← Chapters

မနာကျင်ဘူး၊ ဒါပေမယ့် အရမ်း အနိုင်ကျင့်လွန်းတယ်

Vol. 75 Ch. 1116

မနာကျင်ဘူး၊ ဒါပေမယ့် အရမ်း အနိုင်ကျင့်လွန်းတယ်

Vol. 75 Ch. 1116

" ကျွန်မလည်း မြင်ပါတယ်... လင်းရီက ဒီလောက်ကြီးတဲ့ ပြစ်မှုကြီးကို တိတ်ဆိတ်ဘေး ကျူးလွန်ထားတာ အမေရိကန်တွေရဲ့ အင်အားနဲ့ဆိုရင် သူတို့ ဘယ်လိုပဲ ရုန်းကန်ကြိုးစား ကြိုးစား အလုပ်ဖြစ်မှာ မဟုတ်ဘူး... " ဖူရာဟွေ့ ပြောလိုက်ပြီး " ဒါပေမယ့် ကျွန်မကတော့ လင်းရီရဲ့ ပိုင်ဆိုင်မှုတွေကို စိတ်မ၀င်စားဘူး.. ကျွန်မတွေးနေတာ တကယ်လို့ ကျွန်မတို့သာ ဒီအခွင့်အရေးကို အသုံးချပြီး လျန်မိသားစုကို ဆွဲချနိုင်ရင်ကောလို့... သူတို့အပေါ် တက်နင်းပြီးမှပဲ ဟန်မိသားစုက အရင် ရွှေခေတ်ကို ပြန်ရောက်နိုင်မှာပဲ...."

" ငါစဉ်းစားပြီးသွားပြီ.. ဒါပေမယ့် ငါ့အထင် နည်းနည်းလေးတော့ ခက်ခဲမယ်.."ဟန်ကျင်းလေ့ သူ၏ အတွေးများကို အသံထွက် ပြောဆိုလိုက်ပြီး " ရှန်းရှုရီဆိုတာ ဟွာရန်အုပ်စုကို နှစ်ပေါင်းများစွာ ဦးဆောင်လာခဲ့တဲ့သူ... သူက ထက်မြက်တဲ့ လူတစ်ယောက်ပဲ... ဒီကိစ္စထဲ ၀င်ပတ်သက်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ သေချာပေါက် လွတ်လမ်းတစ်ခုတော့ ဖန်တီးထားမှာပဲလေ.. အဆုံးသတ်ကျ တစ်ခုခု လွဲချော်သွားခဲ့ရင်တောင် သူက ဒီကိစ္စရဲ့ ပြင်ပမှာ ရှိနေမယ်ဆိုတာ သေချာသလောက်ပဲ... ဒီကိစ္စကို ခုတုံးလုပ်ပြီး လျန်မိသားစုနဲ့ ရှန်းရှုရီကို ဆွဲချဖို့‌ေိုတာ အရမ်းကြီး မဖြစ်နိုင်ဘူး... "

" အဲ့လောက်ကြီးလည်း သေချာမနေစမ်းပါနဲ့ဦး... ကျွန်မတို့ မိသားစုကြီး သုံးခုပေါင်းပြီး သူ့အပေါ် ဖိအားပေးလိုက်ရင် အောင်မြင်န်ုင်ချေ ရှိတာပဲလေ... ဘာပဲဆိုဆို ၀မ်မိသားစုရဲ့ အကူအညီနဲ့ဆိုရင် အရာအားလုံးက ဖြစ်နိုင်တယ်... "

" အမှန်ပဲ.. ဒါပေမယ့် ဒီလိုလုပ်လည်း ဘယ်လိုပဲကြည်ကြည့် အရှုံးတော့ မရှိပါဘူး.. ငါ အထက်ကြီးပိုင်းတွေကနေ ကြားမိတာ လင်းယွင်အုပ်စုမှာ လင်းရီ ထိန်းချုပ်ထားတဲ့ ပရောဂျက်တွေက ကမ္ဘာ့အဆင့်၀င်တွေချည်းပဲ... ငါတို့သာ အဲ့ဒီပရောဂျက်တွေ ရလိုက်လို့ကတော့ အနာဂတ်ကျရင် ကျိန်းသေပေါက်ကို အကူအညီဖြစ်လာတော့မှာ... "

ဖူရာဟွေ့ ခေါင်းညိမ့်လိုက်သည်။ သူမ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း ပြတင်းပေါက် အပြင်ဘက်ရှိ မြင်ကွင်းများအား ငေး‌မောနေသည်။

" ကျွန်မတို့သာ ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေ ဘေးချိတ်ထားလိုက်မယ်ဆိုရင် လင်းရီရဲ့ ဉာဏ်ရည်ဉာဏ်သွေးက ကျွန်မတွေ့ဖူးသမျှလူတွေထဲ တကယ့်ကို ထိပ်တန်း၀င်တယ်... ကျွန်မတို့သားက သူနဲ့ ယှဉ်ဖို့အဝေးကြီး..."

" မှန်တာပေါ့ကွာ... လောင်၀မ် ပြောသလိုပဲ.. လင်းရီနဲ့ ရှန်းရှုရီ က ပါးနပ်ချက်ချာတဲ့ လူတွေ... သူတို့ နှစ်ယောက်ရဲ့ တွဲလုံးက တကယ့်ကို ကြောက်စရာပဲ ... "

ဟန်ကျင်းလေ့ သက်ပြင်းချလိုက်ရင်း "ဒါကြောင့်မို့ သူ့ကို ခုကတည်းက အညွှန့်ချိုးထားတာ ကောင်းမွန်တဲ့ ရွေးချယ်မှုပဲ... "

ကလင် ကလင် ကလင် ...

