← Chapters

အထက်တန်းလွှာတို့၏ တိုက်ပွဲ

Vol. 75 Ch. 1113

အထက်တန်းလွှာတို့၏ တိုက်ပွဲ

Vol. 75 Ch. 1113

ရှန်းရှုရီတို့နှင့် လမ်းခွာလာပြီးနောက် လင်းရီနှင့် ထျန်းရန်တို့ လေယာဉ်စီး၍ ကျိုးဟိုင်သို့ ပြန်လာခဲ့ကြသည်။

လေယာဉ်ပေါ်တွင် နှစ်ယောက်သား စကားသိပ်မပြောဖြစ်ကြ။ အကယ်၍ တစ်ခါတစ်ရံ ပြောဖြစ်ကြလျှင်တောင် အလုပ်ကိစ္စများသာ ဖြစ်လေသည်။

မူလကတော့ ထျန်းရန် တွေးထားသည်မှာ သူမ၏ သူဌေး နိုင်ငံပြန်ရောက်သည်နှင့် ချက်ချင်း တုံ့ပြန်တိုက်ခိုက်လိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ သူက ပြင်းထန်သည့် တိုက်ခိုက်မှုများကို ထုတ်ဖော်၍ နယ်ပယ်တစ်ခုလုံးကို တုန်လှုပ်စေပြီး လင်းယွင်အုပ်စုကို ကျော်ကြားစေလိမ့်မည်။ ဤသည်ကလည်း လင်းရီ၏ အကျင့်စရိုက်နှင့် ကိုက်ညီလေသည်။

သို့သော်လည်းပဲ ရှန်းရှုရီတို့နှင့် စားသောက်ပြီးသည့်နောက် ဤကိစ္စနောက်ကွယ်ရှိ လက်သည်တရားခံ သုံးယောက်သည် မရိုးရှင်းပဲ သူမ စိတ်ကူးထားသည်ထက်ပင် သန်မာနေသည်ကို တွေ့ရှိလိုက်ရသည်။

မဟုတ်ပါက ဟွာရန်အုပ်စု၏ခေါင်းဆောင်ကြီး ဖြစ်သည့် ရှန်းရှုရီမှ ထိုမျှ အလေးထား ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။

ထိုသို့ဆိုလျှင် လက်ရှိ လာမည့် တိုက်ပွဲကြီးသည်က လင်းယွင်အုပ်စု၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲမျိုး ဖြစ်သွားပေမည်။

နှစ်နာရီကြာပြီးနောက် နှစ်ယောက်သား လေယာဉ်ပေါ်မှ ဆင်းလိုက်ကြ၏။

အပြင်ဘက်ရှိ ရာသီဥတုက ကြည်လင်နေပြီး တိမ်များလည်း ကင်းစင်နေလျက် သင်းပျံ့နေသည့် ရနံ့တို့က လေထုထဲ သင်းပျံ့နေသယောင်ယောင်။

သို့ပေမယ့်လည်း ထျန်းရန်သည်သာလျှင် မုန်တိုင်းမလာခင် ငြိမ်သက်နေခြင်း ဖြစ်ကြောင်း သိရှိထား၏။

မုန်တိုင်းတစ်ခုသည် မကြာခင် ရောက်ရှိလာခဲ့တော့မည်။

လင်းရီ နာရီကို တစ်ချက် ငုံ့ကြည့်ရင်း “ ကုမ္ပဏီ မန်နေဂျာ ရာထူးအထက်က အမှုဆောင် အဖွဲ့ဝင်တွေကို တစ်နာရီအတွင်း အစည်းအဝေးခန်းထဲ စုစည်းထားဖို့ အသိပေးလိုက်…”

“ နားလည်ပါပြီ သူဌေး…”

