← Chapters

ယောက္ခမကြီးရဲ့ ကိုယ်လုံးကိုယ်ပေါက် ဘယ်လိုရှိလဲ ငါ ဘယ်လိုသိမှာတုန်း

Vol. 75 Ch. 1117

ယောက္ခမကြီးရဲ့ ကိုယ်လုံးကိုယ်ပေါက် ဘယ်လိုရှိလဲ ငါ ဘယ်လိုသိမှာတုန်း

Vol. 75 Ch. 1117

" မင်းရဲ့ လက်ရှိ ကိုယ်နေဟန်ထားအရ ဆိုရင် မင်းငါ့ကို အများကြီး သင်ပေးနိုင်မယ်ဆိုတာ သေချာတယ်..."

လျန်ရူရွှယ် လင်းရီကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး " ဟဲ့.. ဒါက သိပ်ကို သာမန်ဆန်တဲ့ ကိုယ်ဟန် မဟုတ်ဘူးလား... ငါ တစ်ခါမှ မစမ်းကြည့်ဖူးဘူး ဆိုပေမယ့် ဒီလိုပုံစံနဲ့ ရေချိုးကန်ထဲ လုပ်တာ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး... မဟုတ်ဘူးလား..."

" ထင်ထားတဲ့အတိုင်းပဲ.. မင်းတို့ အသိုင်းအဝိုင်းကြီးတွေက မင်းသမီးလေးတွေက သိပ်ကို သုတကြွယ်တာပဲ.. အကုန်လုံးကလည်း ငါ့အကြိုက်ပဲ.. "

" လဲသေလိုက်လေ.. "လျန်ရူရွှယ် လင်းရီကို မျက်လုံးလှန်ကြည့်လိုက်သည်။ ထို့နောက် ရေကူး၀တ်စုံကို ဆွဲတင်ရင်း သူမရင်ဘက်မှ ဖန်တီးနေသည့် လှိုင်းလုံးကြီးများကို ဖုံးဖိရန် ကြိုးပမ်းနေတော့၏။

" ငါ့အမေ ဘာပြောလဲ.. လက်ရှိ အခြေအနေက ဘယ်လိုဖြစ်သွားပြီလဲတဲ့... မြန်မြန် ငါ့ကိုလေးပြောပြ..."လျန်ရူရွှယ် မေးမြန်းလိုက်သည်

" အန်တီရှန်းက မင်းကို မပြောပြဘူးပေါ့... "

" သူ့သမီး အရင်းခေါက်ခေါက်ကြီးကိုကျ လျှောက်လျှောက်မမေးနဲ့တဲ့လေ.. ဒီတော့ ငါလည်း ဘာတွေ ဖြစ်နေမှန်း မသိရဘူး... မဟုတ်ရင် နင့်ဆီ စောစီးလာပြီး မေးနေပါ့မလား... "

" ငါလည်း မသိဘူး.. ယောက္ခမကြီးပြောတာ ကျန်တာကို သူပဲ ဆက်လုပ်လိုက်မယ်တဲ့.. ငါ စိတ်ပူစရာ အကြောင်း မရှိတော့ဘူး.. ဒီတော့ သတင်းကို စောင့်နေတာ... "လင်းရီ လျန်ရူရွှယ်ကို မော့ကြည့်လိုက်ရင်း " မင်းက ရန်ကျင်းအကြောင်း ငါ့ထက် ပိုသိပါတယ်... ဘယ်လိုထင်လဲ... "

လျန်ရူရွှယ် ခေါင်းခါရမ်းလိုက်ရင်း " တစ်ဖက်သူရဲ့ အဆင့်က သိပ်မြင့်လွန်းနေတယ်... ငါလည်း မခန့်မှန်းတတ်ဘူး... ဒါပေမယ့် အင်တာနက် အသုံးပြုသူတွေက ဒီတစ်ခေါက် တော်တော်လေး အထောက်အကူ ဖြစ်သွားတယ်လို့ ပြောရမယ်... နင် သတင်းဖြန့်ပြီးတာနဲ့ သူတို့တွေက တကယ်ကြီး တစ်ဖက်သူကို သစ္စာဖောက်ဆိုပြီး စွပ်စွဲလိုက်ကြတယ်... ဒါက သိပ်ကိုကြီးလေးတဲ့ ပြစ်မှု... ၀မ်မိသားစုက အဲ့တစ်ချက်ကိုတော့ လုံး၀ တောင့်ခံနိုင်မှာ မဟုတ်တာကိုတော့ ငါပြောရဲတယ်... သူတို့ရဲ့ နံပါတ်တစ် မိသားစုကြီးဆိုတဲ့ နေရာကနေ ပြုတ်မကျဘူးဆိုရင်တောင် ကြီးကြီးမားမားတော့ ထိခိုက်သွားခဲ့မှာပဲ... "

လင်းရီ ခေတ္တမျှ စဉ်းစားခန်း ၀င်လိုက်ပြီး " ရန်ကျင်းက မိသားစုတွေ အကုန်လုံးကို အဆင့်စီလိုက်မယ်ဆိုရင် လျန်မိသားစုက နံပါတ်ဘယ်လောက်မှာ ရှိမယ်လို့ ထင်လဲ... "

လျန်ရူရွှယ် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမ တစ်ခါမျှ ဤမေးခွန်း မစဉ်းစားဖူးသည်မှာ သိသာလေသည်။

