← Chapters

အထက်ဘုံကမ္ဘာ၏မူလအစ

Vol. 92 Ch. 1283

အထက်ဘုံကမ္ဘာ၏မူလအစ

Vol. 92 Ch. 1283

အခန်း (၁၂၈၃) အထက်ဘုံကမ္ဘာ၏မူလအစ

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ပြန်လည်ဆုတ်ခွာရန်အတွက် ကြိုတင်ကြံစည်ထားခဲ့သည်မှာ သိသာထင်ရှားသည်။

ရတနာအလင်းတန်းက ဗလာနယ်ကို တုန်ခါသွားစေပြီး လေထုတစ်ခုလုံးကို အေးခဲသွားစေကာ ရန်ကျောက်ကဲတို့ (၃)ယောက်၏ လမ်း‌ကြောင်းများကို ပိတ်ဆို့လိုက်သည်။

ထိုရတနာအလင်းတန်းက အလွန်တရာပင် လူတစ်ယောက်၏မျက်စိကို ဖမ်းစားနိုင်စွမ်းရှိသော သက်ရောက်မှုကို ပေးစွမ်းနိုင်သည်။

ရန်ကျောက်ကဲစိတ်ထဲ မရေရာသော မှန်းဆချက်တစ်ခု ထွက်‌ပေါ်လာပြီး နက္ခတ်ဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။

ခွန်လွန်အထင်ကရ (၉)ပါးက ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ကို အတူတကွ ကြည့်ရှုလေ့လာခဲ့ကြကြောင်း မိခင်ဖြစ်သူ’ရွှယ်ချူးချင်’ ထံမှ ရန်ကျောက်ကဲ ကြားသိဖူးသည်။

‘တောင်ပိုင်းချန်စန်းဧကရာဇ်’ နှင့် ‘မြောက်ပိုင်းကြယ်စင်ဧကရာဇ်’ တို့၏ ညွှန်ကြားချက် ၊ ပံ့ပိုးမှုဖြင့် အထက်ဘုံကမ္ဘာကို အတူတကွ ဖွင့်လှစ်ခဲ့ကြသည်။

ထိုစဉ်အချိန်က သူတို့က ရတနာပစ္စည်းတစ်ခု၏ စွမ်းအားကိုရယူကာ အထက်ဘုံကမ္ဘာကဲ့သို့ ကြီးမားလှသော ကမ္ဘာကြီးတစ်ခုကို လုံးလုံးလျားလျား ဖန်တီးနိုင်ခဲ့သည်။

ထိုစဉ်အချိန်က ခွန်လွန်အထင်ကရ (၉)ပါးက အလွန်ကြီးမြတ်သော ပါရမီရှင်များဖြစ်ကြသည့်တိုင် အစစ်အမှန်နတ်ဘုရားများအဆင့်သာ ရှိနေသေးသည်။

မည်သည့်အရာမဆို “ဖျက်ဆီးရန်လွယ်ကူသော်လည်း တည်ဆောက်ရန်ခဲလှသည်” ။

ကောင်းကင်ဖွင့်ကျမ်းစာကို လေ့လာကြည့်ရှုပြီး အထက်ဘုံကမ္ဘာကို အတူတကွ ဖွင့်လှစ်တည်ထောင်ကြမည်ဆိုလျှင်တောင်မှ သူတို့ (၉)ယောက်အတွက် လွယ်ကူခြင်းမရှိသည်ဖြစ်ရာ ပြင်ပအကူအညီ လိုအပ်မည်သာပင်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ရန်ကျောက်ကဲနှင့် စကားပြောရင်း ထိုရတနာပစ္စည်းအကြောင်း မတော်တဆ ပြောပြခဲ့ဖူးသည်။

သို့သော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်ပင် ထိုပစ္စည်းက မည်သို့သောပစ္စည်းဖြစ်ကြောင်း မသိရှိခဲ့ပေ။

ထိုစဉ်အချိန်က ပါဝင်ပတ်သက်သူများသာ ထိုပစ္စည်းအကြောင်းကို သိရှိနိုင်သည်။

ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ သည်လည်း ထိုရတနာပစ္စည်းတည်ရှိကြောင်း သိရှိနိုင်သော်လည်း အသေးစိတ်အချက်အလက်ကို သိရှိမည် မဟုတ်ပေ။

