← Chapters

ဒီပန်းက ဒီလောက်အံ့ဩစရာကောင်းလား? ချက်ချင်း အုတ်အော်သောင်းတင်း! ၂

Vol. 31 Ch. 462

ဒီပန်းက ဒီလောက်အံ့ဩစရာကောင်းလား? ချက်ချင်း အုတ်အော်သောင်းတင်း! ၂

Vol. 31 Ch. 462

ရုံးခန်းထဲ၌_

ကောင်းယောင်ယောင်က ချင်လင်ကိုဇဝေဇဝါကြည့်ရင်း_ ''သူဌေး... သန့်စင်ခန်းပေါက်ကနှင်းဆီအိုးက ယွမ် ၅၀၀၀၀၀ ကျော်တန်တယ်လို့ပြောတာလား?''

''ဘယ်ကမလဲ'' ချင်လင်ကပြုံးပြီးရှင်းပြလိုက်သည်။

''သူဌေး... နောက်နေတာလား?'' ထိုစကားကြားပြီး ကောင်းယောင်ယောင်လန့်သွားသည်_

''ယွမ် ၅၀၀၀၀၀ တန်အိုးစိုက်နှင်းဆီက အဲဒီနားရောက်နေတာ... အစ်မမိုချင်းကိုမြန်မြန်ပြောပြီး အတားအဆီးထပ်လုပ်ဖို့ထောက်ခံချက်တောင်းရမယ်''

သည်လိုနှင့် ကောင်မလေးကအလောတကြီးထွက်သွားသည်။

ဒါယွမ် ၅၀၀၀၀၀ တန်ပန်း။ မတော်လို့ လက်သရမ်းတဲ့ခရီးသည်တွေက ဖျက်ဆီးပစ်ရင်ရော?

ကျောက်မိုချင်းမှာ ကောင်းယောင်ယောင်၏တင်ပြချက်ကိုရပြီး သူမယောက်ျားကတဖြည်းဖြည်းနဲ့မဟုတ်တော့ဘူးဟူ၍ သူမလည်းခံစားမိလာသည်။ သူမကချက်ချင်း ချင်လင်၏ရုံးခန်းထဲသွားပြီး_

''ယောက်ျား... ရှင်ဘာကိစ္စတွေသယ်လာတာလဲ မပြောပြနိုင်ဘူးလား... ယွမ် ၅၀၀၀၀၀ တန်က သန့်စင်ခန်းထဲမှာ... ရှင်ဘယ်တုန်းကစပြီး ပိုက်ဆံကိုပိုက်ဆံလိုသဘောထားလာတာလဲ?''

ချင်လင်က ကျောက်မိုချင်း၏အပြစ်တင်စကားနားထောင်ပြီး ရယ်လိုက်သည်_

''အဲဒါ ယွမ် ၅၀၀၀၀၀ မကဘူး''

''၅၀၀၀၀၀ ကျော်တယ်?'' ကျောက်မိုချင်းက စိုးရိမ်စိတ်နှင့်မေးလိုက်သည်_

''ဒီပန်းကဘယ်လောက်တန်တာလဲ?''

''ဒီလို.. ပြောပြမယ်''

ချင်လင်ကပြုံးပြီးရှင်းပြလိုက်၏_

''ကမ္ဘာ့စျေးအကြီးဆုံးနှင်းဆီအိုးက US ဒေါ်လာ ၄.၅ သန်းတန်တယ်... သန့်စင်ခန်းပေါက်ကအိုးကို US ဒေါ်လာ ၅ သန်း ဒါမှမဟုတ် ၆ သန်းနဲ့ရောင်းနိုင်လိမ့်မယ်''

''????'' ထိုစကားကြားပြီး ကျောက်မိုချင်း​ကြောင်သွားသည်_

''ဒါယွမ်သန်း ၃၀ ကျော်မလား? ရှင်တကယ်ပဲ နှင်းဆီကို သန်း ၃၀ နဲ့ဝယ်ပြီး တံခါးဝမှာချထားတာလား? ရှင်သူဌေးရောဂါရနေတာလား?''

