← Chapters

စစ်ဖန်းမြို့ရဲ့ ပုန်းကွယ်နေသော နဂါးနှင့် ဆန်းကြယ်သည့် ဖီးနစ်အက

Vol. 75 Ch. 1119

စစ်ဖန်းမြို့ရဲ့ ပုန်းကွယ်နေသော နဂါးနှင့် ဆန်းကြယ်သည့် ဖီးနစ်အက

Vol. 75 Ch. 1119

နာရီ၀က်ခန့် ကြာပြီးနောက် ကော်ရစ်ဒါတွင် လျှောက်နေသည့် ခြေလှမ်းသံများအား ကြားလိုက်ကြရသည်။

မကြာမီ သက်လတ်ပိုင်း လူကြီးတစ်ဦး အပြင်ဘက်မှ ၀င်လာခဲ့လေသည်။ သူသည်ကတော့ မြို့၀န် ကောင်းချန်ခွေ့ပင်တည်း။

သို့သော်လည်းပဲ သူ၏ ၀တ်ဆင်ထားပုံကတော့ နည်းနည်းလေး အံ့အားသင့်စရာပင်။

သူ၏ အဖြူရောင်ရှပ်နှင့် ဘောင်းဘီတို့က ညစ်ပတ်နေပြီး ရွံ့လိုလို အညစ်အကြေးတို့ စွန်းထင်းနေသည်။

" မင်္ဂလာပါ မြို့၀န်ကောင်း.. ကျမက ရန်စီပါ... ရှင်တို့ရဲ့ ဟွမ်ရှီးကျေးရွာမှာ Variety show တစ်ခု ရိုက်ကူးချင်လို့ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှင်နဲ့ စကားပြောချင်လို့ပါ... "

" ကြိုဆိုပါတယ် ကြိုဆိုပါတယ်... "

ကောင်းချန်ခွေ့ သူတို့နှစ်ယောက်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

" စိတ်တော့ မရှိနဲ့နော်.. မြစ်ထဲ ရေက မြင့်တက်လာပြီး ရေတွေ လျှံလာလို့လေ.. ခုလေးတင်ပဲ အလုပ်ပြီးခဲ့တော့ ချက်ချင်း လာတွေ့လိုက်တာ အ၀တ်စားလဲဖို့ အချိန်မရလိုက်ဘူး ဖြစ်သွားတယ်... "

အကြောင်းအရင်းကတော့ သူတို့လို ပစ္စန္ဓရာဇ် အရပ်ဖြစ်သော စစ်ဖန်းမြို့၌ ရှိုးရိုက်ကူးချင်နေသည် ဆိုသည်ကပင် ကောင်းချန်ခွေ့အတွက် ကောင်းကင်မှ ကွတ်ကီးများ ကျလာသကဲ့သို့ ရှိသည်။

အကယ်၍ အဆိုပါ ရှိုးသည်သာ ပေါက်သွားခဲ့မည် ဆိုပါက အနာဂတ် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတို့အတွက် အကျိုးရှိလာပြီး မြို့သည်လည်း စည်ပင်၀ပြောလာမည်။

ထို့ကြောင့် လင်းရီတို့နှစ်ယောက် စိတ်မရှည်ပဲ ရုတ်တရက် ထွက်ခွာသွားမည်ကို စိုး၍ အ၀တ်ပင်မလဲပဲ ကမန်းကတန်း လာရောက်တွေ့ဆုံရခြင်းဖြစ်သည်။

" နားလည်ပါတယ် နားလည်ပါတယ်.. ကျမတို့ မြို့၀န်ရဲ့ အချိန်တွေကို ယူမိပြီ..."ရန်စီ ယဉ်ကျေးစွာ စကားဆိုလိုက်သည်။

" အဲ့လို မပြောပါနဲ့.. မိန်းကလေးတို့ ဟွမ်ရှီးကျေးရွာမှာ ရိုက်ကူးရေး လာလုပ်တယ်ဆိုတာ ကျုပ်တို့ဖို့ လူသိရှင်ကြား ကြေညာပေးသလိုပါပဲ.. ကျုပ်တို့ သည့်အတွက် ပျော်လို့ကို မဆုံးမိဘူး... "

ပြောပြီးနောက် ကောင်းချန်ခွေ့ လင်းရီကို ကြည့်လိုက်သည်။

" ငါ့ညီကြည့်ရတာ ရင်းနှီးသလိုပဲ.. ဟွမ်ရှီး ကျေးရွာသား အသစ်လား... "

" အင်း.. ကျုပ် အဲ့မှာ ဖန်လုံအိမ်နဲ့ ငါးကန် တစ်ကန် ရှိတော့ တစ်ခါတစ်လေဆို ရောက်ဖြစ်ပါတယ်... "

" အဲ့လိုဆိုရင်တော့ ငါ မင်းကို ကျေးဇူးတင်ရတော့မှာပဲ.. "

" ယဉ်ကျေးနေဖို့ မလိုပါဘူး... ကျုပ်က ဒီတိုင်း အနောက် တံခါး သုံးချင်ရုံပါပဲ... ကျုပ်တို့ ပူးပေါင်းဆောင်ရွက်ခြင်း ပြုနိုင် မပြုနိုင်ကတော့ ခင်များတို့ပဲ အသေးစိတ် ဆွေးနွေးကြပါ..."

" ဒါပေါ ဒါပေါ့ ဒါပေါ့..."ကောင်းချန်ခွေ့ အားတက်သရောဖြင့် လင်းရီကို ထောက်ခံလိုက်သည်။

" ဒီလိုဆို တစ်နေရာရှာပြီး စားရင်းသောက်ရင်း စကားပြောကြရင်ကော...."

