သက်လုံအားဖြည့်ဝိုင်တောင်းနေတယ်! ၂
Vol. 31 Ch. 456
သစ်မွှေးတချို့လည်း သိမ်းထားရမည်။ အချိန်ကျရင် ဝိုင်စင်ကိုလည်း သစ်မွှေးသားနှင့်လုပ်မည်။
ပုံစံပိုင်းမှာ ဘယ်သူဌေးရဲ့ဝိုင်သိုလှောင်ခန်းကိုဒီလိုလုပ်နိုင်လို့လဲ?
သို့သော် အပန်းဖြေစံအိမ်မပြီးသေးခင် တောင်တန်းစံအိမ်ရုံးခန်းဧရိယာ၌ရုံးခန်းရှာပြီး ဝိုင်သိုလှောင်နည်းစနစ်နှင့်အညီအလှဆင်ရန် လီရှင်းကိုမေးရုံသာ။
ချင်လင်ကဂိမ်းသိုလှောင်ခန်းထဲဝင်ပြီး ဖန်းကျိုတစ်ပုလင်း၊ သက်တမ်းရင့်ဝိုင်ဖြူတစ်ပုလင်း၊ ကုရှန်းတုကန်းတစ်ပုလင်းယူပြီး ဂိမ်းထဲမှထွက်လာသည်။
အားလုံးကိုသက်တမ်းရင့်မြေထည်နှင့်အလုံပိတ်ထားခြင်းဖြစ်ပြီး ဂိမ်းအချိန်အချိုးအစားအရ နှစ် ၃၀ ကျော်နေပြီဖြစ်သည်။
ဂိမ်းသိုလှောင်ခန်းထဲတွင် ထိုဝိုင်သုံးမျိုးမှာအများကြီးရှိသည်။ အချိန်ရရင် တခြားဝိုင်အမျိုးအစားများကိုထပ်ဖြည့်ရဦးမည်။
ဘာပဲဖြစ်ဖြစ် သူစွန်းမင်ကိုတောင်းဆိုထားတဲ့ အပန်းဖြေစံအိမ်နဲ့ဝိုင်သိုလှောင်ခန်းပုံစံက သေးသေးမဟုတ်။
ပြီးနောက်...
ချင်လင်ကဂိမ်းသိုလှောင်ခန်းထဲပြန်ဝင်ပြီး အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန် ပေါင် ၅၀ ပါနှစ်အိတ်ကို ဂိမ်းထဲမှထုတ်လိုက်သည်။
ဒီတစ်ခါလီရှင်းဝိုင်လုပ်ဖို့ သူလည်း ပေါင် ၁၀၀ ယူလိုက်သည်။
ချင်လင်ကအားလုံးထုပ်ပိုးပြီး စံအိမ်သွားရန်ကားစက်နှိုးလိုက်၏။
စံအိမ်၌_
လီရှင်းလည်း ချင်လင်ကိုဖုန်းဆက်ပြီး ကားပါကင်တွင် ဆရာမာနှင့်စောင့်နေသည်။


ချင်လင်ပစ္စည်းသယ်လာရင် ဒီနေရာမှာကားထိုးမည်မှန်း သူသိသည်။
ထူးရှယ်ရှန်းရွှေလက်ဆောင်ဆန်အတွက် သူကချင်လင်ထက်ပိုပြီးစိတ်လောနေ၏။
ချင်လင်က ထူးရှယ်ရှန်းရွှေလက်ဆောင်ဆန်သယ်လာသောအခါ ဆရာမာကိုအစမ်းလုပ်ငန်းစဉ်အတွက် စံအိမ်လာပြီးယူခိုင်းထားသည်။
ထိုအချိန်တွင် ဆရာမာလည်းဝိုင်ထရပ်ကားပေါ်ရောက်နေသည်။ အခုသူ လီရှင်းကိုအရမ်းလေးစားနေသည်။ အခုတလော ဒီလူကြီးမင်းလီရဲ့လမ်းညွှန်မှုအောက်မှာ ဝိုင်လုပ်ငန်းရဲ့နည်းစနစ်နဲ့လုပ်နည်းပညာက လုံးဝအဆင့်အသစ်ကိုတက်သွားခဲ့ပြီ။
လီရှင်းစောင့်နေစဉ် ကားတစ်စီးထိုးရပ်ပြီး သူ့ကိုအံ့ဩစေသောပုံရိပ်နှစ်ခုထွက်လာသည်။
တစ်ယောက်က လျိုယီ၊ မင်မြို့တော်ကလူချမ်းသာ။ အရင်က စံအိမ်မှာသူနှင့်ဆုံခဲ့ဖူးသည်။
နောက်တစ်ယောက်က သူ့ကိုအံ့ဩစေသည်။
လျိုယီက ချင်းလင်စံအိမ်ကိုထပ်လာသည်။ ဒီတစ်ခါ အကြီးအကဲစားပွဲအတွက်လာခြင်းမဟုတ်။ သူ့ဝမ်းကွဲဖုန်းရန်ကိုအဖော်ပြုပြီး သူဌေးချင်ကိုလာတောင်းဆိုခြင်းဖြစ်သည်။
သူ့စီးပွားရေးက မင်မြို့တော်တစ်စိတ်တစ်ဒေသတွင်အရမ်းအောင်မြင်ခြင်းမှာ သူ့ဝမ်းကွဲ၏ဂရုစိုက်မှုကြောင့်ပင်။