ရုတ်တရက် ကျောက်မိုချင်းနည်းနည်းစိတ်ရှုပ်သွားသည်။





သူမနဲ့ချင်လင်က အခုချမ်းသာနေပြီဟုဆိုနိုင်သော်လည်း နှင်းဆီကိုယွမ်သန်း ၃၀ နဲ့ဝယ်မည့်အကြောင်း မစဉ်းစားရဲ။

သူမကမျက်မှောင်ထပ်ကြုတ်လိုက်ပြီး_

''မဟုတ်သေးဘူး... စံအိမ်မှာဖြစ်ဖြစ် အစားအသောက်ကုမ္ပဏီပဲဖြစ်ဖြစ် ငွေပမာဏအများကြီးလွှဲပေးဖို့ ကျွန်မစာချုပ်လက်မှတ်မထိုးထားဘူး... ဒါဓာတ်ခွဲခန်းကပိုက်ဆံလား? ဒါမှမဟုတ် ရှင့်အိတ်ထဲမှာပိုက်ဆံအများကြီးရှိတာလား?''

ကိုယ်ပိုင်ငွေကြေးကိစ္စနှင့်ပတ်သက်လာလျှင် ကိစ္စကနည်းနည်းပြင်းထန်လာမည်ဖြစ်၍ ချင်လင်ကအလောတကြီးရှင်းပြလိုက်သည်_

''ဒီပန်းတွေက အထူးမြေကြီးမှာဖြစ်တာ... ပိုက်ဆံနဲ့ဝယ်မရဘူး''

သူကအိုးကို ချက်ချင်းမြေကြီးပေါ်ပုံချပြီး ဆက်ရှင်းပြလိုက်သည်_

''ပြီးတော့ ဒီပန်းရဲ့တန်ဖိုးက ဘယ်လောက်နဲ့ရောင်းနိုင်တယ်ဆိုတာနဲ့မဆိုင်ဘူး... သူ့ဖြစ်တည်မှုမှာအဓိပ္ပါယ်ရှိတယ်... ဒီပန်းကိုမြို့စားနှင်းဆီလို့ခေါ်တယ်... တစ်နေရာမှာပဲတွေ့နိုင်တာ... တခြားနေရာတွေမှာမျိုးတုန်းသွားပြီ''

ကျောက်မိုချင်းကသိချင်စိတ်ပြင်းပြလာပြီးမေးလိုက်သည်_ ''ဘယ်မှာလဲ?''

ချင်လင်ကရှင်းပြသည်_ ''ရှင်းကျန့်တယ်ရဲ့အိမ်ဖြူတော်မှာ... နှင်းဆီက ရှင်းကျန့်တယ်ရဲ့နိုင်ငံတော်ပန်း... ဒါပေမဲ့ တကယ့်နိုင်ငံတော်ပန်းအစစ်က မြို့စားနှင်းဆီပဲ... သူကသစ္စာတရားနဲ့ဂုဏ်ကျက်သရေကိုကိုယ်စားပြုတာ''

''ပြီးတော့ တစ်ကမ္ဘာလုံး အိမ်ဖြူတော်မှာပဲဒီပန်းရှိတာ... ဟိုရှီနိုပြည်ရဲ့ထိပ်တန်းလူနည်းစုလောက်ပဲ ဒီပန်းကိုတွေ့နိုင်ကြတယ်''

''အင်း... အခုတို့စံအိမ်မှာတစ်ပင်ရှိပြီ... သန့်စင်ခန်းအပေါက်ဝမှာကိုထားထားတာ''

''ချင်လင်'' ကျောက်မိုချင်းမှာ ချင်လင်စကားနားထောင်ပြီး အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားနှင့်။

ဒီလိုပန်းအကြောင်းကြားဖူးတာ ဒါပထမဆုံး။ သူမမယုံနိုင်ဖြစ်နေသည်။

သူမယောက်ျားက ဒီလိုပန်းမျိုးကို တကယ်သန့်စင်ခန်းထဲထားတာလား?

သို့သော် မကြာသေးခင်က အင်တာနက်ပေါ်မှဝက်ဝံနှစ်ကောင်တိုက်ပွဲဖြစ်ရပ်အကြောင်းတွေးမိပြီး 'ကောင်းတယ်'ဟု ပြောချင်လာသလိုလို?