အဘယ်ကြောင့်ဆိုသော် ဤ အဆင့်သတ်မှတ်မှုတွင် ရှုထောင့်မျိုးစုံမှ ပါ၀င်နေပြီး သူမသည်လည်း ဤကဲ့သို့ စစ်မှန်သည့် အင်အားစုထဲ ပါ၀င်ပတ်သက်နိုင်ခြင်း မရှိသေးသောကြောင့် သူမအဖို့ ခန့်မှန်းရသည်မှာ တော်တော်လေးကို ခဲယဉ်းလှသည်။

" ငါတို့ လျန်မိသားစု မယှဉ်နိုင်တဲ့ မိသားစု နှစ်ခု ရှိတယ်... တစ်ခုက ၀မ်မိသားစုနဲ့ နောက်တစ်ခုက လုမိသားစုပဲ.. နင် အထင်မလွဲလိုက်နဲ့.. လုရွှမ်တို့က အဲ့ လုမိသားစုက မဟုတ်ဘူး.. သူတို့က ဒီတိုင်း မျိုးရိုးနာမည် တူရုံလောက်ရှိတာ... "

" ဟုတ်လား... လုမိသားစုရဲ့ အင်အားက ဘယ်လောက်တောင် အားကောင်းနေလို့.. ၀မ်မိသားစုနဲ့ ယှဉ်လိုက်ရင်ကော... "

လင်းရီ မေးမြန်းလိုက်သည်။

" တကယ်တမ်းကျ .. အာဏာချင်းယှဉ်ရင် မိသားစု နှစ်ခုက ကွာဟမှု သိပ်မရှိဘူး... အဓိက ကွာခြားသွားတာ စီးပွားရေးပဲ... "လျန်ရူရွှယ် ပြောလိုက်ပြီး " ဟွာရှရဲ့ အဓိက ကော်ပိုရေးရှင်းကြီး လေးခုကို နင်သိတယ်မလား... "

" ဟွာရန်၊ ပေါလီ၊ စီတစ်၊ ကုန်သည်ကြီးများ ဗျူရို ... "

" မှန်တယ်.. ကုန်သည်ကြီးများ ဗျူရိုက ၀မိသားစုရဲ့ လက်ထဲမှာ.. "လျန်ရူရွှယ် ပြောလိုက်ပြီး " ကုန်သည်ကြီးများ ဗျူရိုရဲ့ ဈေးကွက်တန်ဖိုးက တခြား သုံးခုလောက် မရှိဘူးဆိုပေမယ့် တကယ့် အကျိုးအမြတ်ကျတော့ ငါ့အမေရဲ့ ဟွာရန် အုပ်စုထက်ကို ပိုတယ်.. ဒါကြောင့်မို့ ကုန်သည်ကြီးများ ဗျူရိုကို ထိန်းချုပ်နေတာက ၀မ်မိသားစုရဲ့ အဆင့်အတန်းကို ပိုပြီး တည်ငြိမ်အောင် ကူညီပေးနေတာပဲ... "

" သူတို့က စစ်လက်နက်တွေ ရောင်းလို့မလား.. "

လျန်ရူရွှယ် ခေါင်းညိမ့်လိုက်သည်။ " ဒါကြောင့်မို့ အဓိက ကော်ပိုရေးရှင်းကြီး လေးခုထဲမှာ ကုန်သည်ကြီးများ ဗျူရိုက ထူးထူးခြားခြား သီးခြားရပ်တည်နေတဲ့ ကော်ပိုရေးရှင်းကြီးပဲ.. ဟွာရန်အုပ်စုတောင် မယှဉ်နိုင်ဘူး... "

" ဒါဆို လုမိသားစုက ဘာလို့ မပါ၀င်လာတာလဲ.."လင်းရီ မေးမြန်းလိုက်ပြီး " သူတို့ရဲ့ လွှမ်းမိုးမှုနဲ့ဆိုရင် ၀မ်မိသားစုကို ဖြုတ်ချဖို့ဆိုတာ လွယ်လွယ်လေး မဟုတ်ဘူးလား.. "

" အင်း ဟုတ်တယ်..."လျန်ရူရွှယ် ခေါင်းညိမ့်လိုက်သည်။ " ဒါပေမယ့် လုမိသားစုက ဘယ်တုန်းကမှ အဲ့လို ရည်ရွယ်ချက်မျိုး မရှိခဲ့ဘူး.. သူတို့က သူတို့ကိုယ်သူတို့ တင်းတိမ်ရောင့်ရဲကြတဲ့သူတွေ.. လုမိသားစုရဲ့ မဏ္ဍိုင် အစစ်အမှန်က လုပေချိန်၊ ငါ့အဖိုးရဲ့ အမိန့်ပေး အရာရှိကြီး... ရန်ဖိုးဖိုးလိုမျိုးပေါ့ ... သူတို့ နှစ်ယောက်လုံးက သူ့ရဲ့ လက်အောက်ငယ်သားတွေ.. "

ဟစ်...

