ဒီသခွားသီးက တကယ်မျိုးစိတ်ပြောင်းသွားတယ်! ၂
Vol. 31 Ch. 453
''ဥက္ကဌချင်!'' လုံခြုံရေးခေါင်းဆောင်ယွင်ဖေးက ချက်ချင်းလာနှုတ်ဆက်သည်။
သူကဘေးနားတွင် လုံခြုံရေးအစောင့်များကိုလေ့ကျင့်ပေးနေ၏။
စံအိမ်လုံခြုံရေးအစောင့်များက သူ့လိုအပ်ချက်နှင့်မကိုက်ညီပေ။
''မန်နေဂျာယွင် လုပ်စရာရှိတာလုပ်ပါ... ကျွန်တော်က ဒီအတိုင်းကြည့်ရုံပဲ''
ချင်လင်ကပြောပြီး မနေ့ကစိုက်ခဲ့သောမျိုးစေ့များကိုစစ်ဆေးကြည့်သည်။
သူတကယ်အာရုံစိုက်ဖို့လိုတာက ကိုလာသီးမျိုးစေ့ပင်။ တခြားမျိုးစေ့များက ကိုလာသီးအတွက် အကာအကွယ်သက်သက်ဖြစ်သည်။
ကိုလာသီးစိုက်ထားသောမြေက စိုစွတ်နေ၍ ရေလောင်းထားပုံရသည်။
ပြဿနာတစ်စုံတရာမရှိကြောင်းတွေ့မှစိတ်အေးသွားပြီး ချင်းလင်ဓာတ်ခွဲခန်း၏အခြေအနေနှင့်သတင်းစစ်ဆေးရန် ရှန်လီကိုသွားရှာလိုက်သည်။
ချင်းလင်ဓာတ်ခွဲခန်းတစ်ခုလုံးကို ရှန်လီဆီလက်လွှဲထားသော်လည်း ဥက္ကဌအနေနှင့် ဓာတ်ခွဲခန်းအခြေအနေကိုလျစ်လျူရှုထား၍မရ။
ချင်လင်ဓာတ်ခွဲခန်းတွင်အပြီးသတ်ချိန်မှာ နေ့လယ်ရောက်နေပြီ။ ထို့နောက် ချင်းလင်စံအိမ်ပြန်လာခဲ့၏။
ရုံးခန်းထဲရောက်ရောက်ချင်း လီခိုင်ကသူ့တံခါးဝအပြေးရောက်လာသည်ကိုတွေ့ရသည်_
''ညီလေးချင်... မြန်မြန် ဒီသခွားသီးရဲ့အချက်အလက်ကိုကြည့်လိုက်... ဒီသခွားသီးရဲ့မျိုးစိတ်ပြောင်းလဲမှုမှာ အံ့ဩစရာအာနိသင်ရှိတယ်''
''ဒီလောက်မြန်မြန်စမ်းသပ်ရပြီလား?''
ချင်လင်နည်းနည်းအံ့ဩသွားသည်။ အရင်က ရုံးပတီသီးနဲ့ခရမ်းသီးစစ်တာ ဒီလောက်မမြန်။


''ဘာလို့လဲဆိုတော့ ဒီသခွားသီးမှာက အရင်တစ်ခါအလှအပဥလို အလှအပနဲ့အသားဖြူစေတဲ့ဓာတ်တွေပါလို့လေ''
လီခိုင်ကရှင်းပြသည်_
''ပြီးတော့ ပမာဏကမသေးဘူး... သာမန်သခွားသီးတွေယှဉ်နိုင်ဖို့အဝေးကြီး''
''ပြီးတော့ ဒီသခွားသီးမှာ အသားဖြူစေတဲ့အာနိသင်အပြင် အသားအရေကိုစိုပြေစေတဲ့ ကော်လာဂျင် ကီရာတင်နဲ့ တခြားဓာတ်ပစ္စည်းတွေလည်းပါတယ်''
''တစ်နည်းပြောရရင် ဒီဟာကို မျက်နှာကပ်လို့ရတယ်ကွာ... သာမန်သခွားသီးတွေအလုပ်ဖြစ်မဖြစ်မသိပေမဲ့ ဒီသခွားသီးကတော့ သေချာပေါက်အာနိသင်အရမ်းကောင်းလိမ့်မယ်''
''ဒီကောင်အရသာက အရမ်းအန်ချင်စရာကောင်းပေမဲ့ ဒီလိုအာနိသင်နဲ့တော်တော်ထူးဆန်းတဲ့မျိုးစိတ်ပြောင်းလဲသွားတာပဲ''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
