← Chapters

အန်တီ့ကို အဖော်ပြုပေးပြီး ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း စကားပြောကြမယ်

Vol. 75 Ch. 1123

အန်တီ့ကို အဖော်ပြုပေးပြီး ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း စကားပြောကြမယ်

Vol. 75 Ch. 1123

" ကိုယ့်ကိုယ်ကို အဲ့သလို မပြောရဘူးလေ.. ငါ စီးပွားရေး လုပ်လာတာ နှစ်တွေ မနည်းတော့ လူတွေကို အကဲခတ် မညံ့ပါဘူးဟယ်..." ၀မ်ဖန်း ပြုံးလိုက်ပြီး " နင်က တစ်ခုခု ထူးခြားတယ် ဆိုတာ ငါ သိနေတယ်... နင်က တခြားသူတွေနဲ့ မတူဘူး... "

" အိုး... အစ်မကြီးက ရှေ့ဖြစ်ဟောနိုင်တာလား... "

" ရှေ့ဖြစ်လား... မဟောတတ်ပါဘူး.. ဒါပေမယ့် နှစ်တွေအကြာကြီး လူပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံဖူးတော့ လူကဲခတ်တာ ကျွမ်းကျင်နေတာလေ..."၀မ်ဖန်း ကြင်နာစွာ စကားဆိုလိုက်သည်။

" ဒါကြောင့်မို့ နင့်ကို မြင်လိုက်တဲ့အချိန်ကစပြီး အနာဂတ်ကျရင် ပါရမီရှင်ကောင်း တစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာ ခံစားမိလိုက်တယ်... တကယ်လို့ နင် အသီးတွေပဲ ဆက်ရောင်းနေမယ်ဆိုရင် နင့်ရဲ့ အရည်အချင်းတွေကို ဖြုန်းတီးရာ ကျသွားလိမ့်မယ်... ဒါပေမယ့် ခေတ်တွေက ပြောင်းသွားပြီ သိတယ်မလား... နင့်ကို အမြင့်ရောက်အောင် တွန်းတင်ပေးမယ့် လူတစ်ယောက်ကိုရှာဖို့ပဲ လိုတယ်... ငါ ဘာပြောချင်လဲ နင်သိမှာပါ.... "

' ဟုတ်ကဲ့ ကျုပ်ကလည်း အခု သောက်ရမ်းတွေ မြင့်လွန်းလို့ မိုးမမြင် လေမမြင်တောင် ဖြစ်နေပါပြီ...'

သို့ပေမယ့်လည်း သူမက သူ၏ ဖောက်သည်တစ်ယောက် ဖြစ်လေသည်။ သူ့နား ယွမ် ၆,၀၀၀ ဖိုး အားပေးသွားခဲ့ဖူး၏။ ထိုမျက်နှာကြောင့် လင်းရီ သူမကို အရှက်ခွဲရန် မကြိုးစားတော့ချေ။

" အဲ့ လောဂျစ်ကို ကျုပ်လည်း နားလည်ပါတယ်.. ဒါပေမယ့် ကြည့်.. ကျုပ်ရဲ့ ခန္ဓာကိုယ်က ပိန်ပိန်လေးရယ်... အစ်မကြီးနဲ့ဆို ကျုပ် ခါးကျိုးရချည်ရဲ့... "

" အို... ဘာတွေ လာပြီးပြောနေတာလဲ..ငါက နင့်ကို ဒီတိုင်း သိစေချင်တာပါအေ.. တခြား ဘာအဓိပ္ပာယ်မှ မပါပါဘူး... "

ဖုန်းကျားကျား : ' သူဌေးမကြီးတွေက တကယ့်ကို ထူးခြားတာပဲ.. ပါပီလေးတွေ ရှာတာတောင် မသိမသာ အထာလေးတွေနဲ့...'

သူမလိုမျိုး ဘာ ပရိယာယ်မှ မသုံးတတ်တဲ့ လူစားမျိုး မဟုတ်ဘူး... သူမဆို ဒီတိုင်း ကျွန်မကို လာပြီး လုပ်လှည့်ပါလို့ မပြောရုံတမယ်ပဲ..