" မြို့၀န် သဘောပါပဲ.."ရန်စီ ပြောလိုက်သည်။

ယခု မွန်းလွဲ နှစ်နာရီသာလျှင် ရှိသေးသည်။ စားဖို့ အချိန် မကျရောက်သေးသော်လည်းပဲ အကယ်၍ ရန်စီသာ ငြင်းပယ်လိုက်မည် ဆိုပါက လောကဓမ္မတာကို နားမလည်သည့်ပုံစံ ပေါက်သွားပေလိမ့်မည်။

" အခု သွားကြစို့လေ.. ငါတို့မြို့မှာ လယ်တောအိမ် ဆိုတဲ့ ဆိုင်လေးတစ်နေရာရှိတယ်... အဲ့က အမယ်တွေက သိပ်ကောင်း.. မင်းတို့ မြို့ကြီးပြကြီးမှာ အဲ့လိုအရသာမျိုး မစားဖူးဘူးဆိုတာ ငါ ရဲရဲကြီး အာမခံတယ်... "

" ဒါဆိုလည်း မြို့၀န် စိတ်တိုင်းကျပါပဲ.. "

" ကောင်းတယ်.. မင်းတို့က ဒီနေ့ ရောက်လာတာကြတယ်ဆိုတော့ ငါ့ ဧည့်သည်တွေပဲ.. ဒီက ဧည့်၀တ်ကြေစေရမယ်.. ကောင်းကောင်းစား ကောင်းကောင်းသောက်ရဖို့အတွက် အာမခံတယ်... "

သို့နှင့် သုံးယောက်သား အပြင်သို့ ထွက်လာခဲ့ကြ၏။ ထို့နောက် ကောင်းချန်ခွေ့ မျက်နှာချင်းဆိုင်ရှိ တံခါးသို့ သွား၍ အသက်နှစ်ဆယ် အရွယ်ရှိမည့် ကောင်လေး တစ်ယောက်ကို ခေါ်လိုက်သည်။

" ဒီက ငါ့သား၊ ကောင်းဟောင်ယွီနဲ့ မင်းတို့ကို မိတ်ဆက်ပေးပါရစေ.. သူက ရုံးမှာ အလုပ်လုပ်ပြီး ကူညီပေးနေတာလေ.. ငါတို့ အတူ သွားကြမယ်... "

ကောင်းချန်ခွေ့၏ သားက အရပ်အမောင်း မမြင့်မား။ အနက်ရောင် ကိုင်းမျက်မှန်ကြီးနှင့် ခေါင်းတုံးပေါက်ကေကို ညှပ်ထားသည်။ အင်မတန် ရိုးရှင်းစွာ ၀တ်စားထားလေသည်။

' တောင်ထိပ်က မြင့်မားပြီး အင်ပါယာနှင့်လည်း ဝေးကွာလျက်ရှိသည် ' ဆိုသည့် စကားပုံအတိုင်း ကျိုးဟိုင်တွင် ဆိုပါက အဖေနှင့်သား ကုမ္ပဏီတစ်ခုတည်းတွင် အလုပ်လုပ်နေသည်က ရှားရှားပါးပါးပင်။

သို့ပေမယ့်လည်း စစ်ဖန်းမြို့တွင်တော့ မထူးခြားသည့် ပုံပြင်လေးတစ်ပုဒ် ဖြစ်သွားခဲ့တော့၏။

ထို့နောက် ကောင်းချန်ခွေ့ လင်းရီနှင့် ရန်စီကို ကောင်းဟောင်ယွီနှင့် မိတ်ဆက်ပေးသည်။

" ငါ့သားက သိပ်ကို ရိုးအလွန်းတယ်... ငါက သူ့ကို လေ့ကျင့်ပေးပြီး အမြင်ကျယ်စေချင်တာ.. မမြင်ဖူးတာမျိုး မရှ်ိရအောင်ပေါ့ကွာ.. "ကောင်းချန်ခွေ့ သူ့သား ပခုံးကို ပုတ်ရင်း အပြုံးလေးဖြင့် ပြောလိုက်၏။

" ကောင်းတာပေါ့.. လူတွေ ပိုများတော့ ပိုပြီး စုံစုံလင်လင်နဲ့ ပြီးပြည့်စုံဖို့ ပိုလွယ်တယ်လေ... "

လူမျက်နှာ အရိပ်အကဲ ဖမ်းကျွမ်းသည့် ရန်စီမှ ကောင်းချန်ခွေ့၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်ပေသည်။

အဖေက သားအတွက် လမ်းခင်းပေးသည်က လူသားတိုင်းတော့ မဟုတ်ငြား လူသားသဘာ၀ပင်ဖြစ်၏။

ကောင်းချန်ခွေ့၏ ဦးဆောင်မှုအောက်တွင်ပဲ လေးယောက်သား 'လယ်တောအိမ်' ဆိုသည့် နေရာလေးသို့ ရောက်ရှိလာခဲ့၏။

ခြံထဲ ချက်ပြုတ်သည့်နေရာတွင် မိုးပြဲဒယ်ကြီး တစ်လုံး ရှိနေပြီး ကြက်များ၊ ဘဲများ နှင့် ငန်းများက လွတ်လပ်စွာ လျှောက်သွားနေကြသည်။

ကျိုးဟိုင်လို နေရာမျိုးတွင် ရှားသည်လို့ မပြောနှင့် မြင်ချင်လျှင်ပင် မမြင်နိုင်သည့် မြင်ကွင်းမျိုးပင်။

ကောင်းချန်ခွေ့ သူမှာစရာရှိသည်များ မှာလိုက်ပြီး လင်းရီနှင့် ရန်စီတို့ဘက် မီနူး တွန်းပို့ပေးလိုက်၏။

သို့သော်လည်း သူတို့ တစ်ယောက်ကမှ အော်ဒါ မမှာကြဘဲ ကောင်းချန်ခွေ့ အကြံပေးသည်များကိုသာ နားထောင်လိုက်ကြလေသည်။

" ဒါရိုက်တာရန် ရိုက်ကူးရေးအတွက် တစ်ခုခုများ လိုသေးလား.. ရှိရင် ပြောနော်.. ငါ့ဘက်က အကောင်းဆုံး ကူညီပေးမယ်..."

