← Chapters

သက်လုံအားဖြည့်ဝိုင်တောင်းနေတယ်!

Vol. 31 Ch. 455

သက်လုံအားဖြည့်ဝိုင်တောင်းနေတယ်!

Vol. 31 Ch. 455

ချင်လင်က ဆန်းကြယ်အရှေ့တိုင်းကုန်သည်၏စာရင်းမှ နှင်းဆီမျိုးစေ့ ၁၀ စေ့လုံးတစ်ဆက်တည်းဝယ်ပစ်လိုက်သည်။

ဆန်းကြယ်အရှေ့တိုင်းကုန်သည်က ဒီလိုမျိုးစေ့မျိုးကိုကျပန်းရောင်းပေးမည်ဟု လုံးဝမထင်မိပေ။

ချင်လင်ကဂိမ်းဇာတ်ကောင်ကို မျိုးစေ့ဝယ်စေပြီးနောက် ရုံးခန်းတံခါးလော့ချ၍ဂိမ်းစိုက်ခင်းထဲဝင်ကာ မြို့စားနှင်းဆီမျိုးစေ့၏မှတ်ချက်ကိုကြည့်လိုက်သည်:

(မြို့စားနှင်းဆီမျိုးစေ့: အထူး!)

(ပျောက်ကွယ်လုနီးနီး နှင်းဆီမျိုးဖြစ်သည်။ နယ်ချဲ့ဟုကြွေးကြော်ထားသောနိုင်ငံ၏အိမ်ဖြူတော်ထဲတွင်သာတွေ့နိုင်သောနှင်းဆီဟူ၍ ကောလာဟလရှိသည်။ တခြားမြေနေရာပတ်ဝန်းကျင်များမှာ ဤနှင်းဆီအပင်ဖြစ်ဖို့လုံးဝမသင့်တော်။)

(ဆန့်ကျင်ဘက်အယူကိုမယုံကြည်သော ဆန်းကြယ်အရှေ့တိုင်းကုန်သည်က မြို့စားနှင်းဆီမျိုးစေ့တချို့ရပြီး ခရီးသွားရင်းရခဲ့သောအထူးစမ်းရေနှင့်ပျိုးထောင်ခဲ့သည်။ မျိုးစေ့ ၁၀ စေ့မှာ မည်သည့်နေရာတွင်မဆိုစိုက်ပျိုးနိုင်သောစွမ်းရည်ရှိသည် _ ဂိမ်းမျိုးစေ့သာ။)

(ဤမျိုးစေ့၏သင်္ကေတတန်ဖိုးမှာ တခြားအရည်အသွေးအာနိသင်အားလုံး၏တန်ဖိုးထက်ပိုကောင်းသည်!)

ပျောက်ကွယ်လုနီးနီး နှင်းဆီမျိုးဖြစ်ပြီး ရှင်းကျန့်တယ်ရဲ့အိမ်ဖြူတော်မှာသာ အပင်ဖြစ်နိုင်သည်တဲ့။

သို့ရာတွင် မှတ်ချက်၏နောက်ဆုံးဝါကျအရ ဒီပန်းက သစ္စာတရားနှင့်ဂုဏ်ကျက်သရေကိုယ်စားပြုသော ရှင်းကျန့်တယ်နိုင်ငံတော်ပန်းဖြစ်သည်။ ထို့ကြောင့် ဒီအချက်က ဒီပန်း၏အကြီးမားဆုံးတန်ဖိုးဖြစ်သည်။

ဒါပေမဲ့ အခုအချိန်ကစပြီး ဒီပန်းကစံမမီပန်းမဟုတ်တော့။





နောက်ပြီး နောက်ထပ်စံမမီပစ္စည်းရှိရင် ဘယ်လိုအဓိပ္ပါယ်ပဲရှိရှိ သူ့တန်ဖိုးကအကြီးအကျယ်ကျဆင်းသွားလိမ့်မည်။

ရှင်းကျန့်တယ်ရဲ့အိမ်ဖြူတော်ထဲမှာပဲတွေ့နိုင်တဲ့နိုင်ငံတော်ပန်းဖြစ်နေရင်တောင်မှပေါ့။

ဒါပစ္စည်းကောင်းဖြစ်ပုံရသည်။

သူထင်သည်။

ချင်လင်က မျိုးစေ့ ၁၀ စေ့မှ ၉ စေ့ထုတ်ပြီး သေတ္တာထဲထည့်လိုက်သည်။ သူ့အတွက်တစ်စေ့ချန်ထားပြီး အရင်ဆုံးတစ်စေ့စိုက်ရန်စီစဉ်လိုက်သည်။

အချိန်ကျရင် ဒီအစေ့ကိုသန့်စင်ခန်းဘေးမှာ တန်းစိုက်မည်။

ရှင်းကျန့်တယ်ရဲ့စံမမီနိုင်ငံတော်ပန်းတဲ့လား? အိမ်သာဘေးမှာထားလိုက်ရင်ကောင်းမလား?

