သိပ္ပံပညာရှင်ရဲ့အချစ်ဇာတ်လမ်း! ပါမောက္ခလီက စံပြပုံစံဖြစ်လာတယ်! ၂
Vol. 31 Ch. 451
''ပါမောက္ခလီခိုင်လိုအချစ်ကြီးတဲ့သူနဲ့သာဆုံနိုင်ခဲ့ရင်...''
''အချစ်ကြီးရုံနဲ့မရဘူး ဟုတ်တယ်မလား? ဟိုဘက်အတန်းကတစ်ယောက်လည်း နင့်ကိုအရူးအမူးပဲလေ''
''ဒါပေါ့... အချစ်ကြီးတာက မရှိမဖြစ်... တကယ်လို့ ပါမောက္ခလီခိုင်လိုထူးချွန်ခဲ့ရင် ဒါမှမဟုတ် ပါမောက္ခလီခိုင်လိုမိသားစုနောက်ခံရှိရင် နှစ်ခွန်းမပြောဘူး... လက်ခံလိုက်မှာ''
“......”
သူမအခန်းဖော်၏ဆွေးနွေးချက်ကိုနားထောင်ပြီး ချန်ရွှယ်ခေါင်းခါလိုက်သည်။ သူမကဇာတ်လမ်းအမှန်ဟုတ်မဟုတ် စူးစမ်းလိုက်၏။ သို့သော် ထိုဗီဒီယိုကိုချင်းလင်စံအိမ်တရားဝင်အကောင့်တွင်တင်ထားသည်ကိုတွေ့လိုက်ရလေသည်။
သဘောက ဒီအချစ်ဇာတ်လမ်းကတကယ်ပေါ့?
ပါမောက္ခလီခိုင်၏အချစ်ဇာတ်လမ်းထွက်လာသောအခါ အင်တာနက်ရေတပ်၏တွန်းအားကြောင့် ပေါက်သွားသည်။
နောက်ပြီး တရုတ်သိပ္ပံအကယ်ဒမီကလည်း ထိုဇာတ်လမ်းဗီဒီယိုကိုခေါင်းစဉ်တစ်ခုနှင့်တင်ထားကြောင်း အလျင်အမြန်တွေ့သွားကြ၏: သိပ္ပံပညာရှင်ရဲ့အချစ်ဇာတ်လမ်း!
ထိုအချိန်တွင် နာမည်ကြီးလိုက်ပုံက ထိန်းမနိုင်သိမ်းမရ။
အချိန်လွန်သည်နှင့် လီခိုင်၏ပုဂ္ဂိုလ်ရေးဆွဲဆောင်မှုက အမျိုးသမီးအားလုံး၏မျက်စိထဲတွင် အတိုင်းအဆမရှိမြင့်တက်လာသည်။
အချ်န်တိုအတွင်း လီခိုင်က အမျိုးသမီးထု၏စံပြပုံစံဖြစ်သွားသည်။
ဒီလိုနောက်ခံအင်အားနှင့် အရည်အချင်းပြည့်ဝခြင်း၊ အချစ်ကြီးခြင်း၊ အိမ်ထောင်ကျပြီး ကလေးရှိသည်ကိုဂရုမစိုက်ခြင်းမျိုးက ဘယ်လိုလုပ် စံပြမဖြစ်ဘဲနေမလဲ?
ဒီလိုလူမျိုးနဲ့မဆုံချင်တဲ့ မိန်းကလေးရောရှိမလား?