လင်းရီ အသက်ပြင်းပြင်း ရှိုက်မိသွားပြီး " မင်းရဲ့ အဖိုးနဲ့ အကြီးအကဲရန်က ဒီနေ့ ဒီချိန်မျိုးမှာ ဒီလောက်မြင့်မားတဲ့ ရာထူးတွေရှိနေတာ သူ့ရဲ့ အဆင့်အတန်းဆို ဟိုးထိပ်ဆုံးကို ရောက်နေလောက်ရောပေါ့... "

" အဲ့လိုမျိုးပဲ ဆိုပါတော့.. သူ့ရဲ့ အဆင့်အတန်းက ၀မ်မိသားစုရဲ့ ၀မ်ကျုံးမင်နဲ့ အတူတူလောက်ပဲ..သူက နိုင်ငံထဲ သိပ်ကို သိပ်ကို နည်းပါးတဲ့ ထိပ်ဆုံး လူတွေထဲက တစ်ယောက်လေ... "လျန်ရူရွှယ် ပြောလိုက်၏။

" စကားမစပ် ငါနင့်ကို ပြောဖို့ မေ့နေတာ နင်တို့ ကျုံးဝေ့တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ကြီး ဆိုတာလည်း မာစတာလုပဲလေ... "

" မဖြစ်နိုင်တာ.. ကျုံးဝေ့တပ်ဖွဲ့က လူ ဒီလောက် နည်းနည်းလေးရှိတာကို သူ့လို ဒိတ်ဒိတ်ကျဲကြီးက ဒီလိုမျိုး အသင်းစားလေးကို စီမံနေတာကတော့ နည်းနည်းလေး ဖြုန်းတီးရာ မကျလွန်းဘူးလား...."

" အဲ့တာတော့ ငါလည်း ဘယ်သိမှာ... "လျန်ရူရွှယ် ကူကယ်ရာမဲ့နေသည့် အမူအရာကို လှစ်ဟာပြလာပြီး" သူက ကျုံးဝေ့တပ်ဖွဲ့ရဲ့ တာ၀န်ရှိသူပဲ.. အဲ့တာကလွဲပြီး ငါ့အဘိုးက တခြား ဘာအကြောင်းမှ မပြောပြဘူး... "

ယခင်တုန်းကတော့ လျန်ရူရွှယ်သည် ကျုံးဝေ့တပ်ဖွဲ့အကြောင်း နကန်းတစ်လုံးမျှပင် မသိခဲ့ချေ။

သို့ပေမယ့် လင်းရီသည် အဆိုပါတပ်ဖွဲ့ထဲ ဝင်ရောက်သွားခဲ့သည်ဆိုတော့ သူမလည်း ရည်ရွယ်ချက်ရှိရှိ မေးမြန်းစူးစမ်းတော့၏။ မူလကတော့ အဘိုးအိုကြီး လျန်ရှန့်ဟော်သည် သူ့မြေးမလေးကို ဘာတစ်ခုမျှ မပြောပြချင်ခဲ့ပေ။ သို့ပေမယ့် ထက်မြက်သည့် လျန်ရူရွှယ်လေးက သူ့အဘွားထံသွားပြီး ချွဲနွှဲ့၍ ကျုံးဝေ့တပ်ဖွဲ့အကြောင်း စကားနှိုက်တော့၏။

သူမ အဘွားကလည်း လျန်ရှန့်ဟော်ကို ဆူဆဲကြိမ်းမောင်းပြီး သူ့မြေးမလေး မေးသမျှကို ပြန်ဖြေခိုင်းတော့သည်။

သို့သော်လည်းပဲ လျန်ရှန့်ဟော် အပေါ်ယံ အရေးမပါသည့် အကြောင်းအရာ တစ်ချို့လောက်ကိုသာ ပြောပြခဲ့ပြီး ကျန်သည်ကိုတော့ ထိန်ချန်ထားခဲ့၏။

လျန်ရူရွှယ်လည်း ထိုအကြောင်းများကို ဆက်မမေးမြန်းချေ။ အဘယ်ကြောင့်ဆိုသော် သူမ သိခွင့်မရှိသည်ကို နားလည်သောကြောင့်ဖြစ်၏။ မဟုတ်ပါက သူမသည်လည်း တရားဥပဒေအရ အရေးယူခံရပေမည်။

“ ဆက်ပါဦး.. ဒီမိသားစု နှစ်ခုကို ဖယ်လိုက်ရင် လျန်မိသားစုကို အဆင့်ဘယ်လောက်မှာ သတ်မှတ်လို့ရလဲ…”

အမ်….

လျန်ရူရွှယ် ခေတ္တကြာအောင် တွေးတောနေလိုက်ပြီး “ ငါတို့ထက် နည်းနည်းလေး အင်အားကြီးတဲ့ မိသားစု သုံးခုလည်း ရှိသေးတယ်.. ဒါပေမယ့် အရမ်းကြီး အင်အားကြီးမားနေတဲ့ အထိတော့ မဟုတ်ဘူးပေါ့…. တစ်ချိန်တည်းမှာပဲ ငါတို့နဲ့ အင်အားချင်း တူညီလုနီးနီးရှိတဲ့ မိသားစု လေး ငါးခုကလည်း ရှိနေသေးတယ်.. ဒါပေမယ့် တခြား စီရင်စုက မိသားစုကြီးတွေကိုပါ ထည့်တွက်မယ်ဆိုရင်တော့ လျန်မိသားစုရဲ့ အဆင့်က သုံးကနေ ငါးအတွင်း ရှိလောက်တယ်… သူတို့က သန်မာတယ်ဆိုရင်တောင် ဒါက အကန့်အသတ်… အဲ့တာက အစစ်အမှန် အခြေအနေပဲ…”

“ ငါတော့ ငါ့ယောက္ခမကြီးရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ဆိုရင် သေချာပေါက် လုမိသားစုကို ဒီကိစ္စထဲ ဆွဲထည့်မှာပဲလို့ ခံစားနေရတယ်…”

