← Chapters

ကျုပ်က ကောင်းကင်နတ်အရှင်မူ

Vol. 85 Ch. 1104

ကျုပ်က ကောင်းကင်နတ်အရှင်မူ

Vol. 85 Ch. 1104

ကုန်းစွန်းယန်က ခေါင်းမော့ပြီး ပြုံးလိုက်သည်။ “မှော်ဝိဇ္ဇာရှင်ကြီး၊ နင် ဘယ်လောက်ပဲ သတိထားထား ငါ့ကို မနိုင်ပါဘူး.... ဒီခန္ဓာကိုယ်က ငါ့ထက်ထဲ ‌ရောက်လာတာပဲ..... ကမ္ဘာဦးရေကြည်၊ ငါ့ဆီလာစမ်း...”

မြေပြင်သည် တုန်ခါလာပြီး တုတ်ခိုင်ကြီးမားလှသော အမြစ်ကြီးတစ်ချောင်းက မြေအောက်မှ ထွက်လာသည်။ ဧရာမပန်းပွင့်ကြီးတစ်ပွင့်က ၎င်းဆီမှ ပွင့်လာပြီး ကိုင်းကျလာကာ ထာ၀ရငြိမ်းချမ်း‌ရေးအင်ပါယာ၏ ကမ္ဘာဦးသစ်ပင်အပေါ်သို့ ကမ္ဘာဦးရေကြည်များ လောင်းချလိုက်သည်။

သူမက ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် ခိုးယူနိုင်ခဲ့သဖြင့် သူမ၏ခန္ဓာကိုယ်အသစ်ဆီသို့ အဖိုးတန်လှသော ကမ္ဘာဦးရေကြည်အလုံးစုံ လောင်းချလိုက်၏။ ကမ္ဘာဦးရေကြည်ကို အသုံးပြု၍ ခန္ဓာကိုယ်အသစ်၏ စွမ်းအားကို မြှင့်တင်ကာ အထွတ်အထိပ်အခြေအနေသို့ အမြန်ဆုံး ရောက်ရှိနိုင်ရန် ဖြစ်သည်။

အမိကမ္ဘာမြေ၏ အမြစ်များနှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ကမ္ဘာဦးသစ်ပင်သည် ကမ္ဘာဦးရေကြည်များကို စုပ်ယူလိုက်သည်။ အမြစ်များက ကြီးထွားလာကြရင်း တစ်ချောင်းနှင့်တစ်ချောင်း ထွေးယှက်ရစ်ပက်သွားကြသည်။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ကမ္ဘာဦးသစ်ပင်အမြစ်များသည်လည်း အမိကမ္ဘာမြေ၏ အမြစ်များနှင့် ပေါင်းစည်းသွား၏။ အလုံးတုတ်တုတ် အမြစ်ကြီများက မြေပြင်၏ အရပ်လေးမျက်နှာမှ ‌ဖောက်ထွက်လာကြကာ တောင်တန်းများ၊ မြစ်ချောင်းများကို ဖြတ်ကျော်သွားရင်း ကမ္ဘာမြေအောက်ရှိ ချော်ရည်ပူထဲသို့ပင် ထိုးစိုက်၀င်ရောက်သွားကြသည်။

မကြာမီ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတွင် ကမ္ဘာဦးသစ်ပင်၏ အမြစ်များ ပြည့်နှက်သွားတော့၏။

အမြစ်များက အရပ်လေးမျက်နှာသို့ ဆက်လက်ရှည်ထွက်လျက် ကမ္ဘာဦးဘုံတစ်လျှောက် ဖြန့်ကျက်ထားကာ မြေပြင်မှ အာဟာရများကို စုပ်ယူနေချေသည်။

ကုန်းစွန်းယန်၏ စွမ်းအားမှာ သန်မာသထက် သန်မာလာနေသည်။ သိုင်းအဆင့်ဖြင့် တိုင်းတာပါက သူမ၏သိုင်းအဆင့်သည် အသက်ရှူချိန်အနည်းငယ်အတွင်း ကျောက်စိမ်းမြို့တော်အဆင့်သို့ ရောက်ရှိပြီးနောက် နတ်ကောင်းကင်ခန်းမအဆင့်၊ ဧကရာဇ်ပလ္လင်အဆင့်ဆီသို့ တဟုန်ထိုး မြင့်တက်နေသည်။