" ကျမတို့က အေးချမ်းတဲ့ ဘ၀ပုံစံအကြောင်း ရိုက်ကူးရေး လုပ်ချင်တာ.. မြို့ပေါ်က ကြည့်ရှုသူတွေကို ခေတ်သစ်ရဲ့ ကျေးလက် လူနေမှု ဘ၀အကြောင်း ပြသချင်တယ်... "

" အင်း .. နားထောင်ရတာ ကောင်းမလိုရှိသားပဲ..."ကောင်းချန်ခွေ့ ပြောလိုက်ပြီး " မြို့ပေါ်က လူတော်တော်များက ဒီ ကျေးလက်ဘက် မြင်ကွင်းကို မမြင်ဖူးကြဘူးဆိုတော့ တကယ်လို့ ရိုက်ကူးရေးလုပ်နိုင်ခဲ့မယ်ဆိုရင် ကျိန်းသေပေါက်ကို ရေပန်းစားသွားမှာပဲ... "

Variety show အကြောင်း ကောင်းချန်ခွေ့ ဘာမျဇ မသိချေ။ သူသိသည်က ဤနေရာ၌ ရိုက်ကူးရေး ပြုလုပ်လျှင် စစ်ဖန်းမြို့အတွက် ရွှေရောင် အခွင့်အလမ်းကြီး တစ်ခု ဖြစ်သည်ဆိုတာပင်။

" ကျမတို့ ရွေးချယ်ထားတဲ့ တည်နေရာက ငါးကန်ရှိတဲ့ ရွာ အရှေ့ဘက်ပိုင်းပဲ...ဒီတော့ အနီးအနားမှာ ရိုက်ကူးရေး အသင်းသားတွေ သုံးနိုင်မယ့် မြေတစ်ကွက်လောက်တော့ လိုတယ်... ဈေးနှုန်းကတော့ မြို့၀န် ကျမတို့ကို လျှော့ဈေးပေးမယ်လို့ မျှော်လင့်ပါတယ်... ရှိတဲ့ ရန်ပုံငွေက အရမ်းကို အကန့်အသတ်နဲ့ ဆိုတော့လေ... "

" အရှေ့ဘက်ခြမ်းက ငါးကန်ကို ငါသိတယ်... ဒါပေမယ့် ဈေးနှုန်းကိုတော့ ငါလည်း မဆုံးဖြတ်ပေးတတ်ဘူး.. ဒါပေမယ့် ကူညှိနှိုင်းပေးပြီး အဆင်ပြေအောင်တော့ လုပ်ပေးလို့ရပါတယ်... ဒါရိုက်တာရန် စိတ်ကျေနပ်မှာပါ.."

လင်းရီ ဟွမ်ရှီးကျေးရွာတွင် အချိန်တစ်ခုထိကြာအောင် နေထိုင်ဖူးပြီး လူတော်တော်များများနှင့် ရင်းနှီးသော်ငြား အများစုက မေးထူးခေါ်ပြော လမ်းတွေ့ ခေါင်းညိမ့်ပြရုံ လူများလောက်သာ ဖြစ်သည်။ အရမ်း ကောင်းကောင်းမွန်မွန်ကြီး သိမနေချေ။

ထို့ကြောင့် ငါးကန်နှင့် မျက်နှာချင်းဆိုင်က မည်သူ့မြေမှန်း လင်းရီ မသိခဲ့။ မဟုတ်ပါက သူ့ဘာသူ သွားပြီး ဆွေးနွေးညှိနှိုင်း၍ ရလေသည်။

" ကျေးဇူးတင်ပါတယ်... "

လင်းရီနှင့် ကောင်းဟောင်ယွီတို့ စကားဝိုင်းတွင် ၀င်စွက်ဖက်ခြသ်း မရှိခဲ့ချေ။

လင်းရီကတော့ ဤကိစ္စတွင် သူ့ဘာသူ ၀င်မပါချင်သောကြောင့် ဖြစ်၏။ သို့သော် ကောင်းဟောင်ယွီကတော့ ရုပ်ထုကြီးအလားပင်။ ရေနွေးကြမ်းငဲ့ပေးသည်မှလွဲ၍ ကျန်တာ ဘာမှ မလုပ်ချေ။

အကယ်၍ အခြား ပါးနပ်သူ တစ်ဦးဆိုပါက ယခု အခွင့်အရေးကို ကောင်းစွာ ဆုပ်ကိုင်ပြီးဖြစ်၏။

" ရိုက်ကူးရေး စတဲ့ အချိန်ကျရင် အသစ် ခင်းထားတဲ့ ကွန်ကရစ်လမ်းကနေ စရိုက်ချင်တယ်... အဲ့တာက ရွာ၀င်လမ်းအပေါ် သက်ရောက်မှုရှိသလို ရွာရဲ့ ခေါင်းစည်းဆိုလည်း မမှားဘူး.. "

" ကျွန်တော် ကူညီပေးလို့ရတယ်.." ကောင်းဟောင်ယွီ တစ်ခွန်း ပြောလိုက်၏။

ကောင်းချန်ခွေ့ ကျေနပ်အားရစွာ ခေါင်းညိမ့်လိုက်ပြီး " အဲ့တာ ပြဿနာ မရှိဘူး.. မင်းတို့ လိုချင်တဲ့ အခြေအနေကို ရွာသားတွေဆီ သေချာလေး ရှင်းပြလိုက်.. သူတို့ သေချာပေါက် ပူးပေါင်းပေးကြဖို့ ဆန္ဒရှိမှာပဲ..."

