← Chapters

ဆီနဲ့မောင်းရတာ၊ သေးနဲ့ မဟုတ်ဘူး

Vol. 75 Ch. 1121

ဆီနဲ့မောင်းရတာ၊ သေးနဲ့ မဟုတ်ဘူး

Vol. 75 Ch. 1121

“ ငါ ဝမ်မြန်…”

“ ဝမ်မြန် … ဟုတ်လား..” လင်းရီ ရေရွတ်လိုက်ပြီး “ ဘယ်က ဝမ်မြန်လဲ…”

“ ရူးသလိုလို ကြောင်သလိုလို လုပ်နေလို့ ပျော်စရာ ကောင်းတယ်များ မင်းက ထင်နေတာလား..”

“ မင်းတို့ပဲ အရင်ဆုံး စပြီး လှုပ်ရှားခဲ့တာ မဟုတ်ဘူးလား.. အခု ငါ့ရှေ့လာပြီး ကိုက်ဖို့ ရှက်နေတယ်ပေါ့……”

“ ငါတို့က အရင်လှုပ်ရှားခဲ့တယ်… ဟက်…” ဝမ်မြန် အေးစက်စွာ နှာမှုတ်ထုတ်လိုက်ပြီး “ မင်း တော်တော်လေး ဆင်ခြေတက်တဲ့ကောင်ပဲ… ငါတို့ ဝမ်မိသားစုက ငါတို့လုပ်ရပ်အတွက် အရှက်မရဘူး… ငါတို့က ဘာလို့ အဲ့လိုလုပ်ရမှာ..” “ မင်းတို့က စောက်ပိန်းလား..” လင်းရီ မေးမြန်းလိုက်ပြီး

“ မင်းတို့ ဝမ်မိသားစုရဲ့ ညွှန်ကြားချက်ကြောင့်သာ မဟုတ်ရင် ဟန်ကျင်းလေ့နဲ့ ကျောက်ကော်ပင်းက ငါ့ကို တိုင်ဝံ့မှာတဲ့လား… သူတို့ ဘာလုပ်ခဲ့လဲ သူတို့မသိဘူးလို့တော့ ငါ့ကို လာမပြောနဲ့.. မင်းတို့ကောင်တွေ ကျေနပ်အောင် အဆုံးစွန်ထိ အောက်ဖဲလှန်ရမှာလား… နှစ်ပေါင်းများစွာ မောက်မာလာခဲ့ကြတော့ အခု တစ်စုံတစ်ယောက်က မင်းတို့ကို ထိလာပြီဆိုတော့ မကျေနပ်ကြတော့ဘူးပေါ့….. မင်းတို့လို ကြောင်သူတော်တွေက မျက်နှာနှစ်ဖက်နဲ့ လူစားမျိုးတွေရဲ့ ထင်ရှားတဲ့ သရုပ်သကန်ပဲ… မင်းတို့ကောင်တွေက အမှန်တရားကို လက်မခံနိုင်ကြဘူးပဲ…”

လင်းရီ လုံးဝ အားနာနေခြင်း မရှိဘဲ ဝမ်မြန်ကို ဆိုးဆိုးရွားရွားကြီး ဆဲဆိုပစ်လိုက်သည်။

“ ဒါဆိုလည်း ငါ အခုမင်းကို ပြောမယ်… မင်းရဲ့ ခါချဉ်လို အင်အားနဲ့ ငါတို့ ဝမ်မိသားစုကြီးကို လှုပ်ခါနိုင်မယ် မထင်လိုက်နဲ့… မင်းငါတို့ကို မယှဉ်နိုင်သေးဘူး.. တစ်နေ့ မင်း ဒီအတိုးကို သေခြင်း တရားနဲ့ ပြန်ဆပ်ရလိမ့်မယ်…”

“ ဟားဟား…” လင်းရီ ရယ်မောလိုက်ပြီး “ ငါ့အထင် မင်းတို့ကောင်တွေ အခု ကိုယ့်ဘာကိုယ်တောင် မကာကွယ်နိုင်ကြတော့ဘူး… ဟုတ်တယ်ဟုတ်.. မဟုတ်ရင် မင်း ဒီလိုမျိုး ငါ့ဆီ ဖုန်းဆက်ပြီး အရည်မရ အဖက်မရတွေ လာပြောနေမှာ မဟုတ်ဘူး…”

