← Chapters

အမြီးအမောက် မတည့်သည့်လူ

Vol. 75 Ch. 1124

အမြီးအမောက် မတည့်သည့်လူ

Vol. 75 Ch. 1124

“ မဖြစ်နိုင်တာ… အဲ့လောက်တောင်‌ ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်ပေါ့… အဲ့ဒါဆို ငါ့ရဲ့ တင်းတိပ်တွေလည်း ကုနိုင်မယ်လို့ ပြောချင်တာမလား..”

“ ဒါပေါ့..” အနက်ရောင် ပိုးထည်နှင့် အမျိုးသမီးမှ ပြောလိုက်ပြီး “ ငါ ပြောပြမယ်… ရေခွန်စည်းကျပ်ရဲ့ ဇနီးကို နင်သိတယ်မလား… မျက်နှာမှာ ကြည့်ချင်စရာမရှိတဲ့ တင်းတိပ်ချပ်ကြီးတွေနဲ့လေ… ဟိုက နင့်ထက်တောင် ဆိုးသေးတယ်… အဲ့တာ အသီးစားပြီးတော့ တစ်ပတ်တောင် မကြာဘူး အကုန်ပျောက်သွားခဲ့တာနော်… ကုထုံးနဲ့ ကုလိုက်သလိုပဲ… တစ်ခုဆိုးတာက နည်းနည်းလေး ဈေးကြီးသွားတာ…”

“ မြတ်စွာဘုရား … တစ်ကတ်တီကို ယွမ် ၃,၀၀၀ များတောင်…. ဂျင်ဆင်းသီးလား…”

“ ဈေးကြီးတာကိုပဲ သွားကြည့်နေလို့ ဘယ်ဖြစ်မှာလဲ…. သူတို့ ပစ္စည်းရဲ့ အရည်အသွေးကို ယုံကြည်ချက်မရှိရင် ဒီလောက် မြင့်တဲ့ ဈေးနှုန်းနဲ့ ဘယ်ရောင်းချရဲမှာ… ပြီးတော့ နင့်အရှေ့မှာ တန်းစီနေတဲ့ လူတွေ ရှိသေးတာကိုလည်း မမေ့နဲ့ဦး…” အနက်ရောင်ပိုးထည်နှင့် အမျိုးသမီးမှ ပြောလိုက်သည်။

“ ပြီးတော့ နင့် အဘိုးကြီးလီက စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ ခေါင်းဆောင်လေ… နင့် နာမည်ပြောလိုက်တာနဲ့ သူက နင့်နား ပိုက်ဆံတောင်းရဲမှာတဲ့လား… ဒီတော့ ဘယ်လောက်ပဲ ဈေးကြီး ဈေးကြီး.. နင့်ဖို့ ပြဿနာ မရှိပါဘူး…”

“ တို့ အဘိုးကြီလီမှာ သေချာပေါက် အဲ့လို အစွမ်းအစမျိုး ရှိတာပေါ့…”

စိန်လက်စွပ်နှင့် အမျိုးသမီးမှ သူမ‌ ရှေ့ တန်းစီနေသည့် လူများကို အထင်တသေးဖြင့် ကြည့်လိုက်ပြီး “ တောသား တစ်အုပ်စု… သူတို့ကို ဒီလို အသီးမျိုး ကျွေးနေရတာ ဖြုန်းတီးရာကျတယ်… ဒါပေမယ့်လည်း အဲ့ လူငယ်လေးက တော်တော်လေး အရသာ ရှိမယ့်ပုံပဲ… အဲ အသီးတွေကို ပြောတာ...”

“ သူ့ပုံစံလေးက ဘာမှ အပြစ်ပြောရက်စရာကို မရှိဘူး ဆိုပေမယ့် နင့်ကိုယ်နင် ဘယ်သူလဲ ဆိုတာ မမေ့လိုက်နဲ့နော်… နင်က ဆွေကြီး မျိုးကြီး အသိုင်းဝိုင်းကြီးနဲ့ ကတော်… နင် ချီးကားတိုက်ခံလိုက်ရလို့ကတော့ ငိုစရာ နေရာ ရှိမှာတောင် မဟုတ်ဘူး..”

