လင်းရီ အဆုံးသတ်ပြီ၊ စိတ်မပူနဲ့
Vol. 75 Ch. 1114
" ကျုပ်သိတယ်... ရေတို ဆုံးရှုံးမှာတွေ အကျိုးအမြတ်တွေကို မြင်မနေနဲ့... ဒီပမာဏလောက်လေးက ပိုက်ဆံ အများကြီး မဟုတ်ဘူး... "
" နားလည်ပါပြီ ဥက္ကဌလင်း... ကျုပ် အမြန်ဆုံး ပြင်ဆင်ပေးထားပါ့မယ်... "
ရန်ကျင်းရှိ ၀မ်မိသားစုသည် နံပါတ်တစ် မိသားစု ဖြစ်ကြောင်းကိုပဲ လင်းရီ သိရှိထား၏။ သူတို့ မည်မျှ သန်မာသလဲ လင်းရီ မသိပေ။
အကယ်၍ သူက ဤကိစ္စ၌ မှားယွင်းနေမှု မရှိခဲ့ပဲ ၀မ်မိသားစုကို အဆုံးသတ်ထိ ကောင်းကောင်းမွန်မွန် ကိုင်တွယ်သွားနိုင်ခဲ့လျှင်တောင်မှ အထက်ကြီးပိုင်းများသည် ၎င်းတို့၏ မျက်မှာသာအတွက် လင်းယွင်အုပ်စုကို ဖိနှိပ်ကြဦးမည် ဖြစ်၏။
ထို့ကြောင့် လင်းရီ ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်နေခြင်းပင်။ မည်သို့ပင် ဆိုစေ Didi သည်က ကုန်းလမ်းကြောင်း ဆက်သွယ်ရေး၌ လက်ဝါးကြီးအုပ်သည့် အဆင့်ထိတိုင်အောင် ရောက်ရှိနေချေပြီ။ ထို့ကြောင့် မိမိတို့ကိုယ်၌ သိသာထင်ရှားသည့် ထိခိုက်စေမှုများ မဖြစ်ပေါ်စေပဲ တစ်ချို့သော ပြဿနာများကို အများပြည်သူ သိအောင် ဖန်တီးလိုက်ခြင်းက အခြားသူများကို ဝေဖန်ရန် ခက်ခဲသွားစေမည်။
" ဒီနေ့ မီတင်ကတော့ ဒီလောက်ပဲ.. ပြန်ပြီး ပြင်ဆင်ကြတော့... ကျုပ် အသိပေးတာကိုလည်း နားစွင့်ထားကြဦး... "
" နားလည်ပါပြီ ဥက္ကဌလင်း... "လူတိုင်း သံပြိုင် ဖြေဆိုလိုက်ကြသည်။
" ကဲ အစည်းအဝေး ပြီးဆုံးပြီ... "
လင်းရီ ထပြီး အစည်းအဝေးခန်းထဲမှ ထွက်ကာ သူ့ရုံးခန်းထဲ ပြန်သွားခဲ့သည်။
ဒေါက် ဒေါက် ဒေါက်..
