတစ်ခု ဖြစ်သည်။
လမ်းညွှန်ခသည် အရေးမပါပေ။
“ကြိုဆိုပါတယ်ဆရာဟန်”
ဆိုင်ထဲတွင် အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးက လျင်မြန်စွာ ရှေ့တက်လာပြီး ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။
သူ့နာမည်က ယုစီဖြစ်ပြီး နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်သည်။ သူက ဤနေရာတွင် တာဝန်ယူထားသည်။
သူ့မှာ တခြားအထောက်အထားတစ်ခုလည်း ရှိသည်။ သူက ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ အလုပ်ရုံတွင် အလုပ်လုပ်ခဲ့ပြီး ဟန်မူယဲ့၏ လမ်းညွှန်မှုကြောင့် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။
ယုစီက နတ်ဘုရားအဆင့် ပန်းပဲပညာရှင် ဖြစ်မလာခင် တီထွင်မှုဆုကြေး နှစ်ကြိမ်ရခဲ့ပြီး မူလဒင်္ဂါး သန်းရှစ်ထောင်ကို စုစည်းနိုင်ခဲ့သည်။
ထို့ကြောင့် သူက အလုပ်ရုံ၏ လစာကို ဆုကြေးတွင် ပေါင်းထည့်ရန် လှူဒါန်းခဲ့သည်။
အလုပ်ရုံတွင် ငွေကြေးမလိုအပ်သော ပန်းပဲပညာရှင်များက ထိုသို့ လုပ်ခဲ့ကြသည်။
သူတို့အတွက် အလုပ်ရုံ၏ လုပ်အားခသည် အရေးမပါတော့ပေ။
သူတို့က ဆုကြေးမှတစ်ဆင့် အများအပြား ရရှိထားသည်။ ထို့အပြင် မူပိုင်ခွင့်မှတစ်ဆင့် ဝင်ငွေဆက်ရနိုင်သည်။
သူတို့၏ လုပ်အားခကို လှူဒါန်းခြင်းအားဖြင့် လိုအပ်နေသောလူများကို ကူညီနိုင်ပြီး ကျူကျင်းကုန်သွယ်ရေးအဖွဲ့ကို ထောက်ပံ့ပေးနိုင်သည်။
ကျူကျင်းကုန်သွယ်ရေးအဖွဲ့က နာမည်ကြီးလေ သူတို့အတွက် အဆင်ပြေလေ ဖြစ်သည်။
ဟန်မူယဲ့က ယုစီနှင့်အတူ ဆိုင်ထဲတွင် လှည့်ကြည့်ခဲ့သည်။ သူက ယုစီတင်ပြခဲ့သော စာရင်းစာအုပ်များကိုပင် မကြည့်တော့ဘဲ တံခါးပိတ်ကျင့်ကြံလိုက်သည်။
တိတ်ဆိတ်သော အခန်းထဲတွင် သူ့မျက်နှာထားက တည်ငြိမ်နေသည်။ ရွှေအလင်းစီးကြောင်းများသည် သူ့ရှေ့တွင် ရစ်ဝဲနေကြသည်။
မီးတောက်များက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။
ထိုမီးတောက်များကို လျန်ထျန်းဂိုဏ်းမှ ရရှိလာခဲ့သည်။
“အနန္တတာအိုမီးတောက်၊ တကယ့်ကို စိတ်မကူးနိုင်စရာပဲ ....”
