← Chapters

နှင်းဆီရောင် နှုတ်ခမ်းထက်သို့

Vol. 85 Ch. 1102

နှင်းဆီရောင် နှုတ်ခမ်းထက်သို့

Vol. 85 Ch. 1102

အနာဂတ်တွင် ချင်မူသည် ဓားမလမ်းစဉ်၏ နတ်ဘုရားစီရင်ရာစင့်မြင့်ပေါ် နင်းကာ သေချာပေါက် ရင်ဆိုင်ရလိမ့်မည်။

ထိုဓားမရောင်နှစ်ချက်အား ခုခံနိုင်မည်လားတော့ သူ မသိချေ။

ချင်မူ စိတ်ကို ငြိမ်အောင် ထိန်းနေစဉ် သူ၏မူလဝိညာဉ်က တောင်ကောင်းကင်မုခ်၀၏ ဖိအားကို ရင်ဆိုင်ရန် တောင်းကောင်းကင်မုခ်၀အတွင်း ၀င်ရောက်သွားသည်။

သူ၏သိုင်းအဆင့် တဖန်မြင့်တက်လာသည်နှင့် အစစ်အမှန်နတ်ဘုရားအဆင့်လည်း ပြန်လည်လှုပ်ရှားလာသည်။ ဓားမလမ်းစဉ်နှင့်ပတ်သက်သမျှ အသိအမြင်၊ နားလည်မှုအကုန်လုံးက သူ၏ခေါင်းထဲတွင် ပေါ်လာသည်။

တခဏကြာသော် ချင်မူက အသိအမြင်၊ အတွေးအခေါ်များကို ဆင်ခြင်သုံးသပ်လိုက်ပြီး မျက်လုံးများဖွင့်လိုက်သည်။ “ကျွန်တော် ရတနာအချို့ ပြန်သယ်လာခဲ့တယ်.... ဘိုးဘိုးသားသတ်သမား၊ ဘိုးဘိုးအတွက် အသုံး၀င်တာရှိလား ရှာကြည့်လိုက်ပါ”

ချင်မူ လက်ဝှေ့ယမ်းလိုက်သည့်အခါ ဟင်းလင်းပြင်တစ်ခုသည် ကောင်းကင်ကို လွှမ်းခြုံသွားပြီး ရတနာမျိုးစုံ ထွက်ပေါ်လာ၏။ ၎င်းတို့က သူ ကျောက်ယင်ခန်းမမှ ခိုးလာသည့် ဘိုးဘေးနန်းတော်၏ ရတနာများပင် ဖြစ်လေသည်။

အကုန်လုံးမှာ ပျံဝဲနေသော ရတနာများကို ကြည့်ရင်း အံ့အားသင့်သွားကြသည်။ ရွှေအသည် အထူးတလည် စိတ်လှုပ်ရှားနေပြီး တုန်ရီစွာဖြင့် ပုလဲလုံးတစ်လုံးကို ပွတ်သပ်နေ၏။ ၎င်းက တုန်ခါသွားပြီးနောက် ၎င်းအတွင်းရှိ ရှုခင်းများအား ထုတ်ဖော်ပြသလာသည်။

ရွှေအမှာ တအံ့တဩဖြင့် ရေရွတ်မိတော့သည်။ “မူအာ၊ မင်း ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရတနာတိုက်ကို ဖောက်ထွင်းလာခဲ့တာလား”

“ဟုတ်တာပေါ့ဗျာ” ချင်မူက ၀မ်းသာအားရ ပြန်ဖြေလိုက်သည်။

“တော်တယ်ကွာ”

အဘိုးကြီးသုံးယောက်ကား သူ့ကို လက်မထောင်ပြကာ ချီးကျူးလိုက်ကြသည်။ “ထော့ကျိုးရဲ့ တပည့် ပီသပါပေတယ်”

“ကျွန်တော့်မှာ အမိကမ္ဘာမြေရဲ့ အမြစ်တချို့လည်း ရှိတယ်... ကမ္ဘာဦးသစ်ပင်ရဲ့ အမြစ်တွေကလည်း ဒီရတနာတွေလို ထူးခြားတယ်”