" နောက်ပြီးတော့ ကျမတို့ရဲ့ ရိုက်ကူးရေးမှာ ပူးပေါင်းပါ၀င်ပေးမယ့် လူတစ်ချို့လည်း လိုတယ်... "ရန်စီ ပြောပြီး‌နောက် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီး " ဂိမ်းထဲမှာ ကစားသမားတွေ မစ်ရှင်ပြီးမြောက်အောင် ပူးပေါင်းပေးမယ့် NPC လိုမျိုးလေ.. "

" အမ်.. ဘာကြီး...."

NPC ဆိုသည့် စကားလုံးက ကောင်းချန်ခွေ့နှင့် မရင်းနှီးသည့် စကားလုံး အသစ်အဆန်း ဖြစ်သည်။

" အဖေ .. ကျွန်တော်သိတယ်.. အဲ့တာက ဂိမ်းထဲမှာ ကစားသမားတွေ မစ်ရှင်ပြီးမြောက်အောင် ကူညီပေးတဲ့ ဇာတ်ကောင်လေ... " ကောင်းဟောင်ယွီ ပြောလိုက်ပြီး " အဖေ့လိုမျိုးပေါ့.. အဖေ့ရဲ့ တာ၀န်က သာမန်လူတွေ သူတို့ ကိစ္စသူတို့လုပ်နိုင်အောင် ကူညီပေးရတဲ့သူလေ... ဒါ အနည်းနဲ့အများတော့ အတူတူပဲ.. "

ကောင်းဟောင်ယွီ၏ ရှင်းပြမှုက လင်းရီနှင့် ရန်စီကို သဘောကျပြီး ရယ်မောသွားစေခဲ့သည်။

သို့သော်လည်းပဲ သူပြောသွားသည်က အဓိပ္ပာယ် ရှိနေသောကြောင့် ဘာမှ ဆက်ပြီးမှတော့ မပြောတော့ချေ။

" အဲ့လိုတော့ ဘယ်ရမှာတုန်းဟ.. ငါ့ အထောက်အထားက ထူးခြားတယ်လေ... မင်းတို့နဲ့ ရှိုးအတူရိုက်လို့ ဘယ်ဖြစ်မှာလဲ..."

လင်းရီ " .... "

ရန်စီ " .... "

' ဖြစ်ချင်တော့ ကျုပ်တို့ကလည်း ခင်များကြီးကို လိုအပ်မနေပါဘူး...'

" ဒါရိုက်တာရန် .. ဒီတာ၀န်အတွက် လူစားထိုးလို့ရလား မသိဘူး... "ကောင်းချန်ခွေ့ စကားအစ်ကြည့်လိုက်၏။

" ရတာပေါ့ ရတာပေါ့... "ရန်စီပြောလိုက်ပြီး " လူငယ် တစ်ချို့ဆို ရပြီ.. ဒါပေမယ့် ပါးနပ်ချက်ချာဖို့တော့ လိုတယ်... သူစိမ်းတွေနဲ့ တွေ့တဲ့အချိန် စိတ်တုန်လှုပ်နေလို့ မဖြစ်ဘူးလေ.. ကျမအထင် ရှောင်ယွီလေးလည်း မဆိုးဘူး ထင်တာပဲ... "

ကောင်းဟောင်ယွီသည်က ရိုးသားလွန်းပြီး ပျင်းရိဖို့ကောင်းသည့် လူစားမျိုးဖြစ်သည်။ ထိုသူမျိုးက ရန်စီ၏ စံချိန်စံညွှန်းနှင့် မကိုက်ညီချေ။ သို့ပေမယ့် ကောင်းချန်ခွေ့၏ သားဖြစ်နေသည်ဆိုတော့ ချီးမွမ်းပေးဖို့ လိုအပ်၏။

" ငါ့သားက အဆင်ပြေတယ်ထင်ရင် သူ လုပ်ပါစေ... ဒါပေမယ့် သူတစ်ယောက်တည်းနဲ့တော့ ဖြစ်မယ် မထင်ဘူး..."

ကောင်းချန်ခွေ့ ရယ်မောလျက် ပြောဆိုလိုက်ပြီးနောက် ကောင်းဟောင်ယွီကို ကြည့်လိုက်သည်။

" သား... မင်းမှာမြို့က သူငယ်ချင်း နည်းနည်းပါးပါးလောက် မရှိဘူးလား... ရှိရင် သင့်တော်မယ့် တစ်ယောက် နှစ်ယောက်လောက် ရွေးစမ်းကွာ... "

ကောင်းဟောင်ယွီ တစ်ချက် စဉ်းစားကြည့်လိုက်ပြီး " ကျွန်တော့်အထင် ကျန်းဟော်ပင်းဆို အဆင်ပြေလောက်တယ်... "

" အဲ့ကလေးက ရမှာတဲ့လား... "ကောင်းချန်ခွေ့ အထင်သေးစွာဖြင့် ပြောလိုက်ပြီး " အမြဲတမ်း ဖင်က လေးတိလေးကန်နဲ့ ရွှတ်တီးရွှတ်နောက်က လုပ်သေး.. ဖြစ်မယ် မထင်ဘူးနော်... "

" သူအခု ပြောင်းလဲသွားပြီ အဖေရ.. အရေးကြီးဆုံးက သူ အခု ကမ္ဘာကြီးကို မြင်ဖူးသွားပြီ.. အမြင်တွေ ကျယ်လွန်းလို့ သားထက်တောင် သာနေပြီ အဲ့ကောင်က.... "

" သူက ဘာကို မြင်ဖူးသွားလို့... "

" သူက မြို့ထဲမှာ ကလပ် တက်ဖူးတဲ့ တစ်ဦးတည်းသောသူလေ... "

လင်းရီ ".... "

ရန်စီ "??? "

" သူ T ဘားကို ရောက်ဖူးတယ်..."

