ချင်လင်: ခြိမ်းခြောက်တာ?
Vol. 31 Ch. 463
မြို့စားနှင်းဆီပေါက်သွားသည်။
အစကသရုပ်ပြသက်သက်ဟုထင်ခဲ့သောဗီဒီယိုမှာ ပန်းကတကယ်အံ့ဩစရာကောင်းမှန်း ရုတ်တရက်သိသွားပြီး လန့်သွားကြသည်။
ထို့နောက် မြင်ကွင်းကလုံးဝပြောင်းသွား၏။
အတွေးတိမ်လွန်းသွားသည်။ ချင်းလင်စံအိမ်က ဒီပန်းမျိုးတကယ်ရနိုင်မှန်းပေါ်သွား၏။
''ပန်းကအစစ်ဆိုရင် သန့်စင်ခန်းပေါက်မှာထားတာ အကွက်လှတာပဲ''
''မင်းရဲ့သစ္စာတရားနဲဂုဏ်ကျက်သရေက ငါ့သန့်စင်ခန်းပေါက်မှာပဲအနံ့ရှူရမယ်''
''ဟား ဟား... အင်တာနက်သုံးတဲ့သူတိုင်း ဟိုရှီနိုကိုသွား... လိုင်းပေါ်တင်... ဟား ဟား''
''ပါမောက္ခလီခိုင်က SMA ဆေးကုန်ကြမ်းပြဿနာကိုဖြေရှင်းပြီးရုံရှိသေး... အခု အရင်းရှင်နိုင်ငံရဲ့ပန်းကိုနှစ်ပြားမတန်အောင် ထပ်လုပ်တော့မယ်!''
''ပါမောက္ခလီခိုင်က အံ့ဩစရာလို့ပဲပြောရတော့မယ်!''
“......”
မြို့စားနှင်းဆီရုတ်တရက်နာမည်ကြီးလာသည်နှင့် ပါမောက္ခလီခိုင်လည်း အကြောင်းအရင်းမရှိနာမည်ကြီးလာသည်။


ချင်းလင်စံအိမ်မီဒီယာခန်း_
လီခိုင်ကထန်ရှိုးဝမ်ဘေးထိုင်ပြီး သူမအချက်အလက်ဖြည့်နေသည်ကိုစိုက်ကြည့်နေသည်။
အချစ်ဦးနှင့်တွေ့သောကောင်လေးနှင့်မခြားပေ။ တစ်ကိုယ်တည်းဘဝမှထွက်ရုံရှိသေး၊ သူ့ကောင်မလေးကိုအမြဲတကပ်ကပ်နှင့်။ အထူးသဖြင့် ညပိုင်းဆိုပိုကပ်ချင်သည်။
လီခိုင်မှာအမြဲဒီလိုအခြေအနေနှင့်၊ အထူးသဖြင့် သူ့လိုသစ်ပင်ဟောင်းကြီးအဖို့ အသက်ပြန်ဝင်လာသလိုဖြစ်နေသည်။ စိတ်ဓာတ်ကျနေသောလူပျိုသိုးကြီးဘဝမှထွက်လာပြီး ဝရုန်းသုန်းကားပင်။
အပြင်မှသူနာပြုဆရာမလေးက ရုတ်တရက်သူမဖုန်းနှင့်အပြေးဝင်လာပြီး_
''ပါမောက္ခလီ... ရှင်နာမည်ကြီးနေပြန်ပြီ... ရှင်ကအံ့မခန်းပဲ''
''ဘာ?'' လီခိုင်ရုတ်တရက်ကြောင်သွားသည်။
အခုကဘာဖြစ်တာလဲ?
သို့ရာတွင် သူနာပြုကဖုန်းကိုစားပွဲပေါ်တင်ပြီး ဗီဒီယိုဖွင့်ပြသည်။ ရေပန်းစားမှုနောက်မျှောလိုက်ချင်သော Weibo အသုံးပြုသူတစ်ယောက်ကတင်ထားသည့် လီခိုင်အကြောင်းဗီဒီယိုတစ်ပုဒ်ဖြစ်သည်။
''ပြောရဦးမယ်... တချို့လူတွေက အချိန်နဲ့အမျှ လူတိုင်းကိုအံ့ဩအောင်အမြဲလုပ်နိုင်တယ်... ကျွန်တော်ပြောနေတာ ပါမောက္ခလီခိုင်အကြောင်းပါ... SMA ဆေးဝါးကုန်ကြမ်းပြဿနာကိုသူဖြေရှင်းခဲ့တာ အားလုံးအသိပါ''
''ဟုတ်ပါတယ်... ပါမောက္ခလီခိုင်က ကြီးကြီးမားမားလုပ်လိုက်ပြန်ပါပြီ... သူကမြို့စားနှင်းဆီကိုထပ်ပြီးပျိုးထောင်လိုက်ပါတယ်... ဒီပန်းအကြောင်းဗီဒီယိုကိုမိတ်ဆွေအတော်များများမြင်ပြီးလောက်ပါပြီ... ဒီပန်းကတကယ်အံ့ဩစရာ ဖီရှိုးပါ''
''ပါမောက္ခလီခိုင်က မြို့စားနှင်းဆီကိုပျိုးထောင်နိုင်ရုံတင်မကဘူး''
ဗီဒီယိုဘလော့ဂါက မြို့စားနှင်းဆီရှားပါးပုံအကြောင်း၊ သူကိုယ်စားပြုတဲ့ထူးခြားချက်အကြောင်း ရှင်းပြထားသည်။
သောက်! သောက်! သောက်!