ရွှေကျီးကန်း၏အသံကို ကြားရသည်။
သူက မီးအမျိုးအစား နတ်ဘုရားသားရဲ ဖြစ်သောကြောင့် ကိုယ်ပိုင်မီးတောက်အပေါ်တွင် ယုံကြည်ချက်ရှိသည်။
ဟန်မူယဲ့က နတ်ဘုရားမီးတောက်များကို ပိုင်ဆိုင်ထားသော်လည်း ရွှေကျီးကန်းမီးတောက်က အကောင်းဆုံးဖြစ်သည်။
သို့သော် မီးတောက်တစ်သောင်း ပေါ်ထွက်လာသည့်အတွက် ရွှေကျီးကန်းက ယုံကြည်ချက်မရှိတော့ပေ။
ထိုမီးတောက်တစ်သောင်း၏ရှေ့တွင် သူက ညီငယ်လေးတစ်ယောက်သာ ဖြစ်သည်။
“ငါက တကယ်ကို သိချင်မိတယ်။ စမ်းသပ်ပွဲနယ်မြေက ဘယ်လိုနေရာမျိုးလဲ”
“ပြီးတော့ ဓားနတ်ဘုရားလုယွဲ့က ဘာဖြစ်လို့ ငါ့မှတ်ဉာဏ်ထဲမှာ ပေါ်မလာတာလဲ”
ဘေးတွင်ရှိသော ခေးအော့၏ပုတီးစေ့က လည်ပတ်နေပြီး ရွှေအလင်းကို ထုတ်လွှတ်လိုက်သည်။
ဓာတ်စင်ငါးပါးမီးပြင်းဖိုက စကားမပြောဘဲ မီးတောက်များကိုသာ အာရုံစိုက်နေသည်။
ဟန်မူယဲ့က နတ်ဘုရားမီးတောက်တစ်သောင်းကို ကြည့်နေသော်လည်း မသန့်စင်ခဲ့ပေ။
သူက လျန်ထျန်းဂိုဏ်း၏ နတ်ဘုရားမီးတောက်များကို ယခုအချိန်အတွက် သိမ်းဆည်းထားခဲ့သည်။
သူ့အမြင်တွင် ထိုနတ်ဘုရားမီးတောက်များသည် စည်းမျဉ်းတစ်ခု ဖြစ်သည်။
သူက နတ်ဘုရားမီးတောက်များ၏ စည်းမျဉ်းကို သုံးသပ်နိုင်လျှင် လုံလောက်သည်။
အကယ်၍ မီးတောက်ကို သန့်စင်ချင်လျှင် နတ်ဘုရားမီးတောက်တစ်သောင်းကို အခြေခံအဖြစ် အသုံးပြု၍ သူနှင့် သက်ဆိုင်သော နတ်ဘုရားမီးတောက်ကို ဖန်တီးမည်။
နတ်ဘုရားမီးတောက်များက တဖျပ်ဖျပ်လှုပ်ရှားနေသည်။
ဟန်မူယဲ့က ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။
သူက တချို့ကိစ္စများကို ရွှေကျီးကန်းတို့အား ပြောပြမထားပေ။
သူ့လျှို့ဝှက်ချက်ကို တခြားလူများအား ပြောပြမည်မဟုတ်ပေ။
ပုံရိပ်များသည် သူ့စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။
ထိုပုံရိပ်ထဲတွင် ရုပ်ဆိုးသော အနက်ရောင်ဓားသေတ္တာနှင့် အဆုံးမရှိသော ဓားအလင်းများကို မြင်ရသည်။
ဓားအလင်းတိုင်းသည် နည်းစနစ်တစ်ခု ဖြစ်သည်။
ထိုဓားနည်းစနစ်များသည် အဆုံးမရှိပေ။
ဓားအလင်းများ လှုပ်ရှားသွားသောအခါ ဓားတာအိုနှင့် ပတ်သတ်သော သူ၏ ဉာဏ်အလင်းက ပိုမိုနက်ရှိုင်းလာသည်။
သူ၏ ဘဝတစ်လျှောက်တွင် အသန်မာဆုံးဓားတာအိုကို စုစည်းပြီး လောကတွင် အသန်မာဆုံး ဓားနတ်ဘုရား ဖြစ်လာမည်။
ထိုအရာသည် သူ့နှလုံးသား၏ အောက်ခြေတွင်ရှိသော စိတ်ဆန္ဒ ဖြစ်သည်။
ထိုစိတ်ကြောင့် ဓားသေတ္တာသည် သူ့စိတ်ထဲတွင် ပေါ်လာသည်။
ဓားသေတ္တာသည် ငါးပေနှင့် သုံးလက်မရှည်လျားပြီး အနက်ရောင်သန်းနေသည်။ ထို့အပြင် ဓားတာအို၏ နတ်ဘုရားအင်းကွက် ၁၂၈,၀၀၀ကိုလည်း သယ်ဆောင်ထားသည်။
နတ်ဘုရားအင်းကွက်တိုင်းသည် အဆုံးစွန်သော ဓားတာအိုစွမ်းအားကို ကိုယ်စားပြုသည်။
