← Chapters

ဒီပန်းက ဒီလောက်အံ့ဩစရာကောင်းလား? ချက်ချင်း အုတ်အော်သောင်းတင်း!

Vol. 31 Ch. 461

ဒီပန်းက ဒီလောက်အံ့ဩစရာကောင်းလား? ချက်ချင်း အုတ်အော်သောင်းတင်း!

Vol. 31 Ch. 461

ဟို့ဖျင်ကတွေးလေလေ ပျော်လေလေဖြစ်လာသည်။

ချင်းလင်စံအိမ်ကလူတွေက မြို့စားနှင်းဆီကိုအသိအမှတ်မပြုဘူး။ ဒီတော့ သူဒီအခွင့်အရေးကိုအရယူမည်။

သူ့အတွင်းရေးမှူးနှင့်သန့်စင်ခန်းမသွားတော့ဘဲ စားပွဲထိုးတစ်ယောက်ဆီအမြန်သွားပြီး_

''ညီမလေး... မင်းတို့သူဌေးနဲ့တွေ့ချင်လို့... သူ့ကိုအရေးတကြီးပြောစရာရှိတယ်''

စားပွဲထိုးမလေးက ဟို့ဖျင်ကိုဇဝေဇဝါနှင့်ကြည့်လိုက်သည်။ သို့သော် သူမစကားပြောစက်ကိုထုတ်ပြီး ကြီးကြပ်ကောင်းယောင်ယောင်ကိုတင်ပြရုံအပြင်တခြားမတတ်နိုင်ပေ။

ရုံးခန်းထဲ၌_

ချင်လင်မှာ လင်းလန်ဇီ၏တင်ပြချက်ကိုနားထောင်နေသည်။ စီရင်စုက ရှုမျှော်ခင်း 4A နေရာပေးအပ်ပွဲအခမ်းအနားကျင်းပမည်ဖြစ်သောကြောင့် ချင်းလင်စံအိမ်ကကတ်လက်ခံပွဲအခမ်းအနားပြင်ဆင်ထားရမည်။

အခမ်းအနားအတွက် စင်ဆောက်၊ ကော်ဇောနီခင်းပြီး အထူးနောက်ခံနံရံပြင်ထားဖို့လိုသည်။

နောက်ပြီး ဒီကိစ္စကိုလွယ်လွယ်လုပ်လို့မရ။ မည်သို့ဆိုစေ စီရင်စု၏ဂုဏ်သတင်းနှင့်သက်ဆိုင်နေသည်။

များသောအားဖြင့် အားကောင်းသောရှုမျှော်ခင်းနေရာတစ်ခုက ပြင်ဆင်ပြီးလျှင်စိတ်လှုပ်ရှားစေရမည်။





လင်းလန်ဇီမှာ တစ်ညလုံးအစီအစဉ်ဆွဲထားသည်။ စံအိမ်ကအတည်ပြုပြီးနောက် စီရင်စုကလူတွေနဲ့ဆက်သွယ်ပြီး အတူတကွပြင်ဆင်ကြမည်။

''အခမ်းအနားနောက်ခံနံရံဒီဇိုင်းကို ထောင်စုနှစ်ဖျော်ဖြေထုတ်လုပ်ရေးဆီအပ်တာပေါ့!''

ချင်လင်ကသက်ပြင်းချပြီး လင်းလန်ဇီ၏အစီအစဉ်ကိုပြန်ပေးကာ_

''မိုချင်းဆီသွားပြီး ထောက်ခံချက်ယူလိုက်ပါ''

“အင်း!” လင်းလန်ဇီခေါင်းညိမ့်လိုက်သည်။

အခမ်းအနားနောက်ခံနံရံကို ကြော်ငြာအစီအစဉ်ကုမ္ပဏီကလုပ်ရမည်ဖြစ်ပြီး ထောင်စုနှစ်ဖျော်ဖြေရေးအကြောင်း သူမသိသည်။ လက်ရှိရုံချန်းစီရင်စုတွင်အကြီးဆုံးကြော်ငြာကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီ၏အဓိကရှယ်ယာရှင်တစ်ဦးက သူဌေးနဲ့ညီအစ်ကိုတော်စပ်ပုံရသည်။

ဒီလိုမိတ်ဖြစ်ဆွေဖြစ်စီးပွားမျိုးကို သူမနားလည်သည်။

လင်းလန်ဇီကရုံးခန်းတံခါးဖွင့်လိုက်ရာ ကောင်းယောင်ယောင်ကို အမျိုးသား၊အမျိုးသမီးစုံတွဲနှင့်တွေ့လိုက်ရသည်။

''အစ်မလန်ဇီ'' ကောင်းယောင်ယောင်က လင်းလန်ဇီကိုပြုံးပြီးနှုတ်ဆက်လိုက်သည်။

လင်းလန်ဇီကတုံ့ပြန်လိုက်သော်လည်း ဟို့ဖျင်နှင့်အမျိုးသမီးကိုဇဝေဇဝါကြည့်လိုက်သည်။ သို့သော် မေးမြန်းမနေဘဲ ကျောက်မိုချင်းရုံးခန်းထဲသွားလိုက်သည်။ ဒီအစီအစဉ်က သူဌေးလက်မှတ်နှင့်သူဌေးကတော်၏ဘတ်ဂျတ်ငွေလိုအပ်သည်။

