← Chapters

ဒီဖရဲသီး မှည့်ပြီလား

Vol. 75 Ch. 1125

ဒီဖရဲသီး မှည့်ပြီလား

Vol. 75 Ch. 1125

“ စိတ်ချ… ငါလည်း ဒင်းကို လုံးဝ အလွှတ်မပေးနိုင်ဘူး… ဒီ ဒင်းက အာဏာပိုင်ဆိုတဲ့ အဓိပ္ပာယ်ကို နားမလည်ဘူးနဲ့တူတယ်…”

“ ယောက်ျား… ရှင် အခု ဘယ်မှာလဲ… ကျွန်မ ထန်းချိန် အိမ်ယာ အပေါက်ဝမယ် အနိုင်ကျင့်ခံနေရတယ်…”

“ ဘယ်သူက မင်းကို အနိုင်ကျင့်တာ… ဂိတ်ဝက လုံခြုံရေးတွေလား…”

“ မဟုတ်ဘူး… သူက အသီး တစ်ကတ်တီကို ယွမ် ၃,၀၀၀ နဲ့ ရောင်းနေတဲ့ အသီးသည်… ရှင်သိလား.. သူ ကျွန်မကို မျှိုချိုးမျှစ်ချိုး ပြောခဲ့တာနော်… လူတွေဆိုလည်း ဝိုင်းအုံကြည့်နေကြတာ အများကြီးပဲ… ရှင့်လူတွေ မြန်မြန်လွှတ်ပြီး အဲ့ကောင်ကို ဖမ်းခိုင်းလိုက်စမ်းပါ…”

စိန်လက်စွပ်နှင့် အမျိုးသမီး၏ စကားလုံးတို့က တန်းစီနေကြသည့် လူတန်းကြီးကို ရှော့ခ်ရသွားစေခဲ့သည်။

အသီးရောင်းတဲ့ သူငယ်ချင်းလေးကတော့ တကယ့် အသိုက်ကိုမှ သွားနှိုက်မိတာပဲ… သူက လယ်စိုက်တဲ့ တောင်သူဆိုတော့ သေချာပေါက် ဒီအမျိုးသမီးရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး…

“ မင်း ဘာပြောလိုက်တယ်… တစ်ကတ်တီကို ယွမ် ၃,၀၀၀ နဲ့ ရောင်းတဲ့ အသီးသည် .. ဟုတ်လား… သူက တော်တော်လေးလည်း ခန့်ညားတယ်မလား…”

“ ဟုတ်တယ်.. ရှင်ဘယ်လိုလုပ်ပြီး သိလဲ…” စိန်လက်စွပ်နှင့် အမျိုးသမီးမှ အေးစက်စွာ ပြောလိုက်ပြီး “ ရှင်ဘယ်လိုလုပ်ပြီးပဲ သိသိ သူ ကျွန်မကို စော်ကားခဲ့တယ်… ခုချက်ချင်းပဲ ရှင့်လူတွေကို လွှတ်ပေး.. ကြားလား….”

“ ငါ #$ မင်း အဘွားကို လွှတ်ပေးရမှာလား… သူ့ကို ဖုန်းသွားပေးလိုက်စမ်း…”

စိန်လက်စွပ်နှင့် အမျိုးသမီးမှ ကြက်သေသေသွားခဲ့ပြီး “ ဘာလို့ သူ့ကို ဖုန်းသွားပေးရမှာလဲ.. သူ့ကို သတိပေးနေစရာ အကြောင်း….ကို မရှိဘူး… ရှင့်လူတွေသာ လွှတ်လိုက်လို့… ကျွန်မပြောနေတာ နားမထောင်ဘူးလား…”

“ သောက်ပိုတွေ မပြောနဲ့စမ်း… မြန်မြန်လုပ်..”

