မင်းတို့ အဆင့်လောက်နဲ့များ…
Vol. 75 Ch. 1118
“ ငါလည်း စစချင်းတုန်းက နဝေတိမ်တောင် ဖြစ်သွားမိတာပဲ… လင်းရီကို အမေရိကန်တွေက ဖမ်းထားတာ ငါတို့ကို ဘယ်လိုလုပ်ပြီးတော့များ လာတွေ့မှာလဲပေါ့.. ကြည့်ရတာ အဘိုးကြီးဖန့်ကို ပိုက်ဆံပေးစေချင်လို့ အကွက်ရွေ့နေတာပဲ ဖြစ်ရမယ်…” လုကောင်းယွဲ့ ပြောလိုက်သည်။
“ တကယ်လို့ လင်းရီ တကယ်ကြီး ရောက်လာခဲ့တယ် ဆိုရင်ကော…” ကျစ်ဖုန်းကျူး သာမန်လေသံဖြင့် မေးမြန်းလိုက်၏။
သိသာစွာပင်။ သူသည်လည်း လင်းရီ မည်သို့မျှ ပြန်လာနိုင်မည် မဟုတ်ကြောင်းကို သိထားသည်။ ထို့ကြောင့် ဤအတိုင်း သာမန်လျှံကာ မေးမြန်းလိုက်ခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ အကုန်လုံးက ပျင်းရိငြီးငွေနေကြသည် မဟုတ်ပါလား။
“ အဲ့တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး… တကယ်လို့ သူ ပြန်လာခဲ့တယ်ဆိုရင်တောင် ကျိုးဟိုင်ကို ပြန်လာနိုင်မှာ မဟုတ်ဘူး…. ဒီတော့ လျှောက်လျှောက်ပြီး ခန့်မှန်းမနေနဲ့…”
“ မင်းတို့ကောင်တွေ ဘာသတင်းမှ မကြားမိကြဘူးလား..” ဖန့်ချင်းကျိုး မေးမြန်းလိုက်သည်။
“ မင်းလည်း မကြားဘူးပေါ့… ဟွမ်အန်း ဦးပိုင်၊ ဖူရှင်း Semiconductor ၊ ဇီကျင်းပန်း နည်းပညာ ကုမ္ပဏီ သုံးခုပေါင်းပြီး လင်းယွင်အုပ်စုကို တိုင်တန်းထားကြတယ်လေ..”
“ ဒါပေါ့.. အဲ့တာတော့ ငါလည်း ကြားတာပေါ့ဟ… သတင်းက ဒီ မနက် အစောပိုင်း ဝေလီဝေလင်း အချိန်လောက်တုန်းက ဖြစ်မယ်… အဲ့ကိစ္စ တော်တော်လေး ပေါက်ကွဲထွက်သွားတာနော်.. ဦးပိုင်ရဲ့ရှယ်ယာတွေနဲ့ နည်းပညာ စတော့တွေတောင် ထိခိုက်သွားသေးတယ်… ဒါပေမယ့် အဲ့လိုဖြစ်ပြီးတော့ သတင်းတွေ အကုန် ပျောက်သွားခဲ့တာပဲ.. ငါ အွန်လိုင်းပေါ်မှာ ဘာမှ ဆက်ရှာလို့ မရတော့ဘူး… ဘာဖြစ်နေမှန်းကို မသိတော့ပါဘူး..” ဖန့်ချင်းကျိုး ပြောလိုက်သည်။
“ မေးနေစရာ လိုသေးလို့လား… အထက်ကြီးပိုင်းက လူတွေ လှုပ်ရှားလိုက်တာပဲ ဖြစ်မှာပေါ့ကွ..” ရွှီထျန်းကျိုး ပြောလိုက်ပြီး “ ဒီကုမ္ပဏီ သုံးခုကို ဘာမှ မဟုတ်ဘူးလို့ မထင်လိုက်နဲ့.. သူတို့က သူတိုကိုယ်သူတို့သာ မဖော်ပြကြတာ သူတို့နောက်ကွယ်က သူဌေးကြီးတွေက တကယ့် အကောင်ကြီးကြီး အမြီးရှည်ရှည်တွေ..”
“ ငါလည်း ဒီအကြောင်းတော့ နည်းနည်း သိထားတယ်… ဖူရှင်း semiconductor ကုမ္ပဏီရဲ့ သူဌေးက ဖူရာဟွေ့ ဆိုလားပဲ မသိဘူး… သူ့မိသားစုက ရန်ကျင်းမှာ တော်တော်လေး ပါဝါရှိသဟ… ပုံမှန်ဆို သူများတွေနဲ့ ဆက်စပ်ပြီး စီးပွားရေး လုပ်လေ့မရှိဘူး… အော်ဒါတွေကလည်း နောက်ခံ နက်နဲတဲ့ အစိုးရနောက်ခံ ကုမ္ပဏီကြီးတွေကချည်းပဲ..”
“ တကယ်တမ်းကျ ဒီ ကုမ္ပဏီ သုံးခုထဲမှာ ဇီကျင်းပန်း နည်းပညာ ကုမ္ပဏီက အားအနည်းဆုံးပဲ..” ရွှီထျန်းကျွင်း ပါးစပ်ထဲတွင် ဆေးလိပ်တေ့ရင်း ပြောလိုက်ပြီး “ ရန်ကျင်းရဲ့ ဟန်မိသားစုက ဖူရှင်း semiconductor ကို အစစ်အမှန် ထိန်းချုပ်ထားတဲ့သူတွေ… ပြောကြတာ ဟန်မိသားစုရဲ့ အဆက်အသွယ်တွေက ဗဟိုအစိုးရထိတောင် လက်တံတောင် ရောက်နေပြီဆိုပဲ… ဒါပေမယ့် အင်အားအကြီးဆုံးက ဟွမ်အန်း ဦးပိုင် ကုမ္ပဏီပဲ.. သူ့ကို အစစ်အမှန် ထိန်းချုပ်ထားတာကကျ ရန်ကျင်းရဲ့ ဝမ်မိသားစု… ဟွာရှ ကုန်သည်ကြီးများ ဗျူရိုဆိုတာကလည်း သူတို့မိသားစု အပိုင်ပဲလေ..”