" ဘား ဟုတ်လား... အဲ့တာ လူကောင်းတွေ သွားတဲ့ နေရာလား... ဒီကလေး ကောင်းတဲ့ အကျင့်စာရိတ္တကို မရှိဘူးပဲ..."

ကောင်းချန်ခွေ့မှ ထင်မှတ်မထားစွာ မှတ်ချက်ပြုလာခဲ့သည်။

လင်းရီ ".... "

ရန်စီ ".... "

' ကျေးဇူးပြုပြီး အဲ့လောက်ကြီးလည်း မရိုးအစမ်းပါနဲ့.. ကျုပ်တို့နှစ်ယောက်လုံးလည်း အဲ့ဒီကို ရောက်ဖူးပါတယ်.. ဟုတ်ပြီလား...'

" အဲ့နေရာက ရှုပ်ထွေးတာတော့ အမှန်ပဲ.. ဒါပေမယ့် ကျွန်တော် ကျန်းဟော်ပင်းဆီကနေ ပြန်ကြားမိတာတော့ သာမန်လူဆိုရင် အဲ့ဒီနေရာကို မသွားနိုင်ဘူးဆိုပဲ.. တကယ်လို့ ကိုယ့်အိတ်ကပ်ထဲမှာ ယွမ် တစ်သောင်းကျော်လောက်မှ မပါရင် တစ်ညအချိန်ဖြုန်းနိုင်မှာတောင် မဟုတ်ဘူးတဲ့... "ကောင်းဟောင်ယွီ ပြောလိုက်ပြီး " ဘာပဲပြောပြော ကျွန်တော်တို့မြို့က လူတွေထဲမှာ သူတစ်ယောက်တည်း အဲ့ရောက်ဖူးသူ ရှိတာပဲ.. ဘယ်သူမှ သူ့ထက် ပိုပြီး ဗဟုသုတ မကြွယ်နိုင်ဘူး... "

ကောင်းချန်ခွေ့ လင်းရီနှင့် ရန်စီကို ကြည့်လိုက်ပြီး " မင်းတို့ သဘောကကော.. သူ့ကို အကဲခတ်လို့ရအောင် ငါ ခေါ်ပေးရမလား... "

" ကောင်းတာပေါ့ ကောင်းတာပေါ့... "

လူရွေးချယ်ရာ၌ ရန်စီထံတွင် လိုအပ်ချက် များစွာ ရှိမနေချေ။ မည်သို့ပင်ဆိုစေ လိုအပ်သည့်သူက ရှိုးရိုက်ကူးရာ၌ ပူးပေါင်းဆောင်ရွက်ပေးရုံမျှသာ ဖြစ်ပြီး သဘာ၀ကျကျနှင့် မတုန်လှုပ်လျှင်ပင် အဆင်ပြေသည်။

ပါ၀င်မည့် လူ၏ စရိုက်သည် ကောင်းခြင်း ဆိုးခြင်း ရှိမရှိကိုတော့ သူမ စိတ်မပူပေ။

ကြည့်ရှုသူများက ၎င်းအပေါ် အာရုံစိုက် ကြည့်ရှုကြမည် မဟုတ်ချေ။

ထို့ပြင် ဘားသွားသည်ကလည်း ထူးဆန်းသည့် ကိစ္စ ဟုတ်မနေချေ။

" ကျွန်တော်အခုပဲ ဖုန်းလှမ်းဆက်လိုက်မယ်... "

ကောင်းဟောင်ယွီ ဖုန်းကောက်ကိုင်၍ ကျန်းဟော်ပင်း၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။

" အေး .. မင်းအခု ဘယ်မှာလဲ... ငါ့အဖေက မင်းနဲ့ တွေ့ချင်လို့တဲ့.. မင်း အခု လာလို့ရလား... "

" ဆက်ဆော့ မနေနဲ့တော့.. ဒါ အရေးကြီး ကိစ္စကွ.. မြန်မြန်လာ... "

" ငါတို့ အဘိုးကြီးစွန်းရဲ့ ခြံနောက်ဖေးမှာ... မြန်မြန်လာခဲ့... "

ပြောပြီးနောက် ကောင်းဟောင်ယွီ ဖုန်းကိုချလိုက်သည်။

" သူက ရေကူးနေတာတဲ့.. ခဏဆို ရောက်လာတော့မှာပါ... "

" ပြီးတာပဲလေ.. "

မိနစ်အနည်းငယ်ကြာပြီးနောက် ဆံပင် အဝါရောင် ဆိုးထားသည့် ကောင်လေးတစ်ယောက် ပါးစပ်ထဲ စီးကရက်ခဲပြီး လမ်းလျှောက်လာသည်။ သူ့ကြည့်ရသည်မှာ နှစ်ဆယ် အစောပိုင်းလောက်သာလျှင် ရှိသေးပြီး အရမ်းကြီးလည်း အသက်မကြီးသေးချေ။

ဤသည်ကတော့ ကောင်းဟောင်ယွီ ပြောခဲ့ဖူးသည့် ကျန်းဟော်ပင်း ဆိုသူပင်။

တစ်မြို့လုံးတွင် ဘားသို့ ရောက်ဖူးသည့် တစ်ဦးတည်းသောသူဖြစ်သည်။

ကျန်းဟော်ပင်း လူမိုက်ယောင်ယောင် ၊ ဂန်းစတားယောင်ယောင် ပုံစံဖြင့် လမ်းလျှောက်လို့ လာခဲ့၏။ရန်စီ သူ့ကို လှမ်းကြည့်နေသည်ကို မြင်တော့ သူ၏ အမူအရာသည် ချက်ချင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့သည်။