" တကယ်ကြီးပေါ့... "

" ဒါပေါ့.. လုံး၀ သေချာတယ်..." ၀မ်ဖန်း ပြုံးလိုက်ပြီး " ငါက နည်းနည်းလေးတယ်ဆိုပေမယ့် အောက်မှာ နေပေးလို့ ရပါတယ်.. "

လင်းရီ ".... "

ဖုန်းကျားကျား "??? "

ကျွန်မက ခုလေးတင် ရှင့်ကို အကွက်လေးတွေ လှတယ်လို့ ပြောရုံရှိသေးတာကို ဘာလို့ ဒီလိုကြီး ပြောချပစ်လိုက်ရတာလဲ...

" အစ်မ၀မ်.. မင်း သူ့ရဲ့ ထောင်ချောက်ထဲ ကျသွားလို့ မဖြစ်ဘူးနော်... တစ်ချက်ကြည့်လိုက်တာနဲ့ သူက လူကောင်းမဟုတ်ဘူးဆိုတာ ပြောလို့ရတယ်... သူက အစ်မ၀မ်အပေါ် ကျွန်တော့်လောက် ရိုးသားစစ်မှန်နိုင်မှာ မဟုတ်ဘူး.. ကျွန်တော့်လောက်လည်း အစ်မ၀မ်အပေါ် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး..." မာကျန်းဖုန်း အသည်းအသန် ပြောဆိုလိုက်သည်။

သူနှင့် ဈေးကွက် လာလုနေသည့် လင်းရီကိုလည်း စိတ်ထဲတွင် ပထွေးမုန်းသလို မုန်းတီးနေမိသည်။

တောက်ခ်... BMW 5 စီးရပါတော့မယ်ဆိုနေမှကွာ ဒီဒင်းက လာ၀င်ရှုပ်နေတယ်...

" နင် ငါပြောတဲ့ ထွက်သွားဆိုတဲ့ အဓိပ္ပာယ်ကို နားမလည်ဘူးလား... "

" ဒါပေမယ့်.... "

" အခုချက်ချင်း ထွက်သွားစမ်း... "

မာကျန်းဖုန်း ထိတ်လန့်သွားခဲ့ပြီး ဓာတ်လှေကားဆီသို့ စိတ်မပါ လက်မပါဖြင့် ထွက်ခွာသွားခဲ့သည်။

ဓာတ်လှေကား တံခါး ပွင့်သည့် အချိန်မှာပဲ လင်းရီဘက်သို့ လှည့်ကြည့်၍ အံတကြိတ်ကြိတ်ဖြင့် " မင်း စောင့်နေစမ်း... "

လင်းရီ ရင်ထဲ ငိုချင်စိတ်တို့ဖြင့် ပြည့်နှက်သွားခဲ့တော့သည်။

ငါ ဘယ်သူ့ကို စော်ကားမိလို့တုန်း...

" အန်တီ.. ကျုပ်က ကလေးပဲ ရှိသေးတာပါ... ကျုပ် အန်တီ ပြောနေတာတွေကို နားမလည်ဘူး... ဆိုင်ကို ပစ်ထားခဲ့တာ ကြာနေပြီဆိုတော့ ပြန်သွားရတော့မယ်... အန်တီ့ကို မနှောင့်ယှက်တော့ပါဘူး... "

" နင့်ကားထဲက အသီးတွေက ယွမ် သောင်းဂဏန်း အနည်းငယ်လောက်ပဲ တန်တာ... အန်တီ အကုန် ၀ယ်ပေးမယ်လေ... "၀မ်ဖန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး " အန်တီနဲ့ အိမ်ကို အရင်ဆုံး လိုက်ခဲ့... အန်တီ့မှာ နင့်ကို ပြောစရာ စကားတွေမှ အများကြီးပဲ.... "

ဟစ်....

လင်းရီ ကြက်သီးဖြန်းဖြန်း ထသွားခဲ့သည်။

မိုးနတ်မင်းကြီးရေ.. ဒါ သိပ်ကြောက်ဖို့ ကောင်းတာပဲ...