ချင်မူက သစ်မြစ်များစွာ ထုတ်ရင်း ပြောနေသည်။ “ကမ္ဘာဦးသစ်ပင်က ဘိုးဘေးနန်းတော်ရဲ့ ရတနာသစ်ပင်ပဲ.... အဲ့အမြစ်တွေနဲ့ ဧကရာဇ်ပလ္လင်အဆင့် ရတနာတွေကို အလွယ်တက သွန်းလုပ်လို့ရတယ်.... လိုအပ်တာ ယူကြပါ ဘိုးဘိုးတို့.... စကားမစပ် ဘိုးဘိုးတို့အားလုံး မင်းသားယိုမင်နဲ့ တွေ့ပြီးကြပြီလား”

“မင်းသားယိုမင်လား”

သားသတ်သမားက စဉ်းစားနေသောကြောင့် ချင်မူက မှတ်မိသွားအောင် မင်းသားယိုမင်၏ ရုပ်ပုံကို ရေးဆွဲပြလိုက်သည်။ “‌ဪ.... သူက မင်းသားယိုမင်ပေါ့.... အဲ့ကောင်လေးက ရိုးသားတဲ့လူတစ်ယောက်ပဲ... သူ ထာ၀ရငြိမ်းချမ်းရေးမြို့တော်ဆီ လာပြီး ဧကရာဇ်ကို မြောက်နတ်မင်းရဲ့အမိန့် နာခံဖို့ ပြောသွားတယ်... မြောက်နတ်မင်းကိုယ်တိုင်ကလည်း မိုးကြိုးဒယ်အိုး သုံးလေးငါးရာလောက်နဲ့အတူ ထူးထူးဆန်းဆန်းလူတွေကိုလည်း လွှတ်လိုက်သေးတယ်”

ချင်မူ ပြုံးလိုက်မိသည်။ “သူပဲလေ... သူက မြောက်နတ်မင်းရဲ့သားတော်၊ ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ပဲ.... သူ အခုဘယ်မှာလဲဟင်”

“ဧကရာဇ်က သူ့ကို စမ်းသပ်ကြည့်ပြီး သိုင်းအဆင့်မြင့်တာတောင် စွမ်းဆောင်ရည် မရှိဘူးလို့ ခံစားရတယ်တဲ့လေ.... သူ သင်ခဲ့တာတွေက ရှေးကျပြီး ခေတ်နောက်ကျနေပြီ”

မျက်ကန်းသည် ကမ္ဘာဦးသစ်ပင်၏ အမြစ်တစ်ချောင်းကို ယူလိုက်၏။ “ဒါကြောင့် ဧကရာဇ်က သူ့ကို တက္ကသိုလ်တိုင်းဆီ သွားပြီး ရှိသမျှ ကျင့်စဉ်တွေ၊ သိုင်းကွက်တွေကို သင်ယူလေ့လာခိုင်းထားတယ်... သူ အခု ဘယ်တက္ကသိုလ်ကို ရောက်နေလဲတော့ ငါ မသိဘူး”

မင်းသားယိုမင်သည် နဂါးဟန်ခေတ်တွင် အင်အားကြီးမားသော ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့၏။ သို့ထိတိုင် လင်ယွိရှို့၏ နယ်မြေသို့ ရောက်သည့်အခါ စွမ်းဆောင်ရည်မရှိသူတစ်ဦး ဖြစ်သွားခြင်းမှာ ရယ်ချင်စရာကောင်းလှသည်။

သူ့မှာ အင်မတန် အရည်အချင်းရှိသော်လည်း နှစ်ခြောက်သိန်းတိတိ အကျဉ်းချထားခံခဲ့ရသဖြင့် အပြင်လောကနှင့် အဆက်အသွယ် ပြတ်နေခဲ့သည်။ သူ၏ ကောင်းကင်နတ်သိုင်းများက ထိုခေတ်အချိန်အခါက ကောင်းကင်နတ်သိုင်းများသာ ဖြစ်နေသေး၏။

သူ၏ သိုင်းအဆင့်သည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတွင် အမြင့်ဆုံးဖြစ်သော်လည်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအတွက် အသုံးမ၀င်လှချေ။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များကို အသုံးချပါက သူ၏သိုင်းအဆင့်ကား သိသိသာသာ တိုးတက်သွားပေလိမ့်မည်။ ထို့နောက်တွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပင်မထောက်တိုင်တစ်တိုင် ဖြစ်လာပေလိမ့်မည်။