အိမ်ထောင်ကျပြီးမပျော်ရွှင်ရသောအမျိုးသမီးများ၊ ကလေးရပြီးသူတချို့တောင် စိတ်ကူးယဉ်အိပ်မက်မက်လာကြသည်။
ပေါ်လွင်ထင်ရှားမှုကိုမြင်ပုံရသော အမျိုးသမီးဇာတ်ဆောင်ရုပ်ရှင်များ၏ဒါရိုက်တာတချို့လည်းရှိသည်။ ဒီဇာတ်လမ်းက ရုပ်ရှင်ကိုလုံးဝပြောင်းလဲပစ်နိုင်သည်။
အဆင့်အတန်းမြင့်၊ အရည်အချင်းမြင့်၊ ကိုယ်ရည်ကိုယ်သွေးမြင့်သော အမျိုးသားဇာတ်ဆောင်များမှာ အလွန်ကျော်ကြားသည်။
အမျိုးသမီးဇာတ်ဆောင်က ရုပ်ဆိုးဆိုး၊ အရပ်ပုပု၊ အိမ်ထောင်ကွဲ၊ ကလေးရှိလည်း ကိစ္စမရှိ။ အဓိကက အဆင့်အတန်းမြင့်အမျိုးသားဇာတ်ဆောင်၏အလိုက်ခံရသည်။ နစ်ဝင်နေသောခံစားချက်က ပရိသတ်များကိုရုန်းမထွက်နိုင်ဖြစ်စေလိမ့်မည်။
ချင်းလင်စံအိမ်၌_


လီခိုင်ကသတို့သမီးခန်းနံပါတ် ၁ ပြန်ရောက်သောအခါ ဒီရေပန်းစားမှုကိုအာရုံစိုက်ထားသည်။ ဘာပဲဖြစ်ဖြစ် ဒါသူ့အနာဂတ်ပျော်ရွှင်မှုဟုယူဆနိုင်သည်။
အမှန်အတိုင်းပြောရရင် ညီလေးချင်ဖန်တီးထားတဲ့ဇာတ်လမ်းကိုကြည့်ပြီး နည်းနည်းရှက်မိသည်။ ဇာတ်လမ်းက သူ့ကိုအလွန်ပြီးပြည့်စုံအောင်ဖော်ကျူးထား၏။
သူဘယ်တုန်းကနှာခေါင်းသွေးလျှံလို့လဲ? သူ့ဇာတ်လမ်းရဲ့ဆွဲဆောင်မှုအောက်မှာ သူပါကျရှုံးသွားသလိုခံစားလိုက်ရသည်။
ရှိုးဝမ်များမြင်ရင် ဘယ်လိုတုံ့ပြန်မလဲမသိ။
လီခိုင်တွေးတောနေစဉ် တံခါးခေါက်သံကြားလိုက်ရသည်။ သူကချက်ချင်းဖုန်းသိမ်းပြီး တံခါးဖွင့်လိုက်သည်။ အပြင်ဘက်တွင်ရပ်နေသောမိန်းမလှလေးကြောင့် သူ့မျက်လုံးများဝင်းလက်သွား၏။
အခုပဲ သူတွေးနေတဲ့သူမဟုတ်လား?
တံခါးဖွင့်ဖွင့်ချင်း ထန်ရှိုးဝမ်၏မျက်လုံးများက လီခိုင်ကိုရွှန်းရွှန်းလဲ့လဲ့ကြည့်နေသည်။ အင်တာနက်ပေါ်ကသတင်းကို သူမတွေ့ပြီးပြီ။
အရင်က စီနီယာအစ်ကိုလီဒိုနာစီမြက်ရင်းကိုပျိုးထောင်တာ သူမအတွက်လားဟုစိတ်ကူးယဉ်ခဲ့သော်လည်း အစပိုင်းသူမအတွေးကိုပြန်ရုတ်သိမ်းလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒီလောက်အချိန်တိုအတွင်းမှာ စီနီယာအစ်ကိုလီက ဘယ်လောက်စွမ်းမှာလဲ?