သူရုံးခန်းထဲသို့ ရောက်တာ မကြာသေးခင်မှာပဲ တစ်စုံတစ်ယောက် တံခါးလာခေါက်လေသည်။
" ၀င်လာခဲ့... "
တံခါး တွန်းပွင့်လာပြီး ဥပဒေရေးရာ ဌာန၏ ခေါင်းဆောင် ၊ မာဟွိုက်ရန် လမ်းလျှောက်လာခဲ့သည်။
" ဥက္ကဌလင်း.. ကျုပ် 'ကြီးမြတ်သော' လယ်ယာ တိုးတက်မှု အကြောင်း ပြောစရာလေး ရှိလို့ပါ... "
" ကြီးမြတ်သော လယ်ယာတိုးတက်မှု .. ဟုတ်လား... "
လင်းရီ ဇဝေဇဝါ ဖြစ်သွားခဲ့ပြီး ရေရွတ်မိလိုက်၏။ ထိုအခါမှပဲ လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက သူ့ပစ္စည်းများကို ခိုးယူပြီး သူ့ကိုပင် တရားစွဲချင်နေခဲ့သည့် သောက်ရူးတစ်အုပ်စုကို ပြန်သတိရမိလိုက်သည်။
လတ်တလော အလုပ်များလွန်းနေသဖြင့် ထိုကိစ္စကိုတောင် သူ မေ့တေ့တေ့ ဖြစ်နေချေပြီ။
" ကျုပ် အခု မှတ်မိပြီ.. အခြေအနေ ဘယ်လိုရှိလဲ... "
" ကျုပ်တို့ အဲ့နေ့ပြီး နောက်တစ်နေ့မှာပဲ တရားရင်ဆိုင်ပြီး ကျုပ်တို့ နိုင်သွားခဲ့တယ်..."မာဟွိုက်ရန် ပြောလိုက်ပြီး " တရားရုံးက ' ကြီးမြတ်သော' လယ်ယာ တိုးတက်မှု ကုမ္ပဏီကို အသေရေဖျက်မှု ၊ မူပိုင်ခွင့် ထိပါးမှု၊ မလိုတမာ ပြိုင်ဆိုင်မှုတွေအပြင် စုစုပေါင်း စီးပွားရေးပြစ်မှုခြောက်ခုအတွက် လျော်ကြေးငွေ ပေးဆောင်စေလိုက်တယ်... ပမာဏက ယွမ် ၂၈၉ သန်းပါ... "
သာမန် အခြေအနေအောက်တွင်တော့ ယခုလိုမျိုး ငွေ ပမာဏ အများအပြား ပေးဆောင်စေဖို့ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
သို့သော်လည်းပဲ လင်းရီ ပါ၀င်ပတ်သက်နေသည့် ကိစ္စရပ် ဖြစ်နေခဲ့တော့ ပုံမှန် မဟုတ် ဖြစ်ပျက်လာခဲ့၏။
လင်းယွင် အုပ်စုသည်က လင်းရီ၏ လက်အောက်တွင် ရှိကြောင်း တရားသူကြီးမှ ရှင်းလင်းစွာ သိထားသည်။ ထို့ပြင် လင်းရီနှင့် မြို့တော်၀န်လျန်ဆိုသည်ကလည်း ထူးခြားသည့် ဆက်ဆံရေးတို့ ရှိနေသောကြောင့် တရားရုံးသည် သဘာ၀ အလျောက် လင်းရီဘက်တွင်သာ ရပ်တည်ခဲ့တော့၏။
ထို့အကြောင်းကြောင့်ပဲ လျော်ကြေးငွေ တနင့်တပိုးကြီး ပေးဆောင်စေလိုက်သည်။ တရားဥပဒေမှ ပြဌာန်းထားသည့် အများဆုံးသော လျော်ကြေးငွေပင်။
" တော်တော်များသားပဲ.. ကျုပ် ထင်တောင် မထင်ထားဘူး... "
မူလက လင်းရီ ဤကိစ္စကို ဆက်လက် စုံစမ်းစစ်ဆေးချင်ခဲ့၏။ သူ့ရှေ့တွင် လာပြီး မောက်မာ ဝံ့ကြွားပြနေသူများကို မှတ်သားလောက်သည့် သင်ခန်းစာမပေးဘဲ လွှတ်ပေးလိုက်စရာ အကြောင်းမရှိချေ။