တစ်နာရီ ကြာပြီးနောက် နှစ်ယောက်သည် လင်းယွင်အုပ်စုသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုအချိန်တွင် ကော်ပိုရေးရှင်း၏ အမှုဆောင် အဖွဲ့ဝင်များအားလုံး အစည်းအဝေးခန်းထဲသို့ စုဝေးရောက်ရှိနေကြပြီး ထိုင်ခုံနေရာ အသီးသီးတွင် ကျောမှီလျက်ရှိကာ မည်သူမျှ စကားတစ်ခွန်း မဆိုကြချေ။

ဟော်ယွမ်ယွမ်သည်ပင် သူမခေါင်းကို စားပွဲပေါ် စိတ်ပျက်လက်ပျက် တင်ထားပြီး မကောင်းသည့် ခံစားချက်တို့ ရရှိနေခဲ့၏။

ချလပ်…

အစည်းအဝေးခန်း၏ တံခါး တွန်းပွင့်လာခဲ့ပြီး လင်းရီနှင့် ထျန်းရန်တို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာခဲ့ကြ၏။

ထျန်းရန်၏ ထွက်ပေါ်လာမှုက ရှိနေကြသည့် လူတိုင်းကို အားတိုးဆေး ကျွေးလိုက်သလိုပင်။

ကော်ပိုရှေးရှင်း၏ အမှုဆောင် အဖွဲ့ဝင်များ အားလုံးသည်လည်း သူမ အမေရိကားတွင် အထိန်းသိမ်းခံထားရသည်ကို သိရှိထားပြီး ဖြစ်သည်။

ထို့ပြင် သူတို့အားလုံး ထျန်းရန် လွတ်မြောက်နိုင်ရေး အတွက် မရေမတွက်နိုင်သည့် ညှိနှိုင်းဆွေးနွေးမှုများနှင့် ချဉ်းကပ်နည်း ပေါင်းစုံကို အသုံးပြုခဲ့ကြပါသော်လည်း ရလဒ်သည်က အချည်းနှီးသာ ဖြစ်လျက် ရှိခဲ့၏။

သို့သော်လည်းပဲ ဥက္ကဌလင်း ဤအကြောင်း သိရှိသွားပြီးနောက် အမေရိကားသို့ ချက်ချင်း ခရီးထွက်ပြီး ဒါရိုက်တာထျန်ကို ပြန်ခေါ်လာခဲ့သည်။

ဘာတွေ ဖြစ်ခဲ့လဲဆိုတာကိုတော့ မည်သူကမျှ ဘာမျှ မသိကြချေ။

သို့တိုင်အောင် ဥက္ကဌလင်းရဲ့ သူ၏ နောက်လိုက်များအပေါ် ထားရှိသည့် သဘောထားက လူတိုင်း၏ ရင်ဘက်ထဲ နွေးထွေးသွားစေရန် လုံလောက်သည်။

“ ဥက္ကဌလင်း..”

လင်းရီ ဝင်လာသည်ကို မြင်တော့ အမှုဆောင် အရာရှိများအားလုံး မတ်တပ်ရပ်လိုက်ကြ၏။

“ ထိုင်ကြပါ… အရမ်းကြီး ယဉ်ကျေးနေစရာ မလိုပါဘူး… " လင်းရီ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်။

“ ကုမ္ပဏီရဲ့ သုတေသန လုပ်ငန်းတွေက စဉ်ဆက်မပြတ် ခရီးပေါက်နေခဲ့တာ ဥက္ကဌထျန်ရဲ့ အမေရိကားမှာ ကြိုးစားပေးမှုကြောင့် ဆိုတာ ဘယ်သူမှ ငြင်းလို့မရဘူး… “လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ထင်မှတ်မထားတာ တစ်ခုက ဖြစ်ပျက်သွားခဲ့သေးတယ်…. ဒါရိုက်တာထျန်ရဲ့ လင်းယွင် အုပ်စုအပေါ် အကျိုးဆောင်မှုကို လူတိုင်းလည်း အသိပဲ… ဒီတော့ ကျုပ် ဒါရိုက်တာထျန်ကို လက်ခုပ်တီးပြီး ချီးမြောက်ချင်တယ်…”

ထျန်းရန် ရှက်ကိုးရှက်ကန်း ဖြစ်သွာခဲ့ပြီး မတ်တပ်ရပ်၍ လူတိုင်းဘက်သို့ ဦးညွှတ်လိုက်သည်။

“ ဒါ ကျွန်မ လုပ်သင့်တာပါပဲ..”