ယခုမတိုင်ခင်က လင်းရီ ရန်ကျင်းရှိ အင်အားစုများအကြောင်း မသိရှိသေးသောကြောင့် ရှန်းရှုရီ ဤကိစ္စကို မည်သို့မည်ပုံ ကိုင်တွယ်မလဲဆိုတာကို သူ သိနားမလည်ချေ။

သို့သော်လည်းပဲ လျန်ရူရွှယ်၏ ရှင်းပြချက်ကို နားထောင်ပြီးသည့်နောက်တွင်တော့ ဘာဖြစ်နေလဲဆိုတာကို သူ အကြမ်းဖျင်းတော့ ပြောကြည့်နိုင်သည်။

ဝမ်မိသားစုနှင့် လုမိသားစုကသာလျှင် ထိပ်ဆုံး၌ ရပ်တည်နေသည့် မိသားစုကြီး နှစ်ခု ဖြစ်၏။ သဘာဝအလျောက် လုမိသားစုသည်သာလျှင် ဝမ်မိသားစုကို ထိန်းသိမ်းထားနိုင်လိမ့်မည်။

၎င်းအပြင် လုပေချိန်သည်က လျန်ရူရွှယ် အဖိုး၏ ခေါင်းဆောင်ဟောင်းကြီး ဖြစ်၏။ သေခြင်းနှင့် ရှင်ခြင်းကို အတူဖြတ်ကျော်ခဲ့ဖူးသည့် ရဲဘော်ရဲဘက်များလည်း ဖြစ်သောကြောင့် သူ့ကို အကူအညီ တောင်းခံသည်က နားလည်ပေး၍ ရလေသည်။

အကယ်၍ ရှန်းရှုရီသည် ဤအခွင့်အရေးကို လောင်းကြေးထပ်ဝံ့ပါက ကျိန်းသေပေါက်ကို အကူအညီတောင်းလိမ့်မည်လို့ လင်းရီ တပ်အပ်ပြောရဲ၏။

လင်းရီ၏ မှန်းဆမှုများက သိပ်ကို မှန်ကန်သည်။ ရှန်းရှုရီ အမှန်ပင် တစ်ဖက်သူကို ဤကိစ္စထဲ ဆွဲထည့်ထားခဲ့သည်။ ထို့ပြင် မိသားစု သုံးခုသည်လည်း လျှို့ဝှက်စွာ တွေ့ဆုံ၍ နာရီအနည်းငယ်ကြာအောင် လျှို့ဝှက် ဆွေးနွေးခဲ့ကြသည်။

ထို့သို့ပြုရန်အတွက်လည်း ရှန်းရှုရီသည် ရန်ကွမ်းရှကို ကူပြောပေးဖို့ရာ တောင်းဆိုခဲ့သေး၏။

အရေးကြီးဆုံးသော ရည်မှန်းချက်က ဝမ်မိသားစုကို ဆွဲချနိုင်ရန် ဖြစ်ပြီး လုမိသားစုသည်က ဟွာရှရှိ နံပါတ်တစ် မိသားစုဖြစ်သည်။ မည်သူကမျှ သူတို့၏ အဆင့်အတန်းကို လှုပ်ခါနိုင်ခြင်း မရှိချေ။

သို့သော်လည်းပဲ လုအဘိုးကြီး သဘောတူလိုက်ရသည့် အကြောင်းအရင်းက ဤအကြောင်းကြောင့်တင် မကဘဲ လင်းရီကြောင့်လည်း ပါ၀င်ပေသည်။

လင်းရီသည်က လင်းကျင်ကျန့်၏ သားဖြစ်ကြောင်းကို သူ သိရှိထားပြီး ဖြစ်သည်။ သို့ပေမယ့် လင်းရီကို လေးလေးနက်နက်တော့ မထားခဲ့ချေ။

ယင်းက လင်းရီ စစ်ဆေးမှုတွင် မျှော်လင့်မထားသည့် ရလဒ်များ မပြသလာခင် အချိန်ထိ ဖြစ်၏။ ထို့နောက် များမကြာမီမှာပဲ လင်းရီသည် ကျုံးဝေ့တပ်ဖွဲ့အတွင်း ရောက်ရှိနေသည့် သူလျှိုကို ရှာတွေ့ခဲ့ပြီး ဂျင်မီကိုလည်း အောင်မြင်စွာဖြင့် ရှင်လျက် ဖမ်းဆီးပေးနိုင်ခဲ့၏။ ဤသည်က လုပေချိန်အတွက် ကျုံးဝေ့တပ်ဖွဲ့၏ အနာဂတ်ကို ပိုပြီး မျှော်လင့်မိသွားစေသည်။

အကယ်၍ သူသာ တိလိရာ့ လူ့အဖွဲ့အစည်းကြီး၏ လျှို့ဝှက်ချက်ကို အသက်ရှင်နေစဉ်အတွင်း ရှာဖွေတွေ့ရှိနိုင်ခဲ့မည် ဆိုပါက သူကွယ်လွန်သွားခဲ့လျှင်ပင် မည်သူကမျှ သူတို့ လုမိသားစု၏ အဆင့်အတန်းကို လှုပ်ခါနိုင်တော့မည် မဟုတ်ချေ။

သူ့ကို သဘောတူစေခဲ့သည်က ထိုမျှနှင့်တင်လားဆိုတော့ မကသေး။ အခြား အကြောင်းပြချက် တစ်ခုကလည်း ရှိနေသေးသည်။