နှစ်ယောက်သား ထွေရာလေးပါး ပြောဆိုနေကြစဉ်မှာပဲ ဟန်ကျင်းလေ့၏ ဖုန်းသံ မြည်လာခဲ့သည်။

" ငါတို့ ခုလေးတင် သူ့ဆီကနေ ပြန်လာတာမလား... ဘာလို့ ထပ်ခေါ်နေတာလဲတဲ့... "

ဖုန်းခေါ်လာသည့် သူကတော့ ၀မ်မြန်၏ ဖခင်၊ ၀မ်ထင်ရှန့် ဖြစ်ပြီး ၀မ်မိသားစု၏ ခေါင်းဆောင်ပင်။

သို့သော်လည်း တကယ့် ထောက်တိုင်ကြီးကတော့ သူ၏ ဖခင် ၀မ်ကျူံးမင်ဖြစ်၏။

သူသာ မပြုတ်ကျသရွေ့ ၀မ်မိသားစုသည် သန်မာစွာဖြင့် ဆက်လက်ရပ်တည်နေဦးမည်။

" တစ်ခုခု ပြောဖို့ မေ့သွားလို့ နေမှာပေါ့ ရှင်ကလည်း.. ဘာဖြစ်လဲ သိရအောင် အရင်ကိုင်ကြည့်လိုက်လေ... "

ဟန်ကျင်းလေ့ ဖုန်းကိုင်လိုက်ပြီး စပီကာကို ဖွင့်ထားလိုက်သည်။

" ညီကို၀မ်.. ဘာဖြစ်လို့လဲ... မင်း တစ်ခုခု ပြောစရာ ကျန်သွားလို့လား... "

" ပြန်လာခဲ့.. တစ်ခုခုတော့ မှားနေပြီ... "

" တစ်ခုခု မှားနေတယ် .. ဟုတ်လား... "

" ဖုန်းထဲ ပြောလို့ အဆင်မပြေဘူး... အမြန်သာ ပြန်လာခဲ့စမ်းပါ... "

၀မ်ထင်ရှန့် အပိုမပြောတော့ပဲ ဖုန်းချပစ်လိုက်၏။

ဟန်ကျင်းလေ့နှင့် ဖူရာဟွေ့တို့ ရှုပ်ထွေးစွာဖြင့် အချင်းချင်း ကြည့်လိုက်မိကြသည်။

" ပြန်ပြီး တစ်ချက်သွားကြည့်ကြတာပေါ့... သူ့လေသံ ဒီလောက်တောင် ပျာနေပုံထောက်ရင် ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားခဲ့တာပဲ ဖြစ်ရမယ်.... "

ဟန်ကျင်းလေ့ ပြုံးလိုက်ပြီး " ဘာပဲဖြစ်ဖြစ်ပါ.. လင်းရီကိစ္စဆိုရင်တော့ သိပ်ပြီး စိုးရိမ်မနေနဲ့.. သူ့မှာ လွတ်လမ်းမရှိတော့ဘူး... "

နာရီ၀က်ကြာပြီးနောကိ နှစ်ယောက်သား ရန်ကျောင်းရှိ ဗီလာထဲသို့ မောင်းနှင်လာခဲ့သည်။

ဗီလာသည် ကြီးမားနေခြင်း မရှိသလို အပြင်မှ ကြည့်လျှင်လည်း ခမ်းနားကြီးကျယ်နေခြင်း မရှိချေ။

လင်းရီ၏ ကျိုကျုံး ဗီလာ သို့မဟုတ် ကျီချင်းရန်၏ ယွင်ရွှေ ဗီလာကပင် ဤနေရာထက် အဆပေါင်းများစွာ အထင်ကြီးဖို့ ကောင်းလေသည်။

ဗီလာ၏ ပတ်၀န်းပျင်ကသာလျှင် ထူးထူးခြားခြား ထိပ်တန်းဖြစ်နေပြီး ၎င်းဗီလာကိုယ်တိုင်ကတော့ ထူးခြားနေခြင်းမျိုး မရှိပါချေ။

နှစ်ယောက်သား ကားထဲမှ ထွက်၍ ဗီလာထဲ ၀င်လိုက်ကြသည်။

ဗီလာ၏ အပြင်အဆင်ကတော့ အနည်းငယ် ခေတ်နောက်ကျနေသည်။ ပရိဘောဂ ပစ္စည်းများကို တန်ဖိုးကြီး မဟော်ဂနီ သစ်သားဖြင့် ပြုလုပ်ထားပြီး စာပေဆိုင်ရာ ပန်းချီ၊ လက်ရေးလှ စသည့် လက်ရာများကိုလည်း နံရံတွင် ချိတ်ဆွဲထား၏။ ဝိုင်သိုလှောင်ခန်း ဘေးရှိ ဓာတ်ဆက်ကြီးကလည်း လာလည်သူကို အတိတ်ကာလများသို့ ပြန်ပြောင်းရောက်ရှိသွားသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။

ဓာတ်စက်ကိုပဲ မြင်မိလို့ အထဲရှိ ဝိုင်ပုလင်းများက တန်ဖိုးမရှိ ဖြစ်နေသလားဆိုတော့ တန်ဖိုးမရှိတာမျိုးမဟုတ်။ အခန်းထဲမှ သာမန်လျံကာ ရွေးချယ်ထုတ်ယူလိုက်သည့် ဝိုင်တစ်လုံးကပင် ဒုတိယအဆင့် မြို့ကြီးများရှိ အရာရှိကြီးများကို လာဘ်ထိုးရန် လုံလောက်သည်။