လင်းရီ ဝမ်မြန်ကို စကားပြန်ပြောရန်ပင် အခွင့်မပေးဘဲ ချက်ချင်း ဖုန်းချပစ်လိုက်၏။

ဖုန်းထဲမှာ ရန်ဖြစ်ရသည်က တကယ့်ကို ပျင်းဖို့ကောင်းသည့် ကိစ္စပင်။ သို့သော်လည်းပဲ အနည်းဆုံးတော့ သူ တစ်ခု သိလိုက်ရလေသည်။

ဤဖြစ်ရပ်ကြောင့် ဝမ်မိသားစုသည် သူစိတ်ကူးထားသည်ထက်ပင် ပို၍ ထိခိုက်သွားသည့်ဟန်ရှိ၏။

မဟုတ်ပါက ဝမ်မြန်ကိုယ်တိုင် ဒေါကြီးမောကြီးနှင့် သူ့ဆီ ဖုန်းဆက်ပြီး လာရောက်ကျိန်ဆဲနေလိမ့်မည် မဟုတ်ချေ။

ကလင် ကလင် ကလင်…

ဖုန်းချပြီးသည့်နောက် လင်းရီ ဖုန်းသံ တစ်ဖန်ပြန်မြည်လာသည်။ ဤတစ်ကြိမ်တွင်တော့ နင်ချဲ့ထံမှပင်။

“ အသင်းခေါင်းဆောင်နင်… ဘာကိစ္စရှိလို့လဲ…”

“ ငါ့မှာ နင့်ဖို့ ပြောစရာ သတင်းနှစ်ခု ရှိတယ်.. ဝမ်မြန်က ကျုံးဝေ့တပ်ဖွဲ့ထဲကနေ နှုတ်ထွက်မယ့် စာကို တင်လိုက်ပြီ… ခုကစပြီး သူက ကျုံးဝေ့တပ်ဖွဲ့ အဖွဲ့ဝင် တစ်ယောက် မဟုတ်တော့ဘူး.”

လင်းရီ စစချင်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။ သို့သော်လည်းပဲ ဘာဖြစ်နေလဲဆိုတာကို လျင်မြန်စွာဖြင့် သဘောပေါက်သွားခဲ့လေသည်။

ဝမ်မြန်သည်က ကျုံးဝေ့တပ်ဖွဲ့ အသင်းတစ်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်၏။ ထို့ပြင် ကျုံးဝေ့တပ်ဖွဲ့ကို အမှန်တကယ် ထိန်းချုပ်ထားသည့်သူက ရန်ကျင်းရှိ လုမိသားစုကြီး ဖြစ်လေသည်။

ဤကိစ္စတွင် သူတို့က လျန်မိသားစုဘက်တွင် ရပ်တည်လာခဲ့ပြီး နှစ်ဖက်ကို ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားစေခဲ့သည်။ ဝမ်မြန် ကျုံးဝေ့တပ်ဖွဲ့ထဲမှ နှုတ်ထွက်သွားသည်က နားလည်ရခက်သည့် ကိစ္စတစ်ခု မဟုတ်ပါချေ။

“ ဒါဆို ဒုတိယတစ်ခုက….”

“ ဒုတိယက နင် ရာထူးတိုးတော့မယ်…” နင်ချဲ့ တက်ကြွစွာ ပြောလိုက်ပြီး “ ဝမ်မြန်က သူ့ရဲ့ ရာထူးကနေ နှုတ်ထွက်တော့မှာ ဆိုတော့ အသင်းတစ်ရဲ့ ခေါင်းဆောင်နေရာက လစ်လပ်သွားခဲ့တော့မှာဟ… ဘော့စ်လျိုကလည်း နင့်ကို ရာထူးတိုးပေးချင်နေတာ.. ပြီးတော့ သူအခု ဒီကိစ္စ ဆွေးနွေးဖို့ အစည်းအဝေးထိုင်နေတယ်… ငါကြားတာတော့ ပြဿနာ မရှိဘူးဆိုပဲ… ဒီကိစ္စက သေချာသလောက် ဖြစ်သွားပြီ…”

“ ငါတော့ မထင်ဘူး…. ငါ ဒီထဲရောက်တာတောင် နှစ်လ သုံးလလောက်ပဲ ရှိသေးတာကို မင်းတို့က ငါ့ကို အသင်းခေါင်းဆောင် ဖြစ်စေချင်နေပြီပေါ့.. ယုတ္တိကျကျ ပြောကြေးဆို မင်းနဲ့ ချိုးယွီလော့ကမှ ပိုပြီးတော့ သင့်တော်တာ..”

