Chapters

သက်လုံအားဖြည့်ဝိုင်တောင်းနေတယ်! ၃

Vol. 31 Ch. 457

သက်လုံအားဖြည့်ဝိုင်တောင်းနေတယ်! ၃

Vol. 31 Ch. 457

ဒီလိုမျက်နှာများများရလေလေ သူ့ကိုပြဿနာလာရှာမယ့်သူနည်းလေလေ၊ သူပိုပြီးအန္တရာယ်ကင်းလေလေပင်။

သို့သော် သူ့ကိုချက်ချင်းမပေး။ သူလုံးဝဂရုမစိုက်သလို သမားရိုးကျဖြစ်လွန်းနေမည်။ ထို့ကြောင့် ခရီးထွက်ဖို့သုံးရက်စောင့်ခိုင်းပြီး ဒီဝိုင်ဘယ်လောက်ရှားပါးကြောင်းကိုလည်းပြထားသည်။

ဖုန်းရန်က ချင်လင်စကားနားထောင်ပြီး ချက်ချင်းကျေးဇူးတင်စကားပြောလိုက်သည်_ ''သူဌေးချင်... ကျေးဇူးအများကြီးတင်ပါတယ်... ကျွန်တော် ရုံချန်းမှာသုံးရက်နေပြီး ခင်ဗျားဆီကသတင်းစောင့်နေပါ့မယ်... တကယ်လို့မှာစရာရှိရင် ကျွန်တော့်ကိုချက်ချင်းပြောနိုင်ပါတယ်''

လီရှင်းကထိုစကားကြားပြီး သူ့နှုတ်ခမ်းထောင့်မှာပြုံးရိပ်သမ်းသွား၏။

သုံးရက်?

သူသုံးရက်မလိုတာ သေချာတယ်။

သူ့ဦးလေး သခင်ကြီးအကြောင်းပြောတုန်းက ချင်လင်မိနစ်ပိုင်းနဲ့ဝိုင်ကိုထုတ်ပေးလိုက်တာ သူမှတ်မိသည်။

သို့သော် ဒီအကြောင်းပြောရလောက်အောင် သူမအ။ ဒီလိုအခြေအနေမှာ သူနဲ့သူ့ဦးလေးကို သူဌေးချင်ကမိတ်ဆွေအဖြစ်သဘောထားပြီး ဝေ့မိသားစုနှင့်ဖုန်းရန်ကို ထိုသို့အသိအမှတ်ပြုထားခြင်းမဟုတ်။

ချင်လင်ရဲ့မိတ်ဆွေဖြစ်မှုက သူနဲ့သူ့ဦးလေးအတွက်တန်ဖိုးဖြတ်၍မရပေ။

လီရှင်းကထိုအကြောင်းတွေးပြီး ဆရာမာကိုလှည်းပေါ်မှထူးရှယ်ရှန်းရွှေလက်ဆောင်ဆန်နှစ်အိတ်လာသယ်ခိုင်းလိုက်သည်။

ဖုန်းရန်နှင့်လျိုယီက ဆန််အိတ်နှစ်အိတ်ပေါ်မှစနစ်ကရေးထားသော ''ရှန်းရွှေလက်ဆောင်ဆန်''ဟူသောစာလုံးများမြင်သွားပြီး စိတ်ဝင်စားသွားကြသည်။

''သခင်လေးလီ... ဒါတွေအားလုံးရှန်းရွှေလက်ဆောင်ဆန်လား?''

ဖုန်းရန်က အမှတ်တမဲ့မေးလိုက်၏။

သူအရင်က ရှန်းရွှေလက်ဆောင်စားဖူးသည်။ ရှန်းရွှေလက်ဆောင်ဘယ်လောက်ရှားလဲ သူသိသောကြောင့်စားဖူးခြင်းပင်။ ပိုက်ဆံရှိလျှင်တောင် မဝယ်နိုင်ချေ။

ချင်းလင်စံအိမ်က ရှန်းရွှေလက်ဆောင်ဒီလောက်အများကြီး တစ်ခါတည်းဝယ်နိုင်တာ မယုံနိုင်စရာ။

''မဟုတ်ရင်ရော... ချင်လင်နဲ့ငါက ဆန်အိတ်နှစ်အိတ်အတွက်လာစရာလိုမယ်ထင်လား?''

လီရှင်းကမေးလိုက်သည်။

လျိုယီက ရှန်းရွှေလက်ဆောင်မှန်းသေချာလျှင် မမေးဘဲမနေနိုင်တော့_

''သူဌေးချင်... ဒီရှန်းရွှေလက်ဆောင်က ရောင်းတာလား?''

