← Chapters

တောင်ကောင်းကင်မုခ်ဝထက်က တံခါးခေါက်သံ

Vol. 85 Ch. 1101

တောင်ကောင်းကင်မုခ်ဝထက်က တံခါးခေါက်သံ

Vol. 85 Ch. 1101

နဂါးချီလင်က ဖန်ပေါင်းချောင်ကမ္ဘာပုလင်းကို ထုတ်၍ ကမ္ဘာဦးရေကြည်ဖြင့် သားသတ်သမား၏ ဒဏ်ရာများအား ကုသပေးလိုက်သည်။ ရွှေအနှင့် မျက်ကန်းက ရယ်ကြဲကြ ဖြစ်နေကြပြီး ရွှေအက လက်ဟန်ခြေဟန်ဖြင့် ပြောလေသည်။ “မင်းရဲ့ ဧကရာဇ်ပလ္လင်သိုင်းကွက်က ပြည့်စုံပြီးသားမလား.... ဘာလို့ သူ့ကို တစ်ခါတည်း သိုင်းကွက် မလွှဲပြောင်းပေးဘဲ ဓားမလမ်းစဉ် ၀င်ရောက်အောင် အတင်းအကြပ် ဖိအားပေးရတာလဲ”

သားသတ်သမားက ဆေးဆရာ သူ့အတွက် ဖော်စပ်ပေးထားသော ဆေးလုံးများ စားရင်း ဖရိုဖရဲဖြစ်နေသော ချီစွမ်းအင်ကို တည်ငြိမ်စေကာ သူ၏‌ကောင်းကင်နတ်ရတနာများနှင့် ကောင်းကင်နန်းဆောင်တို့ကို အားဖြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ပြီး ပြော၏။ “မင်းတို့ ဘာမှမသိပါဘူး.... ငါက သိုင်းကွက်ကို တီထွင်ခဲ့တဲ့အတွက် အဲ့ဒါက ငါ့အတွက် သင့်တော်တယ်... ဒါပေမဲ့ သူနဲ့ လိုက်လျောညီထွေ ဖြစ်ချင်မှဖြစ်မှာ.... ဆရာကောင်းတွေက ဘယ်တော့မှ ကိုယ်ပိုင်သိုင်းကွက်တွေကို လွှဲပြောင်းမပေးဘူး... အဲ့ဒီအစား ကိုယ့်တပည့်ကို သူတို့ကိုယ်ပိုင်သိုင်းကွက်တွေ နားလည်နိုင်အောင် လုပ်ပေးတာ”

သူက ကောင်းကင်သို့ မော့ကြည့်လိုက်ရင်း ချင်မူ့ဓားမလမ်းစဉ် ပထမဆုံးကောင်းကင်ဘုံ၏ နာမည်ကို စဉ်းစားနေသည်။ “ငါ့ရဲ့ တပည့်ကြီးပါ့ရှန်က မအောင်မြင်ခဲ့ဘူး.... သူ့လမ်းစဉ်မှာ အဓိပ္ပာယ်မဲ့သွားတဲ့အတွက် ‌ဘေးချော်သွားခဲ့တယ်... ဒါပေမဲ့လည်း သူက သိုင်းကွက်တွေ စုစည်းပြီး မဟာဆရာသခင်တစ်ယောက် ဖြစ်လာနိုင်တဲ့အတွက် ငါ့ရဲ့သိုင်းကွက်ကို သူ့ဆီ လွှဲပြောင်းပေးခဲ့တယ်... ဒါပေမဲ့ ချင်မူကတော့ မတူဘူး.... သူက ဒီထက်ပိုပြီး ဝေးဝေးသွားနိုင်သေးတဲ့ကောင်... သူ့ဘာသာသူ နားလည်အောင် လုပ်ရမယ်”

