← Chapters

ချင်လင်: ခြိမ်းခြောက်တာ? ၂

Vol. 31 Ch. 464

ချင်လင်: ခြိမ်းခြောက်တာ? ၂

Vol. 31 Ch. 464

''သောက်... ဒီမြို့စားနှင်းဆီကိုတစ်ချက်လောက်သွားမကြည့်ရရင် နာတာပဲ''

''ဟုတ်တယ်... အားလုံး ပုံတွေများများရိုက်ပြီးတင်ကြပါ... ပြီးရင် အဲဒါတွေကိုစုပြီး သူတို့ကိုဆွဖို့အင်တာနက်မှာတင်မယ်''

''ဒါအရင်းရှင်နိုင်ငံကပြည်သူ ၉၉% မမြင်နိုင်တဲ့ဟာ... ဒါကိုသွားကြည့်ရင် ပြီးမြောက်အောင်မြင်တဲ့ခံစားမှုမျိုးရမှာမလား?

“......”

ဒီအတွေးပြန့်သွားသည်နှင့် တစ်ယောက်ပြီးတစ်ယောက် ရုံချန်းမြို့မှချင်းလင်စံအိမ်ဆီအပြေးသွားကြသည်။

ဒီလိုစိတ်အားထက်သန်မှုမျိုးနှင့်လှုပ်ရှားကြသောလူအရေအတွက်မှာ စိတ်ကူး၍မရနိုင်။ ဒီခရီးသည်တွေရောက်လာပြီး ချင်းလင်စံအိမ်မှာချက်ချင်းလူလျှံသွားသည်။

လူအရေအတွက်က အရင်ပွဲအစီအစဉ်များတွင်လာသောလူဦးရေထက်အများကြီးကျော်နေသည်။

အထူးသဖြင့် သန့်စင်ခန်းမှာ ကြပ်ညှပ်သိပ်နေသည်။ ခြေတစ်လှမ်းလှမ်းတိုင်း သူများခြေထောက်ကိုတက်နင်းမိသည်။

သူတို့အားလုံးကဖုန်းများကိုင်ထားပြီး မြို့စားနှင်းဆီကိုဓာတ်ပုံများရိုက်နေကြသည်။ နောက်လူလုံးဝဝင်မတိုးနိုင်။ အရေးတကြီးသန့်စင်ခန်းဝင်လိုသူမှာ တကယ်ဒုက္ခများလိမ့်မည်။

ဒါကိုမြင်ပြီး အခြေအနေမသိသေးတဲ့သူက ချင်းလင်စံအိမ်ရဲ့သန့်စင်ခန်းမှာ ထူးခြားဆန်းကြယ်လှသည်ဟုထင်ပေမည်။

ကျောက်မိုချင်းက မြို့စားနှင်းဆီကိုဝန်းရံဖို့မှာထား၍သာတော်တော့၏။ စောင့်ကြည့်ဖို့လုံခြုံရေးအစောင့်တောင်လွှတ်ထားသည်။

ချင်းလင်စံအိမ်သို့တဖွဲဖွဲရောက်လာကြသဖြင့် ချင်းလင်စံအိမ်တွင်ပစ္စည်းအများကြီးရောင်းထွက်သွားသည်။ တင်သွင်းသူများကို ယာယီသွင်းကုန်များဖြည့်တင်းပေးရန်တောင်းဆိုရပြီး ရောင်းအားက မယုံနိုင်လောက်အောင်အရှိန်တက်နေ၏။

ရုံချန်းမြို့တွင်လည်း သက်ရောက်မှုရှိသည်။ ဟိုတယ်အားလုံးလိုလိုကြိုတင်ယူထားပြီး ဟိုတယ်လေးများ၊တည်းခိုခန်းများတောင်မလောက်။

မြို့စားနှင်းဆီကြောင့် ရုံချန်းမြို့လာချင်သူများမှာ ရုံချန်းတွင်အခန်းမငှားနိုင်တော့ကြောင်း အံ့ဩစွာသိလိုက်ရလေသည်။

