မြို့စားနှင်းဆီသန့်စင်ခန်း! သိသူက အကျန်ယူချင်တယ်!
Vol. 31 Ch. 458
ချင်းလင်စံအိမ်_
ချင်လင်ကတချို့ကိစ္စများကိုင်တွယ်ပြီး ရုံးခန်းထဲမှထွက်လာခဲ့သည်။ သူအပြင်ရောက်သောအခါ ကောင်လေးနှစ်ကောင်သူ့ဆီပြေးလာသည်။ အဖြူတစ်ကောင်၊ အမည်းတစ်ကောင်။
ခွေးဝမ်ချိုင်နှင့် မြေခွေးဖြူရှောင်ရွှယ်ပင်။
ဝု ဝု ဝု!
ကျွက် ကျွက်!
ခွေးနှင့်မြေခွေးကအသံပေးပြီး သူ့ကိုနှစ်ပတ်ပတ်ကာ တစ်ကောင်နှင့်တစ်ကောင်အလွန်ရင်းနှီးနေသလို သူ့နောက်တွင်ဆော့နေကြသည်။
အရင်က ရှောင်ရွှယ်မှာ ကျောက်မိုချင်းရုံးခန်းထဲကမထွက်ရဲ။ အခုပတ်ဝန်းကျင်အသစ်နှင့်ပိုရင်းနှီးလာပြီး ကျောက်မိုချင်းရုံးခန်းထဲမှထွက်လာရဲသော်လည်း ရုံးခန်းဧရိယာတဝိုက်သာနေသည်။
အဓိကကျတာက မြေခွေးဖြူနဲ့ခွေးအတူတူဆော့နေတာ ဘာလို့အရမ်းစိတ်ဝင်စားစရာကောင်းနေတာလဲ?
ဆိုရိုးစကားအရ မြေခွေးတွေကအုပ်စုဖွဲ့နေတတ်တယ်တဲ့။ ဒါပေမဲ့ ခွေးနဲ့မြေခွေးလို့တော့ မရှိ။


ကောင်လေးနှစ်ကောင်က အထီးနဲ့အမဆိုရင် သူတို့အချင်းချင်းအမျိုးမတူဆွဲဆောင်မှုရှိတာ လက်ခံနိုင်သည်။ အဓိကက ရှောင်ရွှယ်ကမင်းသမီးလေး၊ ဝမ်ချိုင်ကလည်း မင်းသမီးလေး။
အမေနှစ်ယောက်မှာ ဆက်ဆံရေးကောင်းရှိတတ်သည်။
လူသားအမျိုးသမီးတွေလို အချင်းချင်းကစားကြတာများလား?
မိတ်ဆွေဆိုး?
ချင်လင်က ရုံးခန်းအတွင်းပိုင်းလျှောက်သွားလိုက်သည်။
တံခါးခေါက်သံကိုအထဲမှကြားနိုင်၏။
သူဝင်လိုက်သောအခါ လီရှင်းကပစ္စည်းများကိုင်ပြီးဆင်နေသည်။
ချန်တပေက သူ့ကိုကူပေးနေသည်။
မနေ့ကဂိမ်းထဲမှ နှစ် ၃၀ သက်တမ်းဝိုင်သုံးမျိုးထုတ်ပြီး လီရှင်းကိုဝိုင်သိုလှောင်မည့်နေရာဆပ်ရန်အကူအညီတောင်းလိုက်ရာ သူကမနက်အစောကြီးလုပ်ငန်းစနေသည်။
ဆုကတော့ သူ့ကို နှစ် ၃၀ သက်တမ်းဖန်းကျို၊ သက်တမ်းရင့်ဝိုင်ဖြူနဲ့ ကုရှန်းတုကန်းမြည်းခွင့်ပေးရမည်ပေါ့။
ထို့ကြောင့် ဝိုင်နဲ့ပတ်သက်ပြီး လီရှင်းကလုံးဝအသည်းအသန်ကြိုးစားသည်။
''လောင်လီ... အစီအစဉ်ကဘယ်လိုလဲ?''