မကြာမီ သူမ၏သိုင်းကွက်များသည် ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်ရှိတော့မည်ဖြစ်ပြီး ဆက်လက်တိုးတက်နေကာ မှန်းဆမရလောက်အောင် အစွမ်းထက်လာနေ၏။

“ကောင်းကင်နတ်အရှင်မူ၊ ပြိုင်ဘက်ကင်း မှော်ဝိဇ္ဇာရှင်.... နောက်ဆုံးတော့ နင်က နေရာမှန်မရောက်သေးဘူးပဲ”

ကုန်းစွန်းယန် အားရပါးရ ရယ်လိုက်သည့်အခါ သူမ၏အသံသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတခွင် ပဲ့တင်ထပ်သွား၏။ “နင်က ငါတို့ရှေးဟောင်းနတ်ဘုရားတွေကို အသက်မသေနိုင်စေတဲ့ လက်နက်လေးသက်သက်ပဲ..... ငါတို့ ‌လက်သပ်မွေးထားတဲ့ ‌ခွေး‌တစ်ကောင်သာသာပဲ ရှိတယ်.... ခွေးအလုပ် ကောင်းကောင်းလုပ်မယ့်အစား နင်က ငါတို့ရဲ့ မဟာမိတ်လို နင့်ကိုယ်နင် သဘောထားပြီး ငါ့အပေါ် မောက်မာခဲ့တယ်.... နင် မှတ်မိနေစေရမယ်”

သူမ၏အသံက ရေခဲတမျှ အေးစက်သွားသည်။ “နင်က အစွမ်းမထက်သေးပါဘူး”

သိပ်သည်းအုံ့ဆိုင်းနေသည့် မြူခိုးများက ကမ္ဘာဦးသစ်ပင်၏ ခြေရင်းတွင် ရစ်သိုင်းလှုပ်ရွာလာသည်။ ချင်မူ၏ ခံစားချက်မဲ့နေသော အသံသည် မြူခိုးများထဲမှ ထွက်လာ၏။ “အမိကမ္ဘာမြေ၊ ကျွန်တော်က ခင်ဗျားကို ရင်ဆိုင်ဖို့ ကုန်းစွန်းယန်ရဲ့ ရုပ်ခန္ဓာကိုပဲ ချိတ်ပိတ်ထားခဲ့မယ် ထင်နေလား...”

ကုန်းစွန်းယန် အတန်ငယ် ကြောင်အသွားသည်။

ချင်မူ လမ်းလျှောက်လာသည့်အခါ မြူခိုးများက သူနှင့်အတူ လိုက်ပါလာသည်။ မကြာမီ နေရာတိုင်းမှာ မြူခိုးများဖြင့် ပြည့်နှက်သွားချေသည်။

ချင်မူက သူမအရှေ့ရှိ မြူခိုးများအကြား၌ ရပ်လိုက်ကာ ခပ်ပြတ်ပြတ် ပြောသည်။ “အမိကမ္ဘာမြေ၊ ကုန်းစွန်းယန်ကို မတိုက်ခိုက်ဖို့ ကျွန်‌တော် ခင်ဗျားကို သတိပေးခဲ့တယ်.... ဒါတောင် ခင်ဗျားက ကျွန်တော့်သတိပေးချက်ကို ခပ်ပေါ့ပေါ့ သဘောထားပြီး လှုပ်ရှားခဲ့တယ်.... ခင်ဗျားတို့ ရှေးဟောင်းနတ်ဘုရားတွေက ကျွန်တော့်ကို အတော်လေး ခံပြင်းမိစေတယ်.... ကြည့်ရတာ ကျွန်တော်က ဘာကောင်ဆိုတာ ထုတ်ပြ‌ရတော့မယ့်ပုံပဲ”

ကုန်းစွန်းယန်သည် အေးစက်စွာ ရယ်၏။ “နင်က ငါတို့ရှေးဟောင်းနတ်ဘုရားတွေရဲ့ အိမ်မွေးခွေးလေ....နင့်အလုပ်က ငါတို့ကို ပြန်အသက်သွင်းပေးဖို့ပဲ.... နင့်ကိုယ်နင် ကောင်းကင်နတ်အရှင်မူလို့များ တကယ်ကြီးထင်နေတာလား.... ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို ငှားရင်း အတိတ်ကို ရောက်လာခဲ့ပြီး ကံကောင်းသွား ကောင်စုတ်လေးကများ...”