ဒါပေမဲ့ အခုတော့ အင်တာနက်ပေါ်ကသတင်းတွေ့ပြီး အမှန်ဖြစ်ကြောင်းသေချာသွားသည်။ စီနီယာအစ်ကိုလီက သူမအတွက်ဒီလောက်စွမ်းခဲ့တာပဲ။
အင်တာနက်ပေါ်မှအမျိုးသမီးများမှာ သတင်းကိုစိတ်ဝင်စားနေကြသည်။
အမျိုးသမီးဇာတ်ဆောင်ဖြစ်တဲ့သူမက စိတ်လှုပ်ရှားပြီး အပြေးလာတာပေါ့။
''ရှိုးဝမ်... မြန်မြန်'' လီခိုင်က ထန်ရှိုးဝမ်ကိုမြင်လျှင်ပြောလိုက်သည်။ သူမကသူ့ဆီတိုးဝင်ပြီး တံခါးပိတ်ကာ သူ့အဝတ်အစားကိုစလှပ်လိုက်သည်။
လီခိုင်မှာ တဒင်္ဂမျှကြောင်သွားသည်။
သူကလူပျိုဖြစ်နေဆဲ။ ဒါသူစိတ်ကူးယဉ်ခဲ့သောကိစ္စ၊ ဖြစ်လာဖို့မျှော်လင့်နေသောကိစ္စ။ ဘယ်လိုဆက်လုပ်ရမလဲ သူမသိ။
ညပိုင်းကုန်လွန်သွားသည်။
မင်မြို့တော်_
လီမိသားစုသခင်ကြီးမှာ မနက်စောစောနိုးလာသည်။
အသက်အရွယ်ရပြီး အအိပ်နည်းလာ၍ စောစောနိုးနေ၏။
မနက်အစော မနက်စာနည်းနည်းစားပြီး ချင်းလင်ဆေးဖက်ဝင်ဝိုင်ခွက်သေးတစ်ခွက်သောက်လိုက်သည်။
အရင်က ဒီဆေးဖက်ဝင်ဝိုင်ကို အစာစားပြီးတိုင်းမသောက်နိုင်။ သူ့မိသားစုက မင်စီရင်စုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်ခုဆီသွားပြီး ဆေးဖက်ဝင်ဝိုင်တောင်းရင်တောင် အများကြီးမရချေ။
ချင်းလင်ဆေးဖက်ဝင်ဝိုင်က တခြားနှစ်ခုထက်ပိုကောင်းသည်ဆိုသော်လည်း သူ့သားအငယ်ဆုံးနှင့်မြေးက သူဌေးချင်နှင့်ရင်းနှီးသောကြောင့် ဆေးဖက်ဝင်ဝိုင်ရဖို့အများကြီးပိုလွယ်သည်။
ဝိုင်ခွက်လတ်စသတ်ပြီးနောက် ဧည့်ခန်းဆိုဖာတွင်ထိုင်၍ ကော်ဖီစားပွဲအံဆွဲထဲမှ ဓာတ်ပုံတစ်ထပ်ကိုထုတ်လိုက်သည်။
သူ့သားအငယ်ဆုံးနဲ့ဘလိုင်းဒိတ်ဖို့ ကမ်းလှမ်းထားတဲ့သူတွေပေါ့။


သူ့သားအငယ်ဆုံးက ဘလိုင်းဒိတ်တစ်ကြိမ်ပြီးတစ်ကြိမ်အဆင်မပြေခဲ့သောကြောင့် မိန်းကလေးရှာမတွေ့မှာစိတ်ပူနေခဲ့ရသည်။ သူ့သားကယောက်ျားတွေကိုသဘောကျတာဟူ၍ အမြဲအလှောင်ခံရသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ဒါကြောင့် သူလည်းဒီအခွင့်အရေးကိုအသုံးချပြီး သူ့သားအငယ်ဆုံးရဲ့ဘဝတလျှောက်ပြဿနာကိုဖြေရှင်းပေးချင်သည်။
ဒီလောက်မိန်းကလေးတွေအများကြီးတစ်ခါတည်းရောက်လာတာ သူ့သားငယ်က သင့်တော်တဲ့တစ်ယောက်ယောက်ရွေးနိုင်လိမ့်မယ် ဟုတ်တယ်မလား?