သူက အကြောဆန့်လိုက်ပြီး မျက်ခုံးများ ပင့်တက်သွားကာ မကျေမနပ် ပြောလေသည်။ “ဒီကောင်လေးရဲ့ ခွန်အားက သန်မာလွန်းတယ်.... သူရဲ့ဝိညာဉ်စွမ်းအင်ကလည်း အချိန်အတော်ကြာ အထိုင်ကျနေခဲ့ပြီ..... သူ့ခရီးကလည်း အကျိုးအမြတ်အများကြီး ပေးခဲ့တယ်.... ဒါကြောင့် သူ ဓားမလမ်းစဉ်ကို သုံးတဲ့အခါမှာ ငါတောင် တောင့်မခံနိုင်ဘူးလို့ ထင်ခဲ့မိတယ်”

မျက်ကန်း၏ အကြည့်က လင်းခနဲ လက်သွားသည်။ “သူ့ရဲ့ ဓားလမ်းစဉ်က ရွာသူကြီးဓားလမ်းစဉ်ရဲ့ ကောင်းကင်ဘုံ ၁၀ ဘုံမြောက်ကနေ စတင်ခဲ့တာ... သူက အဲ့ဒါကို သူ့ကိုယ်ပိုင်ဓားလမ်းစဉ်ရဲ့ အခြေခံအုတ်မြစ်အဖြစ် အသုံးချခဲ့တယ်.... သူရဲ့ ဓားမလမ်းစဉ်က မင်းရဲ့ ကောင်းကင်ဓားမသိုင်းကွက်ကိုးကွက်ကို အ‌ခြေခံထားတော့ အစမှာတင် သူ့မှာ ဓားမလမ်းစဉ်ရဲ့ ကောင်းကင်ဘုံကိုးဘုံရှိနေပြီ.... ဒီကောင်လေးက အသက် ၄၀ မှာ ဒီအတိုင်းအတာအထိ အောင်မြင်နေပြီပဲ”

ယန်အာက ဝင်ထောက်သည်။ “သခင်လေးပြောတာ သူက ဆယ်နှစ်ပဲ ရှိသေးတာတဲ့”

“အရှက်မဲ့လိုက်တာ... တော်တော် အရှက်မရှိတာပဲ.... ရှက်ကြောပြတ်တာထက်တောင် လွန်နေပြီ”

သားသတ်သမား၊ ရွှေအနှင့် မျက်ကန်းတို့ သုံးယောက်သား စိတ်ကျေနပ်သည်အထိ ဆဲဆိုလိုက်ကြသည်။ ထို့နောက်မှ စိတ်ထဲပေါ့သွားကြ၏။

“သိုင်းအဆင့်က တာအိုနှလုံးသားနဲ့ လူတစ်ယောက်ရဲ့ အတွေ့အကြုံဗဟုသုတအပေါ်မှာပဲ မူတည်တာ”

သားသတ်သမားက ကျေးဇူးတင်စွာ‌ ပြောသည်။ “လယ်သမားအိုကြီးက တစ်သက်လုံး လယ်ပဲစိုက်ပြီး အဲ့ဒီအကြောင်းပဲ တွေးနေခဲ့ရင် သူ့အတွက် ရုန်းထွက်ဖို့ ခက်ခဲလိမ့်မယ်... သူ့အာရုံက သူ့လယ်ကွင်းချည်းပဲ မဟုတ်ရင်တော့ ပိုမိုကြီးမားကျယ်ပြန့်တဲ့ အပြင်လောကကို ရှာတွေ့လိမ့်မယ်.... အဲ့လယ်ကွင်းလေးတစ်ကွင်းမှာတင် ရပ်တန့်မနေဘဲနဲ့ ပိုခမ်းနားတဲ့ အောင်မြင်မှုတွေအတွက် အဲ့လယ်ကွင်းကနေ ထွက်လာရလိမ့်မယ်”

မျက်ကန်းက ခေါင်းညိတ်၍ ထောက်ခံသည်။ “အမြင်ကျယ်အောင် လုပ်ပြီး တာအိုနှလုံးသားကို လေ့ကျင့်ပေးဖို့က အရေးပါတယ်... လူတစ်ယောက်ရဲ့ ကန့်သတ်ချက်က သူ့ရဲ့အသက်မွေးကြောင်းပညာမှာပဲ... လူတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ သူတို့ရဲ့ သက်ဆိုင်ရာပညာရပ်တွေမှာ ဆရာတစ်ဆူဖြစ်လာဖို့ပဲ.... မဟာဆရာသခင်ဖြစ်လာဖို့ဆိုရင် သူတို့ကိုယ်သူတို့ အဆင့်မြှင့်ဖို့ အမြင်ကျယ်အောင်လုပ်ပြီး ရည်မှန်းချက်တွေ မြှင့်တင်ဖို့ လိုတယ်”