ချင်မူက သူမထံသို့ လက်မြှောက်၍ လက်ချောင်းငါးချောင်းကို ဖြန့်ကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်။ “ဘန်း...”

သူ့အသံက နူးညံ့ငြင်သာသော်လည်း အမိကမ္ဘာမြေ၏ နားထဲတွင် တစ်လောကလုံးကို တုန်လှုပ်သွားစေသည့် မိုးခြိမ်းသံကြီးအလားပင်။ မိုးခြိမ်းသံတမျှ မြည်ဟည်းသံကြီးနှင့်အတူ သူမ၏နတ်ဘုရားဝိညာဉ်မှာ ပေါက်ကွဲသွားပြီး အနက်ရောင်ဝိညာဉ်သဲမှုန်များအဖြစ် ပြောင်းလဲကာ ကုန်းစွန်းယန်၏ နား၊ ပါးစပ်နှင့် နှာခေါင်းမှ စိမ့်ထွက်ကုန်တော့သည်။

သူမ၏ ကျန်ဝိညာဉ်နှစ်ခုမှာ ကြောက်ရွံ့တုန်လှုပ်သွားလေသည်။ သူမနတ်ဘုရားဝိညာဉ်သည် သိသိသာသာပင် ပြန်လည်အသက်သွင်းထားပြီးဖြစ်ပြီး ချင်မူ ပြုစားထားခြင်း ရှိမရှိလည်း စစ်ဆေးထားခဲ့၏။ သို့သော် ဤအချိန်တွင် သူမ၏နတ်ဘုရားဝိညာဉ်အား လုံးဝ မခံစားရတော့ပေ။

“ကျုပ်က ကောင်းကင်နတ်သိုင်းလမ်းစဉ်ကို တည်ထောင်ခဲ့တဲ့ ကောင်းကင်နတ်အရှင်မူ”

မြူခိုးများသည် ပိုမိုသိပ်သည်းလာပြီး စိတ်မပါလက်မပါ ဖြစ်နေသော သူ၏အသံက မြူခိုးများထဲမှ ထွက်လာသည်။ “ခင်ဗျား အဲဒါကို ဘယ်တုန်းကမှ လက်မခံခဲ့ဘူးလေ.... အတိတ်ကို ပြန်လာတဲ့သူတိုင်း ကောင်းကင်နတ်အရှင်မူ ဖြစ်လာနိုင်တယ်ဆိုပြီး ခင်ဗျားက ထင်ခဲ့တာပေါ့.... ဒါပေမဲ့ အတိတ်ကနေ အခုအထိ ကောင်းကင်နတ်အရှင်မူဆိုတာ တစ်ယောက်ပဲရှိတယ်.... ကျုပ်ပဲ... ကျုပ်တစ်ယောက်တည်းပဲ.... ကျုပ်က ခင်ဗျားကို အသက်သွင်းပေးနိုင်သလို သတ်ပစ်လို့လည်း ရတယ်”

ကုန်းစွန်းယန်၏ သူငယ်အိမ်များ ကျုံ့၀င်သွားသည်။ အမြစ်များသည် မြူခိုးများထဲတွင် လှုပ်ရွပြေးလွှားလျက် ချင်မူ့ကို ရှာဖွေနေသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာဦးသစ်ပင်သည်လည်း ၎င်း၏အမြစ်များကို မြူခိုးထဲသို့ ဖြည်းဖြည်းချင်း ဖြန့်ကျက်နေသည်။

“ကျုပ် ကျုပ်အာဏာကို ပြရမယ်.... ဒါပေမဲ့ ခင်ဗျားကိုတင် မဟုတ်ဘူး.... ရှေးဟောင်းနတ်ဘုရားတိုင်းကို ပြရမယ်”

ချင်မူ့အသံ ပျံ့လွင့်လာသည့်အချိန်တွင် ကုန်းစွန်းယန်၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူမက မရေမတွက်နိုင်သော အမြစ်များ၊ သစ်ကိုင်းများကို သူရှိရာဘက်သို့ ပစ်လွှတ်လိုက်၏။

ထိုအခိုက်အတန့်၌ အမိကမ္ဘာမြေ၏ ကောင်းကင်ဝိညာဉ်က ချက်ချင်းဆိုသလို လွင့်စင်ပြိုကွဲသွားပြီး အနက်ရောင်ဝိညာဉ်သဲမှုန်များအဖြစ် အရပ်မျက်နှာတခွင့် ပျံ့လွင့်သွားသည်။