သူ့ဝမ်းကွဲဖုန်းရန်က အင်အားရှိသောမိသားစုမှမဟုတ်သော်လည်း သူ့ဇနီးမိသားစုကအင်အားကောင်းသည်။
လျိုယီကလမ်းလျှောက်ရင်း သူ့ကိုသတိပေးဖို့မမေ့_ ''ဝမ်းကွဲ... အရင်ကကျွန်တော်လေ့လာမိသလောက်တော့ သူဌေးချင်က ကျေးဇူးပြန်ဆပ်တတ်တဲ့လူစားမျိုးပဲ... တို့ရဲ့သဘောထားကိုမှန်မှန်ကန်ကန်ထားနိုင်မယ်ဆိုရင် နောက်တစ်ဆင့်ကိုဆွေးနွေးဖို့မခက်လောက်ဘူး''
ဖုန်းရန်ကခေါင်းညိမ့်ပြီး လီရှင်းကားပါကင်တွင်ရပ်စောင့်နေသည်ကိုမြင်လျှင် အံ့ဩသွားသည်။
''သခင်လေးလီ... ဒီမှာဆုံမယ်မထင်မိဘူး''
သူကခပ်သွက်သွက်လျှောက်လာပြီးနှုတ်ဆက်သည်။
''ဆေးဖက်ဝင်ဝိုင်အတွက်လာတာလား?''
လီရှင်းကဖုန်းရန်ကိုကြည့်ပြီး သူ့လာရင်းကိစ္စကိုခန့်မှန်းနိုင်သည်။ သူကသဘောထားကြီးသူဖြစ်ပြီး အားလုံးသူ့ဇနီးမိသားစုအတွက်ဖြစ်သည်။
သူ့ဇနီးက ဝေ့မိသားစုမှဖြစ်သည်။ မင်မြို့တော်တွင် ဝေ့မိသားစုက လီမိသားစုနှင့်သိပ်မကွာလှ။ တစ်ဖက်သူ၏ဇနီးဝေ့ရှန်က သူနှင့်အတန်းဖော်ဖြစ်သည်။ ငယ်ငယ်က ခြံဝင်းထဲအတူတူကစားလေ့ရှိကြသည်။


ဝေ့မိသားစုသခင်ကြီးက သူတို့မိသားစုသခင်ကြီးနှင့်သက်တူရွယ်တူပင်။ သူလည်းအသည်းအသန်ဖြစ်ပြီး ခွဲစိတ်ဖို့လိုနေသည်ဟုပြောကြသည်။ သူ့အသက်အရွယ်နှင့်သက်လုံအားမရှိသောကြောင့် အန္တရာယ်ရှိသောအခြေအနေလည်းရောက်နေသည်။
သူ့ဘိုးတော်မခွဲစိတ်ခင် ချင်လင်ရဲ့သက်လုံအားဖြည့်ဝိုင်သုံးခဲ့သည်ဆိုသောအချက်မှာ တခြားသူများကိုဖုံးကွယ်နိုင်သော်လည်း ဝေ့မိသားစုကိုလျှို့ဝှက်ပြီးမထားနိုင်။ ဘာပဲဖြစ်ဖြစ် တာဝန်ကျဆရာဝန်က တချို့တဝက်ကြားသွားခဲ့သည်လေ။
''ကျွန်တော့်ဇနီးရဲ့မိသားစုဝင်တွေအားလုံး အလုပ်ရှုပ်နေတာ''
ဖုန်းရန်ကယဉ်ယဉ်ကျေးကျေးပြောပြသည်_
''လူလုံးထွက်ပြဖို့အဆင်မပြေတာနဲ့ ကျွန်တော်လာခဲ့တာ''
လီရှင်းကခေါင်းညိမ့်ပြီး သတိပေးလိုက်သည်_
''သူဌေးချင်ရဲ့သဘောထားက သူများရဲ့သဘောထားကိုကြည့်ပြီးဆုံးဖြတ်တာ''
လီမိသားစုနဲ့ဝေ့မိသားစုရဲ့ဆက်ဆံရေးကမဆိုး။ တချို့ကိစ္စများတွင် မိတ်ဖက်ဟုယူဆနိုင်သည်။
မကြာသေးခင်က သူ့အဖေရဲ့အစီရင်ခံစာကို သူတို့လည်းထောက်ခံပေးခဲ့သည်။
ထို့ကြောင့် သူဌေးချင်ကိုစိတ်အနှောင့်အယှက်မဖြစ်စေချင်။
''အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးလီ''
ဖုန်းရန်ကချက်ချင်းပြောလိုက်သည်။ လီရှင်းကလျိုယီပြောတဲ့စကားအတိုင်းပြောသည်ဆိုသော်လည်း လီရှင်းစကား၏အင်အားက တမူထူးခြားသည်။
သူတို့စကားပြောနေစဉ် ကားပါကင်ဆီ ချင်လင်၏ကားဝင်လာသည်။ လီရှင်းကချင်လင်ကားပေါ်မှဆင်းလာသည်နှင့် ချက်ချင်းသူ့ဆီသွားကာ_
''ချင်လင်... ဆန်ကကားပေါ်မှာလား?''