သူမ၏ သဘောထားကို အကြမ်းဖျင်း ပြသပြီးနောက် ထျန်းရန် ပြန်ထိုင်ချလိုက်သည်။

လင်းရီ သူ၏ ကိုယ်နေဟန်ထားကို တည်တံ့လိုက်ပြီး “ နောက်…. အမေရိကားမှာ ဘာဖြစ်သွားခဲ့လဲဆိုတာကို ကျုပ် ပြောမယ်… ဒီလိုမျိုးတွေ ဖြစ်သွားခဲ့ရတဲ့ အကြောင်းအရင်းက အမေရိကားမှာရှိတဲ့ ကျုပ်တို့ရဲ့ ကုမ္ပဏီ အတိုင်ကြားခံလိုက်ရတာကြောင့်ပဲ… တိုင်တဲ့သူကလည်း ဟွာရှက ဖြစ်နေတယ်… ဒီဖြစ်ရပ်မှာ အုပ်စု သုံးခုက ပါဝင်ပတ်သက်နေတယ်.. ပထမ ရန်ကျင်းမှာ ရှိတဲ့ ဟွမ်အန်း ဦးပိုင် ကုမ္ပဏီ၊ ဒုတိယ ရန်ကျင်းမှာရှိတဲ့ ဖူရှင်း semiconductor ကုမ္ပဏီ၊ နောက် တတိယ ဇီကျင်းပန်း နည်းပညာကုမ္ပဏီ… သူတို့ အတူ အလုပ်လုပ်ပြီး ဒီကိစ္စကို ဖန်တီးလိုက်တာ…”

လင်းရီ အစောပိုင်းကတည်းက ဤကုမ္ပဏီ သုံးခု အကြောင်း သေချာစုံစမ်းထားပြီး ဖြစ်သည်။

ဟွမ်အန်း ဦးပိုင်သည်က ဝမ်မိသားစု လက်အောက်ရှိ စီးပွားရေး လုပ်ငန်းဖြစ်၏။ ဖူရှင်း semiconductor က ဟန်မိသားစု၏ စီးပွားရေး လုပ်ငန်းဖြစ်ပြီး ဇီကျင်းပန်း နည်းပညာ ကုမ္ပဏီက ကျောက်မိသားစု၏ စီးပွားရေး လုပ်ငန်းဖြစ်သည်။

ထိုအထဲ ဟန်မိသားစု၏ ဖူရှင်း semiconductor နှင့် ကျောက်မိသားစု၏ ဇီကျင်းပန်း နည်းပညာသည်က ၎င်းတို့၏ အဓိက နယ်ပယ်များဖြစ်ကြသည်။

စီရင်ဆုံးဖြတ်ချက် အများအပြားက အစိုးရနောက်ခံ ကုမ္ပဏီများမှ လာခဲ့သည် ဆိုသော်လည်း ကုမ္ပဏီ၏ ကိုယ်ပိုင် ဝိသေသကိုက ပုဂ္ဂလိကပိုင် အသွင် ဖြစ်နေခဲ့၏။

ဤသည်ကလည်း လင်းရီ လှံတံကို ၎င်းတို့ထံ ချိန်ရွယ်လိုက်ရခြင်း အကြောင်းပြချက် ဖြစ်သည်။