ထိုသို့ ပြောပြီးနောက် ရွှီထျန်းကျွင်း ကျန်သူများကို ဆန်းကြယ်စွာ သိမ်းကျုံးကြည့်လိုက်ပြီး “ ဝမ်မိသားစု ဘယ်လောက်ထိ အားကောင်းလဲ မင်းတို့ကောင်တွေ သိလား…”
“ ခွေးအိုကြီး… သိမှတော့ မင်းပြောတာ ငြိမ်ပြီး နားထောင်နေပါ့မလား လဒရ… ပြောစရာ ရှိရင် အမြန်ပြောစမ်းကွာ…” ကျစ်ဖုန်းကျူး စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
“ ငါလည်း လှည့်ပတ် မေးကြည့်တော့မှ သိခဲ့ရတာကွ… ဒီရဲ့ ဝမ်မိသားစုက ဟွာရှမှာ အင်အားအကြီးဆုံး ထိပ်တန်း မိသားစုကြီး တစ်ခုပဲ…”
“ ဘယ်လိုမျိုး အင်အားကြီးတာလဲ…”
“ စဉ်းစားကြည့်လေ… ကုန်သည်ကြီးများ ဗျူရိုက ဘယ်လိုကုမ္ပဏီလဲ.. သာမန်လူတစ်ယောက်က အဲ့လို ကုမ္ပဏီကြီးမှာ တာဝန်ခံ ဖြစ်နိုင်ပါ့မလား…”
သုံးယောက်သား မသိစိတ်မှ ခေါင်းညိမ့်မိလိုက်ကြသည်။ သူတို့၏ မျက်နှာအမူအရာသည်လည်း လေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။
သူတို့ တစ်ဘဝလုံး ကြိုးစား အားထုတ်လျှင်ပင် ထိုသူတို့၏ လက်ရှိ အဆင့်အတန်းသို့ ရောက်နိုင်မည် မဟုတ်ကြောင်းကို အကုန်လုံးက နားလည်ထားကြသည်။ ဒါမှမဟုတ် နောက်ဘဝရောက်သည်အထိပင် မလုပ်နိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် လေးစား အားကျရုံမှတပါး မနာလို ဖြစ်လို့လည်း မရချေ။
“ ရှင်းနေပြီပဲ… လင်းရီရဲ့ အမေရိကားက ကိစ္စကို မိသားစုကြီး သုံးခုက ထုတ်ဖော်လိုက်တယ်…. ဒါက မိသားစုကြီး သုံးခုအတွက် အရမ်းဆိုးရွားတယ်ဆိုပေမယ့် ဝမ်မိသားစုကြီး တစ်ခုလုံး ရှိနေမှတော့ သတင်းတွေ အကုန်လုံး တစ်ညတည်းနဲ့ လက်စဖျောက်ခံလိုက်ရတာ သဘာ၀ပဲလေ…
ရွှီထျန်းကျွင်း ပြောလိုက်ပြီး “ အရင်တုန်းကတော့ လင်းရီမှာ အခွင့်အရေးဆိုတာ ရှိသေးတယ်… ဒါပေမယ့် အခု သူက လက်လျော့ပြီး မိသားစုကြီး သုံးခုကို ဖော်ထုတ်လိုက်တယ်… သူ အမေရိကားကနေ လွတ်မြောက်လာခဲ့ရင်တောင် ဝမ်မိသားစုက ကျိန်းသေပေါက် အလွတ်ပေးမှာ မဟုတ်ဘူး… ဒါကြောင့်မို့ လင်းရီ ကျိုးဟိုင်ကို လာနိုင်မှာ မဟုတ်ဘူးလို့ ပြောတာ..”
တက်…
ဖန့်ချင်းကျိုး ဆေးလိပ်မီးညှိလိုက်ပြီး “ မင်း ဘာလို့ အဲ့လို ပြောလဲ ငါ အခု နားလည်သွားပြီ…ကြည့်ရတာ အဲ့ကောင်ရဲ့ ကုမ္ပဏီက ငါတို့နားကနေ ငွေလေးနည်းနည်းလောက် ရလိုရငြား လာကြည့်တာနေမယ်…”
“ သေချာပေါက်ပဲပေါ့… လင်းရီရဲ့ အခြေအနေက ဘယ်လိုရှိမှန်း ဘယ်သူမှလည်း မသိရဘူး… ဒီလို အရေးကြီးတဲ့ အခြေအနေမျိုးမှာ ငါတို့စီ ဘယ်လိုလုပ်ပြီး လာတွေ့နိုင်မှာလဲ..”
" ငါ မှန်းကြည့်မယ်.. မာဟွိုက်ရန်လို့ ခေါ်တဲ့ ရှေ့နေက သူတစ်ယောက်တည်း လာပြီး သူ့သူဌေးက ကိစ္စရှိလို့ မလာနိုင်ပါဆိုတဲ့ အကြောင်း ပြောမယ်... ပြီးရင် ငါတို့နဲ့ ပိုက်ဆံ ကိစ္စဆွေးနွေးမယ်...."