ဘာပဲဖြစ်ဖြစ် တစ်ဖက်လူကိုသူသည်းမခံနိုင်၊ ဒီလိုလုပ်ရတာ ဝမ်းသာသည်။

နောက်ခဏအကြာ_

ချင်လင်ကဂိမ်းထဲမှထွက်ပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုပြန်ကြည့်လိုက်သည်။ သူရွေးချယ်ထားသောမျိုးစေ့ကို အဆင့် ၁ မြေတွင်စိုက်ကြည့်လိုက်သည်။

(စိုက်ပျိုးမှုအောင်မြင်ပါသည်!)

ထင်ထားတဲ့အတိုင်း မျိုးစေ့ ၁၀ စေ့ကို ဆန်းကြယ်ကုန်သည်က အထူးစမ်းရေသုံးပြီးပျိုးထောင်ထား၍ နေရာမရွေးစိုက်ပျိုးနိုင်သည်။

သို့သော် ဂိမ်းမျိုးစေ့သာဟူသောမှတ်ချက်လည်းပါသည်။

တစ်နည်းပြောရရင် ဒီမျိုးစေ့ ၁၀ စေ့ကိုဘယ်နေရာမဆိုစိုက်နိုင်သည်။ ဒီမျိုးစေ့ကိုမှီပြီးထပ်စိုက်ချင်ရင်တော့ မြို့စားနှင်းဆီလို အိမ်ဖြူတော်အနီးတဝိုက်မှာလုပ်ရမည်ပေါ့။

မျိုးစေ့တွေက အထူးမြေကြီးမှာဖြစ်နိုင်မဖြစ် သူမသိချေ။

မျိုးစိတ်ပြောင်းလဲဖို့၊ ပုံမှန်အတိုင်းကြီးထွားဖို့ အထူးမြေကြီးကိုအားထားနိုင်ပြီး တောင်တန်းအားလုံး၊ စိုက်ခင်းအားလုံးများ ပန်းတွေစိုက်နိုင်ရင်ကောင်းမည်။

ရှင်းကျန့်တယ်ကိုနိုင်ငံတော်ပန်းပြောင်းလဲသတ်မှတ်ဖို့ဖိအားပေးနိုင်လိမ့်မည်။

ဒါပုံနှိပ်စာအုပ်နဲ့သမိုင်းမှတ်တမ်းမှာ စာရင်းသွင်းခံရမှာမလား?

သို့သော် အကယ်၍ ဒီလိုသာဖြစ်ခဲ့ရင် ရှင်းကျန့်တယ်၏ကျင့်ဝတ်သိက္ခာအရ သူ့ချင်းလင်ကုမ္ပဏီမှာ စီးပွားရေးပိတ်ဆို့အရေးယူမှုများနှင့်ရင်ဆိုင်ရနိုင်ပြီး အနောက်တိုင်းနိုင်ငံတကာစျေးကွက်သို့ သူတို့ထုတ်ကုန်များဝင်နိုင်မည်မဟုတ်ချေ။

ဒါပေမဲ့ ဒီလိုကိစ္စအောင်မြင်ရင် အနောက်တိုင်းစျေးကွက်ကိုဘယ်သူကဂရုစိုက်နေမလဲ?

မြို့စားဘုရင်နှင်းဆီမျိုးစေ့စိုက်ပြီးမကြာမီ လီရှင်းသူ့ကိုလာရှာပြန်သည်။ သူ့ဆီမှဝိုင်နံ့ရသည်။ ဝိုင်လုပ်ငန်းမှတန်းလာကြောင်းသိသာ၏။

''ချင်လင်... ရှန်းရွှေလက်ဆောင်ဆန်အကြောင်း သတင်းမရဘူးလား?''

လီရှင်းက ရုံးခန်းထဲဝင်ဝင်ချင်းမေးသည်_

''ငါ့လုပ်နည်းအသစ်က ရိုးရိုးဆန်စေးနဲ့လုပ်တာ... စမ်းသပ်ထားတဲ့ရလဒ်တွေက အတော်လေးကောင်းတယ်... မင်းရဲ့ရှန်းရွှေလက်ဆောင်ဆန်ကိုစောင့်နေတာ''

သူ့လိုဝိုင်ချစ်သူအတွက် လုပ်နည်းအသစ်၊စိတ်ကူးအသစ်ရဖို့တကယ်ခက်ခဲသော်လည်း ချက်ချင်းလက်တွေ့မလုပ်နိုင်ပေ။

''တစ်ရက်ပဲစောင့်... မနက်ဖြန်ရောက်လိမ့်မယ်... ပြီးတော့ ဒီတစ်ခေါက်က ထူးရှယ်ရှန်းရွှေလက်ဆောင်ဆန်နော်''

