ဒီသခွားသီးက တကယ်မျိုးစိတ်ပြောင်းသွားတယ်! ၃
Vol. 31 Ch. 454
လင်းလန်ဇီနှင့်ကျန်းကွေ့ကျူလည်း ခံစားမိသည်။
ခါတိုင်းမျက်နှာကပ်ခွာသုံးသော်လည်း မျက်နှာကပ်ခွာကပ်ပြီး ဒီလိုထိထိရောက်ရောက်အာနိသင်မျိုးမခံစားရပေ။
၁၀ မိနစ်ကြာပြီးနောက် အမျိုးသမီးများက သူတို့မျက်နှာပေါ်မှသခွားသီးများကိုတစ်ခုပြီးတစ်ခုခွာလိုက်သည်။
သခွားသီးထဲမှအရည်ဓာတ်စုပ်ယူလိုက်ပုံရပြီး နည်းနည်းခြောက်သွား၏။
သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးအံ့ဩသွားကြသည်။
ကျောက်မိုချင်းမှာ အရည်အသွေး ၂ အလှအပဥခဏခဏစား၍ သူမအသားအရေကအရမ်းကောင်းသည်။ အရည်အသွေး ၁ အလှအပသခွားသီးကပ်တဲ့အာနိသင်က သိပ်သိသာမည်မဟုတ်သော်လည်း တခြားအမျိုးသမီးမှာ အလှအပသခွားသုံးပြီး အာနိသင်ကိုသိသိသာသာမြင်ရသည်။ သူတို့မျက်နှာများက ဖြူဖွေးပြီးစိုပြေနေသည်။
''ဒီသခွားသီးက ငါသုံးတဲ့မျက်နှာကပ်ခွာထက် အများကြီးပိုပြီးထိရောက်တာပဲ''
လင်းလန်ဇီက အံ့ဩပြီးပြောလိုက်သည်။
''အင်း... ကျွန်မလည်းအဲလိုထင်တယ်''
ကျန်းကွေ့ကျူလည်း ထပ်တူခံစားရသည်။
''ကလေးနေမကောင်းခင်က စျေးအကြီးဆုံးမျက်နှာကပ်ခွာထဲက CPR mask ကိုသုံးဖူးတယ်''
ထန်ရှိုးဝမ်က ပြောလိုက်သည်_
''တစ်ခုကို ယွမ် ၂၁၀ တောင်ပေးရတယ်... ဒါပေမဲ့ ဒီသခွားသီးလောက် အာနိသင်လောက်မကောင်းဘူးထင်တယ်''
ထိုစကားကြားပြီး ချင်လင်မျက်လုံးအရောင်တောက်သွားသည်။
အရည်အသွေး ၁ အလှအပသခွားသီးက ဒီလောက်စျေးကြီးတဲ့မျက်နှာကပ်ခွာထက်တောင် ပိုထိရောက်တယ်ပေါ့။


''အစ်ကိုလီ... ကြည့်ရတာ ကျွန်တော်တို့ ဒီသခွားမျိုးစိတ်အသစ်ရဲ့မျိုးစေ့ကို ပိုပြီးပျိုးထောင်ရတော့မယ်''
သူက လီခိုင်ကိုချက်ချင်းပြောလိုက်သည်။
အခုသခွားသီးရဲ့တန်ဖိုးကို လီခိုင်သိသွားပြီဖြစ်၍ ချက်ချင်းခေါင်းညိမ့်ပြီး_
''ဒီသခွားသီးတွေက မှည့်နေပြီ... မကြာခင် မျိုးယူလို့ရတော့မယ်... အဲဒီအပိုင်းမှာစိုက်ထားတဲ့မျိုးစေ့ပမာဏက နည်းမှာမဟုတ်ဘူး''
ချင်လင်ခေါင်းညိမ့်လိုက်သည်။ ထို့နောက် ကျောက်မိုချင်းဘက်လှည့်ကာ_