သို့သော်လည်းပဲ လတ်တလော ဖြစ်ပျက်ခဲ့သည့် ကိုင်တွယ်ဖြေရှင်း စရာ ကိစ္စရပ်တို့က သိပ်များပြားလွန်းနေသောကြောင့် ဤကိစ္စအပေါ်တွင် အာရုံထားလိုစိတ် မရှိသေးချေ။
ပိုက်ဆံက အကြောင်းမဟုတ်။ သူ ထိုငနဲများကို သင်ခန်းစာ ပေးချင်ရုံမျှ ဖြစ်သည်။
" ကျုပ်တို့ တရားနိုင်ပြီးတဲ့နောက် တရားရုံးက သူတို့ကို ခုနစ်ရက် အချိန်ပေးထားခဲ့တယ်... ဒါပေမယ့် ခုနစ်ရက်က ကျော်သွားပြီ... သူတို့ဘက်က ဘာသတင်းမှ ကြားမလာသေးဘူး... "
" အဲ့လောက် သတ္တိကောင်းနေကြတယ်ပေါ့.."လင်းရီ ဒေါသစွက်သည့် အသံဖြင့် ရယ်မောလိုက်၏။ ဤ ' ကြီးမြတ်သော' လယ်ယာတိုးတက်မှုက တစ်ခုခု စိတ်၀င်စားဖို့ ကောင်းနေသည်ဟု လင်းရီ ခံစားနေရသည်။
တရားရုံးက တရားစီရင်ချက် ချပြီးသည့်တိုင် ပေးဆောင်ဖို့ရာ ငြင်းဆန်နေသည်။
ကျားကို မကြောက်ကြသည့် နွားပေါက်လေးများပေတည်း။
" ဟုတ်တယ် ဥက္ကဌလင်း.. ကျုပ် သူတို့ဆီ ဖုန်းဆက်ပြီး အကြိမ်များစွာ ဆွေးနွေးခဲ့ပြီးပြီ.. ဒါပေမယ့် ပိုက်ဆံပေးဖို့ ရည်ရွယ်ချက် မရှိဘူးတဲ့... သူတို့ပြောတာ သူတို့အကောင့်ထဲမှာ ပိုက်ဆံ မရှိသေးလို့ နောက် ရက်နည်းနည်း စောင့်ပေးပါဦးတဲ့... ဒါ ငြင်းပယ်နေတယ်ဆိုတာ အရှင်းကြီးပဲ.. သူတို့လို ကုမ္ပဏီအကြီးစားကြီးက ဒီလောက် ငွေပမာဏလေးကို လွယ်လွယ်ကူကူနဲ့ ထုတ်မပေးနိုင်ဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး... "
" ခင်များ ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ... "လင်းရီ မာဟွိုက်ရန်ကို မော့ကြည့်လိုက်သည်။
" အမှုကို ဥက္ကဌလင်းရဲ့ နာမည်နဲ့ ဖွင့်ထားတော့ ဥက္ကဌလင်းကို လက်မှတ်ထိုးစေချင်ပြီး တရားရုံးကနေ တဆင့် ဖိအားပေးချင်တယ်... "
" အဲ့လောက်စောက်လုပ်ရှုပ်ခံ မနေနဲ့.. ကျုပ်တို့ ဒီကိစ္စ ကိုင်တွယ်ပြီးရင် ကျုပ်နဲ့သာ လိုက်ခဲ့.. "လင်းရီ ပြောလိုက်ပြီး " ဟိတ်ဟန်ထုတ်လွန်းတဲ့ကောင်တွေကို ကိုင်တွယ်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းတွေပဲ အသုံးပြုရတယ်...."
" နားလည်ပါပြီ ဥက္ကဌလင်း... "
မာဟွိုက်ရန် ခေါင်းညိမ့်၍ လင်းရီ၏ ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့၏။
"ဟင်း..."
မာဟွိုက်ရန် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းရင်း " ဘာလို့များ ဥက္ကဌလင်းကို ဆန့်ကျင်ပြီး ဆရာကြီးယောင်ယောင် သဘာကြီးယောင်ယောင် လုပ်ချင်နေကြရတာတုန်းကွာ... မင်းတို့ကောင်တွေက သူ့ကို မော်ကြည့်ဖို့တောင် မထိုက်တန်တဲ့ကောင်တွေ... "