ဆိုဖာပေါ်တွင်တော့ အသက်ငါးဆယ် အရွယ်ဟု ထင်ရသည့် သက်လတ်ပိုင်း လူကြီးတစ်ဦး ထိုင်နေလျက်ရှိသည်။ သူ၏ မျက်နှာက အုံ့မှိုင်းနေပြီး မုန်တိုင်းမလာခင် စုဝေးတတ်သည့် တိမ်စိုင်တိမ်မဲများကဲ့သို့ မည်းမှောင်နေသည်။

အနှီပုဂ္ဂိုလ်ကတော့ ၀မ်ထင်ရှန့်မှလွဲ၍ အခြားသူ မဟုတ်ခဲ့ချေ။

သို့သော်လည်း ၀မ်ထင်ရှန့်အပြင် ကျောက်ကော်ပင်းသည်လည်း သူ့ဘေးနား ရှိနေသည်။ သို့ပေမယ့် အမူအရာကတော့ တခြားစီ ဖြစ်နေခဲ့၏။

၀မ်ထင်ရှန့်၏ အေးစက်သည့် မျက်နှာထားက ပေါက်ကွဲထွက်လာတော့မည့် မီးတောင်ကြီးနှယ် လူတို့ကို ခြိမ်းခြောက်နိုင်သည့် ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။

ကျောက်ကော်ပင်း၏ မျက်နှာ အမူအရာကတော့ သောကပင်လယ်တွေ ဝေနေသည့် မျက်နှာထားမျိုးဖြစ်ပြီး ကြောက်ရွံ့နေသည့် အရိပ်အယောင်များပင် ပါ၀င်နေခဲ့သည်။

" ညီကို၀မ်.. ဘာဖြစ်လို့လဲ.... မင်းမျက်မှာလည်း မလှပါလား... တစ်ခုခု ဖြစ်လို့လား..." ဟန်ကျင်းလေ့ ရှေ့သို့ တက်လာပြီး မေးမြန်းလိုက်သည်။

" မင်းဘာမင်း ကြည့်လိုက်..."

၀မ်ထင်ရှန့် နှာမှုတ်လိုက်ပြီး ဖုန်းကို ပစ်ပေးလိုက်သည်။

အစကတော့ စုံတွဲသည် ဘာတွေဖြစ်နေလဲဆိုတာကို နားမလည်နိုင်ဖြစ်နေလေသည်။ သို့ပေမယ့် ဖုန်းပေါ်ရှိ စာများကို ဖတ်ရှုကြည့်ပြီးနောက် နေရာတွင် ကျောက်ရုပ်ကြီးများသဖွယ် ဖြစ်သွားခဲ့တော့သည်။

" ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. ငါ ခုနတုန်းကပဲ လီကျန်းနဲ့တောင် ဖုန်းအဆက်အသွယ် ရခဲ့သေးတယ်... သူ ဒီလောက် ပြစ်မှု အကြီးကြီးတွေ ကျူးလွန်ထားတာကို ဘယ်လိုလုပ်ပြီး ကျိုးဟိုင်ကို ပြန်လာနိုင်မှာလဲတဲ့.. "

" အဲ့တာ မင်းတို့ကောင်တွေ အကုန်လုံး ဆော့ကစားခံလိုက်ရတာ... "

ဒေါနမော ကြီးစွာဖြင့် ၀မ်ထင်ရှန့် ထရပ်လိုက်ပြီး သူ့အရှေ့ရှိ ယွမ်သန်းချီတန် ကော်ဖီစားပွဲကြီးကို ကန်ကျောက်ပစ်လိုက်သည်။

" အမေရိကားက ကိစ္စကို လင်းရီ ဖြေရှင်းပြီးတာ ကြာလောက်ပြီ.. နောက် ဟိုကောင် လီကျန်း... ဒင်းကိုလည်း သူပဲ လာဘ်ထိုးပြီး ငါတို့ကို လှည့်စားသွားတာပဲ ဖြစ်ရမယ်... "

" ဒါပေမယ့် ပြဿနာက အမေရိကားမှာ သူ့ကို ဒီကိစ္စ ကူညီပေးမယ့်သူ တစ်ယောက်မှ မရှိဘူးလေ... သူ ဘယ်လိုလုပ်ပြီး လွတ်သွားခဲ့တာလဲ..."

ဖြောင်း....

၀မ်ထင်ရှန့် ဟန်ကျင်းလေ့၏ ပါးကို ဖြတ်ရိုက်လိုက်ပြီး " အဲ့ကိစ္စက အခု သောက်အရေးလား... ခု ငါတို့ မိသားစု သုံးခုလုံး ထုတ်ဖော်ခံလိုက်ရပြီ... ပြီးတော့ နိုင်ငံကို သစ္စာဖောက်နေပါတယ်လို့တောင် စွပ်စွဲနေကြပြီ... ဒါ ဘာ အဓိပ္ပာယ်လဲဆိုတာ မင်းရဲ့ စောက်ဦးနှောက်က နားလည်လား... "

ဟန်ကျင်းလေ့ ကြမ်းပြင်သို့ လဲကျသွားခဲ့ပြီး ဖူရာဟွေ့ မသိစိတ်မှ သူ့ယောက်ျားကို ပြေးပြီး ကူညီပေးလိုက်၏။

ဥဿုံ စွမ်းအားကြီးသူနှင့် ရင်ဆိုင်နေရတော့ မည်သူကမျှ အရမ်းကာရော မလှုပ်ရှားဝံ့ကြချေ။

အရေးကြီးဆုံးကတော့ သူတို့သည် ဤကိစ္စ၏ ပြင်းထန်မှုကို သတိပြုမိထားပြီးဖြစ်၏။

လင်းရီသည်က သူတို့ကို တစ်ခုခုပြုရန် စွမ်းသာလိမ့်မည် မဟုတ်သော်လည်း အင်တာနက် ခေတ်တွင်တော့ ပြည်သူလူထု၏ အမြင်သည် သူတို့ခေါင်းအထက် ဝဲနေသည့် သင်တုန်းဓားများကဲ့သို့ ရှိ၏။