စိန်လက်စွပ်နှင့် အမျိုးသမီးသည် ဘာဖြစ်နေလဲဆိုတာကို နားမလည်နိုင်တော့ချေ။ ထို့ပြင် သူမ ယောက်ျားဖြစ်သူက အမြဲတစေ ငါ ကိုင်တုတ်လေ့ ရှိသောကြောင့် ထွေထူးတော့ စဉ်းစားမနေပါချေ။

“ ကောင်းပြီလေ…”

စိန်လက်စွပ်နှင့် အမျိုးသမီးမှ လင်းရီ ရှေ့ ပြန်ရောက်လာခဲ့ပြီး သူမခေါင်းကို မော်ကြွားကာ ဖုန်းကို လင်းရီထံ ထိုးပေးလိုက်၏။

“ ငါ့ယောက်ျားက နင်နဲ့ ဖုန်းပြောချင်နေတယ်… နင် သူ-နဲ့-ပြောရဲလား…” “ ခင်များ ကန်းနေတာလား… ကျုပ် ဈေးဝယ်တွေနဲ့ အလုပ်ရှုပ်နေတာကို ခင်များ မမြင်ဘူးလား..” “ ကောင်းပြီလေ… နင်က တစ်ခုခုတော့ တစ်ခုခုပဲ… ခဏနေကျရင် နင် တောင်းပန်ခွင့်ရဖို့ကို တောင်းပန်နေစေရမယ်…” စိန်လက်စွပ်နှင့် အမျိုးသမီးမှ ဆက်ပြီး တွန်းအားမပေးတော့ပဲ စပီကာဖွင့်၍ ဆွဲဆွဲငင်ငင် အသံဖြင့် “ လောင်ကုန်း.. ကျွန်မအခု စပီကာချဲ့ထားတယ် သိလား… ရှင် ပြောစရာရှိသာတာ ပြောတော့နော်…”

“ ဥက္ကဌလင်း… ကျုပ်က စက်မှုနဲ့ ကူးသန်းရောင်း၀ယ်ရေး စုံစမ်းစစ်ဆေးရေး ဗျူရိုကပါ.. ကျုပ် လင်းယွင်အုပ်စုကို တစ်ခါရောက်ဖူးပါတယ်… ကျုပ်တို့ တစ်ခေါက်တောင် တွေ့ဖူးကြသေးတယ်လေ… မှတ်မိလား မသိဘူး…”

“ ဟင်…”

ထိုစကားလုံးများ ကြားပြီးပြီးချင်း လက်ရှိ အနီးဝန်းကျင် ရှိနေကြသည့် လူတိုင်း ကြက်သေသေသွားခဲ့ကြသည်။

ဘာတွေဖြစ်နေတာလဲ… ဘာလို့ စက်မှုနဲ့ ကူးသန်းရောင်း၀ယ်ရေး စုံစမ်းစစ်ဆေးရေး ဗျူရိုက လူက အသီးရောင်းတဲ့သူကို ယဉ်ယဉ်ကျေးကျေးနဲ့ စကားပြောနေရတာလဲ…

ပြီးတော့ သူ့ကို ဥက္ကဌလင်း ဆိုပြီးတောင် ခေါ်လိုက်သေးတယ်…

ရယ်စရာတော့ကောင်း၏။ လူတိုင်းက ဥက္ကဌလင်း နေရာတွင် ကြက်သေသေသွားခဲ့သောကြောင့် ကျန်သည့် စကားလုံးမျာကို မကြားလိုက်ရတော့ချေ။

“ အင်း… မှတ်မိသလိုပါပဲ… ကျုပ် မမှားရင် ခင်များက ခေါင်းဆောင်ပဲ ဖြစ်ရမယ်…”

တကယ်တော့ လင်းရီ တစ်ဖက်သူ မည်သူမှန်း သိကို မသိပါချေ။ သို့ပေမယ့်လည်း တစ်ဖက်သူက သူ့ကို သိတယ်ပြောလာပြီး ယဉ်ယဉ်ကျေးကျေး ပြောဆိုလာခဲ့သောကြောင့် မျက်နှာသာ တစ်ချို့ ပေးရန် ဆုံးဖြတ်လိုက်သည်။

ထို့ပြင် အရာရှိ တစ်ဦးလည်း ဖြစ်နေသေး၏။ ယခုလို အဆင့်မျိုးထိ တက်လှမ်းလာနိုင်သည့်သူက ပေါ့သေးသေးတွက်လို့ရသည့် လူမဟုတ်ချေ။