မျက်ကန်းက ‌ကမ္ဘာဦးသစ်ပင်အမြစ်နှင့် ကောင်းကင်လှံ လုံထော်ကို ယူလိုက်သည်။ လှံသည် အမြစ်ထဲသို့ အလိုအလျောက် ထိုးစိုက်လိုက်ကာ စွမ်းအားကို စုပ်ယူတော့သည်။ မျက်ကန်း၏အသံက ထွက်လာသည်။ “မြောက်နတ်မင်း လွှတ်လိုက်တဲ့ နတ်ဘုရားတွေက ငါ့လက်အောက်မှာပဲ.... ငါ သူတို့ကို သင်ပေးပေမယ့် အဲ့လောက်လည်း အသုံးမကျကြပါဘူး”

သူက ခေါင်းတရမ်းရမ်းဖြင့် ပြောသည်။ “၀င်္ကပါပညာမှာဆိုရင် မြောက်နတ်မင်းရွှမ်းဝူရဲ့ ၀င်္ကပါတွေဟာ ခေတ်နောက်ကျလွန်းနေပြီ.... ငါ သူတို့ကို ဟိုးအစကနေ ပြန်သင်နေရလို့ မူလတန်း ပြန်လွှတ်ပြီး ကလေးမလေးတွေနဲ့ အတူသင်ခိုင်းထားတယ်”

ချင်မူမှာ မျက်တောင်ပုတ်ခတ်လျက် ပြောလိုက်လေသည်။ “မဟူရာလိပ်နတ်ဘုရားမျိုးနွယ်မှာ မိန်းမလှလေးတွေ အများကြီးရှိတယ်နော်”

မျက်ကန်းက လုံထော်ဖြင့် ကမ္ဘာဦးသစ်ပင်အမြစ်ကို သန့်စင်နေရင်း တုံ့ပြန်သည်။ “သူတို့အားလုံးက ဝူရဲ့ ‌မြွေတွေပဲဟာ... အဲ့လောက်လည်း မလှပါဘူး.... ပြင်ပြင်ဆင်ဆင် နေတတ်လို့သာ ရုပ်ထွက်နေကြတာ”

ချင်မူ ဆွံ့အသွားသည်။ ‌အနောက်နတ်မင်းလည်း နတ်ဘုရားများ စေလွှတ်ခြင်းရှိ၊ မရှိ မေးလိုက်၏။ ရွှေအက သေတ္တာတစ်ခုထဲမှ နတ်ပုဆိန်တစ်လက် ထုတ်ကာ နတ်တောင်တန်းတစ်ခုအား ခုတ်ပိုင်းရန် ကြိုးစားရင်း ပြောသည်။ “သူတို့က ၀တ်လစ်စားလစ်နဲ့ အီစီကလီလုပ် တတ်ကြတဲ့ မိန်းကလေးတွေက... ငါတို့ သူတို့ကို သင်္ဘောကျင်းတွေမှာ အလုပ်လုပ်ခိုင်းထားတယ်”

ချင်မူက စကားနှိုက်နေသည်။ “‌အနောက်၀င်ရိုးစွန်းက မိန်းမပျိုလေးတွေက အလှပဂေး‌လေးတွေနော်... တစ်ယောက်ယောက်ကိုများ လက်ထပ်ဖို့ ရည်ရွယ်ထားလား ဘိုးဘိုးရွှေအ”

“မိန်းမတွေက အရှုပ်ထုပ်တွေပါကွာ”

ရွှေအက မကျေမနပ်ဖြင့် ခေါင်းရမ်းလေသည်။ “အဲ့ဒီကျားဖြူမလေးတွေက သန်မာပြီး လှပေမယ့် တော်တော် ခေါင်းရှုပ်ရတယ်.... သူတို့ကို သွန်းလုပ်တာလေး သင်ဖို့တောင် ခက်တယ်.... လက်ထပ်ရင်တော့လား.... ငါ့မှာ သူတို့အတွက် အချိန်ရော၊ အင်အားရော မရှိဘူး”

ချင်မူမှာ ကြောင်အသွားပြီး အကြံပေးလိုက်မိသည်။ “ကောင်းကင်လုပ်သားနတ်ဘုရားမျိုးနွယ် လူဦးရေပြန်တိုးလာဖို့ ဘိုးဘိုးရွှေအ ကြိုးစားသင့်တယ်နော်”