" ဟားဟား... "
ရွှီထျန်းကျွင်း၏ ထူးဆန်းသည့် မျက်နှာ အမူအရာနှင့် စကားပြောဆိုမှုက လူတိုင်းကို ရယ်မောသွားစေခဲ့သည်။
" အဲ့ဒီချိန်ကျရင် ငါ ဒီလို ပြန်ပြောလိုက်မယ်... မင်းရဲ့ သူဌေးက အသတ်ခံရဖို့ သိပ်မလိုတော့တာကို လာပြီး ဟန်လုပ်မနေစမ်းနဲ့လို့... "ဖန့်ချင်းကျိုး ပြောရင်းဖြင့် တဟားဟား ရယ်မောလိုက်ပြန်သည်။
" မလုပ်နဲ့.. သူ့ကို ယွမ် လေးငါးရာလောက်တော့ ပေးလိုက်ဦးမှပေါ့.. ဒါမှ သူ့သူဌေးအတွက် ငွေ စက္ကူလေးတွေ ၀ယ်ပြီး မီးရှို့ပေးလို့ရမှာ... ငါတို့ အရမ်းကြီးလည်း ကပ်စေးကုတ်နေလို့ မဖြစ်ဘူးလေ... "
" ဟားဟား.. အဲ့ဒီအကြံ မဆိုးဘူး..."ဖန့်ချင်းကျိုး ပြောလိုက်ပြီး " လာ လာ.. သောက်ကြမယ်.. ငါ ဒီလောက်ထိ မပျော်ရတာတောင် အချိန် ဘယ်လောက်ထိ ကြာနေပြီမှန်း မသိတော့ဘူး... "
ချလပ်...
လေးယောက်သား ဖန်ခွက်တွေ မြောက်တော့မည့် အချိန်မှာပဲ သီးသန့်ခန်း တံခါး ပွင့်ဟလာခဲ့ပြီး လင်းရီနှင့် မာဟွိုက်ရန်တို့ အထဲ၀င်လာခဲ့ကြသည်။
" ကိုယ့်လူတို့က သိပ်တက်ကြွနေပါလား.. ကျုပ်ကိုတောင် မစောင့်တော့ဘူး သောက်ကြတော့မယ်ပေါ့... "
ဟင်....
လင်းရီ ၀င်လာသည်ကို မြင်တော့ လေးယောက်သား လေထဲတွင် ခွက်ကိုင်ရင်း တန်းလန်း အေးခဲသွားခဲ့ကြတော့၏။
" မင်း - မင်း ဘာလို့ ဒီရောက်လာတာလဲ...."ဖန့်ချင်းကျိုး အံ့အားတကြီး ဖြစ်နေသည့် လေသံဖြင့် မေးမြန်းလာခဲ့သည်။
" ခင်များတို့ကို ဒီမှာဆုံဖို့ ကျုပ်ပဲ ပြောလိုက်တာကို ဒါပေါ့.. ကျိန်းသေပေါက် ရောက်လာရမှာပေါ့... "
လင်းရီ၏ ထွက်ပေါ်လာမှုက သူတို့လေးယောက်ကို ခက်ခဲသွားစေခဲ့သည်။
သူတို့၏ နားလည်ထားမှုအရ မည်သို့ပင် ဖြစ်စေကာမူ လင်းရီသည် ကျိုးဟိုင်သို့ ပြန်လာနိုင်လိမ့်မည် မဟုတ်ချေ။
အကယ်၍ သူ အမေရိကန်တွေ လက်ထဲမှ လွတ်မြောက်နိုင်ခဲ့လျှင်ပင် ရန်ကျင်းရှိ မိသားစုကြီး သုံးခုက သူ့ကို အလွှတ်ပေးလိမ့်မည် မဟုတ်ဟု တရားသေ တွက်ချက်ထားခဲ့ကြ၏။ ယခု သူ မည်ကဲ့သို့ ပြန်ရောက်လာခဲ့ရသနည်း။
" အဟွတ် အဟွတ်.. ဥက္ကဌလင်းက ရောက်လာပြီဆိုမှတော့.. ကျေးဇူးပြုပြီး ထိုင်ပါဦး... "
ရွှီထျန်းကျွင်းသည် ပထမဦးဆုံး သူ၏ ကိုယ်နေဟန်ထားကို ပြန်လည် ရရှိသွားခဲ့သူ ဖြစ်သည်။ သူကဲ့သို့ ရင်းနှီးမြုပ်နှံသူက အခြေအနေမျိုးစံနှင့် ကြုံတွေ့ဖူးပြီး အလျင်အမြန်ပဲ ပုံမှန်ပြန်ဖြစ်သွားခဲ့လေသည်။
" ဒါ ခင်များ အလုပ်မဟုတ်ပါဘူး.. ၀င်မပါနဲ့... "
လင်းရီ အပြုံးလေးဖြင့် ထိုင်ခုံကို ဆွဲထုတ်လိုက်ပြီး ဖန့်ချင်းကျိုးကို ကြည့်လိုက်၏။ " တရားရုံးက စီရင်ချက် ချပြီးပြီ ကြားတယ်... ဒါကို ခင်များက ဘာလို့ အခုထိ ပိုက်ဆံ မပေးသေးတာ... ဘာလဲ ကျုပ်ကို အထင်သေးနေတာလား... "
" မစ္စတာလင်းရဲ့ ရောက်ရှိလာမှုက ငါ့ကို အံ့အားသင့်သွားစေတယ်ဆိုတာ အမှန်ပါပဲ.. ဒါပေမယ့် ငါကတော့ ငါ့ဆီ ပိုက်ဆံ လာတောင်းနေမယ့်အစား ကိုယ့်ကိစ္စကိုယ် စိတ်ပူနေတာ ပိုကောင်းလိမ့်မယ်လို့ ထင်တယ်... "
" ပိုက်ဆံက ကောင်းတဲ့အရာဆိုပေမယ့် .. အဲ့ဒီ အရာတွေကို သုံးဖို့ လူကလည်း အသက်ရှင်လျက် ရှိဖို့ လိုသေးတယ်လေ... "
လင်းရီ ဆေးလိပ်ဘူးကို ထုတ်၍ တစ်လိပ်ထုတ်ပြီး မီးညှိလိုက်သည်။ ထို့နောက် အငွေ့များကို မှုတ်ထုတ်လိုက်ရင်း တည်ငြိမ်သည့် လေသံဖြင့် " ကျုပ် သေတော့မယ်လို့ ခင်များတို့ကို ဘယ်သူပြောလဲ.. ၀မ်မိသားစုကလား... "