အစိုးရ နောက်ခံ မရှိသရွေ့ သူ စိုးရိမ်နေရန် မလိုချေ။

သို့သော်လည်း ပို၍ ရှုပ်ထွေးသည့် ပစ်မှတ်က ဟွမ်အန်း ဦးပိုင် ဖြစ်သည်။

၎င်းက ၀မ်မိသားစု၏ လက်အောက် ရှိသည် ဆိုသော်ငြား အရေးပါဆုံးသော နယ်ပယ်တစ်ခုတော့ မဟုတ်ပေ။ ဒုတိယ အဆင့်လို့တောင် သတ်မှတ်လို့ မရနိုင်ချေ။ အများဆုံး တတိယ အဆင့်လောက်သာ ရှိ၏။

၀မ်မိသားစု ထိန်းချုပ်ထားသည့် အကြီးမားဆုံးသော နယ်ပယ်က ' ဟွာရှ အရင်းအမြစ် ကော်ပိုရေးရှင်း ' ဖြစ်ပြီး ' ဟွာရှ ကုန်သည်ကြီးများ ဗျူရို' ဟုလည်း လူသိများသည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။

ဤကုမ္ပဏီက ဟွာရှတစ်ခုလုံး၏ ပြောင်းပြန် အကြေးခွံကဲ့သို့ ဖြစ်နေပြီး အကယ်၍ သူသာ တစ်ခုခု သွားလုပ်မည် ဆိုပါက ၀မ်မိသားစု၏ မျက်နှာကို ဖြတ်ရိုက်လိုက်ရုံတင်မက ဟွာရှတစ်ပြည်လုံးကို မျက်နှာ ဖြတ်ရိုက်သလို ဖြစ်သွားလိမ့်မည်။ ထိုကဲ့သို့သော အမှားမျိုးကို လင်းရီ ကျူးလွန်လိမ့်မည် မဟုတ်။

ထို့ကြောင့် ၀မ်မိသားစု ပုဂ္ဂလိကပိုင်ကြောင်း တစ်ရာ ရာခိုင်နှုန်း သေချာသည့် ကုမ္ပဏီကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

အပြင်လူများ၏ အမြင်တွင်တော့ ဤသည်က ၀မ်မိသားစုနှင့် သက်ဆိုင်ခြင်း မရှိသည့် ပုဂ္ဂလိကပိုင် ကုမ္ပဏီကြီး တစ်ခုဖြစ်သည်။

သို့သော် အစိုးရ အထက်ကြီးပိုင်း ရာထူး၌ နေရာယူထားကြသူများကတော့ ဟွမ်အန်း ဦးပိုင် ကုမ္ပဏီ၏ သဘောသဘာ၀ကို ရှင်းရှင်းလင်းလင်း နားလည်ထားကြလေသည်။

ထို့ကြောင့်.. အကယ်၍ သူသာ ဟွမ်အန်း ဦးပိုင် ကုမ္ပဏီကို အောက်သို့ ဆွဲချနိုင်မည် ဆိုပါက သာမန်ပြည်သူများကို လှည့်စားနိုင်ရုံမျှမက သူလိုချင်သည့် ရလဒ်ကိုလည်း ရယူနိုင်လိမ့်မည်။ ဤသည်က တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်၏။

" ဥက္ကဌလင်း.. ဒီကုမ္ပဏီ သုံးခုရဲ့ နောက်ခံတွေက မရိုးရှင်းဘူး... "ချီရှန်းကျောက် ပြောလိုက်ပြီး " ကျုပ်တို့က semiconductor နယ်ပယ်ထဲမှာ အလုပ်လုပ်နေတယ်ဆိုပေမယ့် ဒီကုမ္ပဏီတွေနဲ့ ဘာ ဆက်စပ်မှုမှ ရှိတာ မဟုတ်ဘူး.. ကျုပ်တို့ ပစ်မှတ်ထားစရာ အကြောင်း မရှိဘူးလို့ ထင်တယ်... "