ချင်လင်ကအပြုံးနှင့်ပြောလိုက်သည်။ ရက်အနည်းငယ်အေးနေပြီး အချိန်ကွာခြားမှုကပြည့်တော့မည်။ မနက်ဖြန် တစ်သုတ်လောက်ထုတ်မည်။





နောက်ပြီး လီရှင်းဝိုင်စိမ်ဖို့ အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်တစ်သုတ်ပေးမည်။ အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်နှင့်စိမ်သောဝိုင်ထက်သေချာပေါက်ပိုကောင်းလိမ့်မည်။

''ဟုတ်ပြီ... မနက်ဖြန်မနက် မင်းဆီလာခဲ့မယ်''

လီရှင်းမျက်နှာပြုံးရွှင်သွားသည်။

ရိုးရိုးရှန်းရွှေလက်ဆောင်ဆန်နဲ့စိမ်တဲ့ဝိုင်က အတော်ကောင်းနေပြီ။ ဆန်အသစ်နဲ့ဆို မောက်ထိုက်နဲ့ဖန်းကျိုကို လုံးဝအမှုန့်ချေပစ်နိုင်မည်။

ဒါဆိုရင် ထူးရှယ်ရှန်းရွှေလက်ဆောင်ဆန်နဲ့စိမ်တဲ့ဝိုင်က ဘာနဲ့တူမလဲ?

သူဒီအခွင့်အရေးကိုအသုံးချပြီး နိုင်ငံတော်လက်ရာမြောက်ဝိုင်သိုလှောင်ခန်း၏ဆန်းစစ်ချက်လျှောက်နိုင်သည်ဟုတွေးမိသည်။

စမ်းသပ်ချက်ရလဒ်တွေထွက်လာရင် ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုမပြောရင်တောင် ဝိုင်လုပ်ငန်းကချင်းလင်ဝိုင်နဲ့တင် မောက်ထိုက်နဲ့ဖန်းကျိုထက်ပိုကောင်းလိမ့်မည်။

ဒါသူ့လိုဝိုင်ချစ်သူတစ်ဦး လုံးဝမျှော်လင့်စောင့်စားနေသောအရာပင်။

ခဏအကြာ သူကရုံးခန်းမှထွက်ပြီး ဝိုင်လုပ်ငန်းတွင်ပြင်ဆင်ထားရန်ပြန်သွားလိုက်သည်။ သူ့ကိုယ်သူ ချင်းလင်ဝိုင်လုပ်ငန်းမှဝန်ထမ်းဟုထင်ရလောက်အောင် သူ့မှာအလုပ်များနေ၏။

…

နောက်တစ်နေ့_

ချင်လင်ကအိပ်ရာနိုးနိုးချင်း ဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။

နေ့စဉ်သီးနှံများအားလုံးမှည့်နေသော်လည်း မြို့စားနှင်းဆီမပွင့်သေး။ ဒီပန်းပွင့်ဖို့အချိန်တော်တော်လိုမှန်းသိသာသည်။

ချင်လင်ကဂိုဒေါင်သွား၍ ဂိမ်းပစ္စည်းများကို စံအိမ်ပို့လိုက်သည်။ ထို့နောက် ဂိုဒေါင်ပြန်သွားပြီး ဂိမ်းထဲဝင်လိုက်သည်။

ဒီတစ်ကြိမ်တွင် အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်အပြင် ဝိုင်တစ်သုတ်လည်းသယ်ချင်သေးသည်။

အရင်က ဂိမ်းထဲဝိုင်အများကြီးသယ်ခဲ့ပြီး ဂိမ်းထဲမှအချိန်အချိုးအစားအရ ထိုဝိုင်များမှာအလွန်သက်တမ်းရင့်နေပြီ။

ဝိုင်များကို နှစ်အလိုက်ထုတ်ယူရမည်ပင်။

အပန်းဖြေစံအိမ်အဆင်သင့်ဖြစ်ရင် အထဲကဝိုင်သိုလှောင်ခန်းမှာ ဝိုင်အမျိုးမျိုးနှင့်စင်တွေရှိမည်။ ထိုအပေါ်တွင် နှစ် ၂၀ သက်တမ်း၊ နှစ် ၃၀ သက်တမ်း၊ နှစ် ၄၀ သက်တမ်းနှင့် နှစ် ၅၀ သက်တမ်းဝိုင်တွေထားမည်။ ဒါကသင့်တော်သောပုံစံဖြစ်သည်။

အဲဒီအချိန်ကျရင် ဝိုင်ချစ်သူလီရှင်းတစ်ယောက် သွားရည်ကျနေလိမ့်မည်။

ဒီတစ်ခေါက် အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်အပြင် ဝိုင်တစ်သုတ်လည်း သူသယ်ချင်သည်။





All Chapters