ပြီးတော့ ဒီမိန်းကလေးတွေက မိသားစုကောင်းကဆင်းသက်လာတာဆိုတော့ အိမ်ထောင်ဖက်ကောင်းတွေလေ။
အဘိုးကြီးကဓာတ်ပုံများရွေးနေစဉ် လီကျန်းအလောတကြီးဝင်လာသည်။ သူ့လက်ထဲမှဓာတ်ပုံများကိုမြင်လျှင် သက်ပြင်းချပြီး_
''အဖေ... လီခိုင်ရဲ့အိမ်ထောင်ရေးအတွက် အဖေစိတ်ပူစရာမလိုတော့ဘူး... အခုလီခိုင်ကိုလက်ထပ်ရဲတဲ့မိသားစုမရှိလောက်တော့ဘူး''
''ဟိုကောင်လီကျွင်း ဒုက္ခပေးပြန်ပြီလား?''
အဘိုးကြီးကမျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။ အဲဒီသားက အရင်ဒီကိစ္စကိုဒုက္ခရောက်အောင်တော်တော်လုပ်ခဲ့ပြီး သူ့ဂုဏ်သတင်းပါပျက်စီးတော့မလိုဖြစ်ခဲ့သည်။
''အဖေ... အဖေ့ဘာသာကြည့်!'' လီကျန်းကသူ့ဖုန်းထုတ်ပြီး အဘိုးကြီးကိုသတင်းပြလိုက်သည်။
''ပါမောက္ခလီခိုင်ကိုအားလုံးသိမယ်ထင်ပါတယ် ဟုတ်တယ်ဟုတ်? သူကဒိုနာစီမြက်ရင်းပျိုးထောင်ခဲ့သူပါ''
ဗီဒီယိုအသစ်က လီခိုင်ရဲ့အချစ်ဇာတ်လမ်းအကြောင်း။
အဘိုးကြီးကဗီဒီယိုအသစ်ကြည့်ပြီး အမှတ်တမဲ့မေးလိုက်သည်_ ''ဒါအမှန်ပဲလား?''
လီကျန်းကရှင်းပြလိုက်သည်_ ''ဒါချင်းလင်စံအိမ်ကတင်တာ... တရုတ်သိပ္ပံအကယ်ဒမီကတောင် ပြန်တင်ပြီး like ပေးထားတာ... အမှန်ဖြစ်ရမယ်... အခုအင်တာနက်တစ်ခုလုံးက ဒီအကြောင်းသိနေပြီ... ဘယ်မိသားစုရဲ့သမီးက လီခိုင်နဲ့ဘလိုင်းဒိတ်တွေ့ရဲမှာလဲ? အဖေ့နာမည်ပျက်ရုံတင်မကဘူး... အင်တာနက်မှာပါအပြောခံရလိမ့်မယ်''
လီခိုင်ကဒါမျိုးလုပ်မှာမဟုတ်။ ဟိုကောင်လီရှင်းလက်ချက်ပဲဖြစ်ရမည်။ ဗီဒီယိုထွက်လာတာ သူဌေးချင်ရဲ့တရားဝင်အကောင့်ကဖြစ်နေသည်။ မဟုတ်ရင် လီရှင်းလုပ်နိုင်လိမ့်မည်မဟုတ်ပေ။
ထိုစကားကြားပြီး အဘိုးကြီးကမတတ်သာပုံနှင့်သက်ပြင်းချလိုက်သည်။ ဒီဇာတ်လမ်းက တကယ်စိတ်ဝင်စားစရာ။ သူ့သားက ဒီလောက်နက်နက်နဲနဲအတွေးရှိမှန်း သူမသိခဲ့။
''အဖေ... စိတ်မဆိုးဘူးလား?'' လီကျန်းကဇဝေဇဝါနှင့်မေးလိုက်သည်။
အဘိုးကြီးကပြုံးလိုက်ပြီး_ ''အခုစိတ်ဆိုးနေလို့ဘာရမှာလဲ? ဒါလည်းကောင်းတာပဲ... ဒီကောင်ရဲ့မင်္ဂလာဆောင်က အတည်တကျဖြစ်သွားပြီလို့ပြောလို့ရတယ်... ဒီကောင်လက်မထပ်နိုင်လည်း နာမည်ကအတော်ရသွားပြီ''
''သူ့နာမည်က မင်းအတွက် မိသားစုအတွက်ကောင်းတယ်... ပြီးတော့ သူဌေးချင်က မင်းညီကိုကူညီချင်စိတ်ရှိတယ်... ဒါသူတို့ဆက်ဆံရေးကောင်းရှိတယ်ဆိုတဲ့သဘောပေါ့ ဟုတ်တယ်မလား?''