သို့ရာတွင် ဟို့ဖျင်ကမူ လင်းလန်ဇီကိုသုံးလေးခါပြန်ကြည့်လိုက်သည်။

ဒီအမျိုးသမီးရဲ့ကောက်ကြောင်းက တကယ်မဆိုးဘူး။ သူ့ရဲ့ရင့်ကျက်တဲ့မျက်နှာလေးကလည်း အရမ်းလှတာပဲ။

ချင်းလင်စံအိမ်မှာ မိန်းမလှလေးတွေအများကြီးရှိမည်ဟုမထင်မိ။ သူ့ရှေ့ကဝန်ဆောင်ရေးတာဝန်ခံကလည်း ဖြူဖြူစင်စင်နဲ့အလှလေးပင်။ သူ့အပြုံးလေးက အရမ်းချိုသည်။

ဒီအလှလေးတွေက သူ့အတွင်းရေးမှူးနဲ့ဘာမှမဆိုင်။

ဒီစံအိမ်ပိုင်ရှင်ဖြစ်ရတာ အရမ်းလန်းမှာပဲ။

ကောင်းယောင်ယောင်က ဟို့ဖျင်ဘာတွေးနေလဲမသိ။ သူ့ကိုရုံးခန်းထဲခေါ်သွားလိုက်သည်။





''ယောင်ယောင်... ဒီနှစ်ယောက်က?''

ချင်လင်က ဇဝေဇဝါနှင့်မေးလိုက်သည်။

''သူဌေး'' ကောင်းယောင်ယောင်ကရှင်းပြလိုက်၏_

''လူကြီးမင်းဟို့က သန့်စင်ခန်းကနှင်းဆီအိုးကို ယွမ် ၅၀၀၀၀၀ နဲ့ဝယ်ချင်ပါတယ်တဲ့... နှင်းဆီအိုးက သူနဲ့ကံစပ်တယ်တဲ့... ကျွန်မအဆုံးအဖြတ်မပေးနိုင်လို့ သူဌေးနဲ့တွေ့ဖို့ခေါ်လာတာပါ''

“???” ချင်လင်က ဟို့ဖျင်ကိုမရေမရာကြည့်လိုက်သည်။

သန့်စင်ခန်းကနှင်းဆီအိုး။

မြို့စားနှင်းဆီပဲရှိတာမလား?

စိတ်ဝင်စားစရာပဲ။

ဟို့ဖျင်က ချင်လင်ကိုမြင်ပြီးအံ့ဩနေသည်။

တော်တော်ငယ်သေးတာပဲ။

ချင်းလင်စံအိမ်၊ ချင်းလင်လက်ဖက်ရည်၊ ချင်းလင်ဆော့၊ ချင်းလင်ဓာတ်ခွဲခန်း၊ ဒါတွေအားလုံးက နောက်ကွယ်ကသူဌေးမှာအလွန်အင်အားကြီးကြောင်းသက်သေပြနေသည်။

ဒါပေမဲ့ ချင်းလင်စံအိမ်သူဌေးက ဒီလောက်ငယ်မယ်ဆိုတာ ဘယ်သူသိမလဲ။

ဟို့ဖျင်ကအံ့ဩသွားပြီးမှ သူဘာကြောင့်ဒီလာသလဲချက်ချင်းသတိဝင်သွားသည်။ သူကချင်လင်ကိုပြုံးပြလိုက်ပြီး_

''အနှောင့်အယှက်ပေးရတာ အားနာလိုက်တာ... ကျုပ်နာမည်ဟို့ဖျင်ပါ... ပန်းလုပ်ငန်းလုပ်ပါတယ်... အထူးသဖြင့် နှင်းဆီပါ... ကျုပ်အဖေမဆုံးခင်က ပန်းရောင်ကိုအပြာရောင်အနားသတ်နဲ့ နှစ်ရောင်စပ်နှင်းဆီကို အခဲမကျေဆုပ်ကိုင်ထားတုန်းပါပဲ''

''ဒီနေ့ စံအိမ်သန့်စင်ခန်းဝင်ပေါက်မှာ အပြာရောင်အနားနဲ့နှင်းဆီကိုတွေ့လိုက်ရပါတယ်... ဒါကံဖြစ်မယ်ထင်တယ်ဗျ... တမလွန်ကကျုပ်ရဲ့အဖေက လမ်းပြပေးတာ... အဲဒါကြောင့် ဒီနှင်းဆီကို ယွမ် ၅၀၀၀၀၀ နဲ့ဝယ်ချင်ပါတယ်... ကျုပ်ဆန္ဒကိုဖြည့်ဆည်းပေးဖို့မျှော်လင့်ပါတယ်ဗျာ''





ဒါကလုပ်ကြံဇာတ်လမ်းပေါ့။

ဖခင်အပေါ်သိတတ်တဲ့ပုံမျိုးသရုပ်ဆောင်ပြီး တစ်ဖက်သားရဲ့စာနာမှုကိုအသုံးချကာ သူ့ဆီပန်းရောင်းစေချင်သည်။

နောက်ပြီး တစ်ဖက်လူကသိပ်ဂရုမစိုက်ဘဲ သန့်စင်ခန်းအပေါက်ဝမှာ ပန်းကိုထားထားတယ်လေ။ သူက ယွမ် ၅၀၀၀၀၀ တောင်ပေးတာ။ စီးပွားရေးသမားဆိုတော့ သေချာပေါက်ရောင်းမှာပဲ ဟုတ်တယ်မလား?