ရွှေအက အေးစက်စွာ ရယ်လိုက်သည်။ “ကောင်းကင်စက်မှုနတ်ဘုရားမျိုးနွယ်ကလည်း လူသားတွေပဲလေ... ပန်းပဲလမ်းစဉ်ကို ရရှိထားတဲ့သူ ဘယ်သူမဆို ကောင်းကင်စက်မှုလုပ်သားပဲ.... မင်းလည်း ကောင်းကင်စက်မှုလုပ်သားတစ်ယောက်ပဲဟာ နည်းနည်းလောက် မွေးလိုက်ပေါ့.... အရေးမပါတဲ့ကိစ္စတွေနဲ့ ငါ့ကို အာရုံလာမရှုပ်စမ်းပါနဲ့ကွာ...”

ယန်အာသည် နဂါးချီလင်ကို ပြောနေ၏။ “သခင်လေး ဘာလို့ အခုထိ လက်မထပ်ရသေးတာလဲ ငါ သိပြီ”

နဂါးချီလင်က ခေါင်းညိတ်လိုက်သည်။ “သူ့မှာ မျှော်လင့်ချက်ရှိသေးတယ်လို့ မမကြီး ထင်လား”

“လုံး၀ပဲ”

“ကျွန်တော်လည်း အဲ့လိုခံစားရတယ်”

ရွှေအသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ နံပါတ်တစ် ကောင်းကင်စက်မှုပညာရှင် ဖြစ်သည့်အလျောက် သတ္ထုကုန်ကြမ်းများနှင့် ပတ်သက်ပြီး အတော်လေး ချေးများလေသည်။ သူက ပေါတောတော ဝေ‌စွေ့ဖုန်းကဲ့သို့ ဘိုးဘေးနန်းတော် ရတနာပုံထဲမှ တန်းမရွေးချေ။ ထိုအစား ရတနာအစိတ်အပိုင်းတစ်ခုချင်းစီ ထုတ်ကြည့်၍ ပေါင်းစည်းကြည့်ကာ နတ်လက်နက်တစ်ခု ဖန်တီးကြည့်သည်။

သူကား သတ္ထုကုန်ကြမ်းများ ပေါင်းစည်းရာတွင် ဆရာတစ်ဆူဆိုလည်း မမှားပေ။ သူက ချုံဧကရာဇ် ဓားနတ်ဘုရားပိုင်ချွီအာနှင့် တစ်ကြိမ်ဆုံတွေ့ခဲ့ဖူး၍ သူမဆီမှ ချုံဧကရာဇ်ခေတ်၏ စာအုပ်များ ရရှိခဲ့ဖူးသည်။

ထို့အပြင် ကမ္ဘာဦးဘုံတွင် အမိကမ္ဘာမြေကသာ နတ်ရွှေများအတွက် နတ်သတ္တုတွင်းများကို ကြီးစိုးခဲ့သည်။ သို့ဖြစ်၍ တောင်ချုံဧကရာဇ်ကောင်းကင်ဘုံမှာ ထိုကဲ့သို့သတ္တုတွင်းအနည်းငယ်သာ ပိုင်ဆိုင်ခဲ့သောကြောင့် ကြုံရာသတ္ထုကုန်ကြမ်းများ ပေါင်းစည်းရသည့် ပညာ၌ အောင်မြင်ခဲ့၏။

“ကုန်ကြမ်း ဘယ်လောက်ပဲကောင်းကောင်း နတ်ရွှေအားလုံးရဲ့ ဂုဏ်သတ္တိတွေကို နားလည်ဖို့ လိုတယ်....ကောင်းမွန်တဲ့ နတ်လက်နက်တွေကို ဖန်တီးနိုင်ဖို့ မတူညီတဲ့ နတ်ရွှေတွေရဲ့ ဂုဏ်သတ္တိတွေကို နားလည်ရမယ်...”