ရွှေအကလည်း ခေါင်းညိတ်လိုက်ရငး် ထပ်ပြောသည်။ “ပတ်၀န်းကျင်က ချုပ်နှောင်ကန့်သတ်ထားတာမရှိမှ လူတစ်ယောက်ဟာ တိုးတက်လာနိုင်မှာ.... မူအာက သူ့ရဲ့ဓားမလမ်းစဉ်ကို ၀က်တွေ သတ်တာထက်ပိုပြီး အသုံးချဖို့ ရည်ရွယ်ထားတယ်... ဆိုတော့ သူ့ဓားမလမ်းစဉ်ရဲ့ ပထမကောင်းကင်ဘုံက သားသတ်သမားဓားမလမ်းစဉ်ရဲ့ န၀မကောင်းကင်ဘုံလိုပဲ”

သားသတ်သမားက မကျေနပ်သော်လည်း သူဆိုလိုသည့် အဓိပ္ပာယ်ကလည်း ထိုအတိုင်းပင်။

ချင်မူသည် သူ၏တာအိုနှလုံးသားကို ပျိုးထောင်၍ အတွေ့အကြုံဗဟုသုတများစွာ တိုးချဲ့ခဲ့သည်။ ထို့ကြောင့် သားသတ်သမား၏ ဓားမလမ်းစဉ်အား အခြေခံကာ သူ၏ကိုယ်ပိုင်လမ်းစဉ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။

ထိုသို့လက်ဆင့်ကမ်းပေးရခြင်းအတွက် သူ ပျော်မိသည်။

ယန်အာက နဂါးချီလင်ကို တအံ့တဩဖြင့် မေးလေသည်။ “သခင်လေးရဲ့ အဘိုးအဘွားတွေအကုန်လုံးက သူ့အပေါ် အထင်ကြီးပြီး အများကြီး မျှော်လင့်ထားကြတာလား”

နဂါးချီလင်က ခေါင်းညိတ်ကာ ဖြေ၏။ “ဒါကြောင့် ဂိုဏ်းသခင်က သူတို့ဆီက သင်ယူဖို့ ပြန်လာခဲ့တာလေ”

ယန်အာ လျှာကလေးပြူတစ် ဖြစ်သွားသည်။

သားသတ်သမားက ရွှေအနှင့် မျက်ကန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။ “ငါကတော့ ငါ့လမ်းစဉ်ကို လွှဲပြောင်းပေးပြီးပြီ.... မင်းတို့နှစ်ယောက်ကရော...”

မျက်ကန်းက တုံ့ဆိုင်းနေပြီးနောက် ပြော၏။ “ဝင်္ကပါကောင်းကင်နန်းဆောင်ဆိုတာ ပြောရလွယ်ပေမယ့် သူ့ကိုယ်ပိုင်ကောင်းကင်နန်းဆောင်နဲ့ လမ်းစဉ်ကို နားလည်ဖို့က ခက်လိမ့်မယ်’

ရွှေအကလည်း လက်ပြန်ခြေဟန်ဖြင့် ပြောသည်။ “ပန်းပဲကောင်းကင်နန်းဆောင်က မခက်ဘူး.... သူ့ကိုယ်ပိုင်လမ်းစဉ်ကို နားလည်အောင် လုပ်ပေးဖို့က ခက်တာ”

သူတို့နှစ်ယောက်လုံး စိတ်ပူလာကြသည်။

ယန်အာက ချီတုံချတုံဖြင့် မေးသည်။ “ဖက်တီးနဂါး၊ သူတို့အတွက် ကိုယ်ပိုင်ဧကရာဇ်ပလ္လင်ကျင့်စဉ်တွေ နားလည်ဖို့က လွယ်လား.... အတိတ်တုန်းက လူတွေအတွက် ဘယ်လောက်ခက်မှန်း ငါတွေ့ခဲ့ဖူးတယ်”

