ရင့်ကျက်ပြီးသော အမျိုးသမီး တစ်ယောက်၏ နှစ်လိုဖွယ်ကောင်းမှု
Vol. 75 Ch. 1120
ကပြတင်ဆက်ပြီးသည့်နောက် ကျန်းဟော်ပင်း ရှည်ကြာစွာ နစ်မြုပ်နေလျက်ရှိသော ကောင်းကင် ကိုးဘုံ ဖီးနစ်အကကို အလွန်အမင်း ဆွဲဆောင်မှုရှိသည့် ကိုယ်နေဟန်ထားဖြင့် အဆုံးသတ်လိုက်၏။
" ကောင်းတယ် ကောင်းတယ်... မင်းက သောက်ရမ်းလန်းတာပဲ..."
ကောင်းဟောင်ယွီ လက်ခုပ်တီးလိုက်သည်။ မျက်၀န်းထဲရှိ စိတ်လှုပ်ရှားမှုတို့ကတော့ ထင်ရှားသိသာလျက် ရှိ၏။
T ဘားကို ရောက်ဖူးတဲ့ ဆိုတဲ့အတိုင်း တကယ့် မြို့ထဲက တောသားတွေနဲ့ကို တခြားစီပဲ။
ဒီလို အက၊ ဒီလိုစရိုက်၊ စစ်ဖန်း တစ်မြို့လုံးမှာ သူနဲ့ တုယှဉ်နိုင်တဲ့သူဆိုတာ ရှိမှာ မဟုတ်ဘူး။
" ကလပ်က လူတွေ အကုန်လုံး ဒီလိုပဲ ကကြသလား..."
ကောင်းချန်ခွေ့သည်က ရိုးသားသည့် လူတစ်ယောက်ဖြစ်သည်။ အနည်းငယ် တစ်ကိုယ်ကောင်း ဆန်သော်လည်းပဲ လူများကို အကဲဖြတ်ရာတွင် ကောင်းမွန်သည့် အရာရှိတစ်ယောက် ဖြစ်လေသည်။
သူ ကလပ်သို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသောကြောင့် ထိုအတွင်းရှိ ကမ္ဘာကြီးသည် မည်သို့ရှိမှန်း သူမသိပါချေ။
သို့ပေမယ့်လည်း ကျန်းဟော်ပင်း၏ ကပြဖျော်ဖြေမှုက သူ၏ အမြင်ကို ကျယ်သွားစေခဲ့၏။
သူက အမှန်ပင် တကယ့်ကို ထူးခြားသည့်လူပင်။
" အဲ့မြို့ကြီးက လူတွေက ဒီလိုမလုပ်တတ်ပါဘူး.. သူတို့ ဘားကို ရောက်ရင် တစ်ကိုယ်လုံးကို မျက်ကန်း လှုပ်ခါပြီးပဲ ကကြတာ.. ဘယ်လိုကရကောင်းမှန်း မသိကြတဲ့ကောင်တွေ... "
ကျန်းဟော်ပင်း ရန်စီကို တစ်ချက်ကြည့်လိုက်ပြီး " သူတို့ကြောင့်မို့သာ မဟုတ်ရင် ဒီရဲ့ အကကို နောက်တစ်ကြိမ် ထုတ်ဖော်ပြသမှာတောင် မဟုတ်ဘူး... "
ရန်စီ "??? "
ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ...
" ဒါရိုက်တာရန်... ဒီကောင်လေးကို ဘယ်လိုထင်လဲ... သူက ငါ့သားနဲ့ အတူကြီးပြင်းလာတာ.. သူ့အကြောင်း ကောင်းကောင်းသိတယ်... တော်တော်လေးလည်း တော်ပြီး အရည်အချင်း တစ်ချို့လည်း ရှိတယ်.. မြို့က တခြားလူတွေနဲ့ ယှဉ်လိုက်ရင် လုံး၀ ထိပ်တန်းပဲ..."ကောင်းချန်ခွေ့ လူငယ်လေးကို ပြင်းပြင်းထန်ထန် အကြံပြုထောက်ခံပေးလိုက်၏။
" ကောင်းပြီလေ.. သူ့ကို ထည့်တွက်လိုက်ကြတာပေါ့... "
ရန်စီ ပြောလိုက်ပြီး " သူနဲ့ ရှောင်ယွီကို အရင်ဆုံး ထည့်စဉ်းစားထားကြတာပေါ့... ရိုက်ကူးရေး လုပ်တဲ့ အချိန်ကျ လူတွေ လိုအပ်လာတဲ့အချိန်ကျရင် သူတို့ကို ခေါ်လို့ရပြီလေ.. " " ကောင်းတယ် ကောင်းတယ်... ဒါဆို အတည်ဖြစ်သွားပြီ..."