''အဖေ... အဖေဒီလိုတွေးတာကောင်းပါတယ်!''
လီကျန်းလည်း သက်ပြင်းမှုတ်ထုတ်လိုက်သည်။ အရင်ကတည်းက ဒီကိစ္စကိုမြင်တွေ့ခဲ့ရပြီးပြီ။ သူ့ညီကိုလက်ထပ်ဖို့ဖိအားမပေးသော်လည်း သူ့အဖေသိရင်စိတ်ဆိုးမှာ စိုးရိမ်နေခဲ့သည်။
ဘာပဲဖြစ်ဖြစ် လီရှင်းလည်း အရင်ကမဟာမိတ်အိမ်ထောင်ပြုသည့်ကိစ္စနှင့်ပြဿနာဖြစ်ခဲ့သည်။ နောက်ဆုံးလင်းလျိုနှင့်လက်ထပ်ပြီး နှစ်ယောက်သားအဆုံးသတ်ကောင်းခဲ့သော်လည်း အဘိုးကြီးသေမတတ်ဒေါသထွက်ခဲ့သည်။
ဒီတစ်ခါ သူ့အဖေဒီလောက်အမြင်ကျယ်မည်ဟု မထင်မိပေ။
ထိုအကြောင်းတွေးရင်း လီကျန်းလည်းသူ့ဖုန်းပြန်ယူပြီး လီခိုင်ကိုဖုန်းဆက်လိုက်သည်။


ဒီအချိန် သူ့ညီငတုံးလည်း သတင်းကိုဆန္ဒစောပြီးစောင့်နေလိမ့်မည်။
...
ချင်းလင်စံအိမ်_
မနက်စောစော၌ ချင်လင်ကဂိမ်းထဲမှထုတ်ထားသောပစ္စည်းများ စံအိမ်ပို့လိုက်သည်။ ရုံးခန်းဘက်ရောက်သောအခါ လီခိုင်သူ့ကိုလာရှာသည်။
''အစ်ကိုလီ... ခင်ဗျားခါးက ဘယ်လိုဖြစ်တာလဲ?''
ချင်လင်က ဇဝေဇဝါနှင့်မေးလိုက်သည်။
လီခိုင်မျက်နှာမှာ မအီမသာပုံဖြစ်နေသော်လည်း ဖြေဖို့ရှက်နေ၏။ ထို့နောက် ပါးပါးနပ်နပ်ခေါင်းစဉ်ပြောင်းလိုက်ပြီး_
''မနက်အစောကြီး ငါ့အစ်ကိုဖုန်းဆက်တယ်... အင်တာနက်ပေါ်ကအကြောင်း အိမ်ကတွေ့သွားပြီတဲ့... ဘိုးတော်က စိတ်မဆိုးဘူး... ဘလိုင်းဒိတ်လည်းမစီစဉ်ပေးတော့ဘူးတဲ့... ညီလေးချင် ငါ့ပျော်ရွှင်မှုကိုကာကွယ်ပေးတဲ့အတွက် တကယ်ကျေးဇူးတင်တယ်ကွာ''
ချင်လင်ကပြုံးလိုက်ပြီး_ ''အစ်ကိုလီ... ဒါကောင်းတာပဲ... ခင်ဗျားကျွန်တော့်ကိုကျေးဇူးတင်ချင်ရင် အနောက်ဘက်ခြံဝင်းထဲကစိုက်ခင်းမှာ သီးနှံတွေမှည့်လောက်ပြီ... မျိူးစိတ်ပြောင်းလဲမှုရှိမရှိ ကူပြီးစစ်ပေးလေ''
''ဒါကပမွှားလေး'' လီခိုင်ကပြောရင်းဆိုရင်း ချင်လင်ဘက်ရုတ်တရက်လှည့်ပြီး_
''ညီလေးချင်... ငါမင်းကိုတောင်းဆိုစရာရှိတယ်''
''ပြောပါ!'' ချင်လင်က လီခိုင်၏ထူးဆန်းသောမျက်နှာထားကို ဇဝေဇဝါနှင့်ကြည့်လိုက်သည်။
''ငါ့ကိုဆေးဖက်ဝင်ဝိုင်နည်းနည်းပေးလို့ရမလား?''