ချင်လင်က မြို့စားနှင်းဆီအကြောင်းသိသည်။ သူကချက်ချင်း ဟို့ဖျင်ကိုကြည့်လိုက်ပြီး_

''လူကြီးမင်းဟို့... ခင်ဗျားကဗဟုသုတကြွယ်တာပဲ... ဒီနှင်းဆီရဲ့နောက်ခံအ​ကြောင်းသိတယ်ပေါ့''

ဟို့ဖျင်ကြောင်သွားသည်။

ဘာသဘောလဲ?

သူကမြို့စားနှင်းဆီကိုသိတာလား?

''မြို့စားနှင်းဆီ... ခင်ဗျား ယွမ် ၅၀၀၀၀၀ နဲ့ဝယ်နိုင်မယ်မထင်ဘူး ဟုတ်လား?''

ချင်လင်က ဟို့ဖျင်၏အတွေးကိုတန်းဖွင့်ချလိုက်သည်။

''အလာလား!'' ဟို့ဖျင်လုံးဝစိတ်ရှုပ်သွားပြီး သတိလက်လွတ်ပြောလိုက်သည်_

''အဲဒါမြို့စားနှင်းဆီမှန်းသိတယ်ဆိုရင် ဘာလို့သန့်စင်ခန်းအပေါက်ဝမှာထားတာလဲ?''

''ကျွန်တော့်အလိုကျမရဘူးလား? ရှင်းကျန့်တယ်အတွက် ဘယ်လောက်တန်ဖိုးရှိရှိ ဘယ်လိုအဓိပ္ပါယ်ပဲရှိရှိ... ကျွန်တော့်အတွက်တော့ ဘာမှမဟုတ်ဘူး''

ချင်လင်ကပြန်ချေပလိုက်သည်။

''ကျွတ်.. ကျွတ်'' ဟို့ဖျင်ဘာပြောရမှန်းမသိတော့။ လူရွှင်တော်ဖြစ်သွားသလိုခံစားလိုက်ရပြီး_

''အမ်... အားနာလိုက်တာ... ကျုပ်ထပ်ပြီးအနှောင့်အယှက်မပေးတော့ပါဘူး''

ထိုသို့ပြောပြီး သူ့အတွင်းရေးမှူးနှင့် ချင်လင်ရုံးခန်းထဲမှမြန်မြန်ထွက်လာသည်။ အခုထွက်မလာရင် မျောက်လိုအကြည့်ခံနေရလိမ့်မည်။

အဓိကအကျဆုံးအချက်မှာ တစ်ဖက်လူကမြို့စားနှင်းဆီမှန်းသိနေ၍ စျေးအမှန်ပေးပြီး မဝယ်နိုင်သောကြောင့်ပင်။ သူ့လုပ်ငန်းနားပြီး ငွေအများကြီးပုံပေးနေရလိမ့်မည်။

ရုံးခန်းဘက်မှထွက်လာပြီးနောက် ဟို့ဖျင်မှာလုံးဝနားမလည်နိုင်ပုံနှင့်စဆဲတော့၏_

''ဟုတ်တော့မဟုတ်သေးဘူးနော်? သူသဘောကျတာနဲ့ပဲ ဒီလိုပန်းမျိုးကိုသန့်စင်ခန်းပေါက်မှာထားရလား? ဘုရားပေးတဲ့ဆုကိုအလဟဿလုပ်ပစ်တာပဲ... မင်းကိုကောင်းကင်ဘုံကအပြစ်ပေးလိမ့်မယ်ကွ''

ထို့နောက် ခပ်သုတ်သုတ်ထွက်လာ၏။

သူတစ်ခုလုပ်ရဦးမည်။

သူမဝယ်နိုင်ရင်တောင် ဒီသတင်းကိုရှင်းကျန့်တယ်ကဖြန့်ဝေသူတွေဆီပို့လို့ရသေးသည်။ ဘာမှမလုပ်တာနဲ့စာရင် အနည်းဆုံးတော့ ဒီသတင်းကြောင့်သူမျက်နှာရလိမ့်မည်။

သူ့ဘေးမှအတွင်းရေးမှူးလည်းဖုန်းထုတ်ပြီး စလှုပ်ရှားလိုက်သည်။ ဥက္ကဌဟို့မဝယ်နိုင်မှတော့ လူအာရုံစိုက်ခံရပြီး သတင်းစီးဆင်းမှုများအောင် ဗီဒီယိုတစ်ပုဒ်တင်လို့ရတယ်မလား?





All Chapters