စီရင်စုကသတင်းရသောအခါ စွန်းရှန်နဲ့ချန်လီနှစ်ယောက်လုံးနည်းနည်းကြောင်သွားသည်။





အားလုံးဖြစ်ပျက်တာ အရမ်းမြန်နေသည်။

''သူဌေးချင်ကဒုက္ခပေးတိုင်း တို့ကိုတုံ့ပြန်ချိန်မပေးဘူးပဲ'' စွန်းရှန်ကသက်ပြင်းချပြီး_

''ရုတ်တရက်ကြီး လူတွေဝင်လာတာ''

ချန်လီကရယ်လိုက်ပြီး_ ''မတတ်နိုင်ဘူး... ပါမောက္ခလီခိုင်က မြို့စားနှင်းဆီလိုဟာကိုပျိုးထောင်နိုင်မယ်လို့ ဘယ်သူထင်မှာလဲ? ဒီလူတွေ အပျော်ဝင်ပါချင်တာဖြစ်တတ်ပါတယ်''

စွန်းရှန်ခေါင်းညိမ့်လိုက်သည်။ အွန်လိုင်းပေါ်ကအ​ဖြစ်အပျက်ကိုတွေးမိသောအခါ မပြုံးဘဲမနေနိုင်_ ''သူဌေးချင်က မြို့စားနှင်းဆီကိုသန့်စင်ခန်းပေါက်မှာထားတာ တကယ်ထိတာပဲ... ဒီသတင်းပြန့်သွားရင် ဟိုဘက်ကလက်ပိုက်ကြည့်မနေမှာစိုးတယ်''

သူပြောနေစဉ် ဖုန်းမြည်လာသည်။ သူကနံပါတ်ကိုကြည့်ပြီး ချက်ချင်းကိုင်လိုက်ကာ_

''ကောင်းပါပြီ... ကျွန်တော်သဘောပေါက်တယ်... ကျွန်တော်တို့စီစဉ်လိုက်မယ်... စိတ်မပူပါနဲ့''

ဖုန်းချပြီးနောက် သူကမျက်မှောင်ကြုတ်လိုက်သည်။

''စွန်းရှန်... ဘာဖြစ်လို့လဲ?'' ချန်လီကဇဝေဇဝါနှင့်မေးလိုက်သည်။

စွန်းရှန်ကသက်ပြင်းချပြီး_ ''အရင်တစ်ခါ ဝန်ကြီးလု... ဟိုရှီနိုကလူတွေလာနေတယ်တဲ့... မြို့စားနှင်းဆီကြောင့်ဖြစ်မယ်!''

သူဌေးချင်ရဲ့လုပ်ရပ်ပြန့်သွားသည်နှင့် ဒီအတိုင်းနေမည်မဟုတ်မှန်းသိသော်လည်း အမြန်နှုန်းက သူထင်ထားတာထက်ပိုမြန်နေသည်။

သို့သော် မြို့စားနှင်းဆီကဘာကိုကိုယ်စားပြုသလဲတွေးမိသောအခါ မထူးဆန်းတော့။

လက်ရှိအချိန်မှာ မြို့စားနှင်းဆီကို သန့်စင်ခန်းပေါက်တွင်တစ်ချိန်လုံးထားထားသည်။ ဒါရင်ဆိုင်ဖြေရှင်းရမယ့်ကိစ္စဖြစ်ပြီး ဘယ်သူမဆိုစိတ်လောနေလိမ့်မည်။

တစ်ချိန်တည်းလိုလို ချင်လင်လည်း သူ့ရုံးခန်းထဲတွင် ပါမောက္ခရန်ဆီမှဖုန်းလက်ခံရလိုက်သည်။ ဟိုရှီနိုကလူလာပြီး သူနဲ့ဆွေးနွေးချင်တဲ့အကြောင်းပြောတာပဲပေါ့။

ဒီနှစ်ရက်အတွင်း ဟိုရှီနိုကလူ သူ့ကိုလာရှာမည်ဟုမထင်မိ။

အရမ်းမလောလွန်းဘူးလား?