ဗီဒီယိုကြည့်ပြီးလျှင် လီခိုင်မှာသူ့တကိုယ်လုံးထုံထိုင်းသွားသလိုလို။
ဒယ်အိုးဇောက်ကြီးပဲ။
ဒါပေမဲ့ ဒီတစ်ခါ သူဘာမှမတတ်နိုင်။


''ပါမောက္ခလီ... ရှင်တကယ်အံ့ဩဖို့ကောင်းတာပဲ... ဒီလိုပန်းမျိုးကို ထပ်ပြီးပျိုးထောင်လိုက်တယ်!''
သူနာပြုက လေးစားသံနှင့်ပြောလိုက်သည်။
လီခိုင်ကရှင်းပြချင်သော်လည်း ထန်ရှိုးဝမ်ကရွှန်းလဲ့သောမျက်လုံးများနှင့်ကြည့်လာပြီး_
''စီနီယာအစ်ကိုလီ... ရှင်ကတကယ်အံ့ဩစရာပဲ!''
ဟုတ်ပြီလေ။ အခုလီခိုင်ရှင်းပြချင်ရင်တောင် သူ့ကိုယ်သူမရှင်းနိုင်တော့။ ကိုယ်ချစ်ရတဲ့အမျိုးသမီးက လေးစားမှုနဲ့ကြည့်နေတာကိုမခံချင်တဲ့သူရှိမလား?
သို့သော် မြို့စားနှင်းဆီသူတကယ်မသိ။ ညီလေးချင်က အထူးမြေကြီးသုံးပြီးစိုက်ထားတာဖြစ်ရမည်။
မှားပြန်ပြီ။
ဒီတစ်ခေါက် သူနဲ့ညီလေးချင်ပြန်သယ်လာတဲ့အထူးမြေကြီးအပြင် အနောက်ဘက်ခြံဝင်းထဲကစိုက်ခင်းမှာသာ အထူးမြေကြီးရှိသည်။ မြို့စားနှင်းဆီပျိုးထောင်ဖို့ အထူးမြေကြီးသုံးတာသူမတွေ့မိ။
ကြည့်ရတာ ညီလေးချင်က တခြားနေရာမှာအထူးမြေကြီးချန်ထားတာများလား။
သို့ရာတွင် သူ့နောက်ခံမိသားစုကြောင့် သူလည်းနားလည်သည်။ ဘိုးတော်ကမကြာခဏပြောလေ့ရှိသည်- 'အတော်များများကိုကြိုတင်ပြင်ဆင်ထားရမယ်'တဲ့။ ဉာဏ်များတဲ့ယုန်ကလေးနဲ့ ဝပ်ကျင်းသုံးကျင်း၊ ကိုယ့်နောက်ခံအကြောင်းအစစအရာရာကို သူများကိုပေးသိလို့မဖြစ်ပေ။
ညီလေးချင်က ဒီလောက်တော်တဲ့သူ။ တခြားပြင်ဆင်မှုတွေမရှိဘဲနေမလား?
အချိန်ကုန်လွန်သွားသည်။
မြို့စားနှင်းဆီမှာ ပိုပိုပြီးနာမည်ကြီးလာသည်။
ဘာပဲဖြစ်ဖြစ် ရှင်းကျန့်တယ်အတွက်ဒီပန်းရဲ့ထူးခြားမှုအကြောင်း လူတိုင်းသိသွားပြီ။
အခုသန့်စင်ခန်းပေါက်ထားသောပန်းကို သတိမထားမိဖို့မဖြစ်နိုင်တော့။
ဒီလိုအခြေအနေမျိုးမှာ လူတိုင်းကအထူးတလည် like လာပေးပြီး_ ''ကောင်းတယ်ဟေ့!'' ဟုမှတ်ချက်ရေးကြသည်။


နောက်ပြီး ဟိုရှီနို၏ဝဘ်ဆိုဒ်တွင် ဗီဒီယိုနှင့်သတင်းတင်သူ အမှန်ပင်ရှိလာသည်။
ရလဒ်ကတော့ သိသိသာသာ။
မည်သို့ဆိုစေ ရှင်းကျန့်တယ်မှပြည်သူ ၉၉% မှာ ဂန္တဝင်မြို့စားနှင်းဆီကိုတွေ့ဖို့အခွင့်အရေးမရှိ။
အခုပန်းကို သန့်စင်ခန်းပေါက်ထားထားပြီဆိုတော့ ဘယ်သူမဆိုကြည့်နိုင်ပြီ။ သူတို့ကိုအရှက်ခွဲသည်ဟုခံစားရရုံသာမက အိန္ဒြေလည်းပျက်စေသည်။
ဘာပဲဖြစ်ဖြစ် ဒါသူတို့နိုင်ငံရဲ့ကိုယ်ပိုင်ရတနာ။ သူတို့ကိုယ်တိုင်မမြင်နိုင်သော်လည်း တခြားနိုင်ငံကလူတွေ စိတ်တိုင်းကျကြည့်နိုင်သည်တဲ့။
ဘာတွေဖြစ်ကုန်တာလဲ?