အမိကမ္ဘာမြေ၏ ခံပြင်းနာကြည်းနေသော အော်ဟစ်သံက ကုန်းစွန်းယန်၏ ပါးစပ်မှ ထွက်လာကာ အတိုင်းထက်အလွန် ကျောချမ်းဖွယ်ကောင်းနေသည်။ အသံတွင် ဆောက်တည်ရာမဲ့မှု၊ သေရမည်ကို ကြောက်လန့်နေမှုတို့ ပြည့်နှက်နေ၏။

သူမအတွက် ယခုလို ထိတ်လန့်ဖွယ်အခြေအနေအား ပထမဦးဆုံး ကြုံ‌တွေ့ရခြင်း ဖြစ်လေသည်။

သူမ၏ လက်ရှိခွန်အားက ချင်မူ့ထက် အဆပေါင်းများစွာ သာလွန်သည်မှာ သိသာလှသည် မဟုတ်လော။ သူ့ကို သေအောင် ရိုက်သတ်ပစ်ရန် အားပင် ထည့်စရာမလိုပေ။ သို့သော် ယခုတော့ သူမ၏ သေခြင်းရှင်ခြင်းကား ချင်မူ့လက်ထဲ ရောက်သွားချေပြီ။

သူမသည် ကမ္ဘာဦးခေတ်မှစ၍ ယနေ့မျက်မှောင်ခေတ်သည့်တိုင်အောင် ကပ်ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့၏။ ကမ္ဘာဦးခေတ်၏ ပြင်းထန်ကြမ်းတမ်းလှသော တိုက်ပွဲများတွင်လည်း အသက်ရှင်ကျန်ခဲ့သည်။ ချုံဧကရာဇ်ခေတ်၏ အဆုံးသတ်၌ ကောင်းကင်နတ်အရှင်လင်နှင့် ကောင်းကင်မဟာမိတ်အဖွဲ့ဝင်တို့၏ အပိုင်းပိုင်းဖြတ်တောက်ခံခဲ့ရပြီးနောက်တွင်ပင် မသေခဲ့ပေ။

ကောင်းကင်နတ်အရှင်‌ဟောင်ကိုယ်တိုင် သူမကို တိုက်ခိုက်သည့်အချိန်တွင်ပင် ထွက်ပြေးလွတ်မြောက်သွားခဲ့သေးသည်။

သို့သော် ဤအချိန်တွင်တော့ မရဏမင်းက သူမတံခါးအား လာခေါက်ချေပြီ။

ချင်မူ မည်သည့်လှည့်ကွက်များကို အသုံးပြုလိုက်မှန်းပင် သူမ မသိလိုက်ပေ။

“ရှေးဟောင်းနတ်ဘုရားတွေနဲ့ ပူးပေါင်းခဲ့တုန်းက ကျုပ်က ကျုပ်ကိုယ်ကျုပ် ခင်ဗျားတို့နဲ့ တန်းတူထားခဲ့တယ်... ဒါပေမဲ့ ခင်ဗျားကတော့ ကျုပ်ကို မဟာမိတ်အဖြစ် မမြင်ခဲ့ဘူး”

ချင်မူ့လေသံသည် ခံစားချက်ကင်းမဲ့နေ၏။ ထို့နောက် သူ့အသံက စိတ်မကောင်းဖြစ်နေသောအသံ ဖြစ်လာသည်။ “ကျုပ်အပေါ် အခွင့်အကောင်းယူလို့က ရတယ်... ဒါပေမဲ့ ခင်ဗျားက ကျုပ်ဘေးက လူတွေကိုပါ အန္တရာယ်ပြုနေပြီ.. အမိကမ္ဘာမြေ၊ ခင်ဗျားရဲ့ ရိုင်းပျမှုကို ကျုပ် သည်းမခံနိုင်တော့ဘူး.. ဒီနေ့ ကျုပ်က ခင်ဗျားတို့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ နောက်လိုက်ခွေးမဟုတ်ဘဲ မဟာမိတ်ဆိုတာ ကြေညာဖို့ ခင်ဗျားကို သတ်ပြမယ်”