“ ငါတို့ အသင်းတွေက လူနည်းချင် နည်းမယ်.. ဒါပေမယ့် ဖွဲ့စည်းပုံ တစ်ရပ်လုံးက လစ်လပ်မှု ဆိုတာ မရှိဘူး… ငါတို့ လူလုံလုံလောက်လောက် ခေါ်ယူပြီးတာနဲ့ လူတိုင်းက သူတို့ရဲ့ အသင်းကိုယ်စီကို ပြန်သွားကြမှာ… ငါတို့က နောက် အသင်းတစ်ခုကို ဝင်လိုက်မယ်ဆိုရင် ငါတို့ရဲ့ လက်ရှိအသင်းက ဘယ်လိုလုပ်တော့မှာ… စွန့်ပစ်လိုက်သလို ဖြစ်သွားမှာပေါ့… ဒါကြောင့်မို့ ခေါင်းဆောင်လျိုက နင့်ကို နောက်ထပ် အသင်းတစ်ခုစီ ဝင်စေချင်နေတာ…”

“ ငါ ငြင်းလို့ရလား…. ငါက အလုပ်တွေဆို လက်ကြော သိပ်တင်းတဲ့ကောင် မဟုတ်တော့ အသင်းခေါင်းဆောင် လုပ်ခိုင်းတာက နည်းနည်းလေး မသင့်တော်ရာ ကျတယ်လေ….”

“ အဲ့တာ ငါ ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး.. နင့်ကို ဖုန်းခေါ်လိုက်တယ်ဆိုတာက အားယားနေလို့ပဲ… တကယ်လို့ နင့်မှာ တခြား စဉ်းစားထားတာတွေ ရှိရင် ဘော့စ်လျိုကို ပြောလိုက်လေ…”

“ ထားလိုက်တော့… ပြောလို့လည်း အသုံးဝင်မယ် မထင်ဘူး…”

“ အသင့်လုပ်ထားနော်… နင် ရန်ကျင်းကို အချိန်မရွေး လာရနိုင်တယ်...”

“ ဒီတိုင်း အသင်းခေါင်းဆောင် လုပ်ရမှာကို ရန်ကျင်းထိ သွား ဒုက္ခခံပြီး သတင်းပို့ဖို့ လိုသေးတာလားဟ…”

“ နင့်မှာ ကိုယ်ပိုင် လေယာဉ်ရှိတယ်မဟုတ်ဘူးလား… အဲ့ဟာနဲ့ အသွားအပြန်လုပ်လို့ သိပ် အဆင်ပြေတာပဲလေ… ဘာစိုးရိမ်စရာ ရှိလို့..”

“ လေယာဉ်က ဆီနဲ့မောင်းရတာ… သေးနဲ့ မဟုတ်ဘူး… အသွားအပြန် ဆီစရိတ်ကို ဘယ်သူကပေးမှာမို့လို့..”

“ ဟားဟား… “

နင်ချဲ့ သူမ၏ ပုံရိပ်ကိုပင် ဂရုစိုက်ခြင်း မရှိပါဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ ဒီကိစ္စတော့ ငါလည်း မတတ်နိုင်ဘူး… ဘော့စ်လျို စီစဉ်ပေးလာမှာကိုပဲ စောင့်နေလိုက်… နင် ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်လာတာ ငါးလတောင် မပြည့်သေးဘူး အသင်းခေါင်းဆောင် ရာထူး တိုးပေးခံရတော့မယ်… ဒါက ကျုံးဝေ့တပ်ဖွဲ့ သမိုင်းမှာ ပထမဦးဆုံး အကြိမ်ပဲ… နောက်ကျရင် ကောင်းကောင်းလုပ်…”

လင်းရီ ပြုံးလိုက်သည်။ သူ ဤကိစ္စကို ရင်ထဲ ထားမနေချေ။ သူ အနာဂတ်တွင် မည်မျှ ဝေးဝေး သွားနိုင်မည်ဆိုတာကိုလဲ စိတ်မဝင်စားချေ။