ဟုတ်ပေ၏။

ရန်ကျောက်ကဲက နက္ခတ်ဧကရာဇ်အား စူးစမ်းသောမျက်လုံးများဖြင့်ကြည့်လိုက်ချိန် ကျန့်ဟွမ်ဓားဧကရာဇ် ယွဲ့ကျန့်ပေကလည်း သူ့ကိုလှမ်းကြည့်လိုက်လေသည်။

နက္ခတ်ဧကရာဇ်က တည်ငြိမ်စွာဖြင့်...

“အဲဒီနှစ်တုန်းက ယွိချင်အဆက်အနွယ်တည်ထောင်သူဘိုးဘေးဖြစ်တဲ့ ယွမ်စီထျန်းကျွင်းရဲ့ ကျောက်စိမ်းကျိုင်းတံစွမ်းအားကိုအသုံးပြုပြီး ငါတို့တွေ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာကို တည်ထောင်ခဲ့ကြတယ် ၊ နောက်ဆုံးတော့ ငါတို့ကိုယ်ပိုင်ကမ္ဘာကို ဖွင့်လှစ်နိုင်ခဲ့တယ်”

ရန်ကျောက်ကဲက သူ၏လက်ဖဝါးနှစ်ဖက်ကိုပွတ်သပ်လိုက်ရင်း...

“အဲဒီလိုကိုး...”

‘ကျောက်စိမ်းကျိုင်းတံ’...။

အတိတ်တစ်ချိန်ကတော့ ယွိချင်အဆက်အနွယ်တည်ထောင်သူ ယွမ်စီထျန်းကျွင်းက ဤရတနာပစ္စည်းကို သူနှင့်အတူ ယူဆောင်သွားခဲ့ဖူးသည်။

ယွမ်စီထျန်းကျွင်း လောကကိုကျော်လွန်သွားပြီးနောက်  ထိုပစ္စည်းကို သူ၏ တာအိုနယ်မြေဖြစ်သော ‘ကျောက်စိမ်းဝိညာဉ်နန်းတော်’ တွင် ကိုးကွယ်ရန်ထားရှိကြောင်း ကောလဟလများ ရှိခဲ့ဖူးသည်။


ယွိချင်အဆက်အနွယ် အများစုမှာလည်း ပျက်ဆီးပျောက်ကွယ်သွားခဲ့ပြီး နန်းတော်ထဲမှ ရတနာပစ္စည်းများသည်လည်း ပျောက်ဆုံးသွားခဲ့သည်။

‘ကျောက်စိမ်းကျိုင်းတံ’ နှင့် ပတ်သက်သည့်သတင်းအား ကြားလိုက်ရသည့်အခါ ရန်ကျောက်ကဲနှင့် ယွဲ့ကျန့်ပေစိတ်ထဲ အတွေးများစွာ လှည့်ပတ်သွားသည်။

သူတို့၏ ခံစားချက်များကို နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ နားလည်နိုင်ပါသည်။

နောက်ဆုံးတော့ သူတို့အားလုံးက ယွိချက်အဆက်အနွယ်များဟု ယူဆနိုင်ကြသည် မဟုတ်ပါလား။

ယခင်ကသာ ဤသို့သောသတင်းမျိုး ကြားသမိမည်ဆိုလျှင် ရန်ကျောက်ကဲရော ယွဲ့ကျန့်ပေပါ ယခုကဲ့သို့ အေးအေးဆေးဆေး တုံ့ပြန်ရန် ခက်ခဲမည် ဖြစ်သည်။

ချန်ရွှမ်ကျုန်းက...

“ဒီကျိုင်းတံဘယ်ကရလဲဆိုတာတော့ ငါမသိဘူး ၊ ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ နဲ့ ‘မြောက်ပိုင်းကြယ်စင်ဧကရာဇ်’ တို့က ငါတို့ကိုပေးခဲ့တာပဲ”

ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်ချရင်း...