" သိပ်ကောင်း... "ကောင်းချန်ခွေ့ အပြုံးလေးဖြင့် ပြောလိုက်ပြီး " မင်းတို့နှစ်ယောက်က ဘာစောင့်နေကြတာလဲ.. လာပြီး ဒါရိုက်တာရန်နဲ့ တို့စ် လုပ်လိုက်လေ... "
" ကျွန်တော့်ကို ဒီလို အခွင့်အရေးမျိုး ပေးတဲ့အတွက် ကျေးဇူးပါ ဒါရိုက်တာရန်.. "ကျန်းဟော်ပင်း ရင်ဘက်ကို ပုတ်လျက် ပြောလိုက်ပြီး " ကျွန်တော့်ကို ရွေးလိုက်တာက အကောင်းဆုံး ဆုံးဖြတ်ချက်ဆိုတာ ကျွန်တော် သက်သေပြသွားမယ်... ဒါရိုက်တာရန် ဘ၀ တစ်လျှောက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်စေရမယ်... "
" အင်း-အင်းပါ.. "
ရိုက်ကူးရေး စတင်သည့် အချိန်၌ မည်သို့ ဖြစ်လာမည်မှန်းရန်သီ မသိသော်လည်း ကျန်းဟော်ပင်း၏ ယုံကြည်မှုကတော့ အမှန်ပင် သူမ ယခင်က မမြင်ဖူးသေးသည့် ယုံကြည်ချက်မျိုး ဖြစ်၏။
၎င်းနောက် သူတို့ အခြားကိစ္စများ အကြောင်း ဆွေးနွေးခဲ့ကြသည်။
ကောင်းချန်ခွေ့ မေးခွန်းတိုင်းကို အသေးစိတ် ဖြေကြားပေးခဲ့၏။ ဥပဒေကို မဆန့်ကျင်သရွေ့ ရန်စီ၏ တောင်းဆိုမှုတိုင်းကို သဘောတူပေမည်။
ကိစ္စများက အလုံးစုံ အဆင်ပြေ ချောမွေ့နေပြီး မည်သည့် ယာယီကြန့်ကြာမှုတို့မျှ မရှိခဲ့ကြချေ။
လေးနက်သည့် ကိစ္စများကို ဆွေးနွေးပြီးနောက် အုပ်စုမှာ တစ်ယောက်ပြီးတစ်ယောက် လမ်းခွဲလိုက်ကြ၏။
သို့သော် ရန်စီသည် ကျိုးဟိုင်သို့ ပြန်သွားခြင်း မရှိဘဲ ထိုအစား ဟွမ်ရှီးကျေးရွာသို့ ပြန်လာ၍ ရိုက်ကူးရေးလုပ်မည့် တည်နေရာကို ပြင်ဆင်လေသည်။
" ကျန်းဟော်ပင်း ဆိုတဲ့သူကို နင် ဘယ်လိုထင်လဲ..."အပြန်လမ်းတွင် ရန်စီ မနေနိုင်ဘဲ ရယ်မောလျက် မေးမြန်းလိုက်သည်။
" မင်းရဲ့ ရှိုးက ကျော်ကြားလာတော့မယ်ဆိုတဲ့ ခံစားချက်မျိုး ရနေတယ်... "
" ဘာလို့ အဲ့လိုပြောနိုင်ရတာလဲ... "
" ဒီလို ပုန်းကွယ်နေတဲ့ နဂါးနဲ့ ဖီးနစ်အကဆိုရင် နာမည် မကြီးစရာ အကြောင်း မရှိဘူးလေ... "
" ခစ်ခစ်... ငါလည်းသူက စိတ်၀င်စားဖို့ ကောင်းတယ်လို့ ထင်တယ်... "
နှစ်ယောက်သား ဟွမ်ရှီးကျေးရွာသို့ ပြန်ရောက်လာခဲ့ကြသည်။ သို့ပေမယ့် တပူးပူးတတွဲတွဲတော့ လုပ်နေကြခြင်း မရှိ။
ရန်စီက ရိုက်ကူးရေးအတွက် ပြင်ဆင်ရန် ငါးကန်သို့ သွားပြီး လင်းရီကတော့ ဖန်လုံအိမ်ဘက် သွားလိုက်သည်။