ကောင်းကင်နှင့်မြေကြီး၏ အဆုံးမရှိသောစွမ်းအားသည် စုစည်းလာပြီး ရှေးခေတ်မှ ရောက်လာသော ထက်မြိသည့်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
ထိုစွမ်းအားသည် ဓားတာအို၏ အကန့်အသတ် ဖြစ်သည်။
ဟန်မူယဲ့သည် ဓားသွေးပြီး ဓားတာအိုကို စုစည်းခဲ့သည်။ ထို့အပြင် ဓားနတ်ဘုရားလုယွဲ့၏ လက်ဆောင်လည်း ရှိနေသည်။
ဓားနတ်ဘုရားလုယွဲ့၏ ရွှေရောင်ဓားသည် နတ်ဘုရားအင်းကွက် ၁၂၈,၀၀၀ အတွက် အဓိကအချက် ဖြစ်သည်။
အကယ်၍ ဓားသေတ္တာ၏စွမ်းအားကို အဆုံးစွန်အထိ စုစည်းနိုင်လျှင် လောကအား ဖျက်ဆီးနိုင်သော စွမ်းအားကို ထုတ်လွှတ်ပေးလိမ့်မည်။
ဓားသေတ္တာသည် အလွန်စွမ်းအားကြီးသောကြောင့် ဟန်မူယဲ့က နားလည်နိုင်စွမ်းမြင့်မားသည့် စွမ်းရည်ကို ရရှိလာသည်။
အကယ်၍ သူက ဓားသေတ္တာကို အဆုံးစွန်အထိ စုစည်းနိုင်လျှင် ကျင့်ကြံခြင်းလမ်းစဉ်များအားလုံး၏ အဆုံးသတ်သို့ ရောက်သွားလိမ့်မည်။
သို့သော် ဓားသေတ္တာက ဓားနတ်ဘုရားလုယွဲ့၏ ဓားအလင်းကြောင့် ပျက်စီးသွားခဲ့သည်။
ယခုအချိန်တွင် ဓားသေတ္တာက ဟန်မူယဲ့၏စိတ်ထဲတွင် ရှိနေသည်။
ဓားသေတ္တာနှင့်အတူ ဓားအလင်းတစ်ခုကိုလည်း မြင်ရသည်။
ငါးပေရှည်လျားသော ဓားပျံတစ်လက် ဖြစ်သည်။
ဓားပျံ၏ရှေ့တွင် ရှေးကျပြီး နက်နဲသော ရှေးခေတ်အင်းကွက်နှစ်ခု ရှိနေသည်။
“အင်မော်တယ်သတ်ဖြတ်ခြင်း”
‘အင်မော်တယ်လား’
‘လောကမှာ ဒီဓားကို ခုခံနိုင်တဲ့ အင်မော်တယ်မျိုး ရှိလို့လား’
‘ဒါမှမဟုတ် ဒီဓားနဲ့ ခုတ်ပိုင်းလိုက်တဲ့ အင်မော်တယ်က ငါနားလည်ထားတဲ့ အင်မော်တယ်မျိုး မဟုတ်တာလား’
သူ၏ အသိစိတ်က ညင်သာစွာ ရွေ့လျားသွားပြီး ဓားအလင်းကို ရစ်ပတ်လိုက်သည်။ ဟန်မူယဲ့၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။
သူက ဓားပျံ၏အမှတ်အသားကို အာရုံခံမိသည်။
သို့မဟုတ် မန္တန်တစ်ခုဟု ပြောနိုင်သည်။
သူက ထိုမန္တန်ကို အသုံးပြုပြီး ဓားပျံကို ထိန်းချုပ်လိုက်လျှင် အင်မော်တယ်ကို သတ်ဖြတ်ရန် တစ်ချက်သာ လှုပ်ရှားရမည်။
ထိုမန္တန်၏ စွမ်းအားသည် စည်းမျဉ်းကို ဖျက်ဆီးနိုင်သည်။
ဟန်မူယဲ့က ပထမဆုံးအကြိမ်အဖြစ် စည်းမျဉ်းအား ဖိနှိပ်နိုင်သော စွမ်းအားကို အာရုံခံမိလိုက်သည်။
မူလစကြဝဠာဖြစ်စေ၊ ကြယ်စင်စုစကြဝဠာဖြစ်စေ စည်းမျဉ်းစွမ်းအားကို ကျော်လွန်နေသော တည်ရှိမှုများ သိပ်မရှိပေ။
မူလစကြဝဠာ၏ အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲငါးကောင်သည် စည်းမျဉ်းကို ဖိနှိပ်နိုင်လိမ့်မည်။
စကြဝဠာနယ်မြေတွင်လည်း ထိုကျွမ်းကျင်သူမျိုး ရှိနိုင်သည်။
ဟန်မူယဲ့က နဂါးမိကျောင်း၏ ခန္ဓာကိုယ်ကို သန့်စင်ထားသော်လည်း အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။
ယခုအချိန်တွင် ပထမဆုံးအကြိမ်အဖြစ် သူက ထိုစွမ်းအားကို ခံစားလိုက်ရသည်။
“အင်မော်တယ်သတ်ဖြတ်ခြင်း ....”
ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သည်။ သူက ထိတ်လန့်နေသည်။
ဓားနတ်ဘုရားလုယွဲ့က ထိုဓား၏စွမ်းအားကို အသက်မသွင်းခဲ့သောကြောင့် သူက ဝမ်းသာမိသည်။
ထိုသို့မဟုတ်လျှင် သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်က တစ်ခါတည်း ပျက်စီးသွားလိမ့်မည်။
ထိုစွမ်းအားကို သူက မခုခံနိုင်ပေ။
“တစ်နေ့မှာ ငါက ဓားနတ်ဘုရားလုယွဲ့ဆီ လျှောက်သွားမယ်”
ဟန်မူယဲ့က တီးတိုးပြောလိုက်ပြီး မျက်လုံးများ တောက်ပလာသည်။
အခန်းထဲတွင် ဟန်မူယဲ့က စမ်းသပ်ပွဲနယ်မြေ၏ အကျိုးအမြတ်များကို သုံးသပ်နေသည်။
သူက စာကြည့်တိုက်တွင် ပန်းပဲပညာရပ်၏ ကျမ်းစာများကို ဖတ်ရှုခဲ့သည်။
ထို့ကြောင့် သူ၏ ပန်းပဲပညာစွမ်းရည်က ပြိုင်ဘက်ကင်းနေလိမ့်မည်။
ဓားတာအို၊ ပန်းပဲတာအို ....
သူက စမ်းသပ်ပွဲမှတစ်ဆင့် အကျိုးအမြတ်ရခဲ့သည်။
ထို့အပြင် ထိုလောကနှင့်ပတ်သတ်၍ အလွန်စိတ်ဝင်စားနေသည်။
‘အဲဒီကမ္ဘာက ဘယ်နေရာမှာ တည်ရှိနေတာလဲ။ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေတာလဲ’
သုံးလအကြာတွင် ဟန်မူယဲ့က ပြန်ထွက်လာခဲ့သည်။
သူက ပန်းပဲပညာရပ်များကို လေ့လာပြီး ဓားသေတ္တာကို စိတ်ထဲတွင် စုစည်းထားသည်။
သူ၏ ကျင့်ကြံခြင်းက အလွန်အားကောင်းလာသည်။
ယုစီက ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ လူများကို လျင်မြန်စွာခေါ်လာပြီး အရိုအသေပေးလိုက်သည်။
ဟန်မူယဲ့က တခြားကိစ္စရပ်များကို စိတ်မဝင်စားသောကြောင့် အားပေးစကားပြောပြီး သူတို့ကို ပြန်လွှတ်လိုက်သည်။
“ဝူကျောက်၊ ငါ့ကို ဒီနေရာဆီ ခေါ်သွားပါ”
ဟန်မူယဲ့က ဝူကျောက်ကို ဆင့်ခေါ်လိုက်ပြီး လိပ်စာပေးသည်။
“ဝူယွင်လမ်းကြားလား”
ဝူကျောက်က တုန်ခါသွားသည်။
“အဲဒီမှာ မိသားစုကြီးတွေ နေထိုင်ကြတယ်”
ဝမ်ကျင်းမြို့သည် ပန်းပဲပညာရှင်အစည်းအရုံး၏ ဌာနချုပ် ဖြစ်သည်။
သို့သော် ပန်းပဲပညာရှင်များသာ ရှိနေခြင်းမဟုတ်ပေ။
ဝမ်ကျင်းမြို့၏ အင်အားစုများက ရှုပ်ထွေးသည်။ သူတို့အားလုံးက ပန်းပဲပညာရှင်အစည်းအရုံး၏ စည်းကမ်းကို လိုက်နာရသည်။
မြို့ကြီးများသည် ကိုယ်ပိုင်အင်အားစုကို ဝမ်ကျင်းမြို့တွင် တည်ဆောက်ထားကြသည်။ ကုန်သွယ်ရေးအဖွဲ့ကြီးများနှင့် ပန်းပဲပညာရှင်များ၏ အင်အားစုလည်း ပါဝင်သည်။