ဒါပေမဲ့ ဒီမြို့စားနှင်းဆီကိုသန့်စင်ခန်းပေါက်မှာထားတဲ့ကိစ္စက သူတကယ်အရှိုက်ထိတယ်ဆိုတဲ့သဘောပဲပေါ့။

''သူဌေးချင်'' ပါမောက္ခရန်ကပြောသည်_

''ဝန်ကြီးလုက သူ့ကိုယ်စားဖုန်းဆက်ပြီးပြောခိုင်းတာ... အဓိကလူကိုတားဖို့ သူကူညီပေးမယ်တဲ့''

''ဒါပေမဲ့ မင်းဆီလာရှာတဲ့သူတွေရှိလိမ့်မယ်... တစ်ဖက်က မင်းဘက်နဲ့ဆွေးနွေးဖို့ပြောထားတယ်တဲ့... ဒီတော့ မင်းတုံ့ပြန်ရမယ်... လှုပ်ရှားမှုတွေဖြတ်ကျော်ရလိမ့်မယ်''

''ဒါပေမဲ့ သူတို့ကအသေးအမွှားပါ... မင်းစိတ်ထဲရှိသလိုလုပ်လို့ရတယ်... စိတ်ပူစရာမလိုဘူး... အတတ်နိုင်ဆုံးသူတို့လုပ်နိုင်ရင် ခြိမ်းခြောက်တာလောက်ပေါ့... တို့ကသတင်းအချက်အလက်ခေတ်မှာ... ဒီတော့ သူတို့ကိုကြောက်မနေဘူး''

ထိုစကားနားထောင်ပြီး ချင်လင်ရယ်လိုက်သည်။

ပါမောက္ခရန်မှာ အမှာစကားပါးသူဖြစ်သော်လည်း သူ့စကားထဲတွင်ယုံကြည်ချက်ရှိကြောင်း သူသိသည်။

အမှန်ပင်။ သူတို့ကအင်အားရှိပြီး ဘယ်သူ့ကိုမှမကြောက်ဟုဆိုနိုင်သည်။

''သူဌေးချင်... ငါ့ကိုယ်ပိုင်အမြင်ရှိတယ်... မင်းလုပ်တာကောင်းတယ်''

ပါမောက္ခရန်ကဖုန်းချသွား၏။

...

နောက်တစ်နေ့နေ့လယ်တွင် တောင်တန်းစံအိမ်ထဲကားတချို့ဝင်လာသည်။ ကားပေါ်မှလူတစ်စုဆင်းလာပြီး ချန်လီကလမ်းပြပေးသည်။

သူ့ဘေးတွင် ရွှေရောင်ဆံပင်၊မျက်လုံးပြာပြာနှင့် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး။

ကျန်လူအားလုံးက နောက်လိုက်များဖြစ်သည်။

''မစ္စစမစ်... ကြွပါ!'' ချန်လီကကားပေါ်မှဆင်းပြီး သူ့လက်ကိုဆန့်၍ လူဖြူအမျိုးသမီးကိုဖိတ်ခေါ်လိုက်သည်။

နိုင်ငံကသူ့ကိုဧည့်မခံချင်သော်လည်း အပေါ်ယံယဉ်ကျေးသမှုပြရသေးသည်။

အစက သူဌေးချင်ကိုဖိတ်ခေါ်ပြီးဒီကိစ္စကိုရုံခန်းမြို့ထဲမှာဆွေးနွေးဖို့ပင်။ သို့သော် သူဌေးချင်ကအလောတကြီးနှင့် မြို့စားနှင်းဆီကိုတိုက်ရိုက်လာယူစေချင်သည်။

စကားပြန်က ချက်ချင်းလူဖြူအမျိုးသမီးကိုပြောလိုက်သည်_ ''မစ္စစမစ်... ကြွပါ!''