“ ဟုတ်ပါတယ် ဟုတ်ပါတယ်… ကျုပ်က စုံစမ်းစစ်ဆေးရေး အသင်းခေါင်းဆောင်… လီကျောက်ကျယ်ပါ.. ဒါ ကျုပ်ဇနီးရဲ့ အမှားဆိုတော့ သူ့ကို အိမ်ပြန်ရောက်တာနဲ့ မှတ်လောက်သားလောက်အောင် သင်ခန်းစာ ပေးလိုက်ပါ့မယ်… ဥက္ကဌလင်း စိတ်ထဲ မထားပါနဲ့နော်… နောင်ကျရင် ကျုပ် တောင်းပန်တဲ့ အနေနဲ့ ထမင်း တစ်နပ် ဖိတ်ကျွေးပါ့မယ်…”

ဟစ်…..

ထိုစကားကြားတော့ လူတိုင်း စုပ်သပ်မိသွားကြသည်။

ဂုဏ်သိက္ခာကြီးမားတဲ့ ခေါင်းဆောင်ကြီးတစ်ယောက်က သူ့ကို ဒီလိုမျိုး နိမ့်ချတဲ့ လေသံနဲ့ ပြောဆိုနေတယ်… ပြီးတော့ ထမင်းတောင် ဖိတ်ကျွေးဦးမယ် ဆိုပဲ…

ဒီ အသီးရောင်းတဲ့ အစ်ကိုလေးက ဘယ်လောက်တောင်များ အားကောင်းနေလို့ပါလိမ့်…

သူ့မှာ နောက်ထပ် ဖုံးကွယ်ထားတဲ့ အထောက်အထားတစ်ခုခု ရှိနေသေးလို့များလား…

“အင်း… ခင်များ ဇနီးကို ထိန်းသိမ်းနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ… သူက လူတန်းကို ဖြတ်ပြီး ဝယ်ရုံတင် မကဘူး… ဝယ်ပြီး ပိုက်ဆံတောင် မပေးဘူး… ကျုပ်ကိုတောင် ဖမ်းမယ် ဆီးမယ်နဲ့ ခြိမ်းခြောက်သွားသေးတယ်… ခင်များရဲ့ ဇနီးက ဒီလို‌တွေ ဆက်ပြုမူနေမယ်ဆိုရင် ခင်များရဲ့ ရာထူး နေရာက မသေချာတော့ဘူးနော်…”

လီကျောက်ကျယ် ကြောက်ရွံ့မှုကြောင့် တုန်ခါသွားခဲ့သည်။

လင်းရီက သူ့ကို သွယ်ဝိုက်၍ သတိပေးနေခြင်းပင်။ သူသည်က စီးပွားရေး သမား တစ်ယောက် ဆိုသော်လည်းပဲ ကျိုးဟိုင်တွင် သူ၏ ကျောထောက်နောက်ခံက တော်တော်ကြီးကို ထူးခြားလွန်းသည်။ သူ့ကို ရာထူးမှ အမှန်ပင် ဖြုတ်ချနိုင်လေသည်။

“ ဒါ - ဒါပေါ့.. ကျုပ် နားလည်ပါတယ် ဥက္ကဌလင်း.. စိတ်ချပါ… ကျုပ် သူ့ကို ကြပ်ကြပ်မတ်မတ် လုပ်လိုက်ပါ့မယ်… ဒီကိစ္စကိုသာ စိတ်ထဲမထားပါနဲ့…”

“ ကောင်းပြီ… ခင်များလည်း ခင်များ လုပ်စရာရှိသာ လုပ်ပါ.. ကျုပ် အသီးဆက်ရောင်းလိုက်ဦးမယ်… ခုတလော လူသိပ်ကျတော့ ကျုပ်က အလုပ်သိပ်များတာ..”

“ ဥက္ကဌလင်း လုပ်စရာရှိတာ လုပ်ပါ… ကျုပ် ဆက် မနှောင့်ယှက်တော့ပါဘူး…”

ထိုသို့ပြောပြီးနောက် လီကျောက်ကျယ် သူ၏ လေသံကို ချက်ချင်း ပြောင်းလဲလိုက်ပြီး ကျယ်လောင် မာန်ပါသည့် လေသံဖြင့် “ ဥက္ကဌလင်းကို ခုချက်ချင်း တောင်းပန်လိုက်စမ်း..”