“ခွန်လွန်တောင်အသစ်... တကယ့်ကို နာမည်နဲ့ကိုက်ညီတာပဲ”

သူက ဆက်ပြောလိုက်သည်။

“ဟုတ်တယ်... လမ်းဆယ်သွယ်စိတ်စွမ်းအားအစီအရင်ကို ပြုလုပ်ရတာပေါ့ ၊ ပြင်ပတာအိုက မိစ္ဆာတွေနဲ့ အထက်ဘုံကမ္ဘာက နှစ်ပေါင်း (၁၀၀)မှာ တစ်ခါ အပြင်းထန်ဆုံး တိုက်ပွဲဖြစ်တယ် ၊ အထက်ဘုံကမ္ဘာရဲ့ နယ်မြေ(၁၀)ခုအရှင်သခင်တွေစုစည်းပြီး ခွန်လွန်တောင်မှာ လမ်းဆယ်သွယ်စိတ်စွမ်းအားအစီအရင်ကို ပြုလုပ်မှ အထက်ဘုံကမ္ဘာနဲ့ ပြင်ပတာအိုကျင့်ကြံသူတွေကြားမှာ အဆက်အသွယ်ပြတ်တောက်သွားမှာ ၊ ဒါမှ အထက်ဘုံကမ္ဘာကို တည်ငြိမ်စေမှာပဲ”

“ထင်ထားတဲ့အတိုင်းပဲ... ဒီနာမည်က ဘာမှမဟုတ်တာမျိုး မဟုတ်ဘူးပဲ”

ရန်ကျောက်ကဲက ချန်ရွှမ်ကျုန်းကိုကြည့်လိုက်ပြီး...

“ကျောက်စိမ်းကျိုင်းတံက အထက်ဘုံကမ္ဘာမှာ ရှိနေတုန်းပဲလား”

သူသည် စူးစမ်းရုံမျှသာ ဖြစ်သည်။

‘ကျောက်စိမ်းကျိုင်းတံ’ ကို ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် အမှန်တကယ် မြှုပ်နှံထားလျှင်ပင် သူတို့၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် ထိုအရာကို ရယူနိုင်မည် မဟုတ်ပေ။

နက္ခတ်ဧကရာဇ်က ခေါင်းခါယမ်းရင်း...

“အထက်ဘုံကမ္ဘာကိုတည်ဆောက်ဖို့ ပန္နက်ရိုက်တံဆိပ်ခတ်တဲ့နေရာမှာ အဲဒီပစ္စည်းကို သုံးခဲ့တာ ၊ မတော်တဆမှုတစ်ခုခု မရှိခဲ့ဘူးဆိုရင် အဲဒီကျောက်စိမ်းကျိုင်းတံက မြောက်ပိုင်းကယ်စင်ဧကရာဇ်ရဲ့လက်ထဲမှာ ရှိနေလိမ့်မယ်”

ရန်ကျောက်ကဲ့ ပြုံးလိုက်ရင်း...

“ဒီတော့... အခု အခြေအနေက ဘယ်လိုလဲ”

နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ က ...

“ယန်ချဲ့က နှစ်ပေါင်းများစွာကြာအောင် ခွန်လွန်တောင်မှာ တံခါးပိတ်ကျင့်ကြံပြီး အဲဒီပန္နက်တံဆိပ်ကို တည်ငြိမ်အောင် ထိန်းထားခဲ့တယ်”

သူက ဆက်ပြောသည်။

“ဒီ ပန္နက်တံဆိပ်ကို တည်ငြိမ်အောင်လုပ်ရင်းနဲ့ သူက အထက်ဘုံကမ္ဘာအတွက် သဏ္ဌန်မဲ့အရံအတားတစ်ခုကို တည်ဆောက်နိုင်ခဲ့တယ် ၊ အဲဒီအရံအတားက ပြင်ပတာအိုက မိစ္ဆာတွေ ကျူးကျော်ဝင်ရောက်ခြင်းကို တားဆီးနိုင်တဲ့ အရံအတားတစ်ခုပဲ”