“ မပူစမ်းပါနဲ့… ဘာက အရေးကြီးလဲဆိုတာ ငါသိပါတယ်…” “ သွားစို့..” စိန်လက်စွပ်နှင့် အမျိုးသမီးမှ ပြောလိုက်ပြီး “ ရှေ့သွားပြီး တစ်ချက် သွားကြည့်ကြမယ်…”

နှစ်ယောက်သား ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်ကြပြီး လင်းရီ၏ ဆိုင်ရှေ့သို့ ရောက်ရှိလာလေသည်။

“ ဟဲ့.. အသီးတွေ ဘယ်လိုရောင်းလဲ…”

အသီးများ မည်သည့်ဈေးနှင့် ရောင်းချနေမှန်း သိထားပြီး ဖြစ်သော်လည်း အစဉ်အလာအရ အကျင့်ဖြစ်နေသောကြောင့် အမျိုးသမီးမှ မေးလိုက်မိခြင်း ဖြစ်သည်။

မကြာခဏဆိုသလို ဈေးဝယ်ထွက်ကြသူများ၌ ယခုလို ဖျောက်ရခက်သည့် အကျင့်မျိုး ရှိလေသည်။

“ ပျှမ်းမျှဈေး ၃,၀၀၀ ပါ… ကြိုက်တဲ့ အသီးယူလို့ရတယ်..”

“ လိုင်ချီးနဲ့ ချယ်ရီ တစ်ကတ်တီစီ ထည့်ပေး…” စိန်လက်စွပ်နှင့် အမျိုးသမီးမှ အသီးနှစ်မျိုးကို ညွှန်ပြပြီး ပြောလိုက်သည်။

“ ငါ့ကိုကျ မက်မွန်သီးနဲ့ စပျစ်သီး တစ်ကတ်တီစီ …” အနက်ရောင် ပိုးထည်နှင့် အမျိုးသမီးမှ ပြောလိုက်သည်။

“ ခင်များတို့က အသီးလာဝယ်လာတာလား..” လင်းရီ မေးမြန်းလိုက်၏။

“ အသီးလာမဝယ်တော့ ငါတို့က ဘာလာလုပ်ရမှာလဲ …” စိန်လက်စွပ်နှင့် အမျိုးသမီးမှ အသီးများ လှန်လော ရှာဖွေနေရင်း စိတ်တိုင်းကျသည့် အသီးများကို ခြင်းထဲ ကောက်ထည့်နေကာ “ နင့်အိမ်က အသီးတွေက ဆိုးတော့ မဆိုးဘူးပဲ.. အလေးတော့ မခိုးနဲ့နော်…. အိမ်ရောက်လို့ ပြန်ချိန်ကြည့်ပြီး မပြည့်ရင် အဆိုးမဆိုနဲ့…”

“ ခင်များတို့ မပြောရင် ကျုပ်က ဒီကို ဆရာဝန်လာပြတာလားလို့တောင် ထင်မိတော့မလို့…”

“ ငါတို့က ဘာလို့ ဆရာဝန်ပြရမှာလဲ…”

“ ခင်များ မျက်လုံး ကောင်းသေးရင်လည်း အနောက်လှည့်ကြည့်လိုက်…” လင်းရီ အနောက်ရှိ လူများကို ညွှန်ပြရင်း “ လူတိုင်းက တန်းစီနေတာကို ခင်များတို့က ဘာလို့ လာပြီး ကြားဖြတ်နေတာလဲ…”

“ ငါတို့ အလျင်လိုနေလို့ပေါ့… ခဏနေကျရင် လေယာဉ်ပေါ် တက်ရတော့မှာမို့လို့… မြန်မြန် ထည့်ပေးလိုက်စမ်းပါ… အေး နောက်တစ်ခေါက်ပြန်ပြောမယ်… အလေးပြည့်ပါစေ…”

“ အဲ့တာ ခင်များတို့ကိစ္စ.. ကျုပ် စိတ်မဝင်စားဘူး… ခင်များတို့က မားစ်ဂြိုဟ်ပေါ် သွားရမှာဆိုရင်တောင် အနောက်ပြန်သွားပြီး တန်းစီချည်…”

“ ဟုတ်တယ် ဟုတ်တယ်… အနောက်မှာ လာတန်းစီ..” တန်းစီနေကြသည့် လူများသည်လည်း အမျိုးသမီး နှစ်ယောက်ကို မနှစ်မျို့စွာ ကြည့်ရင်း ဝေဖန်လိုက်ကြ၏။

“ နင် ဘယ်လိုတောင် ပြောဝံ့နေတာလဲ…”