ပြည်သူများ၏ အမြင်ဖိအား ကောင်းကင်သို့ အရောက်ပို့ပေးနိုင်သလို သူတို့ကိုလည်း ပျက်စီးအောင် ချေမှုန်းသွားနိုင်သည်။

ဟန်ကျင်းလေ့နှင့် သူ့ဇနီးတို့၏ မျက်နှာများ ဖြူလျော်သွားခဲ့ကြသည်။

သူတို့ ဦးနှောက်ကို မည်မျှပင် အလုပ်ပေး စဉ်းစားစေကာမူ လင်းရီ ဤကိစ္စမှ မည်သို့ လွတ်မြောက်သွားခဲ့လဲဆိုတာ စဉ်းစား၍ မရနိုင် ဖြစ်နေသည်။

လင်းရီ သို့မဟုတ် ရှန်းရှုရီ၊ အကယ်၍ ထိုနှစ်ယောက် ပူးပေါင်းလိုက်လျှင်ပင် ယခုလိုမျိုး ပြုလုပ်နိုင်သည့် စွမ်းရည် မရှိချေ။

ကြောက်မက်ဖွယ်ရာတည်း။

သိပ်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

" ညီ- ညီကို၀မ်... ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ... ငါတို့ ဒီကိစ္စ ဆက်ပြီးမကားသွားခင် တစ်ခုခု လုပ်မှတော့ ဖြစ်မှာနော်... "

" အစ်ကို၀မ်က သူ့လူတွေကို သတင်းပိတ်ဆို့ဖို့ ပြောပြီးသွားပြီ.. မကြာခင် ထိန်းသိမ်းနိုင်တော့မှာပါ... " ကျောက်ကော်ပင်း ပြောလိုက်ပြီး " ဒါပေမယ့် ဒီကိစ္စက အတိုင်းအတာ တစ်ခုထိတိုင်အောင် သက်ရောက်မှု ရှိသွားတယ်ဆိုတော့ ငါ့အထင် အထက်ကြီးပိုင်းတွေ သိသွားဖို့ သိပ်မကြာလောက်တော့ဘူး... နောက်ပြီး တောမီးလောင် တောကြောင် လက်ခမောင်းခတ်မယ့်ကောင်တွေကလည်း သေချာပေါက်ကို ရှိမှာပဲ... ဒါ ခက်တယ်... ငါတို့ မိသားစု သုံးခုလုံးရဲ့ ထိခိုက်မှုကို ရှောင်တိမ်းဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး...."

" ပြဿနာက လင်းရီနဲ့ လျန်မိသားစု.. ငါတို့ သူတို့ကို ထိန်းချုပ်လိုက်နိုင်ရင် ဒီကိစ္စ အဆုံးသတ်သွားပြီပဲ မဟုတ်ဘူးလား... "ဟန်ကျင်းလေ့ ပြောလိုက်၏။

" အေး ပြောဖို့က လွယ်တယ်... မင်းတို့ နှစ်ယောက် ပြန်ပြီး အသင့်ပြင်ထားတော့... မနက်ဖြန်ကျရင် တစ်ယောက်ယောက်ကတော့ သေချာပေါက် မင်းတို့ကို စကားပြောဖို့ ခေါ်လာမှာပဲ... မင်းတို့ စကားပြောရင် သတိထားပြောကြ.. ဘာအမှားမှ မပါစေနဲ့... "

" နားလည်ပြီ... "

ဒေါက် ဒေါက် ဒေါက်...

ထိုအခိုက်အတန့်တွင် တံခါးခေါက်သံ တစ်သံ ပဲ့တင်လာခဲ့သည်။

" ၀င်လာခဲ့.."၀မ်ထင်ရှန့် တုံ့ပြန်လိုက်၏။

ဗီလာတံခါးမှာ ပွင့်ဟလာခဲ့ပြီး အသက်သုံးဆယ် အရွယ်ဟု ထင်ရသည့် အမျိုးသမီးတစ်ယောက် အထဲသို့ လျှောက်လှမ်းလာခဲ့လေသည်။

သူမက အနက်ရောင် ရုံးဝတ်အမျိုးသမီး ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် စည်းနှောင်ထားသည်။ သူမ၏ အမူအရာမှာတော့ လေးနက်လို့နေသည်။

အမျိုးသမီး၏ နာမည်သည် ချွေ့ရွှယ်ဖြစ်၏။ တက္ကသိုလ်မှ ဘွဲ့ယူပြီးကတည်းက ဝမ်ထင်ရှန့်၏ လက်အောက်သို့ အလုပ်ဝင်ခဲ့ပြီး ယုံကြည်ရသူ အနည်းစုထဲမှ တစ်ဦးဖြစ်သည်။

“ ဥက္ကဌဝမ်… အဓိက ပေါ်တယ်တွေ အကုန်လုံးကိုတော့ ပိတ်ဆို့ပြီးသွားပါပြီ… ဒါပေမယ့် သတင်းတွေက နိုင်ငံခြားဆာဗာကနေတဆင့် ဆက်ပြီး ပျံ့နှံ့နေတုန်းပါပဲ… အဲ့တာတွေကိုတော့ ပိတ်ဆို့လို့ မရနိုင်ပါဘူး…”

“ နိုင်ငံခြား ဆာဗာတွေ ဟုတ်လား…”

ဤသတင်းကို ကြားတော့ သုံးယောက်သား အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ပျက်သွားခဲ့၏။