သူ အလိုရှိသည်က တိလိရာ့ကျွန်းကို စူးစမ်းကြည့်ချင်ပြီး စနစ်၏ မူလဌာနေကို နားလည်သဘောပေါက်ချင်ရုံ သပ်သပ်ပင်။ ကျန်သည့်အရာများကတော့ အကယ်၍ သူရခဲ့လျှင်လည်း ကောင်း၏။ မရခဲ့လျှင်လည်း ကိစ္စမရှိချေ။

ပြောစရာရှိသည်များကို ပြောဆိုပြီးနောက် နှစ်ယောက် အလျင်အမြန်ဖြင့် ဖုန်းချလိုက်၏။ အဘယ်ကြောင့်ဆိုသော် အခြား ကိစ္စများလည်း ရှိနေသေးသောကြောင့်ဖြစ်သည်။

“ ကောင်လေး… နင် ဒီတလော ဘယ်တွေ ပျောက်နေခဲ့တာလဲ.. ငါ နင့်ကို လိုက်ရှာနေတာ တော်တော်လေး ကြာနေပြီ..”

သူ့အရှေ့ ရပ်နေသည့် အသက်ငါးဆယ် အရွယ်ရှိမည့် သက်လတ်ပိုင်း အမျိုးသမီးကြီးကို မြင်တော့ လင်းရီ စကားအစ်ကြည့်လိုက်သည်။

“ ကျုပ်ကို ဘာကိစ္စရှိလို့ ရှာနေတာလဲ မသိဘူး….”

“ မေးနေစရာ လိုသေးလို့လားဟဲ့.. သေချာပေါက် နင့်အသီးတွေ ဝယ်ချင်လို့ပဲပေါ့..”

သက်လတ်ပိုင်း အမျိုးသမီးမှ အသီးများကို လိုက်လျှောက်ကြည့်နေရင်း မည်သည်ကို ဝယ်ရကောင်းနိုးနိုး ဖြစ်နေလေသည်။

“ ငါကြားတာ နင့်အသီးတွေက အလှအပအတွက် ကောင်းပြီး မျက်နှာကိုလည်း အားဖြည့်ပေးသေးတယ်ဆို… အဲ့တာ အမှန်ပဲလား… နင် ညာနေတာတော့ မဟုတ်ဘူးမလား…”

“ အလုပ်မဖြစ်ဘူးဆိုရင် လူတွေ ဒီလောက် အများကြီးက ကျုပ်ကိုယ်စား ကြေညာပေးနေပါ့မလားလို့ အစ်မကြီး စဉ်းစားကြည့်ကြည့်လေ…”

“ ငါ့ကို ချယ်ရီ ၅၀၀ ဂရမ်နဲ့ လိုင်ချီး ၅၀၀ ဂရမ် ချိန်ပေး… ဒီဟာတွေ စားလို့ကုန်ရင် နောက် ခပ်များများ လာဝယ်ဦးမယ်…”

“ ကောင်းပါပြီ…”

သက်လတ်ပိုင်း အမျိုးသမီးမှ ဖုန်းထဲ၍ ဝီချက် ကျူအာကုတ်ကို စကန်ဖတ်လိုက်သည်။ လင်းရီ အသီးများကို အိတ်ဖြည့်ထည့်ပေးလိုက်ပြီး ငွေလွှဲပြောင်းမှုလည်း ပြီးစီးသွားခဲ့၏။

“ ကောင်လေး… ဒီမှာ အသီးတွေ လာရောင်းနေရတာ နင့်အတွက် သိပ် ခက်ခဲမှာပဲနော်..”

အသီးအိတ်ကို ယူပြီးနောက် သက်လတ်ပိုင်း အမျိုးသမီးကြီးမှ မပြန်သေးဘဲ အပြုံးလေးဖြင့် ပြောလိုက်သည်။

“ အဆင်ပြေပါတယ်.. အစ်မကြီး ထင်နေသလောက်လည်း ခက်ခဲမနေပါဘူး..” လင်းရီ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

လင်းရီ ရုပ်ပန်းသွင်ပြင်ကို ဂျေးများတာတော့ မဟုတ်ပေမယ့် သူ့ရှေ့ ရပ်နေသည့် အနှီ သက်လတ်ပိုင်းအမျိုးသမီးက အမှန်ပင် နည်းနည်းလေး အိုမင်းရွတ်ရော်နေချေပြီ။