သူမ၏ အရှိန်အဝါတို့က မမြင်ရသော်လည်း ခံစားကြည့်နိုင်သည်။

ရန်စီ၏ ရှည်လျား သွယ်လျသည့် ခြေတံများကပင် သူ့ကို လက်ကတုန်ကယင်ဖြစ်ပြီး ဆေးလိပ်ကို ကောင်းစွာ မကိုင်နိုင်အောင် ဖြစ်နေစေတော့သည်။

" မတ်မတ်ရပ်ပြီး မြန်မြန်လာခဲ့... "

ကောင်းချန်ခွေ့၏ အော်သံက ကျန်းဟော်ပင်းကို နိုးထသွားစေခဲ့သည်။

" ဦးလေးကောင်း... ကျွန်တော့်ကို ဘာကြောင့်များ ရှာနေရတာလဲ.. "ကျန်းဟော်ပင်း မဝံ့မရဲလေး မေးလိုက်သည်။

အလှလေးတစ်ယောက် ရုတ်ချည်း ထွက်ပေါ်လာမှုက ကျန်းဟော်ပင်းကို အနည်းငယ် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားစေသည်။ မြို့၀န် ဆင့်ခေါ်လိုက်ရခြင်း အကြောင်းက သူမနှင့် ဆက်စပ် ပတ်သက်နေလိမ့်မည်လို့လည်း စိတ်ထဲ ခံစားနေရ၏။

" ဒီ နှစ်ယောက်က ထုတ်လုပ်ရေး ဒါရိုက်တာတွေ.. သူတို့က ဟွမ်ရှီး ကျေးရွာမှာ ရိုက်ကူးရေး လုပ်ချင်နေတာ.. ပြီးတော့ သူတို့ကလည်း ပူးပေါင်း လုပ်ဆောင်ပေးမယ့်သူ တစ်ယောက်လိုတယ်... ငါမင်းကို ထောက်ခံပေးလိုက်တော့မလို့ပဲ... "

" ကျွန်တော့်ကို ထောက်ခံပေးမယ် ဟုတ်လား..." ကျန်းဟော်ပင်း အထိတ်တလန့်ဖြင့် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်မိသွားခဲ့ပြီး " ကျွန်တော်က တရားမ၀င် အလုပ်တွေကလွဲလို့ ဘာမှ လုပ်တတ်တဲ့ကောင် မဟုတ်ဘူးနော်... ကျွန်တော့်ကို ရှိုးထဲ ၀င်ရိုက်ခိုင်းမယ်လို့တော့ လာမပြောနဲ့... "

လင်းရီနှင့် ရန်စီတို့ ပြုံးစိစိ ဖြစ်သွားခဲ့ကြသည်။

သူ့ကြည့်ရသည်မှာ အတော်လေး ရယ်စရာကောင်းမည့်သူပင်။ ရှိုးတွင်ပါ၀င်ဖို့အတွက် အင်မတန် သင့်လျော်လှ၏။

" ဘာ တရားမ၀င် ကိစ္စတွေတုန်း.. ပေါက်တတ်ကရ လျှောက်မပြောစမ်းနဲ့..."ကောင်းချန်ခွေ့ ပြောလိုက်ပြီး " သူတို့က ကျေးလက် လူနေမှုပုံစံကို ရိုက်ကူးရေး လုပ်ချင်နေကြတာ.. ဒါပေမယ့် သူတို့ကို ကူညီပေးမယ့်လူ လိုတယ်.. ငါ့သားပြောတာ မင်းက ကမ္ဘာကြီးကို မြင်ဖူးပြီးတဲ့ကောင်တဲ့... ဒါကြောင့်မို့ သူက မင်းကို အကြံပြုထောက်ခံပေးလိုက်တာ..."

" ဦးလေးက အဲ့လို ပြောလာပြီဆိုမှတော့ ကျွန်တော်လည်း နိမ့်ချ မနေတော့ပါဘူး... "ကျန်းဟော်ပင်း သူ၏ ကျောကို ဖြောင့်မတ်လိုက်ပြီး " ဘာပဲဆိုဆို ကျွန်တော်က တစ်မြို့လုံးမှာ T ဘားကို ရောက်ဖူးတဲ့ တစ်ယောက်တည်းသောသူပဲ.. ကျန်တဲ့သူတွေက တကယ်ကြီး ကျွန်တော်နဲ့ မယှဉ်နိုင်ဘူး..."

" ပါးစပ်နဲ့ပဲ ပြောမနေနဲ့.. မင်း အရည်အချင်းကိုလည်း ပြလေ... ဖြစ်ချင်တော့ ဒါရိုက်တာလည်း ဒီရောက်နေတာနဲ့ အတော်ပဲ.. မင်း လုပ်တာကောင်းရင် သူတို့ မင်းကို ငှားချင် ငှားမှာပေါ့... "

" တကယ်ကြီးလား... "ကျန်းဟော်ပင်း ရန်စီကို ကြည့်လိုက်သည်။

" တကယ်ကြီး..."ရန်စီ အပြုံးလေးဖြင့် တုံ့ပြန်လိုက်၏။

" ဒါဆိုလည်း အရည်အချင်းတွေ ထုတ်ပြရသေးတာပေါ့... "

" ဘာအရည်အချင်းလဲ... "

" ကောင်းကင်ကိုးဘုံရဲ့ ဖီးနစ်အက.. "

လင်းရီ ပြောစရာစကား ကင်းမဲ့သွားတော့သည်။

စစ်ဖန်းလို မြို့အသေးစားလေးမှာ တကယ်ပဲ ပုန်းကွယ်နေတဲ့ နိုဘယ် တစ်ယောက် ရှိနေတာလား...