“အရင်လူတွေက သုညကနေ စခဲ့ကြရတာ... ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်ဖလှယ်တာတွေလည်း ရှားပါးတော့ တစ်ယောက်တည်း ကြိုးစားခဲ့ရပြီး ခက်ခဲခဲ့တာပါ”

နဂါးချီလင်က ရှင်းပြ၏။ “ဒါပေမဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကတော့ မတူဘူး.... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်ပလ္လင်ကျင့်စဉ်တွေကို ဘယ်တက္ကသိုလ်မှာမဆို သင်လို့ရတယ်.... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ တက္ကသိုလ်တွေ အများကြီးရှိတဲ့အပြင် ဘယ်သူဘယ်ဝါကတော့ သင်ယူခွင့်မရှိလို့ တားမြစ်မထားဘူး.... ဒါပေမဲ့ တခြားကျင့်စဉ်အမျိုးအစားတွေလည်း အများကြီးရှိတယ်”

သူက အတန်ငယ် တွေးနေပြီးနောက် ဆက်ပြောသည်။ “အခုဆို ဧကရာဇ်ပလ္လင်ကျင့်စဉ်တွေ ပိုများလာကြပြီ... မမကြီးသာ အစွမ်းအစရှိရင် ဒါဇင်နဲ့ချီ သင်လို့ရတယ်..... ဒါပေမဲ့ လမ်းစဉ် ဖွင့်နိုင်ဖို့တော့ ခက်ခဲတယ်... ဧကရာဇ်ပလ္လင်အဆင့် ရောက်ဖို့က ပိုလို့တောင် ခက်တယ်... ကောင်းကင်နတ်ဘုံမှာတောင် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်တွေ ရှိပေမယ့် အဲ့ဒီအဆင့်ကို ရောက်နိုင်တဲ့သူကတော့ တချို့တလေပဲ ရှိတယ်မဟုတ်လား...”

ယန်အာမှာ လျှာကလေး ပြူတစ် ဖြစ်သွားပြန်သည်။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသည် မရေရာသော ဝိုးတိုးဝါးတား အငွေ့သက်များကို ပိုင်ဆိုင်ထား၏။ စည်ပင်၀ပြောနေသော အသက်ဓာတ်တို့နှင့် စိတ်တက်ကြွစရာ မြင်ကွင်းတို့ဖြင့်လည်း ပြည့်နှက်နေရာ တစ်ဦးနှင့်တစ်ဦး ချောက်ချလုပ်ကြံနေသည့် ကောင်းကင်နတ်ဘုံနှင့် ကွာခြားနေတော့သည်။

မှန်ပါသည်။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ အလျင်အမြန် တိုးတက်လာခြင်းမှာ သစ်ခုတ်သမားနှင့် ယန်ယွင်ရှီကဲ့သို့ ကောင်းကင်ဆရာသခင်များအပြင် ခိုင်ဧကရာဇ် လက်ဆင့်ကမ်း ချန်ရစ်ပေးခဲ့သည်များနှင့်လည်း သက်ဆိုင်ပေသည်။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး မကျရောက်ခင် ခိုင်ဧကရာဇ်ခေတ်၏ ‌မဟာကောင်းကင်ဆရာသခင်‌လေးဦးသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ၀င်ရောက်လာကြကာ သူတို့၏ ပြုပြင်ပြောင်းလဲမှုအသီးအပွင့်များအား ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ တက္ကသိုလ်ကြီးများဆီသို့ ဖြန့်ဝေပေးခဲ့ကြ၏။ ဆေးပညာ၊ ပန်းချီ၊ ပန်းပဲ၊ ၀င်္ကပါ၊ ဓား၊ ဓားမ၊ စက်မှုလက်မှု၊ ဒီဇိုင်းပညာ၊ လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးကဲ့သို့ လမ်းစဉ်အမျိုးမျိုး၏ အသီးအပွင့်တို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှ သင်ယူနိုင်ခဲ့ကြသည်။

