← Chapters

မြို့စားနှင်းဆီသန့်စင်ခန်း! သိသူက အကျန်ယူချင်တယ်! ၃

Vol. 31 Ch. 460

မြို့စားနှင်းဆီသန့်စင်ခန်း! သိသူက အကျန်ယူချင်တယ်! ၃

Vol. 31 Ch. 460

ယဉ်ကျေးမှုမရှိဘဲ စီးကရက်ဖင်စီခံကိုပစ်ချသောခရီးသည်တောင်ရှိသည်။ ရှင်းကျန့်တယ်မှာမြို့စားနှင်းဆီကိုဒီလိုလုပ်ရဲတဲ့ဘယ်သူမဆို ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျနိုင်သည်။

တစ်ရက်ကုန်လွန်သွားသည်။

မြို့စားနှင်းဆီကို သန့်စင်ခန်းရှေ့ချထားသော်လည်း လုံးဝရုတ်ရုတ်သဲသဲမဖြစ်။ လက်ဝှေ့လောကရဲ့နံပါတ်တစ်ကျွမ်းကျင်သူက စားသောက်ဆိုင်မှာစားပွဲထိုးဖြစ်နေသလိုပင်။ လူတိုင်းမျက်စိရှိသော်လည်း ထိုက်တောင်ကိုအသိအမှတ်မပြုနိုင်။ ဘယ်လောက်အင်အားရှိလဲမသိကြပေ။

သို့ရာတွင် မြို့စားနှင်းဆီကိုအသိအမှတ်ပြုနိုင်သောသူရှိတတ်စမြဲ။ သက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် သူ့ထက်ဆယ်နှစ်ကျော်ငယ်ပုံရပြီး မလုံ့တလုံဝတ်ဆင်ထားသောအလှလေးတစ်ဦးကိုလက်တွဲပြီး သန့်စင်ခန်းရောက်လာသည်။ သူတို့ကညာဘက်ရှိအမျိုးသားသန့်စင်ခန်းသို့သွားမည်အပြု သက်လတ်ပိုင်းအမျိုးသားကရုတ်တရက်ရပ်လိုက်သည်။

''ဥက္ကဌဟို့... ဘာဖြစ်လို့လဲ?''

အလှလေးက သက်လတ်ပိုင်းအမျိုးသားကြောင့် အံ့ဩသွားသည်။

သန့်စင်ခန်းသွားဖို့ဒီလောက်လောနေတာ။ ဒါပေမဲ့ အခုဘာလို့ရပ်လိုက်တာလဲ?

သို့သော် ဟို့ဖျင်ကပြန်လှည့်မလာ။ သန့်စင်ခန်းဘာလို့လာလဲတောင်မေ့သွားပြီ။ သူကသန့်စင်ခန်းဝင်ပေါက်မှတန်းပြန်ဆုတ်ပြီး မြို့စားနှင်းဆီကိုမယုံနိုင်ပုံနှင့်ကြည့်ရင်း_

''ဒါမဖြစ်နိုင်ဘူးမလား? ဘာလို့ဒီပန်းက ဒီမှာရောက်နေတာလဲ?''





သူဘယ်လောက်အံ့ဩနေလဲ တွေးကြည့်ပါ။

သူကပန်းလုပ်ငန်းရှင်တစ်ဦး။ နိုင်ငံတကာလုပ်ငန်းရှင်မျိုး။ နိုင်ငံထဲကပြိုင်စံရှားပန်းမျိုးစိတ်တွေကိုနိုင်ငံခြားတင်ပို့ပြီး နိုင်ငံခြားပန်းမျိုးစိတ်တွေကို နိုင်ငံထဲတင်သွင်းသည်။ နောက်ပြီး သူ့လုပ်ငန်းကသေးသေးမဟုတ်။ မဟုတ်ရင် ဆွဲဆောင်မှုရှိတဲ့သူ့အတွင်းရေးမှူးကို လုပ်ငန်းခရီးစဉ်ဗန်းပြပြီး ချင်းလင်စံအိမ်ကိုအလည်ခေါ်နိုင်မှာမဟုတ်ပေ။

သူ့အတွင်းရေးမှူးက အိမ်ထောင်ကျတာလဝက်တောင်မရှိသေး။ သူ့ကိုလေ့ကျင့်ပေးဖို့အချိန်ကောင်းပင်။

ပန်းလုပ်ငန်းရှင်ဖြစ်သောကြောင့်လည်း နိုင်ငံအသီးသီးမှနာမည်ကျော်ပန်းများကိုကြားဖူးနားဝရှိထားသည်။ အနည်းဆုံးတော့ နာမည်ကျော်ပန်းအမျိုးမျိုး၏အချက်အလက်ကိုသူမြင်ဖူးသည်။

သူ့ရှေ့ကနှင်းဆီကို ဟိုအရင်ရှင်းကျန့်တယ်၏ပန်းမဂ္ဂဇင်းထဲတွင် သူမြင်ဖူးသည်။

ရှင်းကျန့်တယ်၏ပန်းစျေးကွက်ကိုဝင်ချင်ခဲ့သော်လည်း နည်းလမ်းရှာမတွေ့နိုင်ဖြစ်နေခဲ့၏။ ရှင်းကျန့်တယ်နိုင်ငံထဲမှပန်းများအကြောင်းလေ့လာရုံသာတတ်နိုင်လေသည်။

ပန်းမဂ္ဂဇင်းထဲတွင် နိုင်ငံတော်ပန်းသည်အိမ်ဖြူတော်မှာသာရှိကြောင်း၊ သစ္စာရှိမှုနှင့်ဂုဏ်ကျက်သရေကိုကိုယ်စားပြုကြောင်း၊ မြို့စားနှင်းဆီဟုခေါ်​ကြောင်းဖော်ပြထားသည်။