အမိကမ္ဘာမြေ၏ မြေဝိညာဉ်ကို သူ အရှင်းဖျက်စီးပစ်တော့မည့်အချိန် ရုတ်တရက် မြူခိုးများအကြား၌ အမှောင်ရိပ် ကြီးစိုးလာသည်။ တစ်ချိန်တည်းမှာပင် တောက်ပသော အလင်းရောင်တစ်ရောင်က ကောင်းကင်ကို ဖြတ်သန်း၍ မိုးကုပ်စက်ဝန်းအထိ ဖြာဆင်းသွား၏။ ၎င်းက ကမ္ဘာဦးဘုံအပေါ်မှ ခြုံလွှမ်းထားသော ကြယ်မြေပုံကိုပင် ဖောက်ထွက်သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်အပေါ်တွင် လင်းထိန်လာသည်။

ချင်မူမှာ ရင်ထဲ အနည်းငယ် လှုပ်ခတ်သွားပြီး လုပ်နေသည်ကို ရပ်လိုက်သည်။

အမှောင်ထုက မြေကြီး၌ ဝဲကဲ့သို့ လည်ပတ်လျက် မီးတောက်များ ထုတ်လွှတ်လိုက်သည်။ ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ဖြည်းဖြည်းချင်း မြင့်တက်လာ၏။

ကောင်းကင်ထက်ရှိ အလင်းရောင်လည်း စုစည်းသွားပြီးနောက် မုတ်ဆိတ်ဖြူ၊ မျက်ခုံးဖြူအဘိုးအိုတစ်ဦးအသွင် ပြောင်းလဲလိုက်ကာ ဆင်းသက်လာသည်။ သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်သို့ ရောက်လာကာ ချင်မူ့နေအိမ်ထဲ ဝင်လာသည်။

ချင်မူလည်း ဦးညွှတ်အရိုအသေပေးကာ ပြောလိုက်သည်။ “တာအိုနောင်တော် မြေအောက်ဘုံအရှင်သခင်၊ တာအိုနောင်တော် ကောင်းကင်နယ်စားမင်း”

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်း၏ ကိုယ်စားက ကပျာကယာ အရိုအသေ ပြန်ပေးကြသည်။ “ကောင်းကင်နတ်အရှင်မူ”

ကောင်းကင်နယ်စားမင်းသည် ရယ်လိုက်၏။ “မင်းက ငါတို့စွမ်းအားတွေ သုံးရင်း အမိကမ္ဘာမြေကို အသက်သွင်းပေးနေတာ သတိထားမိလိုက်လို့ ငါတို့နှစ်ယောက် စောင့်ကြည့်ခဲ့ကြတယ်... အမိကမ္ဘာမြေက အလိုက်မသိဘဲ ကောင်းကင်နတ်အရှင်မူကို ရန်စလိုက်လိမ့်မယ် မထင်ထားခဲ့ကြဘူး... အမိကမ္ဘာမြေဟာ ရှေးဟောင်းကမ္ဘာဦးခေတ်ရဲ့ အစကတည်းက တည်ရှိခဲ့တဲ့ မဟာဖြစ်တည်မှုတစ်ခုပါ... သူက ကမ္ဘာဦးဘုံကို စောင့်ရှောက်ပေးခဲ့ပြီး သက်ရှိသတ္တဝါတွေကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တယ်... သူ သေဖို့ မသင့်ဘူး”

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ပြောသည်။ “ကောင်းကင်နတ်ဘုံက ကောင်းကင်နယ်စားမင်းနဲ့ ငါတောင် ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တဲ့အထိ အင်အားကြီးမားလွန်းတယ်... မင်း အမိကမ္ဘာမြေကို သတ်လိုက်ရင် စိတ်တူမိတ်ဆွေတစ်ယောက် ဆုံးရှုံးလိုက်မှာ မဟုတ်လား”

ချင်မူက ခေါင်းယမ်းလေသည်။ “စိတ်တူ ဟုတ်လား... အဲ့လို မတွေးရဲပါဘူးဗျာ... သူက ကျွန်တော့်အပေါ် အခွင့်အကောင်းယူတာ များလှပြီ... မဟာမိတ်တစ်ယောက်အပေါ် ဆက်ဆံတာက အဲဒီလိုမျိုးလား... ကျွန်တော်က ရှေးဟောင်းနတ်ဘုရားတွေ မွေးထားတဲ့ ခွေးတစ်ကောင်လို့ သူ ပြောလိုက်တာ တာအိုနောင်တော်တို့ မကြားလိုက်လေသလား”