“ယန်ချဲ့က အဲဒီပန္နက်တံဆိပ်ကို နားအလည်ဆုံးပဲ ၊ သူက အဲဒီပန္နက်တံဆိပ်ကိုပြောင်းလဲဖို့ နည်းလမ်းတွေကိုလည်း လေ့လာထားသလို အဲဒါရဲ့စွမ်းအားကိုလည်း အသုံးချနိုင်တယ်”

“အစကတော့ တစ်ခုခုဖြစ်ရင်ထွက်ပြေးဖို့ လမ်းကြောင်းတစ်ခု ပြင်ဆင်ထားခဲ့တယ် ၊ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ဒီနှစ်တစ်လျှောက်လုံး ဘာမှမဖြစ်ခဲ့ဘူးလေ”

ချန်ရွှမ်ကျုန်းက တိတ်ဆိတ်သည့်လေသံဖြင့်...

“ဒါပေမဲ့... နောက်ပိုင်းအခြေအနေတွေက အရမ်းရှုပ်ထွေးလာတော့ ဘာမှတော့ သိပ်မသေချာတော့ဘူး”

ရန်ကျောက်ကဲနှင့် ယွဲ့ကျန့်ပေတို့နှစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။

ရန်ကျောက်ကဲတို့သားအမိက ယိုးမင်ဧကရာဇ်နှင့် ထုန်းမင်ဧကရာဇ်တို့၏ အဆက်အနွယ်များဖြစ်ခြင်းက ပြဿနာတစ်ခုတည်း မဟုတ်ပေ။

မီးလျှံထက်ယံအရှင်သခင်’စောမင်ကျန့်’ သည်လည်း အတော်လေး ကြီးမားစွာ ပြဿနာရှာခဲ့သည်ဖြစ်ရာ အမတခုံရုံးက လူအင်အားပိုမိုများပြားစွာဖြင့် လက်စားချေလာနိုင်သည်။

အထက်ဘုံကမ္ဘာ၏အနာဂတ်က ခန့်မှန်းမရနိုင်တော့ပေ။

ရန်ကျောက်ကဲက...

“ဒါဖြင့် အမြန်ပြန်ကြရအောင် ၊ တော်ကြာ မြေကမ္ဘာထက်ယံအရှင်သခင်ပြန်လာရင် အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်”

သူတို့ (၃)ယောက် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ ချက်ချင်းပြန်လာခဲ့ကြသည်။

ယခု ကျန်းရှန်ရော ယန်ချဲ့ရော အထက်ဘုံကမ္ဘာတွင် မရှိတော့လေရာ ရန်ကျောက်ကဲအနေဖြင့် လုပ်ချင်ရာလုပ်နိုင်နေပြီ ဖြစ်၏။

ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်ချက်များ များစွာရှိခဲ့သည်။ ထုံးစံအတိုင်း ကြိုတင်ပြင်ဆင်ရန် အချိန်ပေးရပေလိမ့်မည်။

လူကြံစည်သော်လည်း ကံတရားပေးဦးမှ ဖြစ်မြောက်မည်။

သို့သော် သူတို့အနေဖြင့် အရင်ဆုံး ကြိုးစားအားထုတ်ရမည် ဖြစ်သည်။

***

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ က အထက်ဘုံကမ္ဘာမှ ထွက်ပြေးလာခဲ့သည်။ ဗလာနယ်ထဲတွင် ခဏမျှ လှည့်ပတ်သွားလာပြီးနောက် သူက အရှိန်အဟုန်ကို လျှော့ချလိုက်သည်။

နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ ကြောင့်ရရှိခဲ့သောဒဏ်ရာက လေးလံပြီး အဆက်မပြတ် ပျံ့နှံ့နေသည်။ လျှင်မြန်စွာ ကုသခြင်းမပြုပါက ဒဏ်ရာက အမြစ်တွယ်သွားပြီး နောက်ဆုံး သူ၏ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကိုပင် ထိခိုက်သွားကာ ဖယ်ရှားရန် ခက်ခဲသွားပေမည်။

“ချန်ရွှမ်ကျုန်းက တကယ် အချိန်မဖြုန်းခဲ့ဘူးပဲ...”