''ကြွပါ!'' စမစ်က မျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်၏။ ထို့နောက် ချန်လီနောက်လိုက်၍ ချင်းလင်စံအိမ်ထဲဝင်လာသည်။

ကားပါကင်မှထွက်လာသည်နှင့် စံအိမ်ထဲတွင် ခရီးသည်အုပ်စုကြီးကိုတွေ့လိုက်ရသည်။ သူတို့က အမှတ်အသားပြုထားသောဦးတည်ချက်အတိုင်းလမ်းလျှောက်သွားနေကြသည်။

ထို့ကြောင့်သူမမျက်မှောင်ကြုတ်ပြီး မျက်နှာပေါ်တွင်ဒေါသရိပ်တောင်ပေါ်လာသည်။

သူမမလာခင် အင်တာနက်ပေါ်မှဗီဒီယိုများကြည့်ပြီး မြို့စားနှင်းဆီထိုနေရာတွင်ရှိကြောင်းသိထားသည်။

ဒီလူတွေအားလုံးဒီလာတာ မြို့စားနှင်းဆီကြောင့်ပဲ။

ခရီးသည်များမျက်နှာတွင် ပြည်တည်တည်နှင့် လှောင်သလိုပြောင်သလိုအမူအရာများကိုမြင်ရသောအခါ အပြင်းအထန်အရှက်ခွဲခံရသလိုပင်။

ဒါသစ္စာနဲ့ဂုဏ်ကိုကိုယ်စားပြုတဲ့မြို့စားနှင်းဆီ။ ဒီလူတွေမှာကြည့်ခွင့်ရှိလို့လား? သူတို့ကြည့်ဖို့တန်လို့လား?

ဒီတစ်ခေါက် မြို့စားနှင်းဆီကိုပြန်သယ်သွားရမည်။

မြန်မြန်ဆန်ဆန်ပင်_





ထိုလူတစ်စုကို ချင်လင်ကရုံးခန်းထဲမှာလက်ခံတွေ့ဆုံသည်။

''သူဌေးချင်... ပြန်ဆုံပြီနော်''

ချန်လီက ချင်လင်ကိုမြင်လျှင်နှုတ်ဆက်လိုက်သည်။ ထို့နောက် စမစ်ကိုပြုံးပြကာ_

''မစ္စစမစ်... ဒါကလူကြီးမင်းချင်ပါ... မြို့စားနှင်းဆီရဲ့ပိုင်ရှင်ပါပဲ... စကားပြောချင် သူနဲ့ပြောလို့ရပါတယ်!''

စကားပြန်ကလည်း စမစ်ကိုဘာသာပြန်ပေးသည်_ ''မစ္စစမစ်... ဒါကလူကြီးမင်းချင်ပါ...''

စမစ်က ချင်လင်ကိုကြည့်လိုက်သည်။

သူမရှေ့ကလူက သွေးထိုးလှုံ့ဆော်သူဟုသိသိချင်း သူမမျက်နှာမှာဒေါသကိုဖုံးကွယ်မထားနိုင်_

''အလိုလေး... မင်းဘာလုပ်ခဲ့တာလဲသိလား? မင်းငါတို့ကိုစော်ကားလိုက်တာ! မင်းရဲ့လုပ်ရပ်အတွက် ပြေရာပြေကြောင်းလုပ်သင့်တယ်''

ချင်လင်နည်းနည်းစိတ်ရှုပ်သွားသည်။

ကောလိပ်တုန်းက အင်္ဂလိပ်စစ်ဆေးချက်အဆင့် ၄ ရခဲ့သော်လည်း အရင်နှစ်တွေမှာမေ့လုနီးနီးဖြစ်နေပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘွဲ့ရပြီးကတည်းက သူအင်္ဂလိပ်လိုတစ်လုံးမှမပြောခဲ့။

''သူကရှင့်ကိုအပြစ်တင်နေတယ်... ရှင်ကသူတို့ကိုစော်ကားတာတဲ့...''

စကားပြန်ကမြန်မြန်ပြောပြလိုက်သည်_

''ရှင့်လုပ်ရပ်အတွက် ပြေရာပြေကြောင်းလုပ်ခိုင်းနေတယ်''

''ဒါဆို သူ့ကိုမေးလိုက်ပါ... ငါ့အပြစ်တွေကျေအောင် ဘာလုပ်စေချင်တာလဲလို့?''

ထိုစကားကြားပြီး ချင်လင်၏မျက်နှာမှာလှောင်ပြောင်ချင်စိတ်အပြည့်နှင့်။

ပါမောက္ခရန်ကဖုန်းဆက်ပြီးသတိပေးထား၍ သူ့မှာယုံကြည်ချက်ရှိသည်။ သူဂရုမစိုက်။

''ငါဘယ်လိုလုပ်ရမလဲ?''