“ ဘာလို့ မပြောဝံ့ရမှာလဲ… ကျုပ်ပြောမယ်… အသီးဝယ်ချင်ရင် အနောက်မှာ သွားတန်းစီ… မဝယ်ချင်ရင် ထွက်သွား…”

သူမတို့ နှစ်ယောက်လုံး လင်းရီကို ဤမျှ ပြောရဆိုရ ခက်လိမ့်မည်လို့ ထင်မှတ်မထားကြချေ။

အသီးရောင်းတဲ့ကောင်ကများ လေသံလေးက မာရည်ကျောရည်နဲ့ … သူ့ ယုံကြည်ချက်က ဘယ်ကနေ ရောက်လာတာလဲ… သူ့အသီးတွေ ကောင်းတယ်ဆိုတိုင်းနဲ့ မောက်မာချင်တိုင်း မောက်မာလို့ရပြီလို့များ ထင်နေတာလား။

“ မဝယ်ဘူးဟာ… ချီးပဲ… ငါ့ကို လာပြီးကြိမ်းမောင်းရဲနေတယ်ပေါ့… ငါ့ လီကို ဒီအကြောင်းပြောပြမယ်… ငါအရမ်း ဒေါသထွက်လာပြီ…”

စိန်လက်စွပ်နှင့် အမျိုးသမီးမှ ဘေးတွင်ရပ်ပြီး သူမ ခင်ပွန်းကို ဖုန်းဆက်တော့မည့် အချိန်မှာပဲ ….

“ ရပ် ရပ်… နင်ကလည်း စိတ်လျော့ပါဦးလားဟာ..”

အနက်ရောင် ပိုးထည်နှင့် အမျိုးသမီးမှ ပြောလိုက်ပြီး “ နင့်မျက်နှာပေါ်က တင်းတိပ်နဲ့ ဝက်ခြံဘုကြီးတွေကို ကြည့်စမ်းပါဦး… နင့် ဘဝကို ကယ်တင်ဖို့ ဒီ ပစ္စည်းတွေ အပေါ် မှီခိုရဦးမှာနော်… သူသာ အဖမ်းခံလိုက်ရရင် နင့် မျက်နှာ ဘယ်လိုလုပ်ပြီး လှပလာနိုင်တော့မှာလဲ…”

“ ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမှာလဲ..”

“ ဘာလုပ်နိုင်မှာမို့လို့… နင် သူ့ကို မကျေနပ်လို့ ကိုင်တွယ်ချင်ရင်တောင် ငါတို့လက်ထဲ အသီးရောက်လာပြီးတဲ့ အချိန်ထိ စောင့်ရမယ်… “

“ ပြီးတာပဲလေ… ငါ နင့်ကြောင့် ခဏတော့ သည်းခံပေးလိုက်ဦးမယ်..”

ဝေဖန်မှုများ၏ အလယ်တွင်ပဲ အမျိုးသမီးနှစ်ယောက်မှာ လူတန်း၏ နောက်ဆုံးသို့သွားပြီး တန်းစီရန် ဟန်ပြင်လိုက်ကြသည်။

ရှေ့တွင်လည်း လူ သိပ်မများသောကြောင့် သူမတို့ အလှည့်ကျဖို့ အချိန်သိပ်စောင့်ရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် လေယာဉ်ချိန်လည်း နောက်မကျနိုင်ချေ။

အဓိကရုဏ်း အသေးစားလေး ဖြစ်ပွားပြီးနောက် သူမတို့ ရှေ့ရှိ လူများက သာမန်အတိုင်း အသီးများ တစ်ကတ်တီ နှစ်ကတ်တီ၊ တစ်လုံး နှစ်လုံး ဝယ်ယူကြ၏။ မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ ဖြစ်ပွားခြင်း မရှိခဲ့ချေ။

သို့သော် တစ်ခါတစ်ရံ သူတို့ကိုယ်သူတို့ အများထက် တမူထူးသည်ဟု သွေးနားထင်ရောက်နေကြသည့် လူတို့ကလည်း ရှိကြစမြဲပင်။ ထိုသူများနှင့် ဆက်ဆံသည့် အချိန်တွင်တော့ လင်းရီသည် ချိုသာယဉ်ကျေးခြင်း မရှိ။ ၎င်းတို့ထက်ပင် ပို၍ သွေးနားထင် ရောက်ပြတတ်သည်။ ၎င်းတို့ထက်ပင် မောက်မာပြတတ်သည်။