စစ်ဖန်းမြို့ရဲ့ ပုန်းကွယ်နေတဲ့ နဂါးက ထင်ထားတဲ့အတိုင်းပဲ .. အခု သူ ပေါ်လာပြီဆိုတော့ ဖီးနစ်ပေါက်လေးကလညိး သိပ်မဝေးလောက်ဘူး...

ကျန်းဟော်ပင်း ကောင်းကင်ကိုးဘုံ၏ ဖီးနစ်အကကို ကပြတင်ဆက်တော့မည်ကို သိရတော့ အားလုံး၏ အမူအရာမှာ တစ်ယောက်တစ်မျိုးစီနှင့်ပင်။

လင်းရီသည်တော့ အံ့အားသင့်သွားခဲ့၏။

ရန်စီကတော့ တင်ဆက်မှုကို မျှော်လင့်စောင့်စားနေဟန်ပင်။

အဘယ်ကြောင့်ဆိုသော် သူမက ခေတ်ပညာတတ် အသိုင်းအဝိုင်းမှ ဆင်းသက်လာသူ ဖြစ်သောကြောင့် ကောင်းကင်ကိုးဘုံ ဖီးနစ်အကသည် ဘာမှန်း သူ မသိပေ။

ကောင်းချန်ခွေ့ကတော့ ရှုပ်ထွေးသွားခဲ့၏။

ငါလခွမ်းတဲ့မှ ကောင်းကင်ကိုးဘုံ ဖီးနစ် အကဆိုတာ ဘာကြီးလား...

ရန်ကော်လား.. ဒါမှမဟုတ် အဲ့နှစ်ယောက်လား..

ကောင်းဟန်ယွီတစ်ယောက်သာလျှင် လေးစားအားကျနေသည့် အမူအရာကို ရေးထိုးထား၏။

နှစ်၀က်ကြာပြီးသည့်နောက် ကျန်းဟော်ပင်း၏ ကောင်းကင်ကိုးဘုံ ဖီးနစ်အကသည် ကမ္ဘာကြီးရှေ့မှောက် တစ်ဖန် ရောက်ရှိလာပေတော့မည်။

" မလောသေးနဲ့ဦး... ပိုကောင်းတဲ့ သက်ရောက်မှုလေး ဖြစ်သွားအောင်လို့ ပြင်ဆင်ဖို့လိုတယ်... မမှောင်သေးတာ ဆိုးတာပဲ.. မဟုတ်ရင် သက်ရောက်မှုက ပိုပြီးတောင် မိမိုက်သွားဦးမယ်... "

" သောက်စကား မများစမ်းနဲ့ ကောင်လေး.. မင်း ဂရုစိုက် မဟုတ်ရင် ငါ ဆောင့်ကန်တော့မှာ... "

" ဦးလေးကောင်း... မပူနဲ့.. ကျွန်တော်က ပြီးပြည့်စုံအောင် လုပ်နေတာ..."ကျန်းဟော်ပင်း ဆေးလိပ်ကို ဖိချေလိုက်ပြီးနောက် " ခဏစောင့်ကြဦးနော်.. ကျွန်တော် ဆိုင်ကယ် သွားမောင်းလာခဲ့ဦးမယ်... "

" ဒီကို ဆိုင်ကယ်ကြီး မောင်းလာပြီး ဘာလုပ်မှာတုန်း.. ငါမင်းကို ဘီးထောင်ခိုင်းနေတာ မဟုတ်ဘူးကွ....."

" မလောပါနဲ့ဆို .. ဆိုင်ကယ် မပါရင် အကျိုးသက်ရောက်မှုက တစ်၀က်တောင် ကောင်းမှာ မဟုတ်တော့ဘူး... "

ကျန်းဟော်ပင်း ဆက်လက် ရှင်းပြမနေတော့ပဲ အပြင်သို့ ခက်သုတ်သုတ် ထွက်ကာ သူ၏ တစ်လက်ကိုင် လျှပ်စစ် စကူတာကို အထဲသို့ မောင်း၀င်လာသည်။

လင်းရီနှင့် ရန်စီကတော့ သူ ဘာလုပ်ချင်နေမှန်း မသိသောကြောင့် တိတ်ဆိတ်လျက်သာ စောင့်ကြည့်နေခဲ့သည်။

သို့သော်လည်း မိနစ်အနည်းငယ်ကြာပြီးနောက် ကျန်းဟော်ပင်းမှ သူတို့ကို အဖြေပေးလာခဲ့၏။

ဤသည်က ဘာကြောင့်လဲဆိုတော့ လျှပ်စစ် စကူတာ ပေါ်တွင် စပီကာ သေးသေးလေး တပ်ဆင်ထားသောကြောင့်ဖြစ်သည်။ ဖုန်းနှင့် ချိတ်ဆက်လိုက်သည့် အခါတွင်တော့ လှုပ်ရှားနေသည့် သီချင်းသံက လင်းရီနှင့် ရန်စီကို မူးနောက်နောက် ဖြစ်သွားစေခဲ့တော့၏။

" ခဏနော်.. ပစ္စည်းလေး နည်းနည်း ပြင်ဆင်ပြီးရင် ပြီးပြီ... "

ထိုသို့ပြောပြီးနောက် ကျန်းဟော်ပင်း မီးဖိုချောင်ထဲသို့ ပြေး၀င်သွားခဲ့သည်။ ဘာသွားလုပ်မှန်း မသိရသော်လည်း ဆဲဆိုခံရနေသည့် အသံများကတော့ ထွက်ပေါ်လာသည်။ သူ ပြန်ထွက်လာသည့် အချိန်တွင်လည်း ကိုယ်တွင် မည်သည့် ပြောင်းလဲမှုမျှ ရှိမနေခဲ့ချေ။ လက်တွင်လည်း မည်သည်ကိုမျှ ဝှက်ထားခြင်းမရှိ။ ဘောင်းဘီအိတ်ကပ်များကသာလျှင် ပွဖောင်းနေပြီး အစွန်းတွင် အဖြူရောင် အမှုန့်များ ပေကျံနေခဲ့၏။

" အဟမ်း အဟမ်း..."