ယခင်အချိန်တုန်းက လင်းကျင်ကျန့်သည် ရန်ကျင်းတွင် မုန်တိုင်းကြီးငယ်ကို လှိုင်းထန်စေခဲ့သည်။ မရေမတွက်နိုင်သည့် လူတို့က ဆူးညှောင့်ခလုတ်ဟု မြင်ယောင်နေသော်လည်း သူကတော့ ကိစ္စများစွာကို အဆင်ပြေချောမွေ့စေခဲ့၏။

ယခု သူ၏ သွေးသားအရင်းက ဒုက္ခရောက်နေပြီ။ လုပေချိန် ယခင်အတိတ်က ရင်းနှီးသည့် ဆက်ဆံရေးကို ပြန်ပြောင်းအောက်မေ့မိပြီး လက်ရှိ ကိစ္စကို ဆွေးနွေးရန်အတွက် လူပေါင်းများစွာ စုဝေးနေသည်ကိုပါ ထည့်တွေးလိုက်‌တော့ အကူအညီပေးရန် ဖိတ်ခေါ်လာသည်ကို သဘာဝအလျောက် လက်ခံမိသွားစေခဲ့၏။

“ အင်း… ငါလည်း အဲ့လို ထင်တယ်…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါ့အမေက ငါ့လောက် မလှဘူးဆိုပေမယ့် အလုပ်နဲ့ ပတ်သက်လာရင်တော့ သိပ်ကို စေ့စပ်သေချာတယ်လေ… တကယ်လို့ ယုံကြည်မှု ၅၀ ရာခိုင်နှုန်းထက် ပိုပြီးမှ မရှိဘူးဆိုရင် ဒီလိုမျိုး လုပ်မှာတောင် မဟုတ်ဘူး…”

“ ဟားဟား…”

“ ဟင်… နင်က ဘာတွေ လာရယ်နေတာ…” လျန်ရူရွှယ် မျက်စောင်းခဲလိုက်ပြီး “ ငါပြောတာ မှားလား… နင်လည်း ငါ့အမေနဲ့ သိလာတာ ကြာနေပြီကို သူ့စရိုက်ကို မသိတာလည်း မဟုတ်ဘဲနဲ့…”

“ ငါ့ယောက္ခမကြီးရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ပတ်သက်ပြီးမှတော့ ပြောစရာ အကြောင်းမရှိဘူး… ဘာပဲဖြစ်ဖြစ် ငါလည်း သူ့ကို အထင်ကြီးလေးစားပြီးသားပဲ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် မင်းပြောတဲ့ မင်းက ငါ့ယောက္ခမကြီးထက် လှတယ်ဆိုတာကတော့… ဟီးဟီး… ဒါတော့ မင်းကို သဘောမတူနိုင်ဘူး..”

“ ငါ့ဖင်ကြီးကို ဟီးဟီးနေလိုက်ပါလား…”

လျန်ရူရွှယ် လင်းရီအပေါ် ခုန်အုပ်လိုက်ပြီး မျက်နှာကို ခေတ္တမျှကြာအောင် တိုက်ခိုက်လိုက်ကာ “ နင့်မျက်လုံးကို သေချာဖွင့်ပြီးကြည့်စမ်း… ငါ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ရုပ်ရည် ဘယ်နေရာက ငါ့အမေအောက် လျော့နေလို့လဲ..”

လင်းရီ ငိုချင်မိသွားခဲ့၏။

သူ့စိတ်ထဲ မှားယွင်းနေသလိုတောင် ခံစားလာနေရသည်။

သူမတို့နှစ်ယောက်၏ ရုပ်ရည်ကို သူ နှိုင်းယှဉ်ကြည့်နိုင်ပါသော်လည်း ယောက္ခမကြီး၏ ကိုယ်လုံးကိုယ်ပေါက် မည်သို့မည်ပုံရှိသည်ကို သူ မည်သို့ သိနိုင်ပါမည်နည်း။

“ တော်တော့ တော်တော့… မင်းကသာ အလှဆုံးပဲ.. ကျီချင်းရန်ထက်ကို ပိုလှတယ်.. ဟုတ်ပြီလား…”

“ အဲ့စကားကို ငါကြိုက်တယ်…”

လင်းရီ လျန်ရူရွှယ်၏ တင်ပါးကို ပုတ်လိုက်ပြီး “ သွားစို့.. အနားယူလို့ ဝပြီမလား… အနှိပ်သွားခံကြမယ်…”

သူတို့ သီးသန့်ခန်းထဲ ရောက်လာတော့ လျန်ရူရွှယ်မှာ မျက်နှာ မတ်ကပ်ခြင်းကို ခံစားနေပြီး လင်းရီကတော့ လျန်မိသားစု အကြောင်း တွေးတောရင်းဖြင့် အလုပ်ရှုပ်နေသည်။

လျန်ရူရွှယ်နှင့် ယခုလေးတင် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆွေးနွေးထားပါသော်လည်း ဤကိစ္စက အောင်မြင်နိုင်ခြင်း ရှိမရှိကို သူ မသေချာပေ။

ထို့ကြောင့် သတိလက်လွတ်‌နေ၍ မဖြစ်သေးချေ။

ထိုသို့ဆိုသော်ငြားလည်း လျန်ရူရွှယ် ပြောသည့် အတိုင်းဆိုပါက အကယ်၍ ဝမ်မိသားစုကို ဆွဲချနိုင်ခဲ့လျှင် လျန်မိသားစု၏ အဆင့်အတန်းသည် ကျိန်းသေပေါက် မြင့်တက်လာပေလိမ့်မည်။ သူတို့သည် ဟွာရှတွင် လုမိသားစုပြီးလျှင် ဒုတိယဖြစ်လာမည့် ထိပ်တန်း မိသားစုကြီး တစ်ခု ဖြစ်လာမည် ဖြစ်၏။