သူသည် ပုံမှန်ဆို သဘောကောင်းသည်။ မှန်အကြည် တစ်ချပ်လိုပင် ကျင့်သုံးသည်။ တစ်ဖက်သူက ချမ်းသာပြီး အာဏာရှိသည့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေပါစေ။ ယုတ်စွအဆုံး။ဝန်ကြီးချုပ်ပင် ဖြစ်နေပါစေ။ လင်းရီ၏ မျက်လုံးထဲတွင် အရေးမပါချေ။ ထိုသူက လေးစားထိုက်သူ တစ်ယောက် ဖြစ်နေသရွေ့ လင်းရီသည် အပြုံးလေးဖြင့် ကြိုဆိုပါလိမ့်မည်။ သို့ပေမယ့် လာပြီး စီးပိုးပြနေမည် ဆိုလျှင်တော့ လင်းရီသည်လည်း ၎င်းတို့ထက်ပင် ပို၍ စီးပိုးပြပါလိမ့်မည်။

၎င်းကြောင့်ပဲ လင်းရီထံတွင် မိတ်ဆွေ သူငယ်ချင်းသည် ရှားမှရှားလွန်းသည်။ သူ့ကို ချစ်ခင်မြတ်နိုးသည့် လူများသည် အတုယောင် မပါသည့် ချစ်ခြင်းမျိုးဖြင့် ဖြစ်ပြီး မုန်းသည့် လူများသည်လည်း သတ်ဖြတ်ချင်လောက်သည်အထိ မုန်းတီးကြသူများဖြစ်၏။

တော်တော်များများ၏ မျက်လုံးထဲတွင်တော့ သူသည် အမြီးအမောက်မတည့်သည့်လူတစ်ယောက် ဖြစ်နေလျက်ရှိသည်။

မကြာမီ ရှေ့မှ လူများ ဝယ်ယူလို့ ပြီးသွားကြပြီး အမျိုးသမီး နှစ်ယောက် အလှည့် ကျလာခဲ့တော့၏။

“ အခု ထည့်ပေးလို့ရပြီလား..” စိန်လက်စွပ်နှင့် အမျိုးသမီးမှ ရင်ဘက်ရှေ့ လက်ကို ပိုက်လျက် လင်းရီကို ကြည့်ရင်း ပြောလိုက်သည်။

“ ခင်များက ချယ်ရီနဲ့ လိုင်ချီး တစ်ကတ်တီစီ… ဟိုဘက်အစ်မကြီးက မက်မွန်သီးနဲ့ စပျစ်သီး တစ်ကတ်တီစီ… ဟုတ်တယ်နော်… ကျုပ် အခု ချိန်ပေးမယ်…”

မကြာမီ လင်းရီ ပစ္စည်းများကို ချိန်တွယ်ပြီး အမျိုးသမီး နှစ်ယောက် လက်ထဲ ထည့်ပေးလိုက်သည်။

လင်းရီ အပိုစကား ဘာမျှ ပြောမလာသည်ကို မြင်တော့ အမျိုးသမီး၏ ဒေါသသည် အနည်းငယ် လျော့ကျသွားခဲ့၏။

“ အသီးအရင် စားမယ်.. ပြီးမှ ပြန်လာခဲ့မယ်..”

အမျိုးသမီးနှစ်ယောက် ထွက်ခွာသွားသည်ကို မြင်တော့ လင်းရီ ချက်ချင်း ဆိုသလို ကြောင်အမ်းသွားခဲ့သည်။

“ ဝေ့ အစ်မကြီးတို့…. ခင်များတို့ အသီးဖိုး မပေးဘဲ ဘာ ကယောင်ကတမ်းတွေ လာပြောပြီး ထွက်သွားတာတုန်း..”