ချင်လင်ကဝင်လာပြီးမေးလိုက်သည်။
''ခဏနေပြီးတော့မယ်'' လီရှင်းကပြန်ဖြေသည်_
''ငါ့ကိုဝိုင်ပေးဖို့မမေ့နဲ့''
''ပြီးရင် ကိုယ့်ဘာသာဖွင့်လိုက်လေ''
ချင်လင်ကပြုံးပြီးပြောလိုက်သည်။ လီရှင်းနဲ့သိတာကြာပြီ။ လီရှင်းအကြောင်းကို သူကောင်းကောင်းသိသည်။


ဝိုင်ကိုအဲဒီနေရာမှာထားလိုက်ရုံပင်။ တစ်ဖက်လူရဲ့ဝိုင်ဘယ်လောက်ကောင်းကောင်း သူဖြုန်းတီးမည်မဟုတ်။
ချင်လင်၏ယုံကြည်မှုကြောင့် လီရှင်းကပြုံးလိုက်ပြီး_
''အဲဒါဆို အချိန်တန်ရင် ငါအားမနာတော့ဘူး''
ချင်လင်ကလီရှင်းကိုမနှောင့်ယှက်တော့ဘဲ ခဏကြည့်ပြီးပြန်ထွက်လာသည်။
ခွေးနှင့်မြေခွေးဖြူက သူ့နောက်ဆက်လိုက်လာဆဲ။
စနစ်ကသူနှင့်ချည်ထားသောကြောင့် ကောင်လေးနှစ်ကောင်က သူ့ကိုအလိုအလျောက်ရင်းနှီးနေသည်။
သူရုံးခန်းအပြင်ထွက်လာသောအခါ ချန်လီလျှောက်လာသည်ကိုတွေ့ရသည်။
မြေခွေးဖြူက လူစိမ်းတွေ့သောကြောင့် နည်းနည်းစိတ်လှုပ်ရှားပြီး ချက်ချင်းသူ့နောက်ပြေးပုန်းသည်။
တစ်ဖက်တွင် ဝမ်ချိုင်ကမိတ်ဆွေအရင်းအချာကဲ့သို့ ရှောင်ရွှယ်ရှေ့ရပ်ပြီး အူတောင်အူလိုက်သည်။ 'မကြောက်နဲ့... ငါကာကွယ်ပေးမယ်'ဟု ပြောနေသလိုလို။
ချန်လီက တိရစ္ဆာန်နှစ်ကောင်၏အခြေအနေကို အာရုံမစိုက်။ ချင်လင်ကိုမြင်သည်နှင့် ချက်ချင်းသူ့ဆီရောက်လာပြီး_
''သူဌေးချင်... မင်းအတွက်သတင်းကောင်းရှိတယ်... ဒီမှာစာဖိုင်''
ပြောပြောဆိုဆို သူကချင်လင်ဆီစာဖိုင်ပေးလိုက်သည်။
စာဖိုင်မှာ ရှုမျှော်ခင်း 4A နေရာလျှောက်လွှာထောက်ခံချက်အကြောင်းပင်။ ဒီနေ့ သူနှင့်စွန်းရှန်ကစာဖိုင်လက်ခံရပြီး အလွန်အံ့ဩသွားသည်။
ခါတိုင်းဆန်းစစ်ရေးလုပ်ငန်းစဉ်ထက် အများကြီးပိုမြန်နေသည်။
လီမိသားစုရဲ့အာဏာများလား။
အရင်က မင်မြို့တော်ကလည်း သူဌေးချင်ကိုလုဖို့ကြိုးစားနေသည်ဟု စီရင်စုကထင်ခဲ့ဖူးသည်။ ဒါကြောင့် ဒါရိုက်တာလီက ချင်းလင်စံအိမ်ရဲ့ရှုမျှော်ခင်း 4A နေရာလျှောက်လွှာကို အစောဆုံးကိုင်တွယ်ခဲ့ခြင်းဖြစ်မည်ဟူ၍ သူတို့စိတ်ချောက်ချားခဲ့သေးသည်။


နောက်ပိုင်း ပါမောက္ခလီရဲ့နောက်ခံအကြောင်းသိတော့မှ သူနဲ့စွန်းရှန်အထင်လွဲနေကြောင်း သဘောပေါက်ခဲ့သည်။
သို့သော် သူဌေးချင်မှာဒီလိုအဆက်အသွယ်မျိုးရှိမည်ဟုမထင်မိပေ။ သူတို့တော်တော်လန့်သွားခဲ့သည်။
''ရှုမျှော်ခင်း 4A နေရာလျှောက်လွှာက မမြန်လွန်းဘူးလား?''
ချင်လင်ကစာဖိုင်ကိုဖွင့်ကြည့်ပြီး နည်းနည်းအံ့ဩနေသည်။
သူကသက်ဆိုင်ရာအချက်အလက်များကိုစစ်ဆေးကြည့်လိုက်သည်။ ရှုမျှော်ခင်း 4A နေရာလျှောက်လွှာက ဒီလောက်မြန်တာမဖြစ်နိုင်။ အခြေအနေအရ သာမန်စုံစမ်းစစ်ဆေးခြင်းနှင့်လျှို့ဝှက်စုံစမ်းစစ်ဆေးခြင်းအဆင့်သာရှိရဦးမည်။
ချန်လီကထိုစကားကြားပြီး ချင်လင်ကိုတအံ့တဩကြည့်ကာ_
''မမြန်လွန်းဘူးလား? သူဌေးချင်... ကိုယ့်ကိုယ်ကိုယ်မေးသင့်တယ်မလား?''