''မိုချင်း... တို့စာချုပ်ချုပ်ထားတဲ့ မြေဧက ၅၀၀၀ ထဲက နောက်ထပ်ဧက ၁၀၀ ကိုဖွံ့ဖြိုးအောင်လုပ်ရမယ်... တို့မျိုးစေ့ယူပြီးရင် သခွားသီးစစိုက်လို့ရပြီ''
အဲဒီအပိုင်းက အလှအပသခွားသီးမျိုးစေ့ယူပြီးရင် အရင်ဆုံးမြေဧက ၁၀၀ စိုက်ဖို့ပြဿနာမရှိ။
တကယ်လို့ မျိုးစေ့မလုံလောက်ရင် ဂိမ်းထဲကဝယ်လိုက်ရုံပင်။
အခု အလှအပသခွားသီးကို မြေဧက ၁၀၀ မှာစိုက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာရမလား ဒါမှမဟုတ် အများကြီးစိုက်ပြီး စံအိမ်ရဲ့အထူးဝိသေသလက္ခဏာအဖြစ် ချင်းလင်စံအိမ်မှာသာသုံးဆောင်နိုင်တဲ့အလှအပသခွားသီးလုပ်ရမလား သူစဉ်းစားရမည်။
''ကောင်းပါပြီ... ကျွန်မပြန်ရင် ယွီရွှေ့ကိုတာဝန်ပေးလိုက်မယ်''
ကျောက်မိုချင်းလည်း ခေါင်းညိမ့်တုံ့ပြန်လိုက်သည်။ သခွားသီးကတစ်နှစ်ပတ်လုံးဖြစ်ထွန်းနိုင်သော်လည်း ဆောင်းတွင်းမှာ မှန်လုံအိမ်လိုလိမ့်မည်။
သို့ရာတွင် မျိုးစေ့ရှိနေသရွေ့ အချိန်မရွေးစိုက်ပျိုးနိုင်သည်။
အလှအပသခွားသီး၏အာနိသင်များကိုအတည်ပြုပြီးနောက် ကျောက်မိုချင်းက သူမရုံးခန်းထဲပြန်လာပြီး မြေသစ်ဖွံ့ဖြိုးစေရန်အစီအစဉ်များဆွဲလိုက်သည်။
လီခိုင်က ထန်ရှိုးဝမ်နှင့်၊ နှစ်ယောက်သားပူးကပ်၍ ထွက်သွားကြသည်။ အလှအပသခွားသီးက တချို့ကိုယ်ရေးကိုယ်တာအကြောင်းအရာကိုအသိပေးလိုက်သလိုလို။
လင်းလန်ဇီ၊ ကျန်းကွေ့ကျူနှင့် ကောင်းယောင်ယောင်မှာ သူတို့နှစ်ယောက်အနောက်မှလိုက်ပြီး သူတို့အစာစားရဦးမည်။
အားလုံးထွက်သွားပြီးနောက် ချင်လင်လည်းသူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်၍ သူ့ဂိမ်းဇာတ်ကောင်ကိုဒီနေ့တာဝန်များအပြီးသတ်စေလိုက်၏။
ငါဖမ်း၊ သစ်ပင်ခုတ်၊ တောင်တန်းထွက်ကုန်များကြည့်။
အလုပ်ပြီးသောအခါ သူ့ဂိမ်းဇာတ်ကောင်ကို စိုက်ခင်းမှထွက်စေမည်အပြု ရုတ်တရက် စိုက်ခင်းဝင်ပေါက်တွင် တရုတ်ရိုးရာအင်္ကျီနှင့်မျက်မှန်တပ်ထားသော NPC ပေါ်လာသည်။
ထို NPC ကိုတွေ့ပြီး ချင်လင်မှာမအံ့ဩဘဲမနေနိုင်။
ဒါကမ္ဘာပတ်နေတဲ့ ဆန်းကြယ်တဲ့အရှေ့တိုင်းစီးပွားရေးသမား။
ကျပန်းပေါ်လာတတ်သော ဆန်းကြယ်သည့် NPC ဖြစ်သည်။ ပုံစံအဟောင်းထဲတွင် ခဏခဏပေါ်လာ၏။ သို့သော် ဒီပုံစံအသစ်ထဲတွင်မူ ဖိုရမ်က ဒီဆန်းကြယ်တဲ့အရှေ့တိုင်းကုန်သည်ကို ကစားသမားတိုင်းမတွေ့နိုင်ဟုဆိုထားသည်။