" မဟုတ်ဘူး မဟုတ်ဘူး.. ကျုပ်တို့က တစ်ယောက်နဲ့ တစ်ယောက် မသင့်တော်ပါဘူး.. ကျုပ် ဒီလောက်ထိ ပြောပြီးနေတာကို နားလည်ပါတော့လား အန်တီကြီးရာ... ကျုပ်ကိုယ်ကျုပ် ဒီထက်ရှင်းအောင် ပြောရရင် ကောင်းတော့မှာ မဟုတ်ဘူး.. "

၀မ်ဖန်း၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။

" နင် ဘာစကား ပြောချင်နေတာလဲ... ငါ့ကို ရုပ်ဆိုးပြီး ကိုယ်လုံးကိုယ်ပေါက် မလှဘူးလို့ ပြောချင်နေတာလား... "

ဖုန်းကျားကျား " .... "

ဟုတ်နေတာပဲလေ.. အဲ့တာကို ဒီ အမျိုးသမီးကြီးရဲ့ ယုံကြည်ချက်တွေ ဘယ်ကနေ ရောက်လာခဲ့တာလဲတဲ့...

သို့သော်လည်း ဖုန်းကျားကျား သူမ စိတ်ထဲတွင်သာ ရေရွတ်ရဲသည်။ ထန်းချိန် အိမ်ယာ၌ နေထိုင်နိုင်သူများကို ရန်သွားစလို့ မဖြစ်ပါချေ။

" ကိုယ့်ကိုယ်ကို သိမှာပဲ.. ဒီတော့ ဒီအကြောင်းကို မေ့လိုက်ကြရအောင်... ကျုပ် ပြန်ပြီး အသီးဆက်ရောင်းလိုက်ဦးမယ်.. နှုတ်ဆက်ပါတယ်... "

လင်းရီ လှည့်ထွက်လာပြီး ဓာတ်လှေကားထဲ ၀င်လိုက်၏။ ထိုစဉ် ဖုန်းကျားကျားကတော့ တစ်ခုခု မှားယွင်းနေသည်ကို မြင်တွေ့သွားခဲ့ပြီး သူမ အိမ်ထဲသို့ အရေးတကြီး ပြေး၀င်သွားခဲ့၏။

သူမ ဤမိန်းမကြီးကို အပြစ်ပြုမိလို့ မဖြစ်ပါချေ။

၀မ်ဖုန်း၏ အမူအရာသည် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

သူမက အသက်လည်း ကြီးနေပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်က ရွဲနေပြီ ဆိုသော်ငြား သူမက ချမ်းသာသည်။ ပိုက်ဆံလည်း ရှိသည်။ သူမ ဘေးနားတွင် မရေမတွက်နိုင်သည့် ကောင်ငယ် ချောချောလေးများ ရှိပြီး မည်သူကမျှလည်း သူမကို ထိုသို့ မပြောခဲ့ဖူးပါချေ။

သူမ ဖုန်းကို ကိုင်ထားရင်း ၀မ်ဖန်း မာကျန်းဖုန်း၏ နံပါတ်ကို နှိပ်လိုက်သည်။

" အစ်မ၀မ်.. ကျွန်တော့်ကို တစ်ခုခု လိုအပ်လို့လား.. ကျွန်တော် အခုချက်ချင်း ပြန်လာခဲ့မယ်" မာကျန်းဖုန်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" ပြန်လာဖို့ အလျင်မလိုနဲ့ဦး... လူတစ်ချို့ သွားရှာလာခဲ့ပြီး တံခါး၀က အသီးသည်ကို သင်ခန်းစာ တစ်ချို့ ပေးလိုက်စမ်း.. နင် ငါ့ဒေါသကို ကူဖြည်ပေးရင် ပြီးတာနဲ့ BMW ပေးမယ်... "

" ကျွန်တော်ပြောသားပဲ.. အဲ့ကောင်က လူကောင်းမဟုတ်ပါဘူးလို့.. ကျွန်တော် စမြင်ကတည်းကရင် သဘောမကျနေတာ.. အဲ့ကောင်ကို ကျိန်းသေပေါက် သင်ခန်းစာ ပေးလိုက်ပါ့မယ်..."