လေးယောက်လုံး ထိတ်ခနဲ ဖြစ်သွားခဲ့ကြပြီး တစ်ခုခုတော့ မှားယွင်းနေပြီဖြစ်ကြောင်း သိရှိလိုက်ကြ၏။
" သူတို့ရဲ့ လုပ်ရပ်က ကျုပ်ကို တကယ်ပဲ သတိလက်လွတ်ဖြစ်သွားစေခဲ့တာ အမှန်ပဲ.. ဒါပေမယ့် တွေးကြည့်လိုက်.. အဲ့ကိစ္စတွေမှ မဖြေရှင်းလိုက်နိုင်ဘူးဆိုရင် ကျုပ်က ကျိုးဟိုင်မှာ ပေါ်လာနိုင်မှာလား.... ၀မ်မိသားစုဆိုတာ ပြုတ်ကျတော့မယ့် မိသားစု တစ်ခု ဖြစ်သွားပြီ.. ဒီတော့ ကလိမ်ကကျစ် အတွေးတွေ လျှောက်တွေးမယ် မကြံနဲ့... ကျုပ်ကိုသာ လွယ်လွယ်နဲ့ ချေမှုန်းလို့ ရမယ်ထင်ရင် ဒီနေ့ထိ အသက်ရှင်နေမှာတောင် မဟုတ်ဘူး... ခင်များတို့ရော အဲ့လိုမထင်ဘူးလား... "
" မင်း ဘယ်လိုတောင် ပြောဝံ့နေတာလဲ... "
ဤသတင်းကြီးက သူတို့ လေးယောက်ထံ ဗုံးကြီးတစ်လုံး ပေါက်ကွဲသွားသည့်နှယ်ပင်။ လင်းရီ၏ ရောက်ရှိလာမှုထက်ပင် ပို၍ ရှော့ခ်ရဖို့ ကောင်းနေခဲ့၏။
၀မ်မိသားစုဆိုတာ ရန်ကျင်းရဲ့ နံပါတ်တစ် မိသားစုကြီးလေ။ အဲ့လို ဖြစ်တည်မှုမျိုးကို လင်းရီက ဖြေရှင်းလိုက်နိုင်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ။
ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး...
လင်းရီ မတ်တပ်ရပ်၍ ဖန့်ချင်းကျိုး အနောက် လျှောက်သွားလိုက်သည်။ အဘိုးကြီး၏ ပခုံးကို လေးလေးနက်နက် ပုတ်လိုက်ရင်း " ငါး ဆိုတာ ငါးပဲဖြစ်မှာ.. ငါးကြင်းဂိတ်ကိုကျော်ပြီး နဂါး မဖြစ်လာနိုင်ဘူး... ခင်များတို့ လေးယောက် စုစည်းထားတယ်ဆိုရင်တောင် ခင်များတို့ရဲ့ အဆင့်က သာမန်ပဲ.... ကျုပ်ရဲ့ အဆင့်ကို မရောက်ဖူးရင် ကျုပ် ကိစ္စကို လာပြီး စိတ်ပူပေးမနေနဲ့.... အဲ့တာ ခင်များတို့ ထောက်မမီတဲ့ ရေနက်ပဲ... "
ဖန့်ချင်းကျိုး လျှပ်စစ်နှင့် အတို့ခံလိုက်ရသကဲ့သို့ ဆံပင်များ ထောင်ထသွားခဲ့တော့သည်။
သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူဖပ်ဖြူလျော် ဖြစ်သွားခဲ့ပြီး စကားတစ်လုံကိုမျှ မဆိုနိုင်တော့ချေ။
" စစချင်းတုန်းက ကျုပ် ဒီကိစ္စကို ကိုင်တွယ်ရလောက်တဲ့အထိ ငြီးငွေ့လွန်းလို့ ဥပဒေကနေ တဆင့် ဖြေရှင်းခိုင်းလိုက်တာ.. ဒါပေမယ့် ခင်များက ကျုပ်စကားကို နားမထောင်ဘူး... ဒါ ကျုပ်မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ မဟုတ်ဘူးလား... ပြောစမ်းပါ.. ကျုပ် ဒီကိစ္စ ဘယ်လိုလုပ်သင့်လဲ... "
" ငါ ... ငါ လျော်ပေးပါ့မယ်...."
ဖန့်ချင်းကျိုး၏ အသံသည် တုန်ခါနေပြီး " ငါ အခု ချက်ချင်းပဲ ဘဏ္ဍာရေး ဌာနကို ဖုန်းဆက်ပြီး လင်းယွင်အုပ်စုဆီ ငွေလွှဲဖို့ ပြောလိုက်ပါ့မယ်... "
" မနေ့တုန်းကတော့ ၂၈၉ သန်းပဲ.. ဒါပေမယ့် ကျုပ်ကိုယ်တိုင် ရောက်လာရတယ်ဆိုတော့ ... ကျုပ် အချိန်တွေက တန်ဖိုးရှိတယ် မထင်ဘူးလား... "
"ဒါ-ဒါဆို ဘယ်လောက်လိုချင်လဲ... "
" အဲ့လိုလုပ်လို့ ဘယ်ကောင်းမှာလဲ.. ကျုပ်က ခင်များနား ငွေညစ်ထုတ်နေသလို ဖြစ်သွားမှာပေါ့.. "
လင်းရီ ပြုံးလိုက်ပြီး " ပေးမယ့် ပမာဏကို ခင်များဘာခင်များပဲ ဆုံးဖြတ်.. ခင်များတို့ ကြီးမြတ်သော လယ်ယာမြေ တန်ကြေးရှိသလောက် ပေးလို့ရတယ်... ဘာပဲဆိုဆို ကျုပ်က ခင်များကို ဒေဝါလီခံအောင် လုပ်လိုက်ပြန်ရင်လည်း ခင်များက ဘာတစ်ပြားတစ်ချပ်မှ ကျန်ခဲ့မှာ မဟုတ်ဘူးလေ... "
ဖန့်ချင်းကျိုး၏ မျက်နှာသည် သံမဏိပြားကို သွားကန်မိလိုက်သကဲ့သို့ ရှုံ့မဲ့သွားခဲ့၏။
" ငါတို့ - ငါတို့အကောင့်ထဲမှာ ယွမ် ၁.၄ ဘီလီယမ်ရှိတယ်... ငါ-ငါ အကုန်လုံး လျော်ပေးပါ့မယ်.."