ရွှေအက နတ်ရွှေနှင့် သတ္ထုကုန်ကြမ်းများကို ပေါင်းစည်းလိုက်ပြီး ချင်မူ့ဆီ လှမ်းကြည့်ကာ ပြောသည်။ “မင်းရဲ့ ရထားလည်းအစုတ်ကို ပြင်ဖို့ ကျားဖြူမလေးတွေလက်ထဲ ထည့်ပေးလိုက်.... ပြီးရင် ငါ့နောက် ခဏလိုက်ခဲ့.... ဒုက္ခိတကျေးရွာရဲ့ လူအိုတွေအတွက် ရတနာတချို့ ငါ သွန်းလုပ်နေတယ်... မင်းကို နည်းနည်းပါးပါး သင်ပေးမယ်.... မျက်ကန်းက ငါ့ကို အသေးငယ်အရွယ်အစားအထိ သွန်းလုပ်နိုင်အောင် ကူညီပေးမှာမလို့ ငါ အကောင်းဆုံး နတ်လက်နက်တွေကို ဖန်တီးနိုင်လိမ့်မယ်.... မင်းရဲ့ ဓားစက်လုံးလည်း ပြန်သွန်းလုပ်ဖို့ လိုနေပြီ”

ချင်မူက ချီတုံချတုံ ဖြစ်နေသည်။ “အဲ့ဒါမတိုင်ခင် ကျွန်တော် လုပ်စရာတစ်ခုရှိသေးတယ်.... အချိန်ရှိမယ်မထင်ဘူး...”

ရွှေအက မေး၏။ “မင်း အချိန်ဘယ်လောက်လိုတာလဲ”

ချင်မူ ပြန်ဖြေလိုက်သည်။ “တစ်ဖက်ခါလောက်အထိ”

ရွှေအသည် ကုန်ကြမ်းများကို သေတ္တာထဲ စုပြုံထည့်၍ မကာ ထွက်သွားတော့သည်။ ထွက်မသွားခင် သူက ပြော၏။ “မင့်ကိစ္စပြီးရင် ငါတို့ကို သင်္ဘောကျင်းမှာ လာရှာချည် .... သားသတ်သမား.. ရွာလူကြီး၊ အဘွားစစ်နဲ့ ကျန်တဲ့သူတွေကို လူစုဖို့ အသိပေးလိုက်... ငါ ပြိုင်ဘက်ကင်းလက်နက်တွေ သွန်းလုပ်ရင် သူတို့ရှိနေမှ ဖြစ်မယ်”

သားသတ်သမားလည်း ထွက်သွားသည်။

ချင်မူက ပျက်စီးနေသော ရထားလှည်းကို သင်္ဘောကျင်း၏ ကျားဖြူကောင်းကင်စက်မှု အလုပ်သမများဆီ ပေးလိုက်သည်။ တက်တက်ကြွကြွ မိန်းမပျိုလေးများမှာ စိတ်လှုပ်ရှားစွာဖြင့် ပြောကြ၏။ “ရထားလှည်းက ပျက်သွားပြန်ပြီလား....အရင်တစ်ခါ ပြင်ပေးခဲ့သေးတယ်လေ.... မြန်မြန်ပျက်သွားတာဆိုတော့ တော်‌တော်ကောင်းတာပဲနော်”

ချင်မူက မျက်နှာကြီးဆူပုပ်စွာဖြင့်င့် ထွက်လာပြီး ကုန်းစွန်းယန်နှင့်‌ တွေ့ရန် မြို့တော်သို့ ပြန်လာ၏။

ကုန်းစွန်းယန်သည် မြို့ထဲတွင် နေထိုင်၏။ သူ ပြန်လာသည်ကို မြင်သောအခါ သူမမှာ ပျော်ရွှင်သွားပြီး ရေအိုးတစ်အိုးဖြင့် ကြိုလေသည်။

ချင်မူက သူမအား ရေလောင်းခွင့်ပြုထားရင်း ပြောလိုက်သည်။ “အခုအချိန်ကစပြီး စကား‌မပြောပါနဲ့.... ဘာပဲကြုံတွေ့ရပါစေ ဘာမှမမေးနဲ့.... ဘာမှမပြောနဲ့.... ကျွန်တော် ဒီကို အရာအားလုံးအတွက် ရောက်လာတာ”

ကုန်းစွန်းယန်မှာ စကားပြောရန် ပြင်လိုက်သော်လည်း ချင်မူက သူမနှုတ်ခမ်းလေးပေါ်သို့ လက်ညှိုးတင်လိုက်သည်။ ကုန်းစွန်းယန်သည် မျက်တောင်လေး ပုတ်ခတ်လိုက်ရင်း ရှက်သွေးဖြာသွားပြီး စကားပြောရန် မကြိုးစားတော့ချေ။

All Chapters