လီရှင်းက ချင်လင်ပြန်ဖြေတာစောင့်မနေဘဲ_

''ဘာကိုရောင်းရမှာလဲ? ချင်လင်ကငါ့ကိုဝိုင်လုပ်ဖို့ပေးတာ... ငါ့ဆီကဘယ်သူမှယူလို့မရဘူး''

သူပြောပြီးပြီးချင်း ဆရာမာအား_

''​ဝိုင်လုပ်ငန်းကိုမြန်မြန်လေးယူသွားတော့... အရင်ဆုံးအစမ်းလုပ်ကြည့်... ပြီးရင် ကျွန်တော်လာခဲ့မယ်''

''ကောင်းပါပြီ... လူကြီးမင်းလီ''

ဆရာမာကခေါင်းညိမ့်ပြီး ချက်ချင်းအရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်နှစ်အိတ်ကိုယူသွားလိုက်သည်။

ဖုန်းရန်နှင့်လျိုယီကြောင်သွား၏။

ရှန်းရွှေလက်ဆောင်ဆန်ကိုဝိုင်စိမ်တာ?

ဒါသူများတွေစားတောင်မစားနိုင်တဲ့ဟာ။ ဒါနည်းနည်းဖြုန်းတီးရာမကျဘူးလား?

ပြီးတော့ ဒီလောက်အဖိုးကြီးတဲ့ပစ္စည်းကိုလုပ်နိုင်ရင် သူဌေးချင်ရဲ့နောက်ခံကနက်နဲလိမ့်မည်။

''အိုး!'' ကားပေါ်တွင်အလုံပိတ်ထားသောဝိုင်ပုလင်းများပါမှန်း လီရှင်းသတိပြုမိသွားသည်_

''ချင်လင်... ဒီဝိုင်က?''

ချင်လင်ကခေါင်းညိမ့်ပြီး ရှင်းပြလိုက်သည်_

''ဖန်းကျို သက်တမ်းရင့်ဝိုင်ဖြူ ကုရှန်းတုကန်း... လောင်လီ... အပန်းဖြေစံအိမ်ရဲ့ဝိုင်သိုလှောင်ခန်းဆောက်လို့မပြီးသေးခင် ဝိုင်သိုလှောင်ခန်းကိုအလှဆင်ဖို့ ခင်ဗျားရဲ့အကူအညီလိုတယ်''

လီရှင်းကသိပ်တွေးတောမနေဘဲ_

''ချင်လင်... ဒီဝိုင်သုံးမျိုးကနာမည်ကြီးပေမဲ့ ဘာမှမထူးခြားဘူး... ငါအရင်ကလုပ်တာလောက်မကောင်းဘူး... မင်းဘာလို့ဝယ်ထားတာလဲ?''

ချင်လင်မရှင်းပြဘဲ ရိုးရိုးပြောလိုက်သည်_

''နှစ် ၃၀ သက်တမ်းဝိုင်''

''ဘယ်လို!'' စောစောကစိတ်မဝင်စားသော လီရှင်း၏မျက်နှာထားမှာ ခဏကြောင်သွားပြီး အလောတကြီးမေးပြန်သည်_

''ချင်လင်... သေချာလား?''

''လောင်လီ... ကျွန်တော်က သာမန်သက်တမ်းလောက်ဝိုင်ကိုဝယ်ပါ့မလား?''

ချင်လင်ကမေးလိုက်သည်။

''သောက်... ဒါဆိုမင်းကဘာလို့ ဒီလိုကြီးသယ်လာတာလဲ? အဆို့ပျက်ပြီး လေတွေထွက်ကုန်ရင် ဘယ်လိုလုပ်မလဲ?''

လီရှင်းကချက်ချင်း ဝိုင်းပုလင်းများဆီအပြေးသွားပြီး အဖုံးများသေချာစစ်ကြည့်လိုက်သည်။ အဖုံးများကောင်းကောင်းမွန်မွန်ရှိနေမှ သူကသက်ပြင်းရှည်ကြီးချလိုက်သည်။

နှစ် ၃၀ သက်တမ်းဝိုင်ကို ဒီထရပ်ကားအစုတ်နဲ့ တိုက်ရိုက်သယ်တာတဲ့။ ဒီလောက်သဘောထားကြီးတဲ့လူမျိုး တစ်ခါမှမတွေ့ဖူးပေါင်။