" ကောင်းပြီ.. ဒီပမာဏပဲ..."လင်းရီ ဖန့်ချင်းကျိုး၏ ပခုံးကို ညစ်လိုက်ပြီး " ခင်များ ဒီ အချိန်ကို မမေ့ဘူးလို့ မျှော်လင့်တယ်... ဘာပဲဖြစ်ဖြစ် ကျုပ်တို့ရဲ့ ပြိုင်ဘက်က ဘယ်သူလဲဆိုတာ ကျုပ်တို့ သိထားနေရမယ်လေ... "
ပြောပြီးနောက် လင်းရီ သီးသန့်ခန်းထဲမှ ထွက်ခွာသွားခဲ့ပြီး မာဟွိုက်ရန်သည်လည်း နောက်မှ နီးကပ်စွာ လိုက်ပါသွားခဲ့၏။ သူသည်လည်း တော်တော်လေးကို ထိတ်လန့်နေမိခဲ့သည်။
သူတို့အကုန်လုံးက ကျော်ကြားသည့် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ကြသော်လည်း လူတိုင်းတွင် ယခုလို အရှိန်အဝါမျိုး မရှိနိုင်ချေ။
ဟွမ်ကျန်းအိမ်တော်ထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ မာဟွိုက်ရန်ကို ပြောလိုက်သည်။ " ကျန်တာကို ခင်များပဲ ကိုင်တွယ်လိုက်တော့.. ကျုပ်အထင် သူတို့ ပိုက်ဆံလွှဲပေးဖို့ သိပ်မကြာလောက်တော့ဘူး.. "
" သူတို့လည်း ထပ်ပြီး အချိန်ဆွဲဝံ့တဲ့ သတ္တိရှိမယ်လို့ ကျုပ်လည်း မထင်ဘူး.."
" ကောင်းပြီ.. တခြား ဘာကိစ္စမှ မရှိတော့ဘူး.. ပြန်လိုက်တော့... ခင်များလည်း မနေ့ညက တစ်ညလုံး ပင်ပန်းထားတယ်ဆိုတော့ ကောင်းကောင်းလေး နားလိုက်ဦး... "
" ကျေးဇူးပါ ဥက္ငဌလင်း..."
ရိုးရှင်းသည့် စကားလုံးတစ်ချို့ ပြောဆိုပြီးနောက် နှစ်ယောက်မှ လမ်းခွဲလိုက်ကြသည်။
လင်းရီ ကားထဲသို့ ၀င်ပြီးနောက် ကျီချင်းရန်ထံ ဖုန်းခေါ်လိုက်သည်။ ထို့နောက် သူမကို မောလ်၀င်ပေါက်၀၌ သွားကြိုပေးလိုက်လေသည်။
" သွားတာ ခဏလေးနဲ့ ပစ္စည်းတွေ ဒီလောက် အများကြီး ၀ယ်လာခဲ့တယ်ပေါ့... "
ကျီချင်းရန် လက်ထဲရှိ ဒါဇင်ချီသော အိတ်များကို ကြည့်ရင်း လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
" အသစ်ထွက်တာတွေက အများကြီးလေ.. အဲ့တာကြောင့်မို့ အကုန်၀ယ်လာခဲ့လိုက်တယ်..."
" ကျစ်.. အသစ်တွေက အချိန်တိုင်း ထွက်နေတာကိုပဲ...."
လင်းရီ ခေတ္တမျှ စဉ်းစားကြည့်လိုက်တော့ ဤသည်က ကျီချင်းရန်၏ စရိုက်နှင့် ကိုက်ညီသည်ဟု ခံစားလိုက်ရသည်။ သူမ ၀ယ်လာခဲ့သည့် ပစ္စည်းများ အားလုံးကို ရှင်းလင်းစွာ ခေါင်းစဉ်တပ်ထားပြီး သူမ စိတ်ထဲ ကြိုက်နှစ်သက်သည် မှန်သမျှ အကုန် သိမ်းကျုံး၀ယ်လိမ့်မည် ဖြစ်၏။ ထို့ကြောင့်ပဲ သဘာ၀အလျောက် ဈေး၀ယ်မြန်သူ တစ်ယောက် ဖြစ်လာခဲ့လေသည်။
သူမ ပစ္စည်းများကို ကားထဲ ထည့်ပြီးနောက် ကျီချင်းရန် အိမ်သို့ပြန်ရန်အတွက် အလျင်လိုနေခြင်း မရှိခဲ့ချေ။ လင်းရီကို ကမ်းခြေအနားသို့ ဆွဲခေါ်လာပြီး လျှောက်လည်ကြပြီးတော့မှ အိမ်သို့ နွမ်းနယ်စွာဖြင့် ပြန်လာခဲ့ကြလေသည်။
နောက်တစ်နေ့ နံနက်ခင်းတွင် ထမင်းအတူစားပြီးနောက် နှစ်ယောက်မှာ ထုံးစံအတိုင်း အလုပ်ကိုယ်စီသို့ ဦးတည်လိုက်ကြ၏။
ကျီချင်းရန်က ချောင်ရန်အုပ်စုသို့ သွားခဲ့ပြီး လင်းရီကတော့ ဟွမ်ရှီးကျေးရွာထံ ဦးတည်လိုက်သည်။
သူ ရွာသို့ မရောက်ဖြစ်သည်မှာ ဆယ်ရက်နီးပါးခန့် ရှိပြီ ဖြစ်သောကြောင့် သစ်သီးများ၏ ဒုတိယ အသုတ်သည် ရိတ်သိမ်းလို့ ရလောက်ချေပြီ။ ထို့ကြောင့် သူ အလျင်အမြန် ခူးဆွတ်ပြီး ရောင်းချရလိမ့်မည်။
မစ်ရှင်သည်ကလည်း အင်မတန် အရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။
ကလင် ကလင် ကလင်...
