← Chapters

လက်မှိုင်ချ!

Vol. 31 Ch. 465

လက်မှိုင်ချ!

Vol. 31 Ch. 465

စမစ်က သူ့ရာထူး၊သူ့အ​ပြုအမူကိုလုံးဝဂရုမစိုက်။

မြို့စားနှင်းဆီကိုသန့်စင်ခန်းပေါက်မှာထားတာပဲ စော်ကားလွန်းနေပြီ။ ဒါပေမဲ့ သူက မိလ္လာကျင်းထဲမှာစိုက်ပြီး ကမ္ဘာပေါ်ကသန့်စင်ခန်းတိုင်းကိုတစ်ပင်လှူဦးမတဲ့။

ဘယ်လိုဟာသမျိုးလဲ?

သူတကယ်ဒီလိုလုပ်ရဲရင် မှတ်လောက်သားလောက်အောင်တော့လုပ်ပစ်ရမယ်။

''လက်ထောက်ချန်''

ချင်လင်က ချန်လီကိုပြုံးပြပြီး_

''ကျွန်တော်လှူမှာတန်းမှာကိုတော့ သူတို့တားလို့မရလောက်ဘူး ဟုတ်တယ်မလား?''

''အင်း... မြို့စားနှင်းဆီကိုမလှူရဘူးဆိုတဲ့ နိုင်ငံတကာစည်းမျဉ်းမရှိပါဘူး''

ချန်လီကပြောလိုက်သည်။

ချင်လင်က စမစ်ကိုလက်ယမ်းပြပြီး_

''တွေ့တယ်နော်... ခင်ဗျားသဘောမတူရင်တောင် ကိစ္စမရှိဘူး''

စမစ်က စကားပြန်ကိုထုံးစံအတိုင်းကြည့်လိုက်သည်။

“???” စကားပြန်ကြောင်သွားသည်။

တရုတ်လိုတတ်တယ်မဟုတ်ဘူးလား?





စကားပြန်၏မျက်နှာထားကိုမြင်လျှင် ဆက်ပြီးဟန်ဆောင်စရာမလိုတော့မှန်း စမစ်သဘောပေါက်လိုက်သည်။ ပြီးလျှင် ချင်လင်ကိုစိတ်ရှုပ်ရှုပ်နှင့်ကြည့်ကာ_

''မင်းဘာလိုချင်တာလဲ?''

သူမခြိမ်းခြောက်မှုကို လုံးဝအရေးမစိုက်ပုံလည်းမြင်နေရသည်။

''မစ္စစမစ်'' ချင်လင်က ပြန်ချေပ၏_

''ကျွန်တော့်ကိုလာရှာတာ ခင်ဗျားပါ... ခင်ဗျားဘာလိုချင်တာလဲ ကျွန်တော်ကမေးရမှာမဟုတ်ဘူးလား?''

စမစ်က ချင်လင်ကိုဒေါသတကြီးစိုက်ကြည့်ပြီး_

''မင်းဆီကမြို့စားနှင်းဆီကို ငါတို့ဝယ်နိုင်တယ်... ပျိုးထောင်တဲ့နည်းစနစ်ကိုဖြတ်တောက်ရမယ်... သန့်စင်ခန်းရှေ့မှာ မြို့စားနှင်းဆီထပ်ပေါ်လာတာမျိုးမလိုချင်ဘူး''

''ဒါဆိုရင်တော့ အားနာပါတယ်... ကျွန်တော်မရောင်းဘူး''

ချင်လင်ကပြုံးပြီး ပြတ်ပြတ်သားသားငြင်းလိုက်သည်။ သူကဒါနဲ့ပိုက်ဆံရှာနေတာမဟုတ်။

ပြီးတော့ အခုပိုက်ဆံရှာဖို့က သူ့အတွက်သိပ်မခက်။ ချင်းလင်လက်ဖက်ရည်နဲ့ချင်းလင်ဆော့တင် နေ့တိုင်းဝင်ငွေအများကြီးရနေသည်။

''ငါတို့ကြေးကြီးပေးနိုင်တယ်... မင်းကလည်း ကြေးကြီးကမ်းလှမ်းလို့ရတယ်''

စမစ်ပိုပြီးစိတ်ပူသွားသည်။

''လေလံဆွဲလို့ရလား? ဒေါ်လာ ၁၀ ဘီလီယံ... ဒေါ်လာ ၁၀ ဘီလီယံပေးရင်ရောင်းမယ်''

ချင်လင်ကရယ်သွမ်းသွေးပြီးပြောလိုက်သည်။

''မဖြစ်နိုင်ဘူး... မင်းကနည်းနည်းမှမဟုတ်သေးဘူး'' စမစ်ဒေါသထွက်သွားသည်_

''သူတို့ကဘယ်လိုလုပ်ပြီး ဒေါ်လာ ၁၀ ဘီလီယံထုတ်ပေးမှာလဲ?''