ကမ္ဘာပတ်နေသောကြောင့် လေးငါးနှစ်မှတစ်ကြိမ်သာ သတ္တုမြို့တော်ကိုဖြတ်သွားနိုင်သည်။ သူသတ္တုမြို့တော်ရောက်နေစဉ် ကစားသူများက တောင်တန်းထွက်ကုန်များစုဆောင်းနေခြင်း၊ သီးနှံများခူးနေခြင်း၊ သတ္တုတူးခြင်းနှင့်သတ္တုကောက်နေခြင်းတို့ကြောင့် လွတ်သွားနိုင်သည်။
နောက်ပြီး ဒီဆန်းကြယ်တဲ့အရှေ့တိုင်းကုန်သည်ရဲ့လုပ်ဆောင်ချက်က ကစားသူတိုင်း၏ဂိမ်းထဲမှာ တမူကွဲပြားနေလိမ့်မည်။ သင်္ဘောကဆိုက်ကပ်ပြီးတန်းစောင့်နေသောကြောင့် သတ္တုမြို့တော်ကိုဝင်တာ ပစ္စည်းဝယ်ဖို့ ဒါမှမဟုတ် နေမကောင်းလို့ ဆေးရုံသွားပြီးပူညံပူညံလုပ်တာဖြစ်မည်။
စိုက်ခင်းဝင်ပေါက်မှာ ဒီလိုမျိုးလည်းပေါ်လာနိုင်သည်ပေါ့။
ဆန်းကြယ်အရှေ့တိုင်းကုန်သည်နှင့်ဆုံတွေ့ခြင်းက ကစားသူတွေအတွက်ကံကောင်းခြင်းတစ်မျိုးပင်။
ဆန်းကြယ်အရှေ့တိုင်းကုန်သည်က မျိုးစေ့ဆိုင်မှာမရှိသောအထူးမျိုးစေ့ကို ကျပန်းရောင်းချလိမ့်မည်။
ချင်လင်က ဆန်းကြယ်အရှေ့တိုင်းကုန်သည်ကိုကြည့်ရင်း သူဒီနေ့ကံကောင်းမှန်းသိလိုက်သည်။
ကစားသူအတော်များများတွေ့တောင်မတွေ့နိုင်တဲ့ ဟိုရောက်ဒီရောက် NPC နဲ့ သူတွေ့နေရသည်လေ။
(မင်္ဂလာပါ မိတ်ဆွေ... ကျွန်ုပ်က အရှေ့ပိုင်းကကုန်သည်ပါ... ကျွန်ုပ်မှာအထူးမျိုးစေ့တချို့ရှိပါတယ်... သင်ဝယ်ယူလိုပါသလား?)
ချင်လင်ကချက်ချင်း ဝယ်မည်ကိုရွေးလိုက်သည်။ တစ်ခဏအတွင်း ပစ္စည်းတစ်မျိုးတည်းသာပါသော သင်္ဘောကုန်တင်စာရင်းပေါ်လာသည်:
အိမ်ဖြူတော်မြို့စားဘုရင်နှင်းဆီမျိုးစေ့×၁၀!
အလိုလေး... အိမ်ဖြူတော်!
မျိုးစေ့ကိုမြင်ပြီး ချင်လင်အံ့ဩသွားသည်။
ကမ္ဘာမှာ နှင်းဆီတွေက ဂုဏ်ပုဒ်အလွန်မြင့်မားပြီး အတော်အများများက ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုကြသည်။
နောက်ပြီး ဒီထက်တောင်ပိုစျေးကြီးသော၊မြင့်မြတ်သောနှင်းဆီများ ကမ္ဘာမှာအများကြီးရှိသည်။


စျေးအကြီးဆုံးတစ်မျိုးဖြစ်သော ဂျူးလိယက်နှင်းဆီမှာ ဒေါ်လာ ၄.၅ သန်းတန်သည်။
မြို့စားရဲ့နှင်းဆီက စျေးအကြီးဆုံးမဟုတ်လို့ ဘာမှမထူးခြားဘူးထင်ပါသလား?