သူ ထင်မှတ်ထားသည့် အတိုင်း အသီးပင်များ၏ သုံးပုံတစ်ပုံသည် ရင့်မှည့်နေချေပြီ။ အသီးများက ယခင် တစ်သုတ်ထက်ပင် ပိုပြီး ကောင်းမည့်ပုံစံ ရှိ၏။ စိုက်ခင်းထဲရှိ ဖရဲသီးများကပင် ရောင်းချ၍ ရနေပြီ ဖြစ်သည်။
ပထမ တစ်ကြိမ်တုန်းကကဲ့သို့ လင်းရီ အပေါက်ပါသည့် ခြင်းအများအပြား ပြင်ဆင်ထားပြီး ညသန်းခေါင်ယံ အချိန်လောက်တော့မှ ခူးဆွတ်ရန် ဆုံးဖြတ်ထား၏။
ညနေ ခြောက်နာရီလောက်ထိုးတော့ ကောင်းကင်သည်လည်း ဖြည်းဖြည်းချင်း မှောင်ရီပျိုးလာခဲ့ပြီး ရန်စီလည်း သူမ၏ အလုပ်များအားလုံး ပြီးစီးသွားခဲ့သည်။
လင်းရီ ချက်ပြုတ်ရန် တွန့်တိုမနေခဲ့ချေ။ သူ မှိုနှင့် ကြက်သား စတူး ပြုလုပ်ပေးလိုက်ပြီး နှစ်ယောက်အတူ တုံးပေဟင်းလျာကို ပျော်ပျော်တကြီး စားသောက်လိုက်ကြလေသည်။
ညစာ စားပြီးသည့်နောက် နှစ်ယောက်မှာ ထုတ်မပြောထားသည့် သဘောတူညီမှု တစ်ခုကို ရထားကြပြီး ထွက်ခွာမည့် အကြောင်း တစ်ခွန်း မဟကြချေ။ လင်းရီသည်လည်း ရန်စီကို လိုက်ပို့ပေးမည့် အကြောင်း မဟသလို ရန်စီကလည်း ထွက်ခွာမည့် စကား တစ်ခွန်းပြောမလာချေ။
အမျိုးသားနှင့် အမျိုးသမီးကြား စစ်မှန်သည့် နားလည်မှုများ ရှိလာချိန်တွင်တော့ တစ်ခါတစ်ရံ မျက်လုံးချင်း ဆိုင်ပြီး အကြည့်ချင်း စကားပြောရန်ပင် မလိုအပ်တော့ချေ။ အရာအားလုံးကို သဘာ၀ ဆန်ဆန် ခံစားနေရ၏။
ရန်စီ သူမ၏ လက်တော့နှင့် အတူ အလုပ်လုပ်နေစဉ် လင်းရီကတော့ ကျီချင်းရန်နှင့် ဖုန်းပြော၍ မနက်ဖြန် အသီးများ သွားရောင်းမည် ဖြစ်သောကြောင့် ယနေ့ည ပြန်မလာနိုင်ကြောင်း သတင်းပို့ထားလိုက်သည်။
ညဆယ်နာရီ ထိုးသည့် အချိန်တွင်တော့ တစ်အိမ်တည်း လှုပ်ခါနေသည့် ကွက်ကြား ငလျင်ကြီးမှာ စတင်လာတော့၏။
မနက် တစ်နာရီကျော်သည့် အချိန်တော့မှသာ ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့လေသည်။
ရန်စီ မောမောပမ်းပမ်းနှင့် အိပ်ပျော်သွားခဲ့ပြီး လင်းရီကတော့ အ၀တ်စားများ ပြန်၀တ်ပြီး ဖန်လုံအိမ်ထံ ဦးတည်သွားလိုက်သည်။
ဤမြင်ကွင်းက တစ်မျိုးသော နည်းလမ်းဖြင့် ကွဲလွဲမှုကို ခံစားရစေသည်။