" မြန်မြန် လုပ်ပြီး သူ့အသီးဆိုင်ကို ဖျက်ဆီးပစ်လိုက်စမ်း.. ငါ သူ့ကို ထပ်မမြင်ချင်တော့ဘူး.. ကြားလား... "

" အစ်မ၀မ်.. ဒီအတွက် စိတ်မပူနဲ့.. ကျွန်တော့်ကိုသာ လွှဲထားလိုက်... "

အဆောက်အဦးထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ သူ၏ အသီးဆိုင်လေးထဲ ဖြည်းညင်းစွာ လျှောက်ပြန်လာခဲ့သည်။ " ရီလေး.. မင်းသွားတာ ကြာလှချည်လား.. ငါ့အထင် အဲ့ကောင်မလေးကလည်း မင်းကို စိတ်၀င်စားနေတယ်နဲ့ တူတယ်.. မင်းတို့နှစ်ယောက် ဘာမှ မဖြစ်ခဲ့ကြဘူးလား... "

သူယောင်လည်း ရှိမနေတော့ သူသဟိုင် များများစားစား ဂရုစိုက်မနေချေ။ သူ ချက်ချင်းဆိုသလို ညစ်တီးညစ်ပတ် ဟာသများဖြင့် အရွှန်းဖောက်တော့၏။

" အစ်ကိုကြီးဟိုင်... ခင်များက တော်တော် နားညီးဖို့ကောင်းတာပဲ... ကျုပ်က အဲ့လိုလူစားမျိုးလား... "

" ဟင်း.. လူငယ်တွေ စိတ်အလိုလိုက်တာက အဆင်ပြေတယ်.. သာမန်ပဲ... မင်းက သိပ်လည်း ကြည့်ကောင်းတယ်... အဲ့ဒီ ကောင်မလေးတွေက သေချာပေါက် မင်းအပေါ် ခုန်အုပ်လာမှာပဲ.. "

" အမှန်ပဲ.. ကံဆိုးချင်တော့ ကျုပ် အချိန်က သိပ်ကို တန်ဖိုးကြီးနေခဲ့တယ်လေ.. "

သူသဟိုင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ လင်းရီကို ကြည့်လေလေ၊ ပိုပြီး သဘောကျလာလေလေ ဖြစ်နေမိတော့၏။

သူသဟိုင်၏ အသီးအရွက်များက ရောင်းကုန်နေသည်မှာ အချိန်အတော်ကြာနေပြီ။ သူယောင်ကလည်း အင်တာဗျူး သွားဖြေနေသဖြင့် သူ အိမ်ပြန်ရန် အလျင်မလိုခဲ့ချေ။ သူယောင်ကိုပါ တစ်ခါတည်း အတူခေါ်သွားဖို့ရာ ဆုံးဖြတ်ထားလေသည်။

လင်းရီ၏ စီးပွားရေးသည်လည်း မဆိုးချေ။ လူသုံးယောက်မှ အတူလာပြီး အသီးများ အားပေးလာခဲ့ကာ နောက်တွင် တန်းစီနေသည့် လူတစ်ယောက် နှစ်ယောက်ကလည်း ရှိနေလေသည်။

တစ်ချို့ဆို တန်းစီရင်းဖြင့် ဖုန်းများထုတ်ကာ ဓာတ်ပုံရိုက်နေကြ၏။ ရေပန်းစားသည့် အနုပညာရှင် တစ်ယောက်ကို မြင်တွေ့လိုက်ရသည့်နှယ် ပြုမူနေကြသည်။

လင်းရီ ရောင်းရင်းပြုရင်းဖြင့် အနောက်ကို လှမ်းမြင်ကြည့်လိုက်တော့ တန်းစီနေကြသူများက ထန်းချိန် အိမ်ယာမှ မဟုတ်ကြောင်းကို လင်းရီ သတိပြုမိလိုက်သည်။ သူတို့ကြည့်ရသည်မှာ အခြားနေရာများမှ ရောက်လာကြသည့်ပုံပင်။