ယန်ချဲ့ ပြုံးလျှက် ခေါင်းခါယမ်းရင်း ရေရွတ်လိုက်သည်။

ထို့နောက် သူက ဒဏ်ရာသက်သာစေရန် ငြိမ်သက်စွာနေရင်း ကျင့်ကြံလိုက်သည်။

သူက ဤသို့သောအခြေအနေမျိုးရောက်နေသည့်တိုင် ဒဏ်ရာကြောင့် မျက်နှာဖြူဖပ်ဖြူလျော်ဖြစ်နေသည်မှလွဲပြီး အရှုံးကိုခံစားရခြင်းမရှိသလို ကြောက်ရွံ့ခြင်းလည်း မရှိပေ။ ထိုအစား သူက အရေးမစိုက်သည့်ဟန်ပန်မျိုး ရှိနေသည်။

သူက ဒဏ်ရာကို ကုသနေရင်းဖြင့် မြေဝါရောင်အင်းစက္ကူတစ်ခုထုတ်ယူလိုက်ပြီး မီးရှို့လောင်ကျွမ်းစေလိုက်သည်။

အင်းစက္ကူလောင်ကျွမ်းသွားပြီး အစိမ်းရောင်မီးခိုးငွေ့များအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။

ယန်ချဲ့က အလောတကြီး မရှိပေ။ သူက စိတ်ရှည်စွာစောင့်ဆိုင်းခဲ့သည်။

အချိန်မည်မျှကြာမည်ကို မိုးနတ်မင်းသာလျှင် သိနိုင်ပေမည်။ ထို့နောက် သူ့လက်ထဲတွင် မြေဝါရောင်အင်းစက္ကူတစ်ရွက် ထပ်မံထွက်ပေါ်လာသည်။

အင်းစက္ကူထက်တွင် မည်သည့်အရာမှ ရေးသားထားခြင်း မရှိပေ။ သို့သော် ရုတ်တရက် သွေးနီရောင်အင်းသင်္ကေတများ စက္ကူထက်တွင် ထွက်ပေါ်လာသည်။

အထဲတွင်ပါဝင်သည့်အရာများကို ဖတ်ရှုပြီးနောက် ယန်ချဲ့က အင်းစက္ကူကိုသိမ်းဆည်းလိုက်ပြီး ခရီးဆက်လက်ထွက်ခွာလာသည်။

သူက မြန်မြန်လည်းမသွားသလို နှေးကွေးစွာလည်း မသွားပေ။

လမ်းခရီးမှာပင် သူ၏ဒဏ်ရာသည်လည်း သက်သာလာခဲ့သည်။ ထို့နောက် သူက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတည်ရှိသော တာအိုစကြာဝဠာမှ ထွက်ခွာလာပြီး အဆုံးမရှိသောဗလာနယ်၏ အစွန်အဖျားတစ်နေရာသို့ ရောက်ရှိလာသည်။

နောက်ထပ် ရက်အနည်းငယ် ခရီးနှင်ပြီးနောက် အာကသာအလွှာများကိုဖြတ်ကျော်လာသော ယန်ချဲ့က ခရီးစဉ်ရပ်တန့်ကာ အင်းစက္ကူတစ်ရွက်ကို နောက်တစ်ကြိမ် မီးလောင်ကျွမ်းစေလိုက်သည်။

ထို့နောက် ဗလာနယ်ထဲတွင် အေးဆေးစွာပင် ကြာပန်းအသွင် ထိုင်နေတော့သည်။

ယခုတစ်ကြိမ်မှာတော့ သူ အကြာကြီး စောင့်စိုင်းစရာ မလိုခဲ့ပေ။

လျှင်မြန်စွာပင် သူ့အရှေ့တွင် လူရိပ်တစ်ခုပေါ်လာသည်။

ထိုလူရိပ်က ပုံရိပ်ယောင်တစ်ခု မဟုတ်သလို မိုးနှင့်မြေကို လှုပ်ခတ်နိုင်စွမ်းရှိသော စွမ်းအားရောင်ဝါများလည်း ထွက်ပေါ်နေခြင်း မရှိခဲ့ပေ။