သူအိမ်မှ ထွက်ခွာလာပြီးနောက် မကြာမီ လင်းရီ၏ ဖုန်းသံ မြည်လာခဲ့သည်။ ရန်စီထံမှပင်။
" ဥက္ကဌရန်က ဘာများ အလိုရှိလို့ပါသလဲ... "
" ဥက္ကရန်ရယ်လို့ မခံယူဝံ့ပါဘူးနော်... ကျွန်မက ဥက္ကဌလင်း ရင်းနှီးမြုပ်နှံမှာကို စောင့်လို့နေတုန်းပါပဲရှင်.... "
" ရင်းနှီးမြုပ်နှံပေးဖို့လား.. ရတယ်လေ.. ဘာပြဿနာ ရှိမှာမို့လို့..."လင်းရီ ပြုံးလိုက်ပြီး " ဒါပေမယ့် ဒါက ငါ ဝင်ပါသင့်တဲ့ ကိစ္စမျိုးလို့တော့ မထင်ဘူး... ဘယ်သူ သိနိုင်မှာ.. ရင်းနှီးမြုပ်နှံမှု ပရိုမိုးရှင်း မီတင်မှာ လိုလိုလားလားနဲ့ ရင်းနှီးမြုပ်နှံလာမယ့် လူတွေလဲ ရှိနိုင်တာပဲလေ... ငါတော့ အဲ့ဒီထဲ ခြေတစ်လှမ်းမှ ၀င်ပါမှာ မဟုတ်ဘူး.. "
" အဲ့တာ နည်းနည်းတော့ ရှုပ်တယ်..."ရန်စီ ပြောလိုက်ပြီး " နောက် နှစ်လနေရင် ကျောင်းသားတွေ နွေရာသီ ကျောင်းပိတ်ရက် ရတော့မှာ... အဲ့ကာလက variety show တွေအတွက် အခါကောင်းပဲ.. နာမည်ကြီး variety show တော်တော်များက အဲ့ခါကျ တင်ဆက်ပြသလာတော့မှာ.. အဲ့ချိန်မှာ ငါ မြင့်တင်နိုင်မယ့် အလားအလာရှိတဲ့ ရင်းနှီးမြုပ်နှံမှုက အကန့်အသတ်နဲ့... "
" အဲ့ဒါဆိုလည်း ထုတ်လွင့်ပြသမယ့် အချိန်ကို ရွေ့လိုက်ပါလား..."
" ပြိုင်ဆိုင်မှုကို ဘာကိစ္စ ရှောင်လွှဲရမှာလဲ... ပြိုင်ဘက်က သန်မာလေ ပိုပြီးတော့ ကောင်းတာပဲလေ... မဟုတ်ရင် ငါ့ရဲ့ အင်အားကို ဘယ်လိုလုပ်ပြီး ပြသနိုင်တော့မှာလဲ... "
" ဟီးဟီး.. မင်းရဲ့ ခွန်အားက တကယ်ကို ကောင်းတာ... ငါ့ရဲ့ သိုင်း ၁၈ ကွက်နဲ့ အပြောင်းအလဲ ၇၂ မျိုး ထုတ်သုံးတာတောင်မှ မင်းကို ရှော့ခ်ရရုံလေး လောက်ပဲ လုပ်နိုင်ခဲ့တာ..."
" ဒါကြောင့်မို့ နင် နောက်ကျရင် ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း ပြုမူသင့်တာပေါ့လို့... နင့်ကိုယ်နင် အပန်းဖြေဖို့ အဲ့လို ညစ်ညမ်းတဲ့ လှည့်ကွက်တွေပဲ သုံးမနေသင့်ဘူး... "ရန်စီ ပြုံးလျက် ပြောလိုက်ပြီး " ဒါပေမယ့် ဒါက နည်းနည်းတော့ ရှက်ဖို့ကောင်းတယ်... အစက နင့်ကို အကူအညီ မတောင်းဘူး လုပ်နေတာ နောက်ဆုံးကျတော့လည်း ငါက တောင်းဆိုရတာပါပဲလားနော်... "
" တစ်ခါတစ်လေလည်း ကိုယ့်အားကိုယ် ကိုးတာထက် သူများအပေါ် မှီခိုရတာ ပိုကောင်းတယ်လေ... မင်းငါ့ကို တောင်းဆိုရင်တောင် ငါကတော့ အကူအညီပေးတယ်လို့ မမှတ်ယူပါဘူး..."လင်းရီ ပြောလိုက်၏။
" ပြီးတော့ ငါ ဒီပိုက်ဆံတွေကို အလကား ပေးလိုက်မှာ မဟုတ်ဘူး... ရင်းနှီးမြုပ်နှံနေတာ... မင်းမှာ ရှိလာတဲ့ အချိန်ကျ ကျိန်းသေပေါက် ပြန်ပေးရမယ်... "
" ငါသာ ပိုက်ဆံရှာနိုင်ခဲ့ရင် ကျိန်းသေပေါက် နင့်ကိုပြန်ပေးမှာပေါ့... ဒါပေမယ့် ရှင်းအောင်တော့ ပြောထားပါရစေနော်.. တကယ်လို့ ငါသာ မအောင်မြင်ခဲ့ရင် နင့်ကို ပေးဖို့ ပိုက်ဆံ ရှိမှာ မဟုတ်ဘူး... "
" လူကို အကြွေးသိမ်းလိုက်မယ်လေ... "
" မင်းက ငါ့အတွက် ယွမ် သန်း ၂၀၀ ကျော်တောင် တန်ကြေးရှိတယ်.. ဒီတော့ ဒီနည်းနဲ့လည်း အဆင်ပြေတာပဲ.. "