ရုံးခန်းထဲတွင်တော့ လင်းရီ ' ကြီးမြတ်သော' လယ်ယာတိုးတက်မှု ကုမ္ပဏီ ကိစ္စကို ခေါင်းထဲမှ ထုတ်ထားလိုက်သည်။
၎င်းက သူ့အတွက် ကိတ်မုန့်လှီးစားရသလို လွယ်ကူနေသောကြောင့် အချိန်မရွေး ကိုင်တွယ်၍ ရလေသည်။
သူ့လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာကိုသာ အရင်ဆုံး ဦးစားပေးသင့်၏။
လင်းရီ မျက်လွှာချ၍ ထိုင်ခုံနောက်ကျောသို့ မှီလိုက်သည်။ စိတ်ထဲတွင် ဖြစ်စဉ် တစ်ခုလုံးအတွက် အစီအစဉ်များ တစ်ခုပြီးတစ်ခု ချမှတ်နေသည်။
အသေးစိတ်ကျကျ ပြီးပြည့်စုံပြီးမှပဲ သူ စိတ်ချနိုင်မည် ဖြစ်၏။
ကျန်သည်ကတော့ ရှန်းရှုရီထံမှ သတင်းကို စောင့်ဆိုင်းရန်သာ လိုအပ်တော့သည်။
သို့သော်လည်းပဲ လင်းရီ ရင်ထဲတွင် သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ချမှတ်ပြီးဖြစ်၏။ သူ ညသန်းခေါင်ယံ အချိန်ထိသာ စောင့်မည်။
အကယ်၍ အချိန်အကြာကြီး ဆွဲနေမည် ဆိုပါက ၀မ် နှင့် ဟန် မိသားစုတို့မှ သတိထားမိသွားနိုင်သည်။
သူတို့၏ လက်ရှိ အရွယ်အစားကို ရောက်ရှိလာကြသည့် အတွက် မိသားစု နှစ်ခုသည် အရူးများ မဟုတ်ကြပေ။
စကားများအတိုင်း လူတစ်ယောက်က ညတွင် သေးခဏခဏ ပေါက်ရ၏။ မနက် ၁၂ နာရီသည်က သူ ကန့်သတ်ထားသည့် နောက်ဆုံးအချိန်ပင်ဖြစ်သည်။
လင်းရီ မသိသည်က ဤနေ့တွင်တော့ ရန်ကျင်း မိသားစုသည်လည်း သူထင်မှတ်ထားသည်ထက် အလုပ်ရှုပ်နေသည် ဆိုတာကိုပင်။
ဤသည်က အခွင့်အရေးကောင်းဆိုတာကို သူတို့အားလုံး နားလည်ကြသည်။ သို့ပေမယ့် စစ်ဆင်ရေး၏ အောင်မြင်မှုကို သူတို့ အာမ မခံနိုင်ကြပဲ ဖြစ်နေလေသည်။ သူတို့အားလုံး အကောင်းဆုံး ကြိုးစားရုံမျှသာ တတ်နိုင်တော့၏။
မဟုတ်ပါက လျန်မိသားစု၏ အနာဂတ်သည်လည်း ဆုံးခန်းတိုင်သွားပြီး ဆက်လက် တိုးတက်ဖို့ရာ ခက်ခဲသွားမည် ဖြစ်၏။
ရုံးခန်းထဲတွင် လင်းရီ ခေါင်းတစ်ချက် ငဲ့စောင်း၍ ပြတင်းပေါက် အပြင်ဘက်သို့ ငေးမောကြည့်လိုက်သည်။
နေသာသော နေ့တစ်နေ့ဖြစ်ပြီး နေရောင်ကလည်း တောက်ပလျက်ရှိ၏။
သို့ပေမယ့် မမြင်နိုင်သည့် တိမ်မည်း တိမ်စုဝေးကြီးကတော့ လင်းယွင် အုပ်စု၏ ကောင်းကင်ထက်တွင် စုဝေးလာနေသည်။
ပြင်းထန်သည့် လေပြင်းများကြောင့် လူတစ်ချို့သည် သေကြေပျက်ဆီးကြရမည်။ လူတစ်ချို့ကတော့ ကောင်းကင်ထက်သို့ မိုင်ကိုးသောင်းသည့်တိုင်အောင် ပျံ၀ဲတက်နိုင်မည် ဖြစ်၏။
သို့ပေမယ့် မည်သို့သော ကံတရားမျိုးနှင့် ရင်ဆိုင်ရမည်ကိုတော့ အသင်ကော ကျွန်ုပ်ကော မည်သူကမျှ မသိကြပါချေ။
.......