ဖူရာဟွေ့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်ထသွားခဲ့တော့သည်။ ယင်းက လင်းရီ၏ လက်ချက်ဖြစ်ကြောင်း နှစ်ခါ တွေးတောရန်ပင် မလိုချေ။

ဤသည်က ကြာရှည်စွာ စီစဉ်ချမှတ်ထားခဲ့သည့် တန်ပြန်တိုက်ခိုက်မှု တစ်ခုဖြစ်၏။

“ အင်တာနက် စောင့်ကြည့်ရေး ဗျူရိုကို ဆက်သွယ်ပြီး နိုင်ငံခြား ဆာဗာတွေ အကုန်လုံးကို ပိတ်ဆို့ခိုင်းလိုက်…”

ချွေ့ရွှယ် ကူကယ်ရာမဲ့ဟန် ပေါက်သွားခဲ့ပြီး “ ဥက္ကဌဝမ်ရှင့်… အင်တာနက်စောင့်ကြည့်ရေး ဗျူရိုရဲ့ ခေါင်းဆောင်က ကျွန်မတို့လူ မဟုတ်ပါဘူး.. ဒီလို အခြေအနေမျိုးမှာ သူတို့ဘက်က ကူညီပေးမှာ မဟုတ်ဘူး…”

“ ငါလီးလိုမှပဲ…”

ဝမ်ထင်ရှန့် စိတ်တို ဒေါသထွက်စွာဖြင့် ဆဲရေးလိုက်တော့၏။ ထိုအခါမှပဲ အင်တာနက် စောင့်ကြည့်ရေး ဗျူရို၏ ခေါင်းဆောင်သည် လျန်မိသားစုဝင်ဖြစ်ကြောင်း သတိရသွားခဲ့သည်။ သဘာဝအလျောက် သူတို့ကို ကူညီပေးရန်မှာ မဖြစ်နိုင်ပေ။

“ မင်းတို့နှစ်ကောင် ဘာလုပ်ခဲ့လဲ ကြည့်စမ်း…”

ဝမ်ထင်ရှန့် ဟန်ကျင်းလေ့နှင့် ကျောက်ကော်ပင်းတို့ကို လက်ညိုးငေါက်ငေါက်ထိုးလိုက်ပြီး “ ငါမင်းတို့ အမှိုက်နှစ်ခုကို အစကတည်းကရင် မသုံးခဲ့သင့်တာ..”

ပြောပြီးနောက် ဝမ်ထင်ရှန့် ထွက်ခွာသွားခဲ့သည်။ ချွေ့ရွှယ်လည်း သူ့နောက်သို့ လိုက်ပါသွားခဲ့၏။ ကျန်သုံးယောက်ကတော့ ဗီလာထဲတွင် တိတ်ဆိတ်နေလျက်ရှိပြီး ကြွက်သတ်ဆေးများ သောက်ထားမိသကဲ့သို့ မျက်နှာအမူအရာများ ရှုံ့မဲ့နေခဲ့ကြသည်။

တစ်ဝက်ကတော့ ဝမ်ထင်ရှန့်၏ ဒေါသကြောင့် ဖြစ်ပြီး ကျန်တစ်ဝက်က လင်းရီ၏ စွမ်းပကားကြောင့်ပင်။

နတ်ပြည်မှ ငရဲပြည်သို့ ထိုးကျသွားသည့် ခံစားချက်မျိုးကို သူတို့ တစ်သက် မေ့ရနိုင်တော့မည် မဟုတ်ချေ။

အချိန်မှာ မနက် လေးနာရီ ရှိနေပြီး ကျိုးဟိုင်၏ ကောင်းကင်သည် တောက်ပစ ပြုလာနေသည်။ ရောင်ခြည်ဖြာသည့် မနက်ခင်း၏ နေရောင်က ကမ္ဘာမြေသို့ ဆင်းသက်လာပြီး သဘာဝကပေးသည့် စွမ်းအားသစ်တို့ဖြင့် နေ့သစ် တစ်နေ့သည်လည်း စတင်လှုပ်ရှားလာခဲ့တော့၏။

ပြင်သစ်မှန် ပြတင်းပေါက်၏ရှေ့တွင် လင်းရီသည် မတ်တပ်ရပ်နေပြီး ကျိုးဟိုင်၏ နံနက်ခင်း မြင်ကွင်းကို ငုံ့ကြည့်နေလျက်ရှိသည်။

သူတစ်ညလုံး အိပ်လို့ မပျော်ခဲ့။ အချိန်အများစုတွင် ဤနေရာ၌သာ မတ်တပ်ရပ်ပြီး ကားအသွားအလာများနှင့် ထပ်မြင့် အဆောက်အဦးကြီးများကို ငေးမောနေခဲ့သည်။

အချိန်က လေးနာရီတင်းတင်း ဖြစ်သောကြောင့် မြို့ပြတွင် အတိတ်ဆိတ်ဆုံး အချိန်အခါဟုလည်း ခေါ်ကြသည်။ သို့သော်လည်း တစ်နာရီကျော်ကြာပြီးနောက် ယာဉ်သွားယာဉ်လာတို့က ဖြည်းဖြည်းချင်း ပြည့်ကြပ်လာပြီး ရုံးအသွားအလာ ပြုသူတို့ဖြင့် စည်ကားသိုက်မြိုက်လာသည်။

ယမန်နေ့ညက ရန်ကျင်းတွေ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို လင်းရီ သိလည်းမသိ။ သို့ပေမယ့် သူကဲ့သို့ လူအများစုကတော့ တစ်ညလုံး အိပ်လို့မပျော်ခဲ့သည်မှာတော့ သေချာသည်။