စကားပြန်က စမစ်ကိုမေးလိုက်သည်။

''တို့ကိုမြင့်မြတ်တဲ့မြို့စားနှင်းဆီပေးပြီး တစ်ကမ္ဘာလုံးရှေ့မှောက်မှာတောင်းပန်ရမယ်''

စမစ်က ပြင်းပြင်းထန်ထန်ပြောလိုက်သည်_

''မဟုတ်ရင်... မင်းမတတ်နိုင်တဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်''

ချင်လင်ကစကားပြန်ကိုကြည့်လိုက်သည်။

စကားပြန်ကပြုံးပြီး ပြန်ပြောပြသည်_

''သူကရှင့်ကိုထပ်ဆူနေတယ်... မြို့စားနှင်းဆီကို သူ့ဆီချက်ချင်းအပ်ပါတဲ့... ကမ္ဘာ့မီဒီယာတွေရှေ့မှောက်မှာလည်း တောင်းပန်ခိုင်းတယ်... မဟုတ်ရင် ရှင်မတတ်နိုင်တဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်တဲ့... ဟုတ်တယ်... ရှင့်ကိုခြိမ်းခြောက်နေတာ''

''လက်ထောက်ချန်... သူကခြိမ်းခြောက်နေတယ်... ကျွန်တော်နည်းနည်းလန့်သွားပြီ... မြို့စားနှင်းဆီကို သူ့ဆီပေးသင့်တယ်ထင်လား?''

ချင်လင်က ချန်လီကိုပြောရင်း မပြုံးဘဲမနေနိုင်။

''သူဌေးချင်သဘောပါပဲ''

ချန်လီကပြုံးပြီးပြောလိုက်သည်_

''ကျုပ်တို့ကဆုံးဖြတ်ပေးလို့မရပါဘူး''

''သူကခြိမ်းခြောက်နေပြီ''

ချင်လင်က သရော်သံနှင့်_

''ကျွန်တော်က ကောင်လေးတစ်ယောက်ပဲလေ... အရမ်းလန့်တာပေါ့... ဒီအပင်ကိုဘာလို့အရင်မပေးရမှာလဲ? ဘာပဲဖြစ်ဖြစ် ဒီအပင်ပေးလိုက်လည်းကိစ္စမရှိဘူး''

''နောက်မှအပင်တွေထပ်ပျိုးတာပေါ့... သန့်စင်ခန်းပေါက်မှာ စိုက်ရုံတင်မကဘူး... မိလ္လာကျင်းနှစ်ကျင်းမှာလည်းစိုက်မယ်... အိုး.. ဝက်ဝံကြီးနှစ်ကောင်နဲ့တခြားလူတွေကိုလည်းပေးနိုင်တာပေါ့''

''ဟုတ်ပြီ... အများကြီးပျိုးထောင်ပြီးရင် ကမ္ဘာပေါ်ကသန့်စင်ခန်းတိုင်းကိုလှူမယ်... မိလ္လာကျင်းတိုင်းမှာတစ်ပင်စိုက်မယ်... ဘယ်လိုလဲ?''

''သောက်'' ချန်လီကထိုစကားကြားပြီး ခဏတော့ဘာလုပ်ရမှန်းမသိ။ ဒါနည်းနည်းရက်စက်သွားပြီ။

သို့သော် ထိုအချိန်တွင် ရုတ်တရက်စမစ်၏ အလောတကြီးအသံထွက်လာသည်_

''မင်းဒီလိုလုပ်လို့မရဘူး... ဒီလိုလုပ်ရဲရင် ငါတို့ဘယ်တော့မှသဘောမတူဘူး!''

သူမစကားကြောင့် အားလုံးအလန့်တကြားကြည့်လိုက်ကြသည်။

သူမကတရုတ်လိုပြောနေခြင်းပင်။

စကားပြန်မှာ သရဲတစ္ဆေမြင်သလိုကြည့်လိုက်ပြီး_

သူ့တရုတ်စကားက ဒီလောက်ကောင်းနေတာ... ဘာလို့ငါ့ကိုပြန်ခိုင်းနေတာလဲ?





All Chapters