အားလုံး အဆင်သင့်ဖြစ်တော့ ကျန်းဟော်ပင်း သူ့လည်ချောင်းကို ရှင်းလိုက်သည်။

" အားလုံး အဆင်သင့်ပဲလား.. အဆင်သင့်ဖြစ်ရင် ရှိုးစပါတော့မယ်.."

" ငါ အသင့်ပဲ... "

ကောင်းဟောင်ယွီ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

လင်းရီ သူ့ကို တစ်ချက်ကြည့်လိုက်၏။

ဒီတော့ ဖီးနစ်ကြက်ပေါက်လေးက ဒီရောက်နေတာကိုး...

ကျန်းဟော်ပင်း လျှပ်စစ် စကူတာထံသို့ သွား၍ စတယ်ရီကို တစ်ဖန်ပြန်ဖွင့်လိုက်သည်။

နားထဲသို့ စူးရှစွာ ဖောက်၀င်နေသည့် DJ သံက ရန်စီကို တစ်ဖန် ရှုပ်ထွေးသွားစေပြန်သည်။

တက်ကြွနေသည့် ဂီတက ဆေးတစ်ခုနှယ် ကျန်းဟော်ပင်းကို ထိုးသွင်းပေးလိုက်ပြီး ကျန်းဟော်ပင်းကို အခြေအနေ၏ နောက်တစ်ဆင့်သို့ ဆွဲခေါ် ရောက်ရှိသွားစေခဲ့တော့၏။

" ရက်ဒစ်စင်က မြို့သူ မြို့သားတို့... ကျုပ်က စစ်ဖန်းမြို့က ကျန်းဟော်ပင်းပါ --- ဒီနေ့ ဖီးနစ်အကကို ကနိုင်တဲ့ ယောက်ျားသားကသာလျှင် ပြိုင်ဘက်ကင်းကြောင်း အသိပေးပါရစေ.... "

ကျန်းဟော်ပင်း ဘောင်းဘီ အိတ်ကပ်ထဲ လက်နှိုက်လိုက်ပြီး သူ မီးဖိုချောင်ထဲမှ ယူလိုက်သည့် ဂျုံမှုန့်များကို လေထဲ ပစ်မြောက်လိုက်၏။

မြင်ကွင်းကတော့ ပရမ်းပတာပင်။

" လုပ်ထား.. လုပ်ထား.. "

ဤသည်ကတော့ ဖီးနစ်ကြက်ပေါက်လေး၏ အသံ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကျန်းဟော်ပင်း၏ အမူအရာသည် အလွန်အမင်း အဖက်မလုပ်သည့် အသွင်ဖြင့် လမ်းဆုံးသို့ ရောက်ရှိနေသည့် မြင့်မြတ်သည့် လူကြီး တစ်ယောက်နှယ် မော်တယ် ကမ္ဘာရှိ သေမျိုးအားလုံးအား အထင်တသေး ကြည့်နေလျက် ရှိ၏။

နောက်တစ်ခဏတွင်တော့ ကျန်းဟော်ပင်း သူ၏ ကောင်းကင်ကိုးဘုံ ဖီးနစ်၏ ကိုယ်ပိုင်ဂီတတွင် နစ်မြောရင်း လှုပ်ရှားမှုများကို စတင်လာခဲ့သည်။

အရင်ဦးဆုံး ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုပုံစံနှင့် moonwalk ဆွဲသည်။ ပြီးနောက် Thomas flair ၏ နေရာ၌ နှစ်ကြိမ်နှင့်တစ်၀က် ကိုယ်ကိုလှည့်လိုက်သည့် လှုပ်ရှားမှုက ကပ်လျက် လိုက်ပါလာလေသည်။

ကျန်းဟော်ပင်းကတော့ သူ၏ ကိုယ်ပိုင် ဂီတ ကကွက်တွင် နစ်မြုပ်နေရင်း ဂျုံမှုန့် တကြဲကြဲနှင့် ကမ္ဘာကြီးတစ်ခုလုံးက ၎င်း၏ ကိုယ်ပိုင် စတိတ်စင်ဖြစ်လာပြီး သူကတော့ တစ်ဦးတည်းသော ဖျော်ဖြေတင်ဆက်သူ ဖြစ်သည်။

လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းကလည်း သူ၏ စကားလုံးများကို အစွမ်းကုန် သက်သေပြနေလျက်ရှိလေသည်။

ကောင်းကင်ကိုးဘုံ၏ ဖီးနစ်အကကို ကနိုင်သည့် အမျိုးသားသည်သာလျှင် စိန်ခေါ်မှုပေါင်းတစ်သိန်းကို ကျော်လွှားရင်ဆိုင်နိုင်လိမ့်မည်။

ထိုစဉ် ရန်စီမှာတော့ အံ့ချီးလို့ မဆုံးနိုင် ဖြစ်နေမိတော့သည်။

သူမ လက်ရှိ ထရန်းနှင့် ဖက်ရှင်ကို လုံး၀ လိုက်လို့မမှီနိုင်တော့သည့်နှယ်ပင်။

All Chapters