လင်းယွင် အုပ်စု၏ ဒုတိယ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးအနေဖြင့် ချီရှန်းကျောက်သည် semiconductor နယ်ပယ်ကို သူ့လက်ဖဝါး မှောက်လှန်သကဲ့သို့ ကောင်းစွာ နားလည်ထားသည်။

ဤကုမ္ပဏီ သုံးခု၏ ကျောထောက်နောက်ခံကို သူ ကောင်းကောင်းကြီး သိသည်။ ၎င်းတို့ထဲက မည်သည့် ကုမ္ပဏီမဆို အခြားသူများထက် သန်မာအားကောင်းလေသည်။

လင်းယွင်အုပ်စုက နာမည်ကျော်ကြားနေသည် ဆိုသော်လည်းပဲ အခြားနေရာများတွင်တော့ သူတို့၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။

ယခု သူတို့၏ သူဌေးက ဤ မလွယ်ပေ့ဆိုသည့် ကုမ္ပဏီ သုံးခုကို တစ်ပြိုင်တည်း ပစ်မှတ်ထားချင်နေသည်။ အကယ်၍ တစ်ခုခု လွဲချော်သွားခဲ့မည် ဆိုပါက လင်းယွင် အုပ်စု၏ အနာဂတ်သည်လည်း အဆုံးသတ်လေပြီ။

ထို့ကြောင့် ချီရှန်းကျောက် အမှန်တရားကို သိချင်နေမိခဲ့၏။

" ဒီလို ပြုလုပ်ရခြင်း အကြောင်းပြချက်က စီးပွားရေး အကျိုးအမြတ်ဆိုတာထက်ကို ပိုသွားပြီ... စကားလုံး နည်းနည်းနဲ့ ရှင်းပြရခက်တယ်... ဒါပေမယ့် အတိုချုပ်ရရင် သူတို့ လုပ်ချင်လို့ လုပ်နေတာပဲ..."

ထိုစကားလုံးများ ပြောပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားခဲ့တော့သည်။

ဥက္ကဌလင်းသည်က အမြဲတစေ အားအားယားယား ရှိနေသည့် သူဌေးတစ်ယောက်နှင့် တူသော်လည်းပဲ လင်းယွင် အုပ်စု ယခုကဲ့သို့ ကြီးထွားလာရလေအောင် ရှိရှိသမျှ ခလုတ်ကန်သင်းတို့အား ဖယ်ရှားပေးခဲ့သူဖြစ်သည်။ မဟုတ်ပါက သူတို့ ဤမျှ ချောမွေ့စွာနှင့် တိုးတက်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ယခု ဤကိစ္စသည်က သူတို့၏ လက်ရှိ အဆင့်အတန်းဖြင့် နားလည်နိုင်မှုထက် ကျော်လွန်နေသည့် ပိုမို အဆင့်မြင့်သည့် တိုက်ပွဲတစ်ခု ဖြစ်နေပြီဖြစ်၏။

" ဥက္ကဌလင်းက သူတို့ကို တရားစွဲမှာလား... "ဥပဒေ ဌာန ခေါင်းဆောင် ၊ မာဟွိုက်ရန်မှ ပြောလိုက်သည်။

" တရားစွဲတာက ငါတို့ကို ဘာကာကွယ်မှုမှ ပေးမှာ မဟုတ်ဘူး..."လင်းရီ ပြောလိုက်ပြီး " ငါက ဒီကိစ္စကို အများပြည်သူရဲ့ အမြင်မှာ ပေါက်ကွဲထွက်သွားစေချင်တာ... တရားရုံးမှာအစား ပြည်သူတွေရဲ့ အမြင်ကို ကစားကြတာပေါ့..."