ယင်းက ရင့်ကျက်ပြီးသည့် အမျိုးသမီး၏ နှစ်လိုဖွယ်ညို့ဓာတ်ကို မီးမောင်းထိုးပြထားခြင်းပင်။
သူတို့ ကိစ္စများ ပြီးစီးပြီးနောက် သူမ အိပ်နေစဉ် ရင်ခွင်ထဲ ထွေးပွေ့ထား၊ ပွေ့ဖက်ထားပေးရန်လည်း မလိုအပ်ချေ။ ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် သွားလုပ်၍ ရသည်။
အကယ်၍ နောက်တစ်နေ့တွင် သူမအတွက် အချိန်မရှိဘူး ဆိုပါကလည်း အရင်ဆုံး ထွက်ခွာသွား၍ရသည်။ ကိစ္စပြုပြီးနောက် ယုယုယယ ပြုပေးရန် လိုအပ်သည့် မိန်းမငယ်လေးများကဲ့သို့ မဟုတ်ပေ။ ထိုကောင်မလေးများက သိပ်ကို စိတ်ရှုပ်ဖို့ကောင်း၏။
အချုပ်အားဖြင့်ဆိုရလျှင်
အရည်အချင်းရှိသည့် အမျိုးသမီးနှင့် ကြုံရလေလေ ၊ အတွေ့အကြုံက ပိုမိုကောင်းမွန်လေလေ ဖြစ်၏။
ဖန်လုံအိမ်ထဲသို့ ရောက်သည်နှင့် လင်းရီသည် စတင်ပြီး လုပ်စရာရှိသည်များ ပြုလုပ်တော့သည်။
ပထမတစ်ခေါက် အတွေ့အကြံရှိထားသည်နှင့်ပါ ပေါင်းစပ်လိုက်တော့ လင်းရီ၏ လှုပ်ရှားမှုတို့က လျင်မြန် ချောမွေ့လာသည်။ ပထမ တစ်သုတ်ထက်ပို၍ အသီးများသော်လည်း ငါးနာရီထိုးသည်နှင့် ခူးဆွတ်လို့ ကုန်သွားခဲ့၏။
တစ်ချိန်တည်းတွင် သူသဟိုင်၏ ခွေးဘီလူးကားသည်လည်း လင်းရီ၏ ဖန်လုံအိမ်ရှေ့သို့ ထိုးရပ်လာပြီး အသီးခြင်းများကို ကားပေါ် ကူတင်ပေးလိုက်၏။
" အစ်ကိုကြီးလင်း... ဒီတစ်ခေါက် အသီးတွေက အရင်တစ်ခေါက်ကထက် ပိုကောင်းနေသလိုပဲနော်... "သူယောင် လိုင်ချီးတစ်လုံးဖြုတ်လျက် ပြောလိုက်ပြီး " ရိုးရိုးလေးနဲ့ အရသာရှိလွန်းတယ်..."
" ညီမ အမေဖို့လည်း နည်းနည်း သယ်သွားလေ.. "
" တော်ပြီ တော်ပြီ.. ညီမ အမေတောင် ဒီလို ဈေးကြီးတဲ့ အသီးမျိုး မစားရဲဘူး... အစ်ကိုကြီးလင်း ရောင်းဖို့မလောက်မှာကို သူက စိုးရိမ်နေတာ... "သူယောင် အပြုံးလေးဖြင့် ပြောလိုက်ပြီး " ညီမပဲ တိတ်တိတ်လေး ခိုးစားတော့မယ်... စကားမစပ် အိမ်ကထွက်လာတော့ အမေက အစ်ကိုကြီးကို ညစာ လာစားလှည့်ပါဦးတဲ့... "
" တစ်ခုခု ရှိလို့လား..."
" မဟုတ်ပါဘူး... အစ်ကိုကြီးက ညီမအဖေကို ထန်းချိန် အိမ်ယာ၀င်ပေါက်၀နား အသီးရောင်းခိုင်းပြီးတော့ ပိုက်ဆံတွေ အများကြီးရအောင် ကူညီပေးခဲ့တယ်လေ... ညီမ အမေက အစ်ကို့ကို ကျေးဇူးတင်ချင်နေတာ..."