ပြီးတော့ သူ့ရှေ့ကနှင်းဆီက ပန်းမဂ္ဂဇင်းထဲကပန်းနဲ့လုံးဝတစ်ထပ်တည်း။

သူကအမှတ်တမဲ့ဖုန်းထုတ်လိုက်သည်။ အရင်ကသူဓာတ်ပုံရိုက်ယူထား၏။

သူကဓာတ်ပုံကိုဆွဲကြည့်လိုက်သောအခါ ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရသည်။ လုံးဝကွာခြားမှုမရှိ။

မယုံနိုင်စရာကောင်းလိုက်တာ။

အိမ်ဖြူတော်မှာပဲရှိတဲ့နိုင်ငံတော်ပန်းက အခုချင်းလင်စံအိမ်ရဲ့သန့်စင်ခန်းရှေ့ရောက်နေသတဲ့။

သို့ရာတွင် ဒီကမ္ဘာမှာမမျှော်လင့်ထားတာတွေရှိတတ်စမြဲ။ အိမ်ဖြူတော်မြို့စားနှင်းဆီမှာ တခြားနေရာများတွင်ပျောက်ကွယ်သွားပြီဖြစ်သော်လည်း မထင်မှတ်ဘဲဖြစ်ပျက်နိုင်သေးသည်။

ဟို့ဖျင်၏မျက်နှာထားမှာပိုပိုပြီးအံ့ဩလာသည့်ပုံပေါက်နေသောကြောင့် သူ့ဘေးမှအလှလေးလည်း စပ်စပ်စုစုမေးလိုက်သည်_

''ဥက္ကဌဟို့... ဒီပန်းကဘာဖြစ်လို့လဲ?''

ဟို့ဖျင်က သူ့ရဲ့အနီးကပ်အတွင်းရေးမှူးကိုဘာမှထိမ်ချန်မထား_

''ဒီပန်းကအံ့ဩစရာ... အရမ်းအံ့ဩဖို့ကောင်းတယ်!''

''တန်ဖိုးအရမ်းကြီးလို့လား?''

အတွင်းရေးမှူးကသိချင်စိတ်နှင့်မေးလိုက်သည်။

ဟို့ဖျင်ကခေါင်းညိမ့်လိုက်ပြီး_ ''အရမ်းတန်ဖိုးကြီးတယ်... ဒါပေမဲ့ တန်ဖိုးနဲ့စာရင် ဒီပန်းကပိုပြီးထူးခြားတဲ့တန်ဖိုးမျိုးရှိတာ... ဒါရှင်းကျန့်တယ်ရဲ့နိုင်ငံတော်ပန်းအစစ်ပဲ... အိမ်ဖြူတော်မှာပဲရှိတာ... မြို့စားနှင်းဆီလို့ခေါ်တယ်... သူက သစ္စာတရားနဲ့ဂုဏ်ကျက်သရေကိုကိုယ်စားပြုတာ''

''ဒီပန်းက တခြားနေရာမှာမရှိဘူး... ရှင်းကျန့်တယ်ကလူနည်းစုလောက်ပဲ ဒီပန်းကိုတွေ့နိုင်တာ... တကယ်လို့ ဒီပန်းကိုငါရှင်းကျန့်တယ်ယူသွားရင် ဒါကိုအသုံးချပြီးလမ်းသစ်ဖောက်လို့ရမယ်... ဝင်ငွေပိုကောင်းလာမယ်''

''ပန်းကဒီလောက်အံ့ဩစရာကောင်းရင် ချင်းလင်စံအိမ်ရဲ့ပိုင်ရှင်က ဘာလို့ဒီနားမှာထားတာလဲ?''

အတွင်းရေးမှူးမျက်နှာမှာ မယုံနိုင်ပုံနှင့်။ သူမကဖုန်းထုတ်ပြီး မြို့စားနှင်းဆီကိုဓာတ်ပုံများရိုက်လိုက်သည်။

နှင်းဆီမှာ ဒီလိုဂုဏ်အဆင့်အတန်းမျိုးရှိမည်ဟု လုံးဝမတွေးမိပေ။

သူ့အတွင်းရေးမှူး၏မရေမရာစကားနားထောင်ပြီး ဟို့ဖျင်ကအထင်သေးပုံနှင့်ပြောလိုက်သည်_

''စံအိမ်ပိုင်ရှင်က အကောင်းကိုမသိတတ်လို့ပေါ့... ငါအရင်ကပန်းမဂ္ဂဇင်းမဖတ်ထားရင် အသိအမှတ်ပြုနိုင်မှာမဟုတ်ဘူး... တရုတ်ပြည်ကဘယ်သူမှ ဒီပန်းအကြောင်းမသိလောက်ဘူး''

''သူကသာမန်နှင်းဆီလို့ထင်မှာပေါ့... အဲဒါကြောင့် သန့်စင်ခန်းထဲမှာထားတာ... ဒါတော်ဝင်မင်းသမီးကို ပြည့်တန်ဆာအိမ်မှာထားတာနဲ့မတူဘူးလား? လုံးဝအမြင်မရှိတာပဲ''

''ဒါပေမဲ့ သူအမြင်မရှိလို့ပဲ ငါ့အတွက်အခွင့်အရေးဖြစ်လာတာ... ငါလုပ်ကြံတောင်းဆိုပြီး ဒီအိုးစိုက်နှင်းဆီပင်ကိုဝယ်မှဖြစ်မယ်လို့ပြောလိုက်မယ်... ပြီးရင် ချင်းလင်စံအိမ်ကဝယ်ဖို့ ငွေနည်းနည်းသုံးလိုက်တာပေါ့''





All Chapters