လီခိုင်က စိုးရိမ်ပုံနှင့်မေးလိုက်သည်။
''ခင်ဗျားလိပ်ခေါင်းထပြန်ပြီလား?'' ချင်လင်ကစလိုက်သည်။
''No!'' လီခိုင်ကချက်ချင်းခေါင်းခါပြီး_ ''လိပ်ခေါင်းအတွက်မဟုတ်... ရန်ဓာတ်နဲ့ကျောက်ကပ်အားဖြည့်ဖို့''
ချင်လင်က စောစောကသူခါးကိုင်ထားပုံကိုတွေးမိပြီး သဘောပေါက်သွားသည်။
လီခိုင်က ခိုးကြောင်ခိုးဝှက်ပုံစံနှင့်_
''ငါ့အတွက် ပိုလုပ်ပေးလို့ရမလား?''
ရုံးပတီသီး?
''အစ်ကိုလီ'' ချင်လင်ကကြိတ်ရယ်လိုက်ပြီး_
''ခင်ဗျားက ဆေးဖက်ဝင်ဝိုင်နဲ့ရုံးပတီသီး... ခင်ဗျားကအားမရှိတာလား ဒါမှမဟုတ် ဒေါက်တာထန်ကအားကောင်းလွန်းတာလား?''
''ငါကဘယ်လိုလုပ်အားနည်းရမှာလဲ?''
လီခိုင်ကထိုစကားကြားပြီး စိတ်ပူလာသည်။
ပထမဆုံးအကြိမ်မလို့ နည်းနည်းမြန်သွားတာ။
သူ့ကိုယ်သူပိုပြီးအားဖြည့်ထားရင် ပိုမကောင်းဘူးလား?
''ဒီလိုဆိုတော့ ဒေါက်တာထန်ကအံ့ဩစရာကောင်းတယ်လို့ပြောချင်တာလား?''
ချင်လင်စလိုက်သည်။
''မင်းရဲ့သီးနှံတွေ သွားစစ်တော့မယ်'' လီခိုင်မျက်နှာရဲသွားပြီး မေးခွန်းကိုမဖြေတော့။ သူကနောက်ပြန်လှည့်ပြီး ခပ်သုတ်သုတ်ထွက်သွား၏။
သို့သော် ရှိုးဝမ်ကတကယ်အံ့ဩစရာဆိုတာတော့ သူဝန်ခံရမည်။ သူဘယ်လိုစလုပ်ရမည်မသိ၍ ရှိုးဝမ်ကိုသင်ပေးဖို့ပြောရသည်။
သူမကသင်လေလေ လီခိုင်ကပိုပြီးရှက်လေလေ။
ရုံးခန်းဘက်မှထွက်လာပြီး မူလခန်းမအနောက်ဘက်ခြံဝင်းထဲရှိစိုက်ခင်းဆီတန်းသွားလိုက်သည်။
အဲဒီနေရာမှာ ညီလေးချင်က သခွားသီး၊ ခရမ်းသီး၊ ရုံးပတီသီးတွေစိုက်ထားမှန်းသူသိသည်။
အခုရုံးပတီသီးနဲ့ခရမ်းသီးက မျိုးစိတ်ပြောင်းလဲကြောင်းအတည်ပြုပြီးပြီ။ တခြားသီးနှံများအပေါ်မူတည်နေသည်။