" ထွေထူးကိစ္စကြီးလည်း မဟုတ်ဘဲနဲ့.. ကျေးဇူးတင်စရာ မလိုဘူး... "
လင်းရီ ပြောလိုက်ပြီး “ ဆိုကာမှ မင်းကကော ဘာလို့ ဒီလောက်ထိ လှနေအောင် ဝတ်စားထားရတာ.. အသီးအရွက် ရောင်းမှာပဲလေ… ဘလိုင်းဒိတ် သွားလုပ်မှာလည်း မဟုတ်…”
“ ဟီးဟီး… အဲ့တာ ဒီနေ့ တစ်နာရီကျရင် ဘွဲ့ကြို အင်တာဗျူး ရှိတယ်… ကောင်းကောင်းကန်းကန်းလေး ဝတ်စားသွားမှပေါ့ ဟုတ်တယ်မလား…”
“ အင်တာဗျူးတောင် ဖြေရတော့မယ်ပေါ့..…”
“ ဆယ်ရက်တောင် ကျော်နေပြီလေ အစ်ကိုကြီးလင်းရဲ့… ရှင်က အလုပ်အရမ်းများတဲ့လူဆိုတော့ အချိန်ကိုတောင် သတိမထားမိတော့ဘူးနဲ့ တူတယ်..”
လင်းရီ တွေးကြည့်လိုက်တော့ သူတကယ်လည်း ဤရက်ပိုင်း တော်တော်လေးကို အလုပ်များနေခဲ့သည်။
သို့သော်လည်းပဲ သူယောင်ကဲ့သို့ သာမန်လူများကတော့ ဟွာရှတွင် တိတ်ဆိတ်စွာပြောင်းလဲနေသည့် ပြောင်းလဲမှုများကို သတိမူမိလိမ့်မည် မဟုတ်ချေ။
“ အင်း… ကောင်းကောင်းလုပ်.. မင်းမိသားစုကို စိတ်မပျက်စေနဲ့…”
“ သိပါတယ် သိပါတယ်…”
သူတို့ တစ်နာရီကျော်ကြာအောင် မောင်းနှင်လိုက်ကြပြီး ကျိုးဟိုင်မြို့ထဲသို့ ရောက်ရှိလာခဲ့ကြသည်။ ထို့နောက် နာရီဝက်ကြာအောင် ထပ်မောင်းလိုက်ကြပြီး ထန်းချိန် အိမ်ယာသို့ ရောက်လာခဲ့ကြလေသည်။
ဆယ်ရက်ကျော် ကြာသွားခဲ့ပြီး ယခုတစ်ကြိမ် လင်းရီနှင့် သူသဟိုင်တို့ ပြန်ရောက်လာတော့ မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့လေပြီ။
ထန်းချိန် အိမ်ယာရှိ နေထိုင်သူများက သူတို့နှစ်ယောက်ကို အထူးအဆန်းသဖွယ် မျက်လုံးမျိုးဖြင့် ခွဲခြားပြုမူချင်းမျိုး မပြုကြတော့ချေ။
သူသဟိုင်အတွက်တော့ အရင်ပုံမှန်အတိုင်းပင်။ သူ၏ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်များကို အားပေးမည့်သူက မရှားပါး။
သို့သော်လည်းပဲ လင်းရီ ရောင်းချသည့် အသီးများကတော့ ဤတစ်ကြိမ် မလွတ်တမ်း အလုအယက် ဝယ်ကြသည့် ပူပူနွေးနွေးပန်ကိတ်ကြီး တစ်ခု ဖြစ်လာခဲ့တော့၏။
သူဆိုင်ဖွင့်ပြီးလို့ ဆယ်မိနစ်ပင် မရှိသေးခင် အချိန်မှာပဲ သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးမှ ပန်းသီး တစ်ကီလို ချက်ချင်းဝယ်ယူ၍ ယွမ် ၆,၀၀၀ ပေးချေလိုက်သည်။
ကလင် ကလင် ကလင်….
ထိုအခိုက်အတန့်တွင် လင်းရီ ဖုန်းသံ မြည်လာခဲ့လေသည်။ အမည်မသိ နံပါတ်တစ်ခုမှ ဆက်သွယ်လာခဲ့ခြင်း ဖြစ်၏။
“ လင်းရီ … မင်းက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ… မင်း ဒီလို ပရိယာယ်မျိုး ကစားလာမယ်လို့ ထင်တောင် မထင်ထားဘူး…”
ဖုန်းတစ်ဖက်မှ အံကြိတ်ထားသည့် လေသံဖြင့် မကျေမချမ်း ဖြစ်နေသည့် အသံကို ကြားတော့ လင်းရီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။
“ မင်းက ဘယ် မအိမ်လုံးတုန်းကွ…”