ဒေါ်လာ ၁၀ ဘီလီယံဆိုတာ ဘယ်လောက်လဲသိလား? လက်နက်တွေဘယ်လောက်များဝယ်လို့ရလဲ?

စမစ်ကတွေးလေလေ ဒေါသထွက်လေလေ။ သူမကချင်လင်ကိုစိုက်ကြည့်ပြီး တစ်ဖက်ကလုံးဝစကားမပြောချင်ကြောင်း နောက်ဆုံးသဘောပေါက်သွားသည်။

ဒါကြောင့် အတော်အရှက်ကွဲသလိုဖြစ်နေသည်။

သူက ဒီနိုင်ငံမှာကုန်သည်ပဲ။ ဘာအားကိုးနဲ့ သူမကိုဒီလိုမျိုးဆက်ဆံရဲတာလဲ?

''မင်းနောင်တရစေရမယ်'' စမစ်ကပြင်းပြင်းထန်ထန်ပြောလိုက်သည်။ ဒီနေရာမှာ နည်းနည်းမှဆက်ပြီးနေချင်စိတ်မရှိတော့၍ နောက်လိုက်တစ်သုတ်နှင့်ထွက်လာခဲ့သည်။





အပြင်ရောက်ပြီး တွေးလေလေ ဒေါသထွက်လေလေနှင့် သူမဖုန်းကိုထုတ်ပြီး သူဌေးကိုဆက်လိုက်သည်။

သူမဒါကိုအမှန်အတိုင်းတင်ပြပြီး တစ်ဖက်လူကိုမှတ်လောက်သားလောက်ပညာပေးစေချင်သည်။

ဖုန်းဝင်သည်နှင့် သူမကချက်ချင်းပင်_

''လူကြီးမင်း... တစ်ဖက်က ကျွန်မတို့ကိုလုံးဝအလေးအနက်မထားပါဘူး... ညှိနှိုင်းဖို့ကို ကဖျက်ယဖျက်လုပ်နေတယ်... ဒါစော်ကားတာ... ကျွန်မတို့အရေးယူသင့်တယ်''

ထိုစကားများမှာ ခံပြင်းသောစကားဖြစ်သော်လည်း ဖုန်းတစ်ဖက်မှလူကတိတ်ဆိတ်နေသည်။ ခဏအကြာ သက်ပြင်းချသံကြားရပြီး_ ''ပြန်လာခဲ့... အဲဒီမှာပြောစရာမလိုတော့ဘူး... ငါတစ်ဖက်လူနဲ့ညှိနှိုင်းပြီးပြီ... ဒီကိစ္စကိုဖြေရှင်းလိမ့်မယ်''

ထိုစကားကြားပြီး စမစ်ကြောင်သွားသည်။

သူမအထက်လူရဲ့လေသံက အလျှော့ပေးလိုက်တဲ့ပုံ။

သူမကဖုန်းချပြီးဆဲလိုက်သည်_ ''သေစမ်း''

ဘယ်လိုလုပ်အလျှော့ပေးရတာလဲ?

မြို့စားနှင်းဆီကို သူတို့ပိုင်ဆိုင်ခွင့်မရှိဘူးလေ။

ရုံးခန်းထဲ၌_

စမစ်ထွက်သွားပြီးနောက် ချန်လီကချင်လင်ကိုနှုတ်ဆက်ပြီး အပြင်လိုက်ထွက်လာသည်။ သူ့ကိုသဘောမကျသော်လည်း ရုံချန်းမှာရှိတုန်း ဂရုစိုက်ပေးရဦးမည်။

သိပ်မကြာမီ ချင်လင်ဆီ ဝန်ကြီးလုထံမှဖုန်းဝင်လာသည်။

ချင်လင်ကချက်ချင်းဖုန်းဖြေလိုက်၏။





''သူဌေးချင်... မင်းစမစ်ကိုအရမ်းဒေါသထွက်အောင်လုပ်လိုက်တယ်လို့ကြားတယ်''

ဝန်ကြီးလုအသံကြားရသည်။

''အားလုံး ဝန်ကြီးလုကြောင့်ပါ''