" ဟွန့်... ဟို မိန်းမငယ်လေးတွေ နင့်လိုမျိုး မကောင်းတဲ့ကောင်တွေကို ဘာလို့ တန်းတန်းစွဲဖြစ်နေမှန်း ငါ ခုမှပဲ သိတော့တယ်.. နင်က စကားသိပ်တတ်တာပဲ.. ငါကြိုက်တယ်..."ရန်စီ တသိမ့်သိမ့်တုန်ခါသည်အထိ ရယ်မောလိုက်တော့၏။ " ကောင်းပြီ.. ငါ နင်နဲ့ လေးနက်တဲ့ ကိစ္စတစ်ချို့ ဆွေးနွေးမလို့ဟာကို နင်က တရစပ်ကို နှောင့်ယှက်နေတော့တာပဲ.... "
" ဘာစီးပွားရေးလဲ... "
" ငါ ဟွမ်ရှီးကျေးရွာကို သွားပြီး သူတို့ရဲ့ ဒေသခံ ခေါင်းဆောင်နဲ့ ဒီအကြောင်း ပြောချင်တယ်..."ရန်စီ ပြောလိုက်ပြီး " နင် တခြား ဘာလုပ်စရာမှ မရှိဘူးဆိုရင် ငါနဲ့ လိုက်ခဲ့ပေးလေ.. အဲ့တာက နင့်ပိုင်နက်ဆိုတော့ နင်ပါရင် ပိုပြီး ချောချောချူချူ ဖြစ်တာပေါ့... "
" အခု အိမ်မှာလား... "
" အင်း... "
" အဲ့မှာစောင့်နေ... "
" နင် ဘယ်အချိန်လောက် ရောက်လာခဲ့မှာလဲ.. ငါ ရေချိုးပြီး အ၀တ်အစားတွေ လဲထားချင်လို့... "
" ဘာလို့တုန်း.. ငါရောက်လာတဲ့ထိ စောင့်ပြီး အတူရေချိုး အ၀တ်စားလဲလို့ ရတာပဲလေ... "
" နှာဘူး... "
လင်းရီနှင့် ရန်စီတို့ အိမ်မှ ထွက်လာခဲ့တော့ နေ့လည်ခင်း အချိန်သို့ပင် ဖြစ်နေချေပြီ။
လင်းရီက လန်းဆန်းလို့နေပြီး ရန်စီ၏ မျက်နှာမှာ တောက်ပနေတော့၏။ နှစ်ယောက်ပေါင်း၍ ပျော်ရွှင်သည့် ခံစားချက်များ ဖြစ်ပေါ်နေလေသည်။
တစ်နာရီ မကျော်ခင် အချိန်တိုအတွင်းမှာပဲ နှစ်ယောက်သား စစ်ဖန်းမြို့သို့ ရောက်လာခဲ့ကြသည်။
သူတို့က ဟွမ်ရှီးကျေးရွာတွင် ရိုက်ကူးရေး လုပ်မည် ဆိုသော်လည်းပဲ ရွာခေါင်းဆောင် အသစ်မှာ လုပ်ပိုင်ခွင့် များများစားစား သိပ်မရှိချေ။ ထို့ကြောင့် မြို့တော်၀န်နှင့် တိုက်ရိုက် စကားသွားပြောလိုက်သည်က ပိုပြီး လက်တွေ့ကျသည်။
လင်းရီ ရန်စီကို မြို့တော်၀န် ရုံးခန်းထဲ ခေါ်လာခဲ့ပေးလိုက်သည်။ ၎င်းက တိုက်ပု အသေးစားလေး တစ်ခုထဲတွင် တည်ရှိလေသည်။ အပြင်ဘက် နံရံများကို ယခုမှ ဆေးစသုတ်နေပြီး ရိုးရှင်း၍ အဖြူရောင် ကြမ်းကြမ်းကြီး ဖြစ်နေတော့သည်။
" ဘယ်သူ့ကို ရှာနေတာပါလဲ.. "
နှစ်ယောက်သား အိမ်ထဲသို့ ၀င်၀င်ချင်းပဲ သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး၏ ဟန့်တားခြင်းကို ခံလိုက်ရ၏။
အမျိုးသမီးက အသက်လေးရွယ်အရွယ် ရှိပုံရသည်။ အိမ်ထဲတွင် 'ကျေးလက်ချစ်သူ' ဟူသည့် နာမည်ကြီး လူကြိုက်များသော ဇာတ်လမ်းတွဲတစ်ခုကို TV တွင် ပြသနေသည်။
" မင်္ဂလာပါ.. ကျွန်မတို့က ကျိုးဟိုင်က လာခဲ့တာပါ... ကျွန်မတို့ ဒီမှာ variety show ရိုက်ကူးရေး လုပ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ကောင်းမြို့၀န်နဲ့ စကားပြောချင်လို့ပါ... "ရန်စီ ပြောလိုက်သည်။
" နင်တို့ ကံဆိုးတာပဲ... ကောင်းမြို့၀န်က အလုပ်တစ်ချို့ ရှိလို့ ဆိုပြီး အပြင်ထွက်သွားတာ ခုထိ ပြန်ရောက်မလာသေးဘူး... "
ရန်စီနှင့် လင်းရီတို့ အချင်းချင်း ကြည့်မိလိုက်ကြသည်။
" ကျွန်မတို့ အချိန်မှားပြီး လာခဲ့မိတာပဲ... "
" အဆင်ပြေပါတယ်... "
လင်းရီ သက်လတ်ပိုင်း အမျိုးသမီးကို ကြည့်လိုက်ပြီး " ကျုပ်တို့ကို ကူပြီး ဖုန်းဆက်ပေးပါလား အစ်မကြီး.. သူ့ကို ဒီလာပြီး ရိုက်ကူးရေး လုပ်ချင်နေတဲ့သူတွေ ရှိတယ်လို့ ပြောလိုက်.. သူ ဘာပြန်ပြောလာမလဲ တစ်ချက်ကြည့်ကြတာပေါ့... "
" အဲ့တာဆို ခဏစောင့်ပေးဦးနော်...."