အစ်ကိုလီက အသည်းအသန်ကြိုးစားပြီး အလှအပသခွားသီးရဲ့အဓိကအရည်အသွေးတွေအားလုံးကိုစမ်းသပ်တွေ့သွားပြီပဲ။
''သခွားသီးထဲမှာ ငါစမ်းသပ်လို့မရတဲ့အထူးဓာတ်တစ်မျိုးရှိတယ်''
လီခိုင်ကထပ်ပြောသည်_
''ဒီဓာတ်က ပြင်ပထိတွေ့မှု ဖိအားနဲ့တွေ့တဲ့အခါ အပူချိန်တက်လာတာပဲ ငါသိတယ်... အတိုင်းအတာတစ်ခုရောက်တဲ့အခါမှာ လူတွေရဲ့အာရုံကြောကိုတော်တော်နိုးကြားစေတဲ့ လှုံ့ဆော်ပစ္စည်းတစ်မျိုးကိုထုတ်ပေးလိမ့်မယ်''
ချင်လင်က လီခိုင်စကားနားထောင်ပြီး ဒါအရည်အသွေးထဲမှာဖော်ပြထားတဲ့အထူးအမည်မသိအာနိသင်ဖြစ်မည်ဟု ချက်ချင်းတွေးမိသည်။
အပူချိန်တက်စေပြီး အရမ်းနိုးကြားစေတဲ့ လှုံ့ဆော်ပေးတဲ့ပစ္စည်းထုတ်တာက ဘယ်လိုအသုံးဝင်မလဲ?
ဘာလို့တစ်ခုခုလွဲနေသလိုဖြစ်နေတာလဲ?
''အစ်ကိုလီ... ဒီအထူးဓာတ်ပစ္စည်းက အာရုံကြောစနစ်ကိုသက်ရောက်မှုရှိလား?''
ချင်လင်ကဇဝေဇဝါနှင့်မေးလိုက်သည်။
''အဲလိုမထင်ဘူး'' လီခိုင်ကခေါင်းခါလိုက်ပြီး_
''ဒီပစ္စည်းက အာရုံကြောနဲ့ဆက်စပ်တဲ့ဆေးဘက်ဆိုင်ရာတန်ဖိုးတော့မရှိဘူး... အာရုံကြောကိုပဲလှုံ့ဆော်ပေးတာ... ဒါပေမဲ့ အန္တရာယ်ဖြစ်စေတဲ့အာနိသင်တွေမရှိပါဘူး... လောလောဆယ် အဲဒါမေ့ထားလို့ရတယ်''
''ပြီးတော့ သခွားသီးမှာပါတဲ့ အသားဖြူစေတဲ့ဓာတ် အသားအရေစိုပြေစေတဲ့ဓာတ်တွေက စျေးကွက်ထဲမှာရှိတဲ့ အရည်အသွေးမြင့်မျက်နှာကပ်ခွာတွေထက်ပိုများတယ်ဆိုတာ တွေ့ရတယ်''
''အခု... အရင်ဆုံး ဒီအလှအပသခွားသီးကိုစမ်းဖို့လူရှာမယ်... ဒီအလှအပသခွားသီးရဲ့အာနိသင်တွေကိုကြည့်မယ်''
ချင်လင်က အလှအပသခွားသီးရဲ့အာနိသင်ကိုသိသလို အရည်အသွေး ၂ သခွားသီးရဲ့အာနိသင်ကိုလည်း စမ်းသပ်ထားသည်။ အခုဟာက အရည်အသွေး ၁ သခွားသီး၊ အာနိသင်ဘယ်လောက်များကျန်မလဲ သူသိချင်သည်။
ထို့ကြောင့် လီခိုင်ကိုအခင်းထဲသွားပြီး သခွားသီးခူးခိုင်း၊ဓားယူခိုင်းပြီး သူကဖုန်းထုတ်ကာ ဖုန်းများဆက်လိုက်သည်။
ခဏအကြာ ကျောက်မိုချင်းက လင်းလန်ဇီ၊ ကျန်းကွေ့ကျူ၊ ကောင်းယောင်ယောင်နှင့် သူ့ရုံးခန်းထဲရောက်လာသည်။ ထန်ရှိုးဝမ်တောင်ပါသည်။
မိန်းမလှလေးများ နည်းနည်းဇဝေဇဝါဖြစ်နေကြ၏။ သူဌေးကဘာလို့ရုတ်တရက်လှမ်းခေါ်မှန်း သူတို့မသိပေ။
''ချင်လင်... ဘာလို့တို့ကိုခေါ်တာလဲ?''