ချင်လင်ကခပ်သွက်သွက်ပြောလိုက်၏။

''သူဌေးချင်... ငါလည်းတစ်ဖက်လူနဲ့ သဘောတူညီချက်ယူထားပြီ... ဒီတော့ မင်းကိုလုပ်ခိုင်းစရာရှိတယ်''

ဝန်ကြီးလုကရယ်ပြီးပြောနေသည်။

''ပြောပါ ဝန်ကြီးလု'' ချင်လင်ကချက်ချင်းပြောလိုက်သည်။

ဝန်ကြီးလုကရှင်းပြသည်_

''မြို့စားနှင်းဆီကို သန့်စင်ခန်းပေါက်မှာမထားပါနဲ့... သင့်တော်တဲ့နေရာမှာထားလိုက်ပါ... ပြီးတော့ ချင်းလင်စံအိမ်အပြင်မရောက်ပါစေနဲ့... ဒီတစ်ခါ တစ်ဖက်က အလဲအလှယ်အနေနဲ့သဘောတူဖို့ဖိအားပေးတယ်''

ဝန်ကြီးလုဆိုလိုသည့်သဘောကို ချင်လင်အကြမ်းဖျင်းနားလည်လိုက်သည်။

အထက်လူတွေက မြို့စားနှင်းဆီကိုအသုံးချပြီး ပြဿနာတချို့ဖန်တီးထားခြင်းဖြစ်မည်။

နောက်ဆုံးသဘောတူညီချက်က ချင်းလင်စံအိမ်မှာမြို့စားနှင်းဆီရှိကြောင်း တစ်ဖက်ကလက်ခံသော်လည်း မြို့စားနှင်းဆီကိုမပြန့်စေရ။

ဒီတော့ ကမ္ဘာမှာမြို့စားနှင်းဆီကိုပိုင်ဆိုင်ခွင့်ရထားသူက သူတစ်ယောက်တည်းဆိုတဲ့သဘောမဟုတ်လား?

အင်အားရှိတဲ့နိုင်ငံဖြစ်တာကောင်းလိုက်တာ။

''ကောင်းပါပြီ... ဝန်ကြီးရဲ့အစီအစဉ်အတိုင်းလိုက်နာပါမယ်''

ချင်လင်ကအပြုံးနှင့်ပြန်ဖြေလိုက်သည်။

သူလုပ်နေတဲ့ကိစ္စကဘာမှမဟုတ်မှန်း သူသိသည်။ သူတို့ကိုဆွဲချတဲ့လုပ်ရပ်မျိုးသူလုပ်မှာမဟုတ်။

လက်ရှိမြို့စားနှင်းဆီကအရမ်းနာမည်ကြီးနေမှတော့ နောက်ထပ်နှစ်ပင်စိုက်ပြီး ပန်းပင်လယ်အကျယ်ထဲရွှေ့လိုက်ရုံပင်။ ဘာပဲ​ဖြစ်ဖြစ် ပန်းပင်လယ်အကျယ်မှာ နောက်ဆုံးရာသီပန်းစိုက်ပြီးပွင့်လာလိမ့်မည်။

နောက်ပြီး မြို့စားနှင်းဆီနဲ့ဆိုရင် မူလသာမန်ပန်းပင်လယ်အကျယ်ရဲ့စတိုင်က တမူထူးခြားသွားလိမ့်မည်။

ဖုန်းချပြီးနောက် ချင်လင်ကဒီအကြောင်း ကျောက်မိုချင်းကိုပြောပြလိုက်သည်။ ထို့နောက် ချန်တပေအား ပန်းပင်လယ်အကျယ်ထဲမြို့စားနှင်းဆီရွှေ့ခိုင်းပြီး ပတ္တရောင်လှည့်ဖို့လုံခြုံရေးအစောင့်လွှတ်ခိုင်းထားသည်။

နောက်တစ်နေ့ မြို့စားနှင်းဆီကြောင့်စံအိမ်ရောက်လာသူများမှာ သန့်စင်ခန်းတွင်မြို့စားနှင်းဆီမတွေ့တော့မှန်းသိလိုက်ရသည်။

ချင်းလင်စံအိမ်တရားဝင်အကောင့်တွင်လည်း ကြေညာချက်ဗီဒီယိုတစ်ပုဒ်တင်ထားသည်:

''မြို့စားနှင်းဆီကို ပန်းပင်လယ်အကျယ်ထဲရွှေ့စိုက်ထားပါတယ်... ပန်းပင်လယ်အကျယ်ပန်းပွင့်ချိန်မှာ မြို့စားနှင်းဆီကိုလာကြည့်လို့ရပါတယ်ရှင်''





All Chapters