၎င်းက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ တိုးတက်မှုအလျင်မြန်ဆုံး အချိန်ကာလဖြစ်ခဲ့သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးအတွင်းတွင် ချင်မူသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ‌ဆွဲခေါ်သယ်ထမ်း၍ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုအသီးအပွင့်များအား ထိန်းသိမ်းပေးခဲ့၏။ ထို့ကြောင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ တိုးတက်မှုက ဆက်လက်တည်ရှိခဲ့လေသည်။

နောက်ထပ် စိတ်၀င်စားစရာ ဖြစ်ရပ်တစ်ရပ်က ယန်ယွင်ရှီသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုအသီးအပွင့်များကို ရွှင်ပျော်ပျော်ကျေးရွာဆီသို့ သယ်ဆောင်သွားပြီး ရွှင်ပျော်ပျော်ကျေးရွာအနေဖြင့် ၎င်းတို့ကို သင်ယူကာ လမ်းဖွင့်နိုင်မည်ဟု မျှော်လင့်ထားခဲ့၏။

ရွှင်ပျော်ပျော်ကျေးရွာသည် ၎င်းတို့ကို မသင်ယူသည့်အပြင် ချင်မူ မရောက်လာခင်အထိ ဒုံရင်းအတိုင်းသာ ဆက်နေမည့်အဖြစ်ကိုတော့ သူမ မမျှော်လင့်ထားခဲ့ချေ။

စိတ်၀င်စားစရာအကောင်းဆုံးအချက်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုအသီးအပွင့်များအား သင်ယူ၍ အသစ်အဆန်းများ ဖန်တီးနိုင်ခဲ့သည့် ပထမဆုံးလူကား ခိုင်ဧကရာဇ်ဖြစ်နေခြင်းပင်။

သူက ၂၀ ခုမြောက် ဓားချက်ကို ဖန်တီး၍ ဓားလမ်းစဉ်ကို ကောင်းကင်ဘုံနောက်တစ်ဆင့်သို့ မြင့်တက်သွားစေခဲ့ကာ ဓားလမ်းစဉ်၏ အမြင့်ဆုံးအဆင့်သို့ ချဉ်းကပ်သွားနိုင်ခဲ့သည်။

“စာတွေ သင်၊ ဓားသိုင်းကျင့်လို့ နဂါးဟန်မြို့တော်ရဲ့ အနောက်အရပ်ကို ခရီးထွက်ခဲ့တယ်”

ချင်မူ၏ ကျယ်လောင်စွာ အော်ဟစ်သံက ကောင်းကင်မှ ထွက်ပေါ်လာသည်။ လူများ မော့ကြည့်လိုက်သည့်အခါ ချင်မူ ဓားမအား ဝင့်ယမ်းနေသည်ကို တွေ့လိုက်ရသည်။ သူ၏ဓားမရောင်သည် သံကြိုးများကဲ့သို့ ယှက်ခွေကာ လျှပ်စီးကဲ့သို့ တဖျတ်ဖျတ် လက်လျက် မိုးခြိမ်းသံများအလား မြည်ဟီးနေချေသည်။

“တောင်ကောင်းကင်မုခ်ဝတံခါးကို ခေါက်လို့၊ ငါ့ဓားမရှည်နဲ့ ဝန်မင်းတွေကို ခုတ်သတ်မယ်”

သူက ကောင်းကင်မှ ခုန်ဆင်းလိုက်ပြီး သားသတ်သမားတို့အရှေ့တွင် နတ်ဓားမတစ်လက်နှင့်အတူ ပေါ်လာ‌ကာ ဓားမအား သားသတ်သမားဆီ ပြန်အပ်သည်။ ထို့နောက် ဦးညွှတ်၍ ပြောသည်။ “ဘိုးဘိုးသားသတ်သမား.... ကျွန်တော့်ရဲ့ ‌‌ဓားမလမ်းစဉ် ပထမကောင်းကင်ဘုံကို ဘယ်လိုခေါ်ရမလဲ သိပြီ... တောင်ကောင်းကင်မုခ်၀ထက်က တံခါးခေါက်သံလို့ ခေါ်မယ်”