ဝမ်ကျင်းမြို့သည် ဟန်မူယဲ့၏ ထျန်ရှန်းမြို့နှင့် ဆင်တူသည်။
သို့သော် ထျန်ရှန်းမြို့က ကူးသန်းရောင်းဝယ်ရေးကိုသာ အဓိကထားသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ ဝမ်ကျင်းမြို့ကတော့ ပန်းပဲပညာရှင်အစည်းအရုံးကို မှီခို၍ အမျိုးမျိုးသော အင်အားစုများနှင့် ဆက်သွယ်ထားသည်။
ထိုထဲတွင် ဝူယွင်လမ်းကြားသည် ပန်းပဲပညာရှင်မိသားစုများ၏ တည်နေရာဖြစ်သည်။
ဝူယွင်လမ်းကြားတွင် နေထိုင်နိုင်သော မိသားစုများသည် အနည်းဆုံး နတ်ဘုရားအဆင့် ကျွမ်းကျင်သူသုံးယောက်ကို ပိုင်ဆိုင်ကြသည်။ သူတို့၏ ကြွယ်ဝမှုနှင့် အဆက်အသွယ်သည် အစည်းအရုံးတစ်ခုလုံးကို လွှမ်းမိုးနိုင်သည်။
ဝူကျောက်က ဟန်မူယဲ့ကို လမ်းပြလိုက်သည်။
ဤနေရာကို ဝူယွင်လမ်းကြားဟု ခေါ်သော်လည်း လမ်းက ပေတစ်ရာခန့် ကျယ်ဝန်းသည်။
လမ်း၏ ဘေးနှစ်ဖက်တွင် ဈေးဆိုင်များ မရှိပေ။ မြင့်မားသော အဆောက်အအုံများသာ ရှိနေကြသည်။
ကျင့်ကြံသူများက တံခါးဝတွင် စောင့်ကြပ်နေကြသည်။
သူတို့က အားကောင်းကြသည်။
တချို့နေရာတွင် အဆင့်ခုနစ် ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များကို မြင်နိုင်သည်။
ထိုလူများက ကုန်းမြေ၏ မြို့တစ်မြို့တွင် မြို့သခင် ဖြစ်နိုင်ကြသည်။ သို့သော် ဤနေရာတွင် တံခါးစောင့်သာ ဖြစ်နေသည်။
ကျယ်ဝန်းသောလမ်းသည် ရှင်းလင်းနေသည်။
လမ်းပေါ်တွင် ရှိနေသော လူအနည်းငယ်၏ အငွေ့အသက်က နက်ရှိုင်းပြီး ထူးခြားသော ကိုယ်ဟန်ကို ပိုင်ဆိုင်ထားကြသည်။
ဝူကျောက်က ရှေ့တွင်ရှိသော စံအိမ်ကို ကြည့်လိုက်ပြီး နောက်သို့လှည့်၍ တီးတိုးပြောသည်။
“ဆရာဟန်၊ ဒါက ဝမ်မိသားစုခြံဝိုင်းပါ”
ဟန်မူယဲ့က ဝမ်မိသားစုအိမ်သို့ အလည်လာခဲ့သည်။
ဝမ်မိသားစုသည် ဝမ်ကျင်းမြို့၏ ဂုဏ်သိက္ခာကြီးမားသော မိသားစုကြီးတစ်ခု ဖြစ်သည်။ သူတို့က နတ်ဘုရားအဆင့် ရုပ်သေးသခင်ငါးယောက်နှင့် ပန်းပဲပညာရှင်နှစ်ယောက်ကို ပိုင်ဆိုင်ထားသည်။
ထိုမိသားစုမျိုးသည် ဝမ်ကျင်းမြို့တွင် ထိပ်တန်းအဆင့်ဖြစ်ပြီး ပင်မအကြီးအကဲများ၏ မိသားစုထက် အနည်းငယ်သာ နိမ့်ကျသည်။
ဟန်မူယဲ့က စံအိမ်၏ ဂိတ်တံခါးကို ကြည့်သည်။
ဂိတ်တံခါးတွင် ရေးထိုးထားသော စာလုံးများသည် ထူးခြားပြီး သူ့လက်ထဲတွင်ရှိသော တံဆိပ်ပြားနှင့် ဆင်တူသည်။
သူရှာဖွေနေသော ဝမ်မိသားစု ဖြစ်သည်။