လျန်မိသားစုထက် ပို၍ အင်အားသာလွန်သည့် အခြား မိသားစုကြီးများ ရှိနေလျှင်ပင် အများအပြားတော့ ရှိနေနိုင်မည် မဟုတ်ချေ။

အခြားတစ်ဖက်တွင်တော့ အနာဂတ်ရှိ သူ၏ ကိစ္စရပ်များသည်လည်း ပို၍ လွယ်ကူလာပေတော့မည်။

ထိုအကြောင်းများ တွေးတောနေရင်း လင်းရီ ပင်ပန်းလာသလို ခံစားလာခဲ့ရကာ အိပ်ပျော်သွားခဲ့တော့၏။

သူ နိုးလာတော့ နေ့လည်ခင်းသို့ပင် ရောက်ရှိနေပြီး လျန်ရူရွှယ်သည်လည်း တိတ်ဆိတ်စွာဖြင့် ထွက်ခွာသွားခဲ့လေပြီ။

သူ ကုတင်ပေါ်တွင် ထထိုင်၍ အညောင်းဆန့်လိုက်သည်။ လင်းရီ ထွက်ခွာရန် အလျင်မလိုသေးချေ။ သူ ဖုန်းကို ခေတ္တမျှ အပေါ်အောက် ပွတ်ဆွဲလိုက်ရင်း ရှန်းရှုရီ သူ့ကို ဆက်သွယ်ရန် အသုံးပြုနေသည့် ယာယီနံပါတ်ကို နှိပ်လိုက်၏။

“ အန်တီရှန်း.. အခြေအနေ ဘယ်လိုရှိလဲ…”

“ အားလုံး အဆင်ပြေပြေပါပဲ…”

“ ကောင်းတာပေါ့…”

ရှန်းရှုရီ၏ အဖြေက လင်းရီကို အသက်ရှုချောင်သွားစေခဲ့သည်။

ဤကိစ္စက လုံးဝ ဖြေရှင်းလို့ မပြီးဆုံးသေးသော်လည်း ကြီးမားသည့် အခက်အခဲ တစ်စုံတစ်ရာ မရှိနိုင်တော့မည်က သေချာသည်။မဟုတ်ပါက ရှန်းရှုရီသည် ဤမျှသေချာသည့် အဖြေကို သူ့အား ပေးလာခဲ့လိမ့်မည် မဟုတ်ချေ။

မျှော်လင့်ထားသည့်အတိုင်း အန်တီရှန်းသည် နိုင်နိုင်ခြေ မရှိသည့် တိုက်ပွဲကို ဘယ်သောအခါမှ ရင်ဆိုင်တိုက်ခိုက်ခြင်းမရှိ။ ဤကိစ္စတွင် စွန့်စားရမည်များ ရှိသော်လည်းပဲ အောင်မြင်နိုင်ချေက စွန့်စားရမည့်နှုန်းထက် ပိုများပြားနေခဲ့၏။

သို့သော်လည်း အဆုံးသတ်တွင်တော့ မည်သို့ ဖြစ်လာမည်လဲဆိုတာကို မသိရှိရသေးချေ။ သူ ခေတ္တတော့ စောင့်ဆိုင်းရလိမ့်ဦးမည်။

အနှစ်ချုပ်အားဖြင့် သူ မည်သည်ကိုမျှ စိုးရိမ်နေရန် မလိုတော့ချေ။

လင်းရီ မတ်တပ်ရပ် အကြောဆန့်ပြီးနောက် မာဟွိုက်ရန်ထံ ဖုန်းခေါ်လိုက်သည်။

“ ဥက္ကဌလင်း.. ကျုပ်ကို ရှာနေတာလား…”

“ ကျုပ်ကို ‘ကြီးမြတ်သော’ လယ်ယာတိုးတက်မှုက ကောင်တွေနဲ့ အချိန်းအချက်ပြုပေး…. ကျုပ် သူတို့နဲ့ တွေ့ချင်တယ်…”

“ နားလည်ပါပြီ ဥက္ကဌလင်း… ကျုပ် အခုပဲ စီစဉ်လိုက်ပါ့မယ်…”

မာဟွိုက်ရန်နှင့် ဖုန်းပြောပြီးနောက် လင်းရီ ချောင်ရန်အုပ်စုသို့ သွား၍ ကျီချင်းရန်နှင့်အတူ နေ့လည်စား သုံးဆောင်လိုက်သည်။ တစ်ချိန်တည်းတွင် သတင်းကောင်းကို သူမနှင့်အတူ မျှဝေလိုက်လေသည်။

အရာအားလုံးက ချောချောမွေ့မွေ့နှင့် အဆင်ပြေပြေ ရှိနေသည်ကို ကြားသိရတော့ သူမ လင်းရီ၏ မျက်နှာကို ပွေ့ဖက်၍ သုံးလေးကြိမ်ခန့် နမ်းရှုံ့လိုက်၏။

“ အဲ့တာကောင်းတယ်.. အဆင်ပြေမယ်ဆိုတာ ငါသိသားပဲ…”

“ တကယ်တမ်းကျ ငါလည်း ဘာမှတောင် သိပ်မလုပ်လိုက်ရပါဘူး.. သူများတွေကပဲ ကူညီပေးသွားတာ…”