သားသတ်သမားက ရယ်၍ ချီးကျူးသည်။ “မဆိုးပါဘူး.... အဓိပ္ပာယ်ရှိသားပဲ.... ငါ မင်းကို ဓားမဆီ ခေါ်သွားပေးခဲ့တယ်... မင်းရဲ့အနာဂတ်ကတော့ မင်းပေါ်မှာ မူတည်နေတုန်းပဲ”

ချင်မူက ခေါင်းညိတ်သည်။ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် ဓားမလမ်းစဉ် ကောင်းကင်နန်းဆောင်ကား ပေါ်လွင်လာသည်။ ၎င်းသည် ၎င်းကိုယ်၎င်း တည်ဆောက်ရင်း တစတစ ပြည့်စုံလာနေ၏။

သားသတ်သမားသည် သူ့အား ကျင့်စဉ်များ မပေးခဲ့ချေ။ ထိုအစား ဓားမလမ်းစဉ်ဆီသို့ လမ်းပြပေးခဲ့၏။ ထို့ကြောင့် သူ့အနေဖြင့် သူ၏ဓားမလမ်းစဉ်ကောင်းကင်နန်း‌ဆောင် ပြည့်စုံလာရန် သူ့ကိုယ်သူသာ အားကိုးရလိမ့်မည်။

သားသတ်သမား၏ သင်ကြားပုံက ကြမ်းတမ်းပြီး တည့်တိုးဆန်သည်။ သူက အကောင်းဆုံဆရာ မဟုတ်သော်လည်း အတော်ဆုံးတော့ ဖြစ်သည်။

ဓားမလမ်းစဉ်ကောင်းကင်နန်းဆောင်၏ အဆောက်အဦးများ ဖွဲ့တည်နေစဉ် ချင်မူက မျက်လုံးများ မှိတ်လိုက်သည်။ နဂါးသွဲ့ရေကန်နှင့် ကျောက်စိမ်းစင်မြင့်သည် လျင်မြန်စွာ ဖြစ်တည်လာပြီး နတ်ဘုရားစီရင်ရာစင်မြင့်နှင့် ကျောက်စိမ်းမြို့တော်ကို ဖော်ဆောင်လိုက်၏။

ထောင်ပေါင်းများစွာသော ဓားမအရှိန်အဝါတို့က ‌‌ကျောက်စိမ်းမြို့တော်၏ ရဲတိုက်ထဲတွင် အတူတကွ ထပ်နေကြပြီး ဓားမလမ်းစဉ်ကို အခြေခံလျက် နတ်ကောင်းကင်ခန်းမတစ်ခုအား ဖွဲ့တည်လိုက်ချေပြီ။

ချင်မူ့ဝိညာဉ်သန္ဓေသား၏ မျက်ထောင့်စွန်းများ တွန့်သွားသည်။ ဓားမလမ်းစဉ်၏ နတ်ကောင်းကင်ခန်းမမှာ ခိုင်မာလွန်းလှသည်။ ဓားမလမ်းစဉ်၏ အဆုံးမဲ့သော သဘောတရားများကို တွေးတောဆင်ခြင်ပြီးနောက်မှသာ ခန်းမထဲ ဝင်ရောက်၍ ဧကရာဇ်ပလ္လင်အဆင့် ဓားမဧကရာဇ်တစ်ပါး ဖြစ်လာနိုင်လိမ့်မည်။

သို့ထိတိုင် သူ့ကို ကြောက်လန့်သွားစေသော အရာက ဓားမရောင်နှစ်ချက်ဖြင့် ဖွဲ့တည်ထား‌သော နတ်ဘုရားစီရင်ရာစင်မြင့်ပင်။ ။

၎င်းတို့သည် ဓားမမဟာတာအိုများ ပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာသည့်အတွက် မည်သည့်အရာကိုမဆို ပိုင်းဖြတ်နိုင်သည်အထိ ချွန်မြ၏။ သူ၏ဓားမလမ်းစဉ် မူလဝိညာဉ်သည် တောင်းကောင်ကင်မုခ်၀တွင်သာ ရှိနေသေးသော်လည်း ဓားမရောင်နှစ်ချက်ကို ကြည့်ရင်း မတုန်လှုပ်မိဘဲ မနေတော့ပေ။

All Chapters