ဟွမ်ကျန်းအိမ်တော်။
ဖန့်ချင်းကျိုး၊ ကျစ်ဖုန်းကျူး၊ ရွှီထျန်းကျွင်းနှင့် လုကောင်းယွဲ့တို့ အနီရောင် လေးဖောင့်စာပွဲတွင် တစ်ဖန် စုဝေးနေကြပြန်သည်။
" အဘိုးကြီးရွှီ... မင်းဘက်ခြမ်းက သတင်းက ပြဿနာ မရှိဘူးဆိုတာ မင်း သေချာတယ်နော်... မင်း ပိုပြီး တိတိကျကျ အဖြေလေး ပေးလို့မရဘူးလား... "ဖန့်ချင်းကျိုး ပြောလိုက်သည်။
ရွှီထျန်းကျိုး ထိုင်ခုံနောက်သို့ မှီလျက် လက်ကို ဟန်ပါပါ ဝေ့ရမ်းလိုက်၏။
အနောက်ဘက်ရှိ ချုံဆန် ၀တ်စုံနှင့် အလှလေးမှ ရှေ့သို့ ရောက်လာပြီး တိတ်ဆိတ်စွာဖြင့် လက်ဖက်ရည် ငဲ့ပေးလာခဲ့သည်။ ရွှီထျန်းကျိုး စီးကရက်ကို မီးညှိလိုက်ရင်း " အရင်တစ်ခေါက် သတင်းက မရှင်းမရှင်းဆိုတော့ ငါ မင်းတို့ကို အလုပ်ရှုပ်ခံပြီး မရှင်းပြတော့ဘူး.. ဒါပေမယ့် ဒီနေ့... ငါ သတင်း အသစ်တွေ ရထားတယ်... ဘာဖြစ်မလဲ မင်းတို့ မှန်းကြည့်ကြစမ်း... "
" မင်းသိရင်လည်း မြန်မြန်ပြော.. လူကို စိတ်ဆွမနေစမ်းနဲ့.."ဖန့်ချင်းကျိုး စိတ်မရှည်စွာဖြင့် ပြောလိုက်၏။
" အဲ့လောက်ကြီးလည်း စိတ်မရှည် မဖြစ်စမ်းပါနဲ့ဟ... မင်းတို့ စိတ်ကူးကြည့်မိနိုင်မှာတောင် မဟုတ်ဘူး... နားထောင်ကြ.. တော်တော်လေး စိတ်၀င်စားဖို့ကောင်းတယ်.. " ရွှီထျန်းကျိုး သူ၏ ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်ပြီး " လင်းရီက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ.. သူ့ရဲ့ လင်းယွင်အုပ်စုအတွက် နိုင်ငံတကာ ရောင်း၀ယ်ဖောက်ကားရေး ကုမ္ပဏီကိုတောင် အမေရိကားမှာ လူမသိ သူမသိ တည်ထောင်ထားခဲ့တာနော်... ဒါက တရားမ၀င် ဖြစ်ပြီး အမေရိကန်တွေလည်း သဘောတူမှာ မဟုတ်ဘူးဆိုတာတောင် အဲ့ကောင်က မောက်မာပြီး နယ်ခံတွေနဲ့ အပြိုင် စီးပွားရေးကို လက်ဝါးကြီးအုပ်လိုက်တယ်...ဒါကြောင့်မို့ပဲ သူ အတိုင်ခံလိုက်ရတယ်.. အခု သူနဲ့ သူ့ကုမ္ပဏီရဲ့ ဒုဥက္ကဌတစ်ယောက် အဖမ်းခံထားရပြီ...ဒီကောင် ထောင်နန်းစံရဖို့ ဘာမှသိပ်မလိုတော့ဘူး... "
" ဘုရားရေ... ဒါ အတည်ကြီးလား.. ဒါ သတင်းအကြီးစားကြီးပဲ... "
ဖန့်ချင်းကျိုးနှင့် ကျန်နှစ်ယောက် ငြိမ်ငြိမ် မထိုင်နိုင်တော့ပဲ ထခုန်မိသွားခဲ့၏။
" ဒါကြီးကတော့ ရဲတင်းလွန်းသွားပြီ... "
" ဒါကြောင့်မို့ ငါပြောတာ လင်းရီက တကယ့်ကို အထင်ကြီးဖို့ ကောင်းပါတယ်လို့.. သူ့ကို ဒီလိုမျိုး ထောင်ချောက်ဆင် ဖမ်းလိုက်နိုင်တယ်... "