သူမယောက်ျားဘာလို့ဒီလိုလုပ်လဲ နားလည်သွားပြီထင်သည်။

စက်ဆုပ်လို့ပဲပေါ့။

ရွံဖို့ကောင်းတဲ့လူတွေက အလွန်စည်းမဲ့ကမ်းမဲ့ဆိုသော်လည်း မည်သူမည်ဝါဖြစ်သည့်အပေါ်မူတည်သေးသည်။





''ကျွန်မအထင် ချန်တပေကိုစောင့်ကြည့်ဖို့လုံခြုံရေးတစ်ယောက်လွှတ်ခိုင်းထားတာကောင်းမယ်''

နောက်ဆုံး ကျောက်မိုချင်းလည်း အလောတကြီးထွက်သွားသည်။ သူမယောက်ျားလုပ်ပုံကောင်းသည်ထင်သော်လည်း ပန်းတန်ဖိုးကရှိနေသေးသည်။ ပတ်ဝန်းကျင်ကိုစောင့်ကြည့်ရဦးမည်။

မယုံနိုင်တာ ကျောက်မိုချင်းတစ်ယောက်တည်းမဟုတ်။ အင်တာနက်ပေါ်တွင် ဗီဒီယိုပေါက်သွားသောအခါ တစ်ယောက်ပြီးတစ်ယောက်သိသွားသူများလည်းမယုံနိုင်ကြ။

ဗီဒီယိုမှာ သန့်စင်ခန်းပေါက်တွင်ထားသောအိုးစိုက်နှင်းဆီအကြောင်းဖြစ်သည်။ ဗီဒီယိုရိုက်ထားသူက သိပ်ကျွမ်းကျင်သူမဟုတ်မှန်းသိသာသည်။ ဒီလိုဗီဒီယိုမျိုးက ပုံမှန်အားဖြင့်နာမည်မကြီးတတ်။

သို့သော် ဗီဒီယိုခေါင်းစဉ်က 'ချင်းလင်စံအိမ်'။

ချင်းလင်စံအိမ်မှာ အင်တာနက်ပေါ်တွင်ရေပန်းစားခေါင်းစဉ်ဖြစ်၍ ဒီလိုခေါင်းစဉ်မျိုးကအလွယ်တကူအာရုံစိုက်ခံရသည်။

ဒါပဲဆိုရင်တောင် ပေါက်ဖို့ခက်သေးသည်။ ဘာပဲဖြစ်ဖြစ် နှင်းဆီအိုးလေးတစ်အိုးပင်။ ချင်းလင်စံအိမ်ရဲ့သုံးပွင့်ဆိုင်ဇီးပန်းပွင့်နဲ့ယှဉ်ရင် ဒီနှင်းဆီအိုး သိသိသာသာထင်းထွက်မနေ။

သို့သော် ဗီဒီယိုပါအကြောင်းအရာက လုံးဝမယုံနိုင်စရာ။

''အံ့ဩစရာပဲ! အဲဒါမြို့စားဘုရင်နှင်းဆီ... အဲဒါကို ချင်းလင်စံအိမ်က သန့်စင်ခန်းအပေါက်ဝမှာထားတာတဲ့... မြို့စားဘုရင်နှင်းဆီက ရှင်းကျန့်တယ်ရဲ့တကယ့်နိုင်ငံတော်သင်္ကေတပန်း... သစ္စာတရားနဲ့ဂုဏ်ကျက်သရေကိုကိုယ်စားပြုတာ... တစ်ကမ္ဘာလုံး အိမ်ဖြူတော်တစ်နေရာမှာပဲတွေ့နိုင်တာ... တခြားနေရာတွေမှာမျိုးတုန်းသွားပြီ... ကမ္ဘာမှာလူနည်းစုလောက်ပဲ ဒါကိုရှုစားနိုင်တာလေ''

ဟို့ဖျင်ရဲ့အတွင်းရေးမှူးတင်တာပဲပေါ့။ အကြောင်းအရာက လန့်လောက်စရာ။

ဒါအမှန်သာဆိုရင် ချင်းလင်စံအိမ်က သူတို့ကိုအရှက်ခွဲတာမလား? အရင်းရှင်နယ်ချဲ့နိုင်ငံတော်ပန်းကို အိမ်သာအပေါက်ဝမှာထားတယ်လေ။

ဒါပေမဲ့ လှလှပပလုပ်သွားခဲ့တာပဲ။

ပြည်သူတွေကိုစိတ်ကျေနပ်အောင်တင်တဲ့ဗီဒီယိုတွေ အင်တာနက်ပေါ်များလွန်း၍သာ မယုံနိုင်အောင်ဖြစ်နေကြခြင်းပင်။

''မင်းက ချင်းလင်စံအိမ်သန့်စင်ခန်းရှေ့ကနှင်းဆီကို ပုံကြီးချဲ့နေတာပဲ... ချင်းလင်စံအိမ်က သိရောသိရဲ့လား?''