" ဥက္ကဌလင်းက ဒီအတွက် ကျွမ်းကျင်တဲ့ video content creator တွေနဲ့ ထရိုးတွေ လိုအပ်မယ်မလား..." PR ဌာန၏ ခေါင်းဆောင် ၊ ဟန်ယောင်မှ မေးလိုက်သည်။

" တော်တယ်... "လင်းရီ ချီးကျူးလိုက်ပြီး " ဒါပေမယ့် ပြည်တွင်းကလူတွေကတော့ များများစားစား အသုံး၀င်မှာ မဟုတ်ဘူး... "

လင်းရီ လုံခြုံရေး နည်းပညာ ဌာန၏ ခေါင်းဆောင် ဟုန်လျန်ကို ကြည့်လိုက်ရင်း " ဒီကိစ္စကို PR ဌာနနဲ့ ပူးပေါင်းပြီး အလုပ်လုပ်ပါ.. နိုင်ငံခြား ဆာဗာ ပုံရိပ်ယောင်တွေ ဖန်တီးပြီး သူတို့ ပိတ်ဆို့နိုင်မယ့် အခွင့်အရေး တစ်စက်လေးမှ မပေးမိစေနဲ့.. "

" နားလည်ပါပြီ... "

" ဒါရိုက်တာစွန်း..."လင်းရီ စွန်းဖုယွီကို ကြည့်လိုက်ပြီး " မေ ဖုန်းရဲ့ ဘရောက်ဇာက ကျုပ်တို့ရဲ့ ကိုယ်ပိုင်ပဲ.. ကျေးဇူးပြပြီး Update တွေ မပြတ်ပါစေနဲ့... "

" နားလည်ပါပြီ... "

" ယွမ်ယွမ်.. အစည်းအဝေးပြီးရင် လုံရှင်းနဲ့ Didiရဲ့ ရှယ်ယာတွေကို ဆင့်ပွား ဈေးကွက်မှာ အကုန်ပြန်၀ယ်မယ်... ငါတို့ အဲ့ဒီက ရှယ်ယာစီးဆင်းမှုကို လျော့မယ်..."

" အင်း.... "

" ဖောင်ဒေးရှင်းရဲ့ လှုပ်ရှားမှုတွေ၊ ငွေစာရင်းတွေကိုလည်း သေချာပြန်စစ်ဆေးပြီး အားနည်းချက် တစ်ခုကိုမှ ထုတ်မပြမိစေနဲ့.. ဒီရဲ့ လူမှုရေး ပြဿနာတွေက ကျုပ်တို့ရဲ့ ပျော့ကွက် ဖြစ်လာနိုင်တယ်... "

" နားလည်ပါပြီ... "

" ချိန်ရွှမ်း.... Didi နဲ့ ပတ်သက်လို့ကတော့ ကျုပ် ခင်များကို စစ်မှန်တဲ့ သုံးလ တစ်ကြိမ်နဲ့ တစ်နှစ်တစ်ကြိမ် မှတ်တမ်းတွေကို စုဆောင်းထားစေချင်တယ်... လွဲမှားနေတဲ့ သတင်းအချက်အလက်တွေ အကုန် ပယ်ဖျက်ပြီးတော့ပေါ့..အဲ့တာ ကျုပ်အတွက် ပြင်ထားပေး... "

" ဒါက ....." ချိန်ရွှမ်း၏ အမူအရာမှာ အခက်တွေ့နေဟန်ဖြင့် " ဥက္ကဌလင်း.. တကယ်လို့ သုံးလတစ်ကြိမ်နဲ့ တစ်နှစ်တစ်ကြိမ် မှတ်တမ်းတွေကသာ ကြည့်ကောင်းမနေဘူးဆိုရင် အနာဂတ်ကျ ရန်ပုံငွေ တိုးမြင့်ဖို့ ပြဿနာ ရှိလာနိုင်တယ်နော်.. ကျုပ်တို့က ဒါလေးနဲ့ပဲ ရင်းနှီးမြုပ်နှံသူတွေနဲ့ ဘဏ်တွေကို အရူးလုပ်ရမှာ... “

All Chapters