သူ့ရဲ့ ဂုဏ်သတင်းက နေရာအနှံ့သို့ ပျံ့နှံ့နေပြီဟု လင်းရီ ခန့်မှန်းမိလိုက်သည်။ဤလူများ အားလုံးက သူ့သတင်းကြောင်း ရောက်လာကြသည့် ပုံပင်။

ထင်ထားသည့် အတိုင်း ဝိုင်ကောင်းတစ်ခွက်၏ ရနံ့က နောက်ဖေးခန်းတွင် သိမ်းထားပြီး ရောင်းမထွက်မှာကို စိတ်ပူပင်ရန် မလိုချေ။ အရာရာတိုင်း၌ အရည်အသွေးက စကားပြောလေသည်။

ထိုအခိုက်အတန့်တွင် အသက်သုံးဆယ် အရွယ်ရှိမည့် သက်လတ်ပိုင်း အမျိုးသမီး နှစ်ဦး လင်းရီရှိသည့် နေရာသို့ လျှောက်လှမ်းလာနေကြ၏။

နှစ်ယောက်လုံးက အဆင့်အတန်း မြင့်မားသည့် အထက်တန်းလွှာများကဲ့သို့ ၀တ်စားထားကြသည်။ တစ်ယောက်က ဂျင်းနှင့် ပါးလွှာသည့် ကိုးဆင့်ပွား အင်္ကျီလက်ပုံစံ Top ကို ၀တ်ဆင်ထားပြီး ပဲပိစပ်လောက်ရှိသည့် စိန်လက်စွပ်တစ်ကွင်းကို ၀တ်ဆင်ထားသည်။

ကျန်တစ်ယောက်ကတော့ အနက်ရောင် ပိုးထည်ကို ၀တ်ဆင်ထားပြီး နှစ်လိုဖွယ်ကောင်းနေတော့၏။

" သွားကြစို့.. ရှေ့က ဆိုင်ပဲ.. ပြောသံကြားတာ အချောလေး ရောင်းတဲ့ အသီးက အသားအရည်လှပစေပြီး မျက်နှာကို အားဖြည့်ပေးတယ်ဆိုပဲ...

ပြီးတော့ အကျိုးသက်ရောက်မှုကလည်း သိပ်ကောင်းတာတဲ့နော်... ၀က်ခြံနဲ့ တင်းတိပ်တွေကိုတောင် ချက်ချင်း ယူပစ်နိုင်တဲ့ အစွမ်းရှိတယ်ဆိုပဲ... "အနက်ရောင် ပိုးထည်နှင့် အမျိုးသမီးမှ ပြောလိုက်သည်။

" ငါလည်း ကြားမိတယ်.. ဒါပေမယ့် ငါတော့ ယုံကြည်လို့ ရမယ် မထင်ဘူး... ယွမ် သိန်းချီပေးရတဲ့ အလှကုန်ပစ္စည်းတွေတောင် ငါ့ရဲ့ တင်းတိပ်တွေကို မဖယ်ရှားပစ်နိုင်တာ ဒီ အသီးလေးတွေ စားလိုက်ရုံနဲ့ ပြန်ကောင်းလာနိုင်မှာတဲ့လား... နည်းနည်းလေး ရယ်စရာ ကောင်းနေသလိုပဲ.. "

" ငါပြောတာ အမှန်တွေ.. နင် ရွေးချယ်စရာ မရှိဘူး... ငါ ပြောတာ ယုံကိုယုံရမယ်... "အနက်ရောင် ပိုးထည်နှင့် အမျိုးသမီးမှ ပြောလိုက်ပြီး " ငါ ရှေ့ရက်တွေတုန်းက ဗျူရို အရာရှိကြီးတွေရဲ့ ဇနီးနဲ့ မာကျောက်ကစားတော့ သူတို့ ဒီအကြောင်း ပြောနေကြတာ... နင် တွေးကြည့်လိုက်လေ.. သူတို့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် အားလုံး မြင်တွေ့ဖူးနေပြီးမှတော့ တခြားသူတွေကို လိမ်ညာလှည့်ဖျားဖို့ ဒီလိုအကွက်တွေ သုံးပါ့မလား…”

All Chapters