''ချင်းလင်စံအိမ်: ငါကောလာဟလတွေမယုံ... ကောလာဟလတွေ ငါမဖြန့်!''





''မင်းက ငါတို့အသိဉာဏ်တွေကိုမြေကြီးထဲထိုးကျအောင်လုပ်နေတာပဲ... တကယ်... ချင်းလင်စံအိမ်ကဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးမှာလက်ဝင်လျှိုမှာလဲ?''

''ငါ့ကိုအရူးမလုပ်နဲ့... ချင်းလင်စံအိမ်ကအရမ်းနာမည်ကြီးတယ်ဆိုပေမဲ့ ရှုမျှော်ခင်းနေရာပဲလေ... ဒီလိုပန်းမျိုးဘယ်လိုလုပ်ရမှာလဲ?''

''ပုံပြောကောင်းတယ်ဆိုတော့ မင်းကို like ပေးလိုက်မယ်!''

“......”

မှတ်ချက်တွေက ဗီဒီယိုမှာအဖြစ်မှန်ဖြစ်ကြောင်းမယုံကြချေ။

ဘာပဲဖြစ်ဖြစ် ဘယ်သူမှယုံမည်မဟုတ်။

ရုံချန်းမြို့ထဲကျုံးမင်ဟိုတယ်တွင် ဟို့ဖျင်မှာငါးအသေတစ်ကောင်လိုအသက်ရှူမဝဘဲ မလှုပ်မယှက်လှဲနေသည်။ သူ့ဘေးမှအတွင်းရေးမှူးက နောင်တရသောမျက်နှာနှင့်ဆဲရေးနေ၏_

''ဒါတွေကဘာတွေလဲ? ဥက္ကဌဟို့... လိုင်းပေါ်ကလူတွေကိုကြည့်ပါဦး... သူတို့က မြို့စားနှင်းဆီကိုလုံးဝမယုံကြဘူး''

''အင်တာနက်ပေါ်ကလူတွေက ဘယ်လိုဟာတွေလဲ?''

ဟို့ဖျင်က အထင်သေးသလိုပြောလိုက်သည်_

''ကီးဘုတ်နှိပ်ရုံနှိပ်တတ်တဲ့ လေလုံးထွားတဲ့ကောင်တွေ... ဘာအသိဉာဏ်ရှိမှာလဲ?''

''ဟုတ်ပါ့... တောသားလူအ အုပ်စုက မြို့စားနှင်းဆီကိုသိနေလိုက်ကြတာ''

အတွင်းရေးမှူးက မကျေမနပ်ပြောလိုက်သည်။

ဝေဖန်စာတွေကြောင့် စိတ်ညစ်သော်လည်း မှတ်ချက်များ၊ like များက အရမ်းမြန်သည်။ အထူးသဖြင့် like အရေအတွက်က မြန်မြန်ဆန်ဆန်ထိုးတက်နေ၏။

အမှန်ပင်၊ ဗီဒီယိုအတိုကို ကြည့်ရှုသူ၊ like နှင့် မှတ်ချက်များအပေါ်မူတည်ပြီး တိုးမြှင့်ပေးသည်။ ဒါကြောင့်လည်း အတွင်းရေးမှူး၏ဗီဒီယိုမှာ လူသိပိုများလာပြီး ချင်းလင်စံအိမ်ရေပန်းစားမှုနှင့်အတူ အကြီးအကျယ်ပေါက်သွားသည်။

မကြာသေးခင်က ရှင်းကျန့်တယ်နိုင်ငံနာမည်ကြီးနေသည့်အတောအတွင်း လုံးဝကွက်တိ။ ရှင်းကျန့်တယ်၏သစ္စာတရားနှင့်ဂုဏ်ကျက်သရေကိုကိုယ်စားပြုသော နိုင်ငံတော်အလှလေး၏ဗီဒီယိုဖြစ်နေရင်တောင် သန့်စင်ခန်းပေါက်မှာထားခြင်းကအတုအယောင်ဖြစ်ပြီး လှောင်ပြောင်နိုင်သေးသည်။

သို့သော် အားလုံးကဟာသအဖြစ်သာ ပြောဆိုနေကြသော်လည်း ဗီဒီယိုကပိုပိုပြီးနာမည်ကြီးလာသည်။ မကြာမီ ပန်းအကြောင်းနားလည်သောကျွမ်းကျင်ပညာရှင်တစ်ဦးကမြင်သွား၏။ ပန်းသုတေသနပိုင်းမှ ပါမောက္ခ V ဗီဒီယိုတင်ပြီးနောက် ဆွေးနွေးသည့်လမ်းကြောင်းပြောင်းသွားတော့သည်။