“ ဒါပေမယ့် ဒီကိစ္စမှာ အဓိက အရေးပါတာက နင်ပဲလေ… နင်သာ အမေရိကားမှာ ဒီကိစ္စတွေ မစီစဉ်ထားခဲ့ဘူးဆိုရင် သူတို့လည်း ဘာမှ ကူညီလို့ရမှာတောင် မဟုတ်ဘူး…”

“ ချင်းရန်က ငါ့ကို အသိဆုံးပဲ…” လင်းရီ သူမ၏ မျက်နှာကို ကြင်နာယုယစွာ ပွတ်သပ်လိုက်၏။

“ မဟုတ်ပါဘူးနော်… လူကြီးမင်းလင်းကိုက တော်လို့ပါ…”

ကလင် ကလင် ကလင်…

ထိုအချိန်တွင်ပဲ လင်းရီအိတ်ကပ်ထဲရှိ ဖုန်းသံ မြည်လာခဲ့၏။ မာဟွိုက်ရန်မှ ဖုန်းဆက်လာခဲ့ခြင်းဖြစ်သည်။

ကျီချင်းရန် လင်းရီ၏ ပေါင်ပေါ်မှ ဆင်းသွားခဲ့ပြီး “ နင် လုပ်စရာရှိတာ လုပ်လေ… ငါလည်း လုပ်စရာတွေ ရှိသေးတယ်… “

“ အင်း.. အဲ့တာဆို ငါ တစ်ချက် ဖုန်းပြောလိုက်ဦးမယ်..”

ကျီချင်းရန် သူမ၏ စားပွဲသို့ ပြန်ရောက်သွားတော့ လင်းရီ မာဟွိုက်ရန်၏ ဖုန်းကို ကိုင်လိုက်သည်။

“ ဥက္ကဌလင်း… ကျုပ်တို့ ဒီည ၇ နာရီ၊ ဟွမ်ကျန်းအိမ်တော်မှာ တွေ့ဖို့ သဘောတူထားခဲ့ပြီ…”

“ ဟွမ်ကျန်းအိမ်တော် …. ဟုတ်လား..”

“ အဲ့ဒါက ဟွာရှန့် စီးပွားရေး ခန်းမလေ.. အဖွဲ့ဝင်တွေ အကုန်လုံးက ကမ်းရိုးတန်းတစ်လျှောက် သူဌေးသူကြွယ်တွေချည်းပဲ.. နိုင်ငံခြားက ချမ်းသာတဲ့ သီးသန့် ကလပ်တွေလိုမျိုးပေါ့..”

“ ဒီကောင်တွေကတော့ အပြောပဲ ရှိပြီး လက်တွေ့မရှိတဲ့ အမြဲတမ်း ဟိတ်ဟန်ထုတ်နေကြတဲ့ ကောင်တွေချည်းပဲ… ဒီလိုမျိုး ဟန်ကြီးပန်ကြီး ကိစ္စတွေနဲ့ပဲ ပတ်ဇယားရှုပ်နေကြတယ်..” လင်းရီ ပြောလိုက်ပြီး “ ခင်များလည်း အဆင်သင့်လုပ်ထားလိုက်… ပြီးရင် ကျုပ်နဲ့ ဒီည လိုက်ခဲ့..”

“ နားလည်ပါပြီ…”

မာဟွိုက်ရန်၏ ဖုန်းကို ချပြီးနောက် လင်းရီ ကျီချင်းရန်၏ ဆိုဖာပေါ်တွင် လဲလျောင်း၍ ဂိမ်းကစားနေလိုက်သည်။ သူ ပင်ပန်းလာတော့ အောက်ထပ်သို့ သွား၍ ဝမ်ရင်းနှင့် ခေတ္တကစားလိုက်သည်။ သူ မသိလိုက်ခင်တွင်ပဲ အချိန်က ညနေ ငါးနာရီ ထိုးနေချေပြီ။

ဟင်း…. တစ်နေ့ တစ်နေ့ ဒီလိုချည်း အချိန်ကုန်နေရတယ်.. ပျင်းဖို့ကောင်းလိုက်တာ…။

“ နင် ဒီည သွားစရာ ရှိတာလား…”

တစ်နေ့တာ အလုပ်များ ပြီးစီးတော့ ကျီချင်းရန် သူမ၏ ပစ္စည်းပစ္စယများ သိမ်းဆည်းရင်း မေးမြန်းလိုက်သည်။

“ ၇ နာရီကျရင်တော့ တစ်ယောက်ယောက်နဲ့ သွားတွေ့စရာ ရှိတယ်… အရင်ဆုံး သွားစားကြတာပေါ့… အရေးကြီးတာမျိုး မဟုတ်ပါဘူး…”

“ အင်း…”

ကုမ္ပဏီမှ ထွက်ခွာလာခဲ့ပြီးနောက် နှစ်ယောက်သည် စီချွမ်စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်၍ ညနေစာကို ဖြေရှင်းလိုက်ကြ၏။ ထို့နောက် ဟွမ်ကျန်းအိမ်တော်သို့ မောင်းနှင်လာခဲ့လိုက်သည်။

ကျီချင်းရန် အပြင်ဘက်မှ လှမ်းကြည့်ရင်း “ နင် ဒီမှာ တစ်ယောက်ယောက်နဲ့ တွေ့မလို့လား..”