“ ငါ့ ယောက်ျားက စစ်ဆေးရေး အရာရှိပဲ… နင်တို့လို အသည်တွေလောက်ကတော့ သူ့စကား တစ်ခွန်းနဲ့ပြီးတယ် … ဒီတော့ နင့်အသီးတွေကို တောင်းပန်တဲ့ အနေနဲ့ လက်ခံပေးလိုက်မယ်…”

“ ဘာဆိုင်လို့ ကျုပ်က ကျုပ် အသီးကို တောင်းပန်တဲ့ အနေနဲ့ ပေးရမှာလဲ… သောက် အဓိပ္ပာယ် မရှိတာ…”

“ နင် ငါတို့ကို တန်းစီတာ ပေးမဖြတ်ဘူးလေ… နင်မေ့သွားပြီလား..” စိန်လက်စွပ်နှင့် အမျိုးသမီးမှ ပြောလိုက်ပြီး “ နင် စီးပွားရေး လုပ်ချင်သေးရင် နာခံတတ်လိုက်စမ်းပါ… ငါဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ ငါ့ယောက်ျားက နင့်ဆိုင်ကို ချိတ်ပိတ်ပစ်လိုက်လို့ ရတယ်နော်… ငါ့ကို တွန်းအား မပေးစမ်းနဲ့…”

“ အစ်မကြီး ခင်များ ဖျားနေတာလား… စိတ်မနှံ့ဘူးလား… ပိုက်ဆံ မတတ်နိုင်ရင်လည်း အသီးအိတ်ချပြီး ထွက်သွားလိုက်… နောက်က လူတွေကို နှောက်ယှက်မနေနဲ့… ဘာမှန်းကို မသိဘူး ကြောင်တောင်တောင်နဲ့..”

“ နင် ငါ့ကို စော်ကားဝံ့နေတယ်….”

“ ကျုပ် ခင်များ မျက်နှာကို ဖြတ်မရိုက်လိုက်တာနဲ့တင် သဘောကောင်းလှပြီ… ဟုတ်ပြီလား…”

စိန်လက်စွပ် ဝတ်ဆင်ထားသည့် အမျိုးသမီးကြီးမှ ခန္ဓာကိုယ် တဆတ်ဆတ် တုန်ယင်သည်အထိ ဒေါသထွက်နေခဲ့တော့သည်။ မည်သူကမျှ သူမကို ဤကဲ့သို့ ကြမ်းတမ်းသည့် စကားမျိုး မပြောဝံ့ကြပါချေ။

“ နင် … စောင့်နေစမ်း… နင့်မှာ အစွမ်းအစရှိတယ်ဆိုရင် ထွက်မပြေးနဲ့…”

“ ထွက်ပြေးတဲ့သူက မြေးပဲ… အိုကေ..” လင်းရီ ပြောလိုက်ပြီး သာမန်လျှံကာ လေသံဖြင့် “ ကဲ နောက်တစ်ယောက်….”

နောက်တစ်ယောက် အလှည့်ကျလာသူကတော့ အသက် ၂၅ ၊၂၆ အရွယ်ရှိသည့် မိန်းမငယ်လေး တစ်ယောက်ပင်။ သူမက LV အိတ်ကြီး လွယ်ထားပြီး အင်မတန်ချမ်းသာသည့် အသိုင်းအဝိုင်းထဲမှ ဖြစ်ဟန်တူသည်။

“ အစ်ကိုလေး… နင်တော့ ကြည့်ရတာ အတိုင်ခံရတော့မယ်နဲ့ တူတယ်… ခု ပြန်လိုက်တော့ပါလား…”

“ အဆင်ပြေပါတယ်… ဘာယူမှာလဲပြော…”

“ မက်မွန်သီး နှစ်လုံးနဲ့ ပန်းသီး နှစ်လုံး..”

“ ကောင်းပြီ.. ခဏစောင့်…”

လင်းရီ ကောင်မလေး လိုချင်သည့် ပစ္စည်းများကို ချိန်တွယ်ပေးနေစဉ် စိန်လက်စွပ်နှင့် မိန်းမကြီးသည်လည်း သူမ အားကိုးရသည့် လင်တော်မောင်ကို ဘေးတစ်နေရာတွင် ရပ်၍ ဖုန်းအသည်းအသန် ဆက်နေသည်။

အနက်ရောင် ပိုးထည်နှင့် အမျိုးသမီးသည်လည်း ဒေါသထွက်နေလျက်ရှိ၏။

“ ဒင်း သိပ်မောက်မာလွန်းတယ်… သူ့ကိုယ်သူ ရုပ်လေးချောတာနဲ့ပဲ မောက်မာလို့ရပြီလား ထင်နေလား မသိဘူး.. မြန်မြန် နင့်ဟာကြီး ဖုန်းဆက်လိုက်စမ်းပါ… သူ့ကို ငိုစရာ နေရာမရှိအောင်ကို ဖမ်းခိုင်းလိုက်…”

All Chapters