အင်း……

နောက်ရှိ ညဉ်းသံတစ်သံက လင်းရီ၏ အတွေးရေယာဉ်ကြောကို နှောင့်ယှက်သွားခဲ့သည်။

ကျီချင်းရန်ကို ခြုံထားပေးသည့် စောင်အပါးလေးသည် အောက်သို့ပြုတ်ကျသွားခဲ့၏။ ယမန်နေ့ညက သူမသည် လင်းရီရုံးခန်းထဲရှိ ဆိုဖာပေါ်တွင် တစ်ညလုံး အိပ်စက်ခဲ့လေသည်။

ရုံးတွင် အိပ်ရသည်ဆိုသော်လည်းပဲ သူမက အိပ်ရာမရွေး၊ နှစ်ခြိုက်စွာဖြင့် ဟောက်သံများပြုရင်း အိပ်ပျော်နေခဲ့၏။

လင်းရီ လှည့်၍ လမ်းလျှောက်လာခဲ့သည်။ သူ စောင်ကို ပြန်ကောက်ပေးပြီး ကျီချင်းရန်အပေါ် ပြန်ခြုံထားပေးလိုက်၏။

ဒူ ဒူ ဒူ…

သို့သော်လည်းပဲ ထိုအခိုက်အတန့်တွင် လင်းရီ အိပ်ကပ်ထဲရှိ ဖုန်းက အသံမြည်လာသည်။

အမည်မသိ နံပါတ် တစ်ခုမှ ဆက်သွယ်လာခဲ့ခြင်း ပင်။

မည်သူလဲဆိုတာကို လင်းရီသိသည်။ ရှန်းရှုရီသည် ဤ အမည်မသိ နံပါတ်ကို အသုံးပြု၍ သူနှင့် တစ်ညလုံး ဆက်သွယ် ပြောဆိုနေခဲ့လေသည်။

ကျီချင်းရန်ကို စောင်ပြန်ခြုံပေးပြီးနောက် လင်းရီ အပြင်သို့ ထွက်၍ တိတ်ဆိတ်သည့် တစ်နေရာ၌ ရှန်းရှုရီ၏ ဖုန်းကို ဖြေလိုက်၏။

" အန်တီရှန်း... "

" ဒီလောက်နဲ့ တေယ်လိုက်ကြစို့... ဒီ အခြေအနေလောက်ဆိုရင်ကို လုံလောက်ပြီ..."

" ဒီလောက်လေးပဲလား.. ဒါက လုံလောက်တာနဲ့ အဝေးကြီးနော်... "

" ဒီကိစ္စက လူတွေ အပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိလဲဆိုတာ အရေးမပါဘူး... သက်ဆိုင်ရာ ဌာနတွေ သိသွားသရွေ့ လုံလောက်ပြီ.... "

ရှန်းရှုရီ ဘာကို ဆိုလိုချင်နေမှန်း လင်းရီ နားလည်သွားခဲ့သည်။

" အထက်ကြီးပိုင်းတွေက အမိန့်ပေးလာခဲ့တာလား... "

" ခု အထက်ကြီးပိုင်းတွေက အင်တာနက် စောင့်ကြည့်လေ့လာရေး ဗျူရိုကို နင် နိုင်ငံခြားမှာ တည်ဆောက်ထားတဲ့ ဆာဗာတွေကို စတင် ပိတ်ဆို့ ခိုင်းနေပြီ... ဒါက သိသာတဲ့ အချက်ပြမှု တစ်ခုပဲ... သူတို့က ကိစ္စကို ဒီထက်ပိုပြီး မကြီးထွားစေချင်ကြတော့ဘူး... တကယ်လို့ ဆက်လုပ်နေမယ်ဆိုရင် နင့် အလွန် ဖြစ်သွားလိမ့်မယ်.... "ရှန်းရှုရီ ပြောလိုက်ပြီး " ပြီးတော့ နင့်ရဲ့ မေ ဖုန်းကောပဲ.. နင့်ရဲ့ အိုင်တီ ပညာရှင်တွေကို အဲ့သတင်းတွေ ဆက်မတင်ဖို့ ပြောလိုက်.. မဟုတ်ရင် အရေးယူခံနေရဦးမယ်... "

" နားလည်ပြီ... "လင်းရီ ပြောလိုက်ပြီး " ကျွန်တော် တခြား ဘာလုပ်ပေးဖို့ လိုသေးလဲ... "

" အဲ့တာပြီးရင် နင် ဘာမှ လုပ်စရာ မလိုတော့ဘူး... ကျန်တာ ငါ့ကိုပဲ လွှဲထားပေးလိုက်.."ရှန်းရှုရီ ပြောလိုက်သည်။

" ပြီးတော့ ဒီအချိန်ကို အသုံးချပြီး ကိုယ့်ကိုယ်ကို သေချာ ပြန်ဆန်းစစ်... နင့်ကိုယ်နင် သန့်ရှင်းရေးတွေ လုပ်ထား... ဘာလက်ပူးလက်ကြပ်မှ မမိစေနဲ့... "

" အဲ့တာတော့ စိတ်မပူပါနဲ့ အန်တီရှန်း.. သည့်မတိုက်ခင် ကတည်းကရင် အကုန်လုံးကို စီစဉ်ပြီးသွားပါပြီ... "

" ကောင်စုတ်လေး.. နင်ကတော့ ငါ့ကို တကယ်ပဲ စိတ်ပူရအောင် အရမ်းလုပ်တယ်... မဆိုးဘူး..."ရှန်းရှုရီ ပြောလိုက်ပြီး " တစ်ညလုံး အလုပ်များထားတယ်ဆိုတော့ .. အရုဏ်တောင် တက်နေပြီ... သွားပြီး မနက်စာ စားလိုက်ဦး... ကျန်တာကို ငါပဲ ကြည့်စီစဉ်လိုက်မယ်... "