ကျောက်မိုချင်းက တန်းမေးလိုက်သည်။
ချင်လင်ကခေါင်းညိမ့်ပြီး_ ''အင်း... မင်းတို့လာပေးဖို့လိုတဲ့ကိစ္စရှိတယ်... အစ်ကိုလီက အသားအရေဖြူပြီးစိုပြေစေတဲ့အာနိသင်နဲ့ မျိုးစိတ်ပြောင်းတဲ့သခွားသီးတွေ့ထားတယ်... သူကစမ်းသပ်ချင်နေတာ''
သူတို့ပြောနေစဉ် လီခိုင်ကသခွားသီးတချို့နှင့် ရုံးခန်းထဲရောက်လာသည်။ သူဝင်လာပြီး မိန်းကလေးများကိုမြင်လျှင် ချင်လင်၏ရည်ရွယ်ချက်ကို သူသဘောပေါက်သည်။ သူကချက်ချင်း မိန်းကလေးများကိုသခွားသီးဝေပေးလိုက်သည်။
ထန်ရှိုးဝမ်အလှည့်ရောက်သောအခါ လီခိုင်နှင့်သူမက ထူးဆန်းသောသခွားသီးပုံစံကိုကြည့်ရင်း တစ်ခုခုတွေးမိသွားပုံရသည်။ တစ်ယောက်ကိုတစ်ယောက် ထူးဆန်းသောမျက်နှာထားများနှင့်ကြည့်လိုက်ကြ၏။
အလှအပဂရုစိုက်မှုက အမျိုးသမီးများကိုအလိုလိုဆွဲဆောင်တတ်စမြဲ။
လင်းလန်ဇီတို့မှာ အရင်ကသခွားသီးကပ်ဖူးကြသည်။ အခုအသစ်ထွက်လာတဲ့မျိုးစိတ်ပြောင်းသခွားသီးက အလှအပအာနိသင်ရှိမှန်းသိလိုက်ရပြီး သူတို့အားလုံးစမ်းကြည့်ဖို့စိတ်အားထက်သန်သွားကြသည်။
လီခိုင်ဆီမှသခွားသီးစိတ်ယူပြီး အချင်းချင်းကပ်ပေးကြ၏။
မကြာမီ အမျိုးသမီးများ၏မျက်နှာမှာ မျက်လုံး၊နှာခေါင်း၊ပါးစပ်မှလွဲ၍ သခွားသီးများပြည့်သွားသည်။
ဂိမ်းထဲတွင်စိုက်သော အရည်အသွေး ၂ သခွားသီးက အလွန်အာနိသင်ကောင်းသည်။
လက်တွေ့ဘဝမှာ အပင်အရည်အသွေးက ၂ မှ ၁ သို့ကျသွားရင်တောင် အာနိသင်ကသိသာနေဦးမည်။
ခဏအကြာ အမျိုးသမီးများက သူတို့မျက်နှာတွင်ပုံမှန်မဟုတ်သည်ကိုခံစားမိသည်။ သူတို့မျက်နှာပေါ်မှမွေးညင်းပေါက်များပြေလျော့ပြီး အလွန်သက်သောင့်သက်သာရှိနေသည်။
''အစ်မမိုချင်း... ခံစားမိလား?''
ကောင်းယောင်ယောင်မှာတက်ကြွသောမိန်းကလေးဖြစ်သည့်အလျောက် ချက်ချင်းပြောလိုက်သည်_
''ကျွန်မမျက်နှာ အရမ်းသက်သက်သာသာဖြစ်သွားတယ်... အားရပါးရစုပ်ယူလိုက်သလိုပဲ''
''အင်း!'' ကျောက်မိုချင်းမှာ အလှအပဥကိုစိတ်ရှိတိုင်းစားခဲ့သူဖြစ်၍ အသားအရေလှနေသည်ဖြစ်သော်လည်း သခွားသီးကပ်လိုက်သောအခါ အရေပြားမှအစိုဓာတ်စုပ်ယူမှုကို သူမလည်းခံစားမိသည်။