သက်လတ်ပိုင်း အမျိုးသမီးက သဘောအလွန်ကောင်းသည်။ ဟုန်ပေါင်းပင် မပေးရဘဲ သူမ၏ အထက်လူကြီးကို ချက်ချင်း ဖုန်းခေါ်ပေးလိုက်၏။
" မြို့၀န်ကောင်း.. ဒီမှာ လူနှစ်ယောက်လာပြီး ရိုက်ကူးရေး လုပ်ချင်တယ်ပြောပြီး ရှင်နဲ့လည်း တွေ့ချင်နေတယ်... "
" ကောင်းပြီလေ.... အဲ့လိုပဲ ပြောလိုက်ပါ့မယ်... "
မကြာမီ သက်လတ်ပိုင်း အမျိုးသမီးမှ ဖုန်းကို ချလိုက်ပြီး " မြို့၀န်ကောင်းပြောတာ နင်တို့ကို သူ့ရုံးခန်းဆီ လာစေချင်တယ်တဲ့.. သူပြောတာ သူအခုပြန်လာနေပြီ အဲ့မှာ စောင့်ပေးပါဦးတဲ့..."
" ကောင်းပါပြီ.. အစ်မကိုတော့ အလုပ်ရှုပ်စေမိပြီ..."ရန်စီ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
" အပေါ်ထပ်တက်ပြီး ဘယ်ဘက်ချိုးလိုက်... နင်တို့ မြင်ပါလိမ့်မယ်... ငါ နင်တို့ကို လိုက်မပို့တာ စိတ်မရှိဘူးမလား.. "
" အဲ့လောက်ကြီး ဒုက္ခခံနေစရာ မလိုပါဘူး... အစ်မ လုပ်စရာတာသာလုပ်ပါ..."
နှစ်ယောက်မှာ အပေါ်ထပ်သို့ တက်သွားလိုက်ကြသည်။ သက်လတ်ပိုင်း အမျိုးသမီးမှ နှုတ်ခမ်းများ တွန့်ကွေးတက်သွားခဲ့ရင်း " ကောင်မလေး ကြည့်ရတာ မြို့ကြီးသူ ထင်တယ်... ဘာလို့ သူ့ရင်ဘတ်ကြီးက အဲ့လောက်ကြီးနေရတာလဲ.. ရေဘောလုံးလား ကျနေတာပဲ... "
အပေါ်ထပ်တွင်တော့ နှစ်ယောက်သား ကောင်းချန်ခွေ့၏ ရုံးခန်းကို လွယ်လင့်တကူပင် ရှာတွေ့သွားခဲ့ကြသည်။
ရုံးခန်းက သိပ်မကြီး။ ဟောင်းနွမ်းပြီး ယိုယွင်းပျက်စီးနေသည်များလည်း မနည်းမနောပင်။ လင်းယွင်အုပ်စု၏ မန်နေဂျာ ရုံးခန်းလောက်ကိုပင် မကောင်းမွန်ချေ။
ဒါနဲ့ နေပါဦး။ သူက ဘာလို့ နှိုင်းယှဉ်မိနေရတာလဲ။ သူ့အဆောက်အဦးက အကောင်းစားတွေပဲ သုံးထားတာလေ။
လင်းရီ ကိုယ့်ကိုယ်ကို ရယ်မောလိုက်ရင်း နှစ်ယောက်သား ဆိုဖာပေါ် အတူထိုင်၍ စကား တွတ်ထိုးနေလိုက်ကြ၏။
" သူ့ကြည့်ရတာ တော်တော်လေး စိတ်အားထက်နေတဲ့ပုံပဲနော်. ထင်တောင် မထင်ထားဘူး.... "
" မင်းက သူတို့ကို ပရိုးမိုးရှင်းလုပ်ပေးဖို့ ဒီနေရာ ရွေးချယ်လိုက်တာကို စိတ်အား မထက်သန်ပဲ ဘယ်နေပါ့မလဲ... "လင်းရီ သာမန်လျှံကာ ပြောလိုက်ပြီး " ငါရန်ချိန် သွားတုန်းကဆို သူတို့ရဲ့ အတွင်းရေးမှူးကအစ လူကိုယ်တိုင် လာကြိုပေးတာ.. ဒါက ဘာမှ မထူးဆန်းဘူး..."
" အဲ့တာ နင်က ဘီလီယမ်နာကြီးမို့လေ.. အဲ့လိုမျိုး ကြိုဆိုခံရတာ သာမန်ပါပဲ..."ရန်စီ ပြောလိုက်ပြီး " ဒါပေမယ့် နင်သာ ကျိုးဟိုင်မြို့၀န်ရုံးမှာဆိုရင် အဆင့်က တူမှာ မဟုတ်တော့ဘူး..."
လင်းရီ ပြုံးလိုက်ပြီး ဘာမျှ ပြန်မပြောချေ။
စိတ်အတွင်း၌သာ ကြိတ်ပြီး ကြုံးဝါးလိုက်၏။
ဒါပေါ့။ ဘယ်တူမှာလဲ။
ရန်ချိန်မှာဆို ရုံးခန်းထဲမှာ ကြိုဆိုခံရတယ်။
ဒါပေမယ့် ကျိုးဟိုင်မှာဆိုရင် အမြဲဆိုသလို အိပ်ခန်းထဲမှာ ကြိုဆိုခံရလျက်ချည်းပဲ….