" သူက ဟွာရှရဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်ပဲ.. ပြီးတော့ တော်တော်လေးလည်း လွှမ်းမိုးမှုတွေ ရှိတယ်... ဟွာရှအစိုးရက အမေရိကန်တွေကို သူတို့ စိတ်တိုင်းကျတော့ လုပ်ခွင့်ပြုမှာ မဟုတ်ဘူး... "ကျစ်ဖုန်းကျူးမှ ပြောလိုက်သည်။
" မှန်တယ်.. ဒါပေမယ့် ငါတို့ ပြောနေကြတာ ဘယ်သူတွေတုန်း... အမေရိကန်တွေလေ... အဲ့ကောင်တွေ ဘယ်တုန်းကများ ကျိုးကြောင်းညီညွှတ်ဖူးလို့လဲ... ထောင်မကျဘူးဆိုရင်တောင် အမေရိကားမှာပဲ ထိန်းသိမ်းခံထားရင် အဲ့တာလည်း ထောင်ကျတာနဲ့ ဘာမှမခြားဘူး... "ရွှီထျန်းကျွင်း ဖန့်ချင်းကျိုးကို ကြည့်လျက် ပြောလိုက်ပြီး " ဒါကြောင့်မို့ ဘာမှ ပူပန်မနေနဲ့.. သူ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုမှ ရုန်းကန်နိုင်မှာ မဟုတ်တော့ဘူး... လုံး၀ကို ဒုက္ခိတ တစ်ယောက်လို ဖြစ်သွားခဲ့ပြီ... ပြီးတော့ အထက်ကြီးပိုင်း တော်တော်များများရဲ့ မျက်လုံးထဲမှာ အဲ့ကောင်ကလည်း ထောင့်မကျိုးဘူး... လင်းယွင် အုပ်စု ပျက်စီးသွားဖို့ဆိုတာ အချိန်တစ်ခုလေးပဲ လိုတယ်.. အဲ့ခါကျရင် မင်းလုပ်ဖို့လိုတာ အုန်းဆီလေး နည်းနည်း ဆွတ်လိုက်ဖို့ပဲ.. ဘယ်သူသိနိုင်မှာ.. မင်း သူ့ရဲ့ နည်းပညာကို အလကားရပြီး သည့်ထက် တိုးတက်သွားတာမျိုးတောင် ဖြစ်သွားနိုင်တယ်လေ..."
" ဟားဟား... သိပ်ကောင်း..." ဖန့်ချင်းကျိုး ရယ်မောလိုက်ပြီး " ငါဖြင့် စိတ်ပူရလွန်းလို့ ဒီရက်ပိုင်း ကောင်းကောင်းတောင် အိပ်လို့ မပျော်ဘူး... ခု လုံး၀ စိတ်ပူစရာတောင် မလိုတော့ဘူး..."
" ဒါကြောင့်မို့ သူများတွေ ဘာပြောကြလဲ... အခွင့်အရေးဆိုတာ တိုက်ခိုက်ပြီး ရယူရတာ... ခုကြည့်.. ဒီလိုမျိုး အခွင့်ကောင်း ပေါ်လာပြီမလား... "
" သူကိုက တောင်းဆိုနေတာကိုး..."လုကောင်းယွဲ့ ပြောလိုက်ပြီး " အဲ့ကောင်က ဟွာရှရဲ့ စီးပွားရေး ပေါ်လစီကိုတောင် နားမလည်ပဲ မဆင်မခြင်တွေ လုပ်ဝံ့နေတာ... ဒီလိုမျိုးတွေ ဖြစ်လာမယ်ဆိုတာ အနှေးနဲ့ အမြန်ပဲ... "
" ဒါကြောင့်ပဲ လူငယ်တွေကို စီးပွားရေး မလုပ်သင့်ဘူးလို့ ပြောကြတာပေါ့.. ငါတို့ဘာ ငါတို့ ပိုက်ဆံ ရှုံးရင် ရှုံးမယ်... ဒါပေမယ့် ဒီကောင်က အသက်ကို လောင်းကြေးထပ်နေတာ..."ရွှီထျန်းကျွင်း ပြောလိုက်ပြီး " သတင်းကောင်းကို စောင့်ကြတာပေါ့.. ပိုပြီး စိတ်၀င်စားဖို့ကောင်းတာတွေက ခုထိ ရောက်မလာသေးဘူး... “