" ကျေးဇူးပါ အန်တီရှန်း... "

ရိုးရှင်းစွာ ဆွေးနွေးပြီးနောက် လင်းရီ ဖုန်းချ၍ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ကို ရပ်တန့်ဖို့ အမိန့်ပေးလိုက်သည်။

ရှန်းရှုရီ ပြောသည့်အတိုင်း သူ့အတွက် ဆက်လုပ်နေစရာ အကြောင်း မရှိတော့ချေ။ သူမကပဲ ၀မ်မိသားစူနှင့် ထိပ်တိုက်ရင်ဆိုင်ပေမည်။

ပွင့်လင်းစွာ ပြောရလျှင် ဤတိုက်ပွဲ၌ လျန်မိသားစုက စစ်မှန်သည့် တပ်အင်အားစု တစ်ခု ဖြစ်၏။

အာဏာကစားပွဲကို အာဏာ၏ အလယ်တွင် ရှိနေသူများကပဲ သဘာ၀အလျောက် ကိုင်တွယ်သင့်သည်။

လင်းရီ နာရီကို တစ်ချက် ငုံ့ကြည့်လိုက်၏။ သူအားလုံး စီစဉ်ပြီးသွားတော့ မနက် ငါးနာရီပင် ထိုးနေချေပြီ။

ထို့နောက် သူ ဌာန အသီးသီးရှိ လူများကို ယွမ် ၂၀၀ တန် မနက်စာကို ပြင်ခိုင်းလိုက်ပြီး ယမန်နေ့ညက တစ်ညလုံး အချိန်ပို ဆင်းခဲ့ရသူများအတွက် လျော်ကြေးပေးလိုက်၏။

" သူဌေး.. ဘယ်လိုလဲ.. ရှင် အဲ့လူတွေကို ဆွဒချလိုက်နိုင်ပြီလား... "

မနက် ခြောက်နာရီထိုးတော့ ဟော်ယွမ်ယွမ်နှင့် ကျန်သူများ လင်းရီ ရုံးခန်းထဲတွင် မနက်စာစားဖို့ စုဝေးလိုက်ကြ၏။ သူတို့ အကုန်လုံး ဖိုတီဖတ်သီနှင့် စိတ်ဓာတ်ကျ‌နေသာ့် သွင်ပြင်များ ဖြစ်နေကြသည်။

ထိုအထဲ ကျီချင်းရန်တော့ မပါချေ။ သူမက တစ်ညလုံး ကောင်းကောင်း အိပ်စက်ခဲ့ရ၏။

" သူတို့ကို ဆွဲချဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး.. ဒါပေမယ့် ရန်သူတွေရဲ့ ခွန်အားကိုတော့ ‌ေျလာ့ချလိုက်နိုင်ခဲ့ပြီ... "

လင်းရီ ဤအကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။

၀မ်မိသားစုကို မဆိုထားနှင့်၊ လျန်မိသားစုအောက် နိမ့်ကျနေသည့် ဟန်မိသားစုနှင့် ကျောက်မိသားစုတို့ကပင် လက်တွေ့မဆန်သည့် ပစ်မှတ်များ ဖြစ်နေချေပြီ။

ဤသည်က ညှိနှိုင်းရမည့် ကိစ္စရပ် တစ်ခု ဖြစ်သွားခဲ့၏။

ရန်ကျင်းရှိ ၀မ်မိသားစု၏ အင်အားကို လျော့ချလိုက်နိုင်ပြီး လျန်မိသားစု၏ အဆင့်အတန်းကို မြင့်တက်လာစေသည်ကပင် အကောင်းဆုံး ရလဒ် ဖြစ်နေပြီဖြစ်၏။

သို့သော်လည်းပဲ ကံကောင်းသွားသည်က သူတို့၏ စစ်ဆင်ရေးသည် အပြည့်အ၀ အောင်မြင်သွားခဲ့၏။ မဟုတ်ပါက ပဲလှော်ကြား ဆားလာညှပ်သည့် ကံဆိုးသူ မောင်ရှင်များ ဖြစ်သွားပေဦးမည်။

" သူတို့ကို အားနည်းအောင် လုပ်လိုက်နိုင်တယ်ဆိုတော့လည်း ကောင်းတာပဲ.. "ဟော်ယွမ်ယွမ် ပြောလိုက်ပြီး " သည့် မတိုင်ခင်တုန်းက တစ်ယောက်က ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ကစားချင်ခဲ့တယ်... ဒီတစ်ကြိမ်ကျတော့လည်း တစ်ယောက်က ကျွန်မတို့ ကုမ္ပဏီကို တိုင်တန်းချင်ပြန်ပြီ... ဒါပေမယ့် အဆုံးသတ်ကျ အန္တရာယ်ကို ရှင်းလိုက်နိုင်တယ်ဆိုတော့ ကျွန်မတို့ရဲ့ လင်းယွင်အုပ်စုက နယ်ပယ်ထဲမှာ ကျော်ကြားလာပြီလို့ မှတ်ယူလို့ရနေပြီ... တွေးကြည့်လိုက်ရုံနဲ့ စိတ်လှုပ်ရှားစရာပဲ... စတော့တွေတော့ ပြန်ပြီး မြင့်တက်လာကုန်ဦးမယ်... "

" အမှန်ပဲ... တစ်ကျော့ပြန်နိုင်ခဲ့တယ်လို့ ပြောရမယ်... "လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။ သို့ပေမယ့် သူ့လူများ တုန်လှုပ်ခြောက်ခြား မသွားရလေအောင် အခြား အပိုစကားများတော့ လင်ူရီ မပြောခဲ့။