လင်းရီ ငယ်ငယ်ချောချောလေးများကို စိတ်ဝင်စားသော်လည်း ရှိခိုးရမည့် အရွယ်များကိုတော့ စိတ်မဝင်စားချေ။

“ ငယ်ရွယ်ပြီးတော့ ခွန်အားပြည့်နေတာက သိပ်ကောင်းတာပဲ… နင် ဒီလိုမျိုး အလုပ်တွေ ကြိုးစားနေရတာ ပင်ပန်းတယ်လို့ မခံစားရဘူးလား…”

“ အဆင်ပြေပါတယ် အဆင်ပြေပါတယ်…” လင်းရီ သာမန်လျှံကာသာ တုံ့ပြန်လိုက်၏။

သက်လတ်ပိုင်း အမျိုးသမီးသည်လည်း သူမကိုယ်သူမ အသက်ကြီးနေပြီး မိန်းမငယ်လေးများကဲ့သို့ အားသာချက် များများစားစား မရှိသည်ကို နားလည်ပေသည်။

သူမ၏ Hermes အိတ်ထဲမှ စီးပွားရေးကတ်တစ်ခု ထုတ်ယူလိုက်ပြီး လင်းရီကို ချိုသာသော အပြုံးလေးဖြင့် ကမ်းပေးလိုက်ကာ “ ကောင်လေး.. ငါ့နာမည်က ဝမ်ဖန်း.. ဒါ ငါ အလုပ်လုပ်တဲ့ကတ်… အဆာက်အဦး A ၊ အခန်း 1804 မှာနေတယ်… နင် အလုပ်လုပ်ရတာ ပင်ပန်းပြီး ငြီးငွေ့တယ် ခံစားလာရရင် ငါ့ကို လာရှာလှည့်… ငါ တခြား ဘာမှတော့ အာမ မခံရဲဘူးဆိုပေမယ့် နင် အနည်းဆုံး အနှစ် ၃၀ လောက်တော့ အလုပ်ကြိုးစားစရာ မလိုတော့ဘူး…”

လင်းရီ “…. “

“ ဟုတ် အစ်မကြီး… တွေးပေးတဲ့ အတွက် ကျေးဇူးပါနော်…”

“ ယဉ်ကျေးစရာ မလိုပါဘူးကွယ်… အချင်းချင်းတွေကိုပဲ…” သက်လတ်ပိုင်း အမျိုးသမီးမှ သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး “ ငါ သွားတော့မယ်နော်… တကယ်လို့ တစ်ခုခု လိုသာရှိရင် ဖုန်းသာဆက်လိုက် သိလား…”

သက်လတ်ပိုင်း အမျိုးသမီး ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်းရီ ကြက်သီးဖြန်းဖြန်း ထသွားခဲ့သည်။

သူမ၏ တုတ်တုတ်ခိုင်ခိုင် ခန္ဓာကိုယ်ကြီးက ကြောက်ခမန်း လိလိကြီး ဖြစ်ပြီး လင်းရီ သူ့စိတ်ထဲ သူ၏ ခွန်အားနှင့်ပင် တစ်ချီ မခံနိုင်လောက်ဟု တွေးမိနေတော့၏။

“ ဟားဟား.. အစ်ကိုကြီးလင်း… ရှင်က သိပ် ဆွဲဆောင်မှုရှိတာပဲ… အသက်ငါးဆယ်ကျော် အန်တီကြီးတွေတောင် အစ်ကိုကြီးလက်ထဲက ပြေးမလွတ်ဘူး… အရမ်း မနာလိုတောင် ဖြစ်လာပြီ…”

“ အင်း.. ဒါတော့ ငါလည်း ထင်မှတ်မထားဘူး…” လင်းရီ ပြောလိုက်ပြီး “ တကယ်တမ်းကျတော့ ဒီလို ပုံစံမျိုးက နတ်ဆိုးကို မောင်းထုတ်ပြီး အသက်ရှည်စေတယ်လို့ ပြောလို့ရတယ်…”

“ ဘာလို့ အသက်ရှည်စေမှာလဲ…”

“ သူ့ကို ဘေးမှာ ထားထားရင် ငရဲမင်းကြီးတောင် ကြောက်လန့်ပြီး ငါ့ဆီ လာဝံ့မှာ မဟုတ်တော့လို့လေ..”

All Chapters