''လူတွေက ကျွန်တော့်ကိုလာတွဲပြီးမေးကြတယ်... ချင်းလင်စံအိမ်သန့်စင်ခန်းရှေ့ကမြို့စားနှင်းဆီကို အစစ်လား အတုလားပေါ့... တကယ်တော့ ဒီသတင်းအကြောင်းကြားကြားချင်း အရင်ဆုံးအတုပဲဖြစ်မယ်လို့တွေးမိတယ်''

''အခုမြို့စားနှင်းဆီက ရေပန်းစားနေတယ်ဆိုတာ အားလုံးသိမယ်ထင်ပါတယ်... တစ်ကမ္ဘာလုံးမှာမျိုးတုန်းပြီး အိမ်ဖြူတော်မှာပဲရှင်တယ်ဆိုတာ မှန်ပါတယ်... ဒါကြောင့် အရင်းရှင်အင်ပါယာရဲ့သစ္စာနဲ့ဂုဏ်ဆိုပြီး ကြီးမြတ်တဲ့လက္ခဏာဖြစ်နေတာလည်းမှန်ပါတယ်''

''ဒီပန်းကိုပျိုးထောင်ဖို့က မဖြစ်နိုင်သလောက်ပါပဲ... ကျွန်တော်အပါအဝင် တစ်ကမ္ဘာလုံးက ပန်းသိပ္ပံပညာရှင်တွေကြိုးစားကြည့်ပြီးပါပြီ... ဒါပေမဲ့ အားလုံးမအောင်မြင်ခဲ့ပါဘူး... ဒီပန်းကိုပျိုးထောင်ရတဲ့အခက်အခဲက ရှန်းရွှေလက်ဆောင်ဆန်ကိုပျိုးထောင်ရသလိုပါပဲ... အောင်မြင်ဖို့မဖြစ်နိုင်သလောက်ပါ''

''ဒီတော့ ဒီလိုအချိန်မျိုးမှာ ချင်းလင်စံအိမ်မှာ မြို့စားနှင်းဆီရှိတယ်ဆိုတဲ့သတင်းက အတုပဲဖြစ်မှာပေါ့... ဒါပေမဲ့ ဗီဒီယိုထဲကမြို့စားနှင်းဆီကိုမြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော်အံ့ဩသွားတယ်''

''ဟုတ်ပါတယ်... အားလုံးလှောင်နေကြတဲ့နှင်းဆီအိုးက မြို့စားနှင်းဆီပါပဲ... ဒါကြောင့်လည်း ကျွန်တော် လူတစ်ယောက်ကိုစဉ်းစားမိပါတယ်... အဲဒါပါမောက္ခလီခိုင်ပါ... ကျွန်တော်တို့လုပ်နိုင်စွမ်းကအကန့်အသတ်ရှိတာကြောင့် ကျွန်တော်တို့ပျိုးမထောင်နိုင်လောက်ဘူး... ဒါပေမဲ့ ပါမောက္ခလီခိုင်က SMA ရောဂါကိုကုသနိုင်တဲ့ ဒိုနာစီမြက်ရင်းကိုပျိုးထောင်ခဲ့တယ်... အကယ်၍ မြို့စားနှင်းဆီကိုပျိုးထောင်တဲ့သူက သူသာဆိုရင် ကျွန်တော်ပြောစရာမရှိတော့ပါဘူး''

''ဒါပေမဲ့ ဒီမြို့စားနှင်းဆီကို ပါမောက္ခလီခိုင်ပျိုးထောင်ခဲ့တာဆိုရင် ချင်းလင်စံအိမ်ပိုင်ရှင်က ဒါဘာပန်းလဲ ဘာအဓိပ္ပါယ်လဲဆိုတာ သိမှာပါပဲ... သူကသန့်စင်ခန်းဘေးနားတောင်ကပ်ထားတယ်... သူ့ရည်ရွယ်ချက်ကဘာလဲ ကျွန်တော်မေးချင်တယ်... ပြီးတော့ သူ့ကိုထောက်ခံကြောင်း ကျွန်တော်ပြောချင်တယ်... အကွက်လှတယ်!''

ပါမောက္ခ၏ဗီဒီယိုထွက်လာသည်နှင့် ချက်ချင်းအုတ်အော်သောင်းတင်းဖြစ်သွားလေသည်။





All Chapters