လီမိသားစုက မမြန်ဘဲနေမလား?
ချင်လင်ကဒီအကြောင်းမသိသော်လည်း ဂရုစိုက်မနေ။ သူကချန်လီကိုဖိတ်လိုက်သည်_
''လက်ထောက်ချန်... လက်ဖက်ရည်သောက်ရအောင်လေ?''
''စီရင်စုမှာ အရေးပေါ်ကိစ္စတွေရှိနေတယ်... ငါချက်ချင်းဖြေရှင်းမှရမယ်''
ချန်လီကရှင်းပြပြီး ချင်လင်ဘက်လှည့်ကာ_
''သူဌေးချင်... စံအိမ်အတွက် 4A လျှောက်လွှာအောင်မြင်သွားပြီ... ရှုမျှော်ခင်း 4A နေရာအထူးကတ်လည်းရှိတယ်... ခရီးသွားဌာနကို ငါလုပ်ခိုင်းထားတယ်... စီရင်စုက ဒါကိုကြော်ငြာဖို့ လက်မှတ်ကတ်ပေးအခမ်းအနားကျင်းပချင်တယ်''
''ကောင်းပါပြီ... စီရင်စုနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ ကျွန်တော်လူတချို့စီစဉ်ပေးပါမယ်''
ချင်လင်ကသဘောတူလိုက်သည်။
ဒီကိစ္စအတွက် သူနဲ့ကျောက်မိုချင်းဝင်စရာမလို။ လင်းလန်ဇီတာဝန်ခံလိမ့်မည်။ ဒါကလည်း သူမရဲ့တာဝန်ခံမှုအတိုင်းအတာအတွင်းမှာရှိနေသည်။
ချန်လီကသူ့လာရင်းကိစ္စအောင်မြင်ပြီဖြစ်၍ စီရင်စုကိုအမြန်ဆုံးပြန်သွားသည်။ သူကအလောတကြီးထွက်သွားသဖြင့် အရေးပေါ်ကိစ္စတစ်ခုခုဖြစ်ရမည်။ သို့ရာတွင် ဒီလောက်အလောတကြီးကြားက စာဖိုင်ကိုလာပို့သေးသည်။ ဒါစီရင်စုအတွက် ချင်လင်ကဘယ်လောက်အရေးပါကြောင်းပြသခြင်းပင်။
ချင်လင်လည်းသူ့ရုံးခန်းထဲပြန်ပြီး စာဖိုင်ကိုလုံခြုံသောနေရာတွင်ထားလိုက်သည်။ ထို့နောက် လင်းလန်ဇီကိုဖုန်းဆက်၍ ရှုမျှော်ခင်း 4A နေရာအတွက်ပေးအပ်ပွဲအခမ်းအနားအကြောင်းအသိပေးပြီး စီရင်စုနှင့်ဆက်သွယ်ခိုင်းလိုက်သည်။
သူ့ဖုန်းချပြီးလျှင် ရုတ်တရက်သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ မြို့စားဘုရင်နှင်းဆီပွင့်ပြီဖြစ်ကြောင်း စနစ်ကအသိပေးနေသည်။
ဂိမ်းဖန်သားပြင်ကိုကြည့်လိုက်ရာ မြို့စားဘုရင်နှင်းဆီများဝေဆာနေသောကာတွန်းပုံဖြစ်နေပြီ။ ပွင့်အာနေသောနှင်းဆီအပြင်ပိုင်းက အပြာရောင်ဖြစ်သော်လည်း အတွင်းပိုင်းမှာပန်းရောင်ဖြစ်ကြောင်းတွေ့နိုင်သည်။
ဒီအချက်နဲ့တင် မြို့စားဘုရင်နှင်းဆီက အရမ်းပြိုင်ဘက်ကင်းနေပြီ။
နောက်ပြီး အပြာနဲ့ပန်းရောင်ရောယှက်နေသောအရောင်ကလည်း တစ်မျိုးလှနေသည်။
ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်ကို မြို့စားဘုရင်နှင်းဆီခူးခိုင်းလိုက်သည်။ မြို့စားဘုရင်နှင်းဆီက သူထင်ထားသလိုအပင်ကြီးမျိုးမဟုတ်မှန်းတွေ့လိုက်ရသည်။ အိုးစိုက်အပင်ကြီးပင်။
သူကသူ့ဂိမ်းဇာတ်ကောင်အား မြို့စားဘုရင်နှင်းဆီများကို ထိုအိုးစိုက်ပင်မျိုးများသီးသန့်ထားသောခြံဝင်းထဲသို့ တန်းရွှေ့စေလိုက်သည်။ ထို့နောက် ချက်ချင်းရုံးခန်းတံခါးကိုအတွင်းမှလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်လေသည်။