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ကောင်းကင်နယ်စားမင်းက ရယ်လေသည်။ “အမိကမ္ဘာမြေက မရင့်ကျက်သေးလို့ပါ... သူ့ကို စိတ်ထဲ ထားမနေနဲ့... သူက စကားမပြောခင် တွေးတဲ့သူ မဟုတ်ဘူး... အခု သူ မှားမှန်းလည်း သိနေပြီပဲ ... သူ့ကို အသက်ချမ်းသာပေးလိုက်ပါလို့ ငါ တောင်းဆိုပါရစေ”

ချင်မူ မြူခိုးများအား ဖယ်ရှားလိုက်သည်။ သူ့မျက်နှာအမူအရာသည် အတန်ငယ် ပျော့ပျောင်းသွားပြီး သူက အင်တင်တင်အသံဖြင့် ပြော၏။ “တာအိုနောင်တော်နှစ်ယောက်လုံးက ကျွန်တော့်ကို ကောင်းကောင်းကြည့်ရှုစောင့်ရှောက်ပေးခဲ့ကြတယ်... နောင်တော်တို့ရဲ့ စွမ်းအားတွေကို ငှားခဲ့လို့လည်း ကျွန်တော်က ပြိုင်ဘက်ကင်’ မှော်ဝိဇ္ဇာရှင်ဖြစ်လာခဲ့တာပါ... ဒီတော့ တာအိုနောင်တော်တို့ မျက်နှာကို ထောက်ထားပြီး အမိကမ္ဘာမြေကို ဒီနေ့ အသက်ချမ်းသာပေးလိုက်မယ်... အမိကမ္ဘာမြေ၊ အခုချက်ချင်း ကုန်းစွန်းယန်ရဲ့ ကိုယ်ထဲကနေ ထွက်သွားပါ”

ကုန်းစွန်းယန်၏အမူအရာက ကလန်ကဆန် ဖြစ်သွားပြီး အော်လေသည်။ “ငါ့အမြစ်တွေက ဒီကမ္ဘာဦးသစ်ပင်နဲ့ ပေါင်းစည်းသွားပြီ... ခွဲလို့ မရတော့ဘူးလေ... ဒီကိုယ်ထဲက ထွက်သွားရင် ငါ ဘယ်သွားရတော့မှာလဲ”

ချင်မူက ကမ္ဘာဦးသစ်ပင်၏ အူတိုင်ကို ထုတ်၍ မြေကြီးပေါ် ပစ်ချလိုက်ကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “ခင်ဗျား နေဖို့ ဒီတုတ်ချောင်း ငှားပေးထားမယ်”

ကုန်းစွန်းယန်သည် အသံမြည်သည်အထိ ဒေါသတကြီး အံကြိတ်လိုက်၏။ ကောင်းကင်နယ်စားမင်းက ချောင်းတစ်ချက် ဟန့်လိုက်သောကြောင့် အမိကမ္ဘာမြေ၏ မြေဝိညာဉ်မှာ ကုန်းစွန်းယန်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပြီး ကမ္ဘာဦးသစ်ပင်အူတိုင်ထဲ ဝင်သွားရတော့သည်။

သူမ၏ အက်ကွဲနေသောအသံက ကမ္ဘာဦးသစ်ပင်၏ အူတိုင်ထဲမှ ပျံ့လွင့်လာသည်။ “ငါ့မှာ မြေဝိညာဉ်ပဲ ကျန်တော့တယ်... ဒီအူတိုင်ကလည်း အားနည်းပြီး သေးလွန်းတယ်... နောင်ကျ ကောင်းကင်နတ်အရှင်ဆယ်ယောက်ကို ဘယ်လိုရင်ဆိုင်ရတော့မလဲ”

ချင်မူက သူမကို ကမ္ဘာဦးရေကြည်ပုလင်းတစ်ပုလင်းထဲ ပစ်ချလိုက်ကာ အေးစက်စက် ရယ်သည်။ “ခင်ဗျားကို အသက်သွင်းပေးလိုက်ရလို့ ကျွန်တော့်ဘက်တောင် ရှုံးသေးတယ်... ခင်ဗျားက ကမ္ဘာဦးရေကြည်တစ်ပုလင်းနဲ့ ကမ္ဘာဦးသစ်ပင် အူတိုင်လေး သုံးပြီး အသက်သွင်းပေးဖို့ တောင်းဆိုခဲ့တာလေ... အခု ကျွန်တော် ခင်ဗျားဆီ ပြန်ပေးလိုက်ပြီပဲဟာ... ခင်ဗျား အမြတ်ထွက်သွားတာ မဟုတ်လား”

All Chapters