အချိန်တစ်ခုအထိ ဟိုရှီနို၏သတင်းကွန်ရက်တွင် 'သောက်' '-ျီး' ဟုဆဲရေးတိုင်းထွာသောမှတ်ချက်များနှင့်ပြည့်သွားသည်။
ဒါသူတို့အနိုင်ပိုင်းခံလိုက်ရတာလည်းဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် မြို့စားနှင်းဆီက သမုဒ္ဒရာရဲ့တစ်ဖက်ကမ်းမှာ။ သူတို့ဘာမှမတတ်နိုင်၍ ဆဲသာဆဲနေရသည်။
ထိုဒေါသတကြီးဆဲရေးထားသောမှတ်ချက်များကိုလည်း ss ရိုက်ပြီး အင်တာနက်ပေါ်တွင်တင်ကြသည်။
ဒါကပိုတောင်ပေါက်သွား၏။
ဘာရယ်မဟုတ် ထိုဒေါသတကြီးမှတ်ချက်များကိုမြင်သူတိုင်းက စိတ်ကျေနပ်သွားသလိုလို။
ဒီလိုနာမည်ကျော်ပုံက ဝက်ဝံနှစ်ကောင်တိုက်ပွဲကိုတောင်အုပ်သွားသည်။
ဘာပဲဖြစ်ဖြစ် ဝက်ဝံနှစ်ကောင်ကိစ္စနဲ့ပတ်သက်ရင် အရင်းရှင်နိုင်ငံကခုန်ဆွခုန်ဆွလုပ်နေတာကို ကြည့်ပဲကြည့်နေရသည်လေ။
တစ်ဖက်တွင် မြို့စားနှင်းဆီဖြစ်ရပ်က သူတို့ကိုရယ်စရာ၊ စက်ဆုပ်စရာဖြစ်စေသည်။
ချင်းလင်စံအိမ်ကိုဒါမျိုးမပျိုးထောင်ဖို့၊ သူတို့ဂုဏ်ကျက်သရေကိုမစော်ကားဖို့ ဝေဖန်သူများလည်းရှိသည်ပင်။ မြို့စားနှင်းဆီကိုယ်စားပြုသော သစ္စာတရားနှင့်ဂုဏ်ကိုသင်ယူဖို့လည်း လူတိုင်းကိုမေတ္တာရပ်ခံထားသည်။
''မြို့စားနှင်းဆီရဲ့သစ္စာတရားနှင့်ဂုဏ်ကိုသေချာသိနေသရွေ့ ကျွန်တော်တို့နားလည်နိုင်မယ်... ကမ္ဘာကြီးက သဟဇာတဖြစ်လိမ့်မယ်...''
ဒီပန်းကိုအရင်းရှင်နိုင်ငံဆီလှူဒါန်းဖို့၊ တောင်းပန်စာရေးတင်ပြီး သူတို့ခွင့်လွှတ်မှုရယူဖို့ တိုက်တွန်းသူတွေတောင်ရှိသည်။
ဒီလူတွေကို ချင်လင်ကနည်းနည်းမှဂရုမစိုက်။ သူတို့က ဘေးထိုင်ဘုပြောတွေ။
ဒီလိုတက်လိုက်ဆင်းလိုက်သစ္စာနဲ့ဂုဏ်မျိုးကိုလေ့လာပြီး နေရာတကာလိုက်ဒုက္ခပေးမည်မဟုတ်ပေ။
အချိန်ကုန်လွန်သွားသည်။
မြို့စားနှင်းဆီဖြစ်ရပ်မှာ နောက်နှစ်ရက်လောက်ဆက်တက်နေပြီး အင်တာနက်ပေါ်မှလူတိုင်းသိကုန်သည်။ ထို့နောက် အတော်များများက ချင်းလင်စံအိမ်သွားပြီး မြို့စားနှင်းဆီကြည့်ရန်စိတ်ကူးပေါက်လာကြလေသည်။