အကြောင်းမှာ မြို့စားဘုရင်နှင်းဆီကိုဘယ်မှာမှဝယ်မရသောကြောင့်ပင်။ မြို့စားဘုရင်၏အိမ်ဖြူတော်မှာသာတွေ့နိုင်သည်။
နှင်းဆီမှာ ရှင်းကျန့်တယ်၏နိုင်ငံတော်ပန်းဖြစ်သည်။ သို့သော် ရှင်းကျန့်တယ်၏တကယ့်နိုင်ငံတော်ပန်းမှာ အိမ်ဖြူတော်မှမြို့စားနှင်းဆီဖြစ်သည်။
ရှင်းကျန့်တယ်မှာ မြို့စားဂုဏ်ပုဒ်ရှိမရှိသိချင်ပါသလား?
သို့ရာတွင် ရှင်းကျန့်တယ်ကကိုလိုနီပြုဖူးသောနိုင်ငံမှာ မြို့စားဂုဏ်ပုဒ်ရှိပြီး နှင်းဆီကလည်း ထိုနိုင်ငံ၏နိုင်ငံတော်ပန်းဖြစ်သည်။
ဒီလိုဆိုရင် ဟိုရှီနိုရဲ့နိုင်ငံတော်ပန်းကို မြို့စားနှင်းဆီလို့ဘာကြောင့်သတ်မှတ်လဲ ကိစ္စမရှိတော့။ ဒါသမိုင်းကချန်ခဲ့သောပြဿနာပင်။
အဓိကအချက်မှာ အိမ်ဖြူတော်ရှိမြို့စားနှင်းဆီက ရှင်းကျန့်တယ်၏ဂုဏ်ကျက်သရေဖြစ်သည်။
ဒီနှင်းဆီမျိုးကို အိမ်ဖြူတော်မှာသာတွေ့နိုင်သည်။ တခြားနေရာတွင် မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်သည်။
ဒါကလည်း ရှင်းကျန့်တယ်မှာ ရှင်းကျန့်တယ်၏သစ္စာနှင့်ဂုဏ်ကျက်သရေကိုကိုယ်စားပြုသောအိမ်ဖြူတော်နှင်းဆီလို ပြိုင်ဘက်ကင်းသည်ဆိုသောသဘော!
တစ်ကမ္ဘာလုံးမှာ ဟိုရှီနိုအထက်တန်းစားများသာ ထိုပန်းကိုမြင်နိုင်သည်။ သူတို့ပြည်သူများတောင် ကောလာဟလများမှတဆင့်ကြားဖူးခြင်း ဒါမှမဟုတ် ရံဖန်ရံခါ သတင်းများတွင်ဖျတ်ခနဲမြင်ဖူးခြင်းမျှသာရှိသည်။
ဒီဆန်းကြယ်အရှေ့တိုင်းကုန်သည်ကျပန်းရောင်းတဲ့မျိုးစေ့က အိမ်ဖြူတော်မြို့စားဘုရင်နှင်းဆီဖြစ်နေသည်တဲ့။
ချင်လင်ကမျိုးစေ့ကိုမြင်လျှင် ချက်ချင်းဝယ်မည်ကိုရွေးလိုက်သည်။
မြို့စားနှင်းဆီကိုဘယ်လောက်နဲ့ရောင်းလဲ တွေးတောမနေ။ ဒီပန်းကို လူတိုင်းမြင်နိုင်သောနေရာမှာ သူစိုက်ချင်သည်။
ထူးခြားတဲ့ပန်း?
ရှင်းကျန့်တယ်ရဲ့အထက်တန်းစားလူနည်းစုပဲမြင်နိုင်တဲ့ပန်း ဟုတ်လား?
ဒါဆိုရင် သူကတစ်နိုင်ငံလုံးလူတွေ ဒီပန်းကိုမြင်နိုင်မယ့်အခွင့်အရေးပေးလိုက်မည်။
သစ္စာနဲ့ဂုဏ်ကျက်သရေ?
ဒီလိုဆို မင်းတို့ရဲ့သစ္စာနဲ့ဂုဏ်ကျက်သရေကို ဘယ်သူမဆိုမှတ်ချက်ပေးနိုင်အောင်၊ ယှဉ်လို့ရအောင်လုပ်မည်။
လိုရင်းပြောရရင် သိပ်အန္တရာယ်မရှိပေမဲ့ အတော်အထိနာလိမ့်မည်။
ဝမ်းသာတယ်။