''အင်း!'' ချင်လင်ခေါင်းညိမ့်လိုက်သည်။
လီရှင်းကဘာမှမပြောတော့ဘဲ အမြန်နှုန်းနှင့်ကားပေါ်တက်လိုက်သည်။ ရှန်းရွှေလက်ဆောင်ဆန်အတွက် သူဘယ်လောက်စိတ်အားထက်သန်နေလဲ သိသာသည်။
ဖုန်းရန်ကသူတို့နှစ်ဦးကိုကြည့်ပြီး လီမိသားစုနှင့်သူဌေးချင်က လေးလေးနက်နက်ဆက်ဆံရေးရှိကြောင်းသိလိုက်သည်။
လျိုယီကချက်ချင်းရှေ့တိုးလာပြီး_
''သူဌေးချင် ထပ်ဆုံပြန်ပြီနော်... မိတ်ဆက်ပေးပါရစေ... ဒါကကျွန်တော့်ရဲ့ဝမ်းကွဲဖုန်းရန်ပါ''
လီရှင်းက ကားပေါ်မှခေါင်းပြူကြည့်ပြီး_
''သူ့ဝမ်းကွဲက ဝေ့မိသားစုရဲ့သားမက်... ဝေ့မိသားစုက ငါ့မိသားစုလိုနောက်ခံရှိတယ်... သူတို့မိသားစုသခင်ကြီးကလည်း ခွဲစိတ်ဖို့အန္တရာယ်ရှိနေတာ... ဒါပေမဲ့ အရင်တစ်ခါငါ့ဘိုးတော်လောက်မစိုးရိမ်ရဘူး... ဆေးရုံကဆရာဝန်တွေဆီကနေ သူတို့တစ်ခုခုသိထားတာဖြစ်မယ်''
ချင်လင်က လီရှင်းအချက်ပြသည်ကိုသဘောပေါက်သည်။
သူတို့ကသက်လုံအားဖြည့်ဝိုင်အတွက်လာတာပဲ။
နောက်ပြီး လီရှင်းပြောပုံအရ လီမိသားစုနဲ့ဝေ့မိသားစုက ဆက်ဆံရေးကောင်းရှိကြောင်း သူသိလိုက်သည်။
''သူဌေးချင်... အနှောင့်အယှက်ပေးရတာ တကယ်အားနာပါတယ်''
လီရှင်းသတိပေးထားသောကြောင့် ဖုန်းရန်လည်းသူ့စိတ်ထားကိုအလွန်နှိမ့်ချထားသည်။ သူကနှုတ်ဆက်ပြီးနောက် တောင်းဆိုသည့်အသံနှင့်_
''သူဌေးချင်... ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုကူညီပါဦး... ဝေ့မိသားစုနဲ့ကျွန်တော်က ခင်ဗျားရဲ့သဘောထားကြီးမှုကိုမမေ့ပါဘူး''
''သက်လုံအားဖြည့်ဝိုင်က နည်းနည်းပဲရှိတာပါ... ဖွင့်ဖို့ကအရမ်းကရိကထများပါတယ်... သုံးရက်အတွင်းပြန်လာခဲ့ပါ!''
ချင်လင်ကတွေးဆပြီး ဖုန်းရန်ကိုပြောလိုက်သည်။
သူမငြင်း။ ဘာပဲဖြစ်ဖြစ် ဝေ့မိသားစုနဲ့လီမိသားစုကနောက်ခံချင်းတူသည်။ သက်လုံအားဖြည့်ဝိုင် ၁၀ ပေါင်ထဲမှ ၁၀၀ မီလီလီတာသာပေးရသေး၏။ ဝေ့မိသားစုကို ၁၀၀ မီလီလီတာမျက်နှာသာပေးဖို့က အဆင်ပြေသည်ပင်။