သူက ဗလာနယ်ထဲတွင် လမ်းလျှောက်လာပြီး ချက်ချင်းပင် ယန်ချဲ့ရှေ့သို့ ရောက်လာသည်။

ရောက်ရှိလာသူက အဘိုးအိုတစ်ယောက် ဖြစ်သည်။

ရုပ်ရ်က အသက် (၅၀) (၆၀) ခန့်ရှိပြီး အလွန်တရာ အိုမင်းခြင်း မရှိသေးပေ။ သူ၏မျက်နှာထားက ခပ်တည်တည်ဖြစ်သော်လည်း စေတနာကြီးမားသည့် စာပေပညာရှင်တစ်ယောက် ၊ ကျောင်းဆရာတစ်ယောက်နှင့် ဆင်တူသည်။

ထိုသူက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ၏ ခိုင်ခံ့မှုအရှိဆုံး ဒဏ္ဍာရီမဏ္ဍိုင်ဖြစ်သည်။

ယခင်က သူ့ကို တိဟွမ်မြေကမ္ဘာဧကရာဇ်ဟု သိရှိကြပြီး ယခုတော့ “ကျန့်ရှင်းမြေကမ္ဘာကြယ်စင်နတ်ဘုရားသခင်” ‘ကျန့်ရှင်းထျန်းကျွင်း’ ဟု ခေါ်ဆိုကြသည်။

မြေကမ္ဘာထက်ယံအရှင်သခင် ‘ကျန်းရှန်’။

ယန်ချဲ့က သူ့ကိုတွေ့သည်နှင့် ချက်ချင်း အရိုအသေပေးလိုက်ပြီး ဂုဏ်ပြုစကားဆိုလိုက်သည်။

“အမတချီစွမ်းအား (၅)ခုကို ပေါင်းစည်းနိုင်ပြီး ထျန်းကျွင်းနယ်ပယ်ကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်”

“ဒီလောက်လုပ်စရာမလိုပါဘူး တာအိုရောင်းရင်း’ယန်’”

ကျန်းရှန်က အလွန် သဘောကောင်းဟန်ဖြင့် စကားဆိုလိုက်ပြီး လက်ကိုဆန့်တန်းကာ ယန်ချဲ့ကို တားဆီးလိုက်သည်။

ထူထဲနွေးထွေးသော ချီစွမ်းအားစီးကြောင်းတစ်ခု ယန်ချဲ့၏ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ်ထဲမှ လက်ကျန်ရေခဲစွမ်းအားများကို လွင့်စင်သွားစေသည်။

ယန်ချဲ့က...

“မင်းတောင်းဆိုတာကို ငါ မလုပ်ဆောင်နိုင်ခဲ့ဘူး”

မြေကမ္ဘာထက်ယံအရှင်သခင်က ခေါင်းခါယမ်းရင်း...

“အခြေအနေတွေက အမြဲတမ်းပြောင်းလဲနေတယ် ၊ ခန်းမှန်းလို့မရတဲ့ကိစ္စတွေ ဖြစ်လာနေတယ် ၊ ဒါက မင်းတစ်ယောက်တည်းရဲ့တာဝန် မဟုတ်ပါဘူး”

ယန်ချဲ့က...

“တာအိုရောင်းရင်း’စောမင်ကျန့်’ ကိစ္စ ဘယ်လိုနေသေးလဲ”

အဘိုးအို ကျန်းရှန်က ခေါင်းခါယမ်းလျှက် သက်ပြင်းချရင်း...

“ပြောရခက်တယ်”

သူက ဆက်ပြောသည်။

“ဒီတစ်ခါ ဖြစ်ပျက်ခဲ့တဲ့ကိစ္စက ငါတို့ရဲ့ထိန်းချုပ်မှုကို ကျော်လွန်သွားပြီ ၊ ငါတို့တွေ မဖြစ်ချင်လို့ အမြဲတမ်းရှောင်တိမ်းနေခဲ့တဲ့အရာက တကယ် ဖြစ်လာတော့မယ်ထင်တယ်”

All Chapters