မနက်စာ စားပြီးနောက် လင်းရီ ကျီချင်းရန်ကို ချောင်ရန် အုပ်စုသို့ လိုက်ပို့ပေးလိုက်၏။ ထို့နောက် ရေချိုးစင်တာသို့ ဦးတည်လိုက်သည်။

သို့သော် လမ်းတွင် လျန်ရူရွှယ်ထံမှ ဖုန်း၀င်လာလေသည်။

" နင် ၀မ်မျသားစုကို တိုင်လိုက်တာလား... "

ဟန် နှင့် ကျောက် မိသားစုများလည်း ပါ၀င်နေသော်လည်း လျန်ရူရွှယ်သည် ၎င်းတို့၏ ပါ၀င်မှုကို ဖျောက်ဖျက်ပစ်လိုက်၏။ သူတို့က ဆက်လက် သက်ဆိုင်ခြင်း မရှိတော့သလို ပြောလည်း မပြောပလောက်တော့ချေ။

" အင်း.. ငါ ဒီကိစ္စကို ကိုင်တွယ်ဖို့ပဲ တစ်ညလုံး အလုပ်များနေခဲ့တာ... "

" နင် အခု ဘယ်ရောက်နေတာလဲ... "

" ရေချိုးစင်တာသွားပြီး အနှိပ်ခံမလို့.. မင်းရော လာခဲ့ဦးမလား.. "

" ဒါက ရန်ကျင်း မဟုတ်ဘူး.. ငါ့ဖို့ အဲ့လိုနေရာမျိုးတွေ သွားလို့ လုံမှ မလုံခြုံတာ... "

" ရပါတယ်.. လာချင်ရင် လာခဲ့.. ငါမင်းဖို့ ကြိုပြီး ရှင်းလင်းရေး လုပ်ထားပေးမယ်... "

" ဒီက ခုမှ အိပ်ရာထတာကို နင်က လာစေချင်နေတယ်ပေါ့ ဟုတ်လား.. ဘယ်လိုတောင် လုပ်ရဲနေတာ... "

" ငါက အနားယူဖို့ လုပ်နေတာ.. တစ်ညလုံးလည်း အိပ်ရသေးတယ မဟုတ်ဘူး... "လင်းရီ ပြောလိုက်ပြီး " ဒါပေမာ့် မင်းက ငါ့ကို သတိပေးလိုက်တာပဲ.. အချိန်ရရင် ကိုယ်ပိုင် ရေချိုးစင်တာ တစ်ခုလောက် ဖွင့်ဦးမှပါ.. အဲ့လိုဆိုရင် သူများနေရာကို သွားနေစရာ မလိုတော့ဘူး... "

" အဲ့ သောက်ရေးမပါတဲ့ အတွေးကို မြန်မြန် နင့်ခေါင်းထဲက ထုတ်ပစ်လိုက်.. ပြီးရင် နေရာကို ငါ့ဖို့ ပြင်ထားပေး..ငါ နင်နဲ့ တွေ့ဖို့ လာခဲ့မယ်.. ဒီအကြောင်း ဆက်မပြောတော့ဘူး... "

" အေး အေး.. လာချင် အခု လာခဲ့လို့ ရတယ်နော်... "

လင်းရီ ရေချိုးစင်တာသို့ မောင်းသွားလိုက်သည်။ မနက်ခင်း အစောပိုင်း ဖြစ်သောကြောင့် လူလည်း အများကြီး ရှိမနေသောကြောင့် နောက်ထပ် ယွမ်သောင်း အနည်းငယ်လောက် အသုံးပြု၍ တစ်နေရာလုံးကို ဘွတ်ကင်ယူလိုက်လေသည်။

မကြာမီ လျန်ရူရွှယ် နေကာမျက်မှန်နှင့် မာ့စ်အုပ်ပြီး သူမကိုယ်သူမ ရုပ်ဖျက်လာခဲ့၏။ သူမ ရေချိုးစင်တာကိုရောက်တော့ လင်းရီအပြင်ဘက်တွင် စောင့်နေသည်ကို မြင်တွေ့လိုက်ရပြီး သူနှင့်အတူ ရေပူစမ်းထဲသို့ ၀င်လိုက်လေသည်။

" ကျစ် ကျစ် ... မြို့တော်၀န်လျန်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က လှသထက် လှလာနေရောပဲ... "

ရေကူး၀တ်စုံနှင့် လျန်ရူရွှယ်ကို မြင်တော့ လင်းရီ မှတ်ချက်ပြုလိုက်သည်။

" ရေထဲမှာ ချစ်ရတာက ဘယ်လိုနေမလဲ ငါ သိချင်လိုက်တာ..."

" နင်ရဲ့ အချစ်ရေးကံက ဒီလောက် အားကောင်းတာကို ရေထဲမှာ တစ်ခါမှ မစမ်းကြည့်ဖူးဘူးပေါ့... နင်က အဲ့လောက် vanilla ဆန်တယ်လား.."

လျန်ရူရွှယ်၏ အကြည့်များထဲတွင် အထင်သေးမှု အရိပ်အယောင် တစ်စွန်းတစ်စ ပါ၀င်နေပြီး ၀င့်ကြွားမောက်မာမှုကလည်း ရောပြွမ်းနေသည်။

စကားလုံးတို့က ပြင်းထန်ခြင်း မရှိပါသော်လည်း လူကို စော်ကားနည်း လိုက်သည်ပင်။

ဆိုလိုသည်က အကယ်၍ သူသာ သူမနှင့် တစ်စုံတစ်ခု ပြုလုပ်မည် ဆိုပါက စိတ်လှုပ်ရှားစရာ မကောင်းဟု ပြောချင်နေသယောင်ယောင်…

All Chapters