“ မင်း ဒီနေရာကို သိနေတယ်ပေါ့…”

“ ဟွာရှရဲ့ စီးပွားရေးခန်းမကြီး လေးခုထဲက တစ်ခုပဲလေ… ပြောကြတာတော့ ဒီ ခန်းမ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှု တန်ဖိုး စုစုပေါင်းက တစ် ထရီလီယမ် ကျော်တယ်ဆိုပဲ..”

“ ပမာဏက မသေးဘူးပဲ… ငါနဲ့ အတူ တစ်ချက် လိုက်ကြည့်ဦးမလား..”

“ တော်ပြီ.. ငါ မလိုက်တော့ဘူး..” ကျီချင်းရန် ပြောလိုက်ပြီး “ ရာသီအကူးအပြောင်းဆိုတော့ အဝတ်အစားလေး နည်းနည်းလောက် သွားဝယ်ထားဦးမလို့…”

“ အိမ်မှာ အဝတ်တွေ ဒီလောက် ပေါနေတာကို မင်းလည်း အားလုံးကုန်အောင် မဝတ်နိုင်ပါဘူး..”

“ ပြီးတာပဲလေ… ဒီက စတော်ကင်တွေ သိပ်မကျန်တော့လို့ အတွင်းခံလေး နည်းနည်းလောက် သွားဝယ်ရင်ကောင်းမလား စဉ်းစားနေတာ နင် ဒီလိုပြောလာမှတော့ မဝယ်တော့ပါဘူးလေ…”

“ အဟမ်း .. တကယ်တမ်းကျ… ငါပြောချင်တာကကွာ… မင်းမှာ အဝတ်တွေ သိပ်များနေတယ်ဆိုပေမယ့် အတွင်းဝတ်တွေကျ သိပ်မရှိဘူး ဖြစ်နေတယ်လေ… အဲ့တာတွေ များများဝယ်ထား … ဘာပဲဖြစ်ဖြစ် ခဏခဏ လဲဝတ်ရမယ့် အရာတွေဆိုတော့ အရေးကြီးတယ်လေ… အဲ့လို မထင်ဘူးလား..”

ကျီချင်းရန် လင်းရီကို ကြည့်လိုက်ပြီး “ နင့်မှာလည်း တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးတွေ ရှိနေတာပဲ..”

“ မင်းက လူကြီးလူကောင်း တစ်ယောက်ရဲ့ စိတ်နှလုံးသားကို ကိုယ့်ရဲ့ သေးသိမ်ကျဉ်းမြောင်းတဲ့ အမြင်နဲ့ ဝေဖန်နေတာပဲ… ငါက မင့်ကျန်းမာရေးကို စိတ်ပူလွန်းလို့ ပြောနေရတာပါ…”

“ နင့်စိတ်က အဲ့ဒီ ညစ်တီးညစ်ပတ် အတွေးအခေါ်တွေနဲ့ပဲ ပြည့်နှက်နေတာကို ငါမသိဘူးများ ထင်နေလား ဟင်းဟင်း…”

ပြောပြီးနောက် ကျီချင်းရန် ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး “ ငါ အရင်သွားတော့မယ်… နင်ပြီးရင် ဖုန်းဆက်လိုက်…”

“ အိုကေ…”

ကျီချင်းရန် သူမ အိတ်ကို လွယ်လျက် လင်းရီ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။ သူမသည်က အပူအပင်ကင်းမဲ့သည့် မိန်းမငယ်လေးကဲ့သို့ အပြစ်ကင်းစင်ပြီး တက်တက်ကြွကြွ ရှိလှ၏။

များမကြာမီမှာပဲ မာဟွိုက်ရန်၏ ကားလည်း ရောက်လို့လာပြီး လင်းရီကို လာရောက်တွေ့ဆုံသည်။

“ ဥက္ကဌလင်း… ကျုပ်တော့ နောက်ကျသွားပြန်ပြီ.. တကယ်ကို စိတ်မရှိပါနဲ့…”

“ ကျုပ်ကိုက စောရောက်နေတာပါ…”

လင်းရီ ကားတံခါးကို ဖွင့်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။

“ သွားစို့… ဒီကိစ္စ မြန်မြန်ပြီး မြန်မြန် ကိစ္စပြတ်တာပေါ့…”

........

ဟွမ်ကျန်း အိမ်တော်၏ ခြောက်လွှာမြောက်တွင် သီးသန့်ခန်း လေးခန်း ရှိသည်။

တစ်ခန်းချင်းစီ၏ ပြင်ဆင်မွမ်းမံထားမှုတို့က တစ်ခန်းနှင့် တစ်ခန်း တူညီခြင်း မရှိပေ။ အများအမြင်တွင် ခေတ်အောက်နေသည့် ပုံပေါက်နေသော်လည်းပဲ ထိုသို့ မွမ်းမံပြင်ဆင်မှုက ယွမ်သန်းပေါင်းများစွာ ကုန်ကျထားစေသည်။

ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီမှု ရှိချင်မှ ရှိမည်။ သို့သော် အစိတ်အပိုင်းတစ်ခုချင်းစီက ဈေးအမြောက်အများ သုံးထားရသည်ကတော့ သေချာသည်။

“ ဒီ လင်းယွင်အုပ်စုက သိပ် စိတ်ဝင်စားဖို့ကောင်းပါလား… သူတို့ဘော့စ်က အဖမ်းခံထားရတာတောင် ငါတို့နဲ့ လာတွေ့ချင်နေတယ်.. ဒါက ပရိယာယ် တစ်မျိုးလား ဒါမှမဟုတ် လှည့်စားမှု တစ်ခုများလား…”

All Chapters