ဖုန်းထဲမှ ဒေါမာန်တကြီးနှင့် အသံကို ကြားတော့ စိန်လက်စွပ်နှင့် အမျိုးသမီးသည်လည်း ဖင်တုန်အောင် ကြောက်လန့်သွားခဲ့ပြီး “ တောင်း - တောင်းပန်ပါတယ် ..”

“ မြန်မြန် ပိုက်ဆံကော ပေးလိုက်… ဘာတုန်း ဝယ်ပြီး ပိုက်ဆံ မပေးတာ… ကလေးတောင် တစ်ခုခု ဝယ်ပြီး ပိုက်ဆံ ပေးရကောင်းမှန်းသိတယ်…”

“ ပေးမယ်.. ပေးမယ်.. အခုပေးနေပြီ…”

စိန်လက်စွပ်နှင့် အမျိုးသမီးမှ ဖုန်းချလိုက်ပြီး နှစ်ယောက် အတူ ယွမ် ၆,၀၀၀ စီ ပေးချေလိုက်ကြသည်။ထို့နောက် စိတ်ပျက်အားငယ်စွာဖြင့် ထွက်ခွာသွားကြလေသည်။

သူမတို့ နှစ်ယောက် ထွက်ခွာသွားသည်ကို မြင်တော့ တန်းစီနေသည့် လူတန်းကြီးမှ ဇာတ်ကားကြည့်ရသည်ထက်ပင် စိတ်လှုပ်ရှားနေကြတော့သည်။

ကောင်းလိုက်တာ.. ဒီလိုမိန်းမမျိုး ပညာအပေးခံရတာ နည်းတယ်…

တစ်ချိန်တည်းတွင် လူတိုင်းက အသီးရောင်းသည့် လူချောလေးသည် တမူထူးခြားသူဖြစ်ကြောင်း သတိမူမိကုန်ကြ၏။

သူသည် ရုပ်ရည် ခန့်ညားချောမောရုံတင်မက အထောက်အထားသည်လည်း ထူးကဲလွန်းလှပေသည်။ သာမန်လူများဆိုပါက လုံးဝ နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

သူသဟိုင်ကတော့ ဘေးတွင် ထိုင်နေပြီး တဟားဟား ရယ်နေလျက် ရှိသည်။ လင်းရီ အကြောင်း သိနေတော့ သူ့အတွက် ဤသည်က ဟာသတစ်ပုဒ်လိုသာ ဖြစ်နေလေသည်။

တစ်နာရီကျော်ကြာအောင် အလုပ်ထပ်ကြိုးစားပြီးနောက် တန်းစီနေကြသည့် လူများအားလုံး ကုန်ဆုံးသွားခဲ့တော့သည်။

သူသဟိုင် ဝင်ကူညီပေးသည်ကို ကျေးဇူးတင်ရမည်။ မဟုတ်ပါက လင်းရီ နှစ်ကိုယ်ပွားပြီး လက်ခြောက်ဘက်ခွဲနေရလိမ့်မည် ဖြစ်၏။

" အစ်ကိုဟိုင် ဘာလို့ နာရီ တကြည့်ကြည့်နဲ့ လုပ်နေတာတုန်း... တစ်ခုခုဖြစ်လို့လား..."လင်းရီ နာရီကို မိနစ်၀က် တစ်ခါ ကြည့်နေသည့် သူသဟိုင်ကို သိချင်စွာဖြင့် မေးကြည့်လိုက်၏။

" ငါ့သမီးသွားတာ ကြာနေပြီကွ... ဖုန်းလည်းဆက် မဆက်လာဘူး.. တစ်ခုခု ဖြစ်နေမှာ စိုးရိမ်လို့..."

" ယောင်ယောင်က အင်တာဗျူး သွားဖြေနေတာပါ အစ်ကိုရာ ... ရှေ့တန်းထွက်ပြီး စစ်တိုက်နေတာမှ မဟုတ်ဘဲနဲ့ ဘာ စိုးရိမ်စရာ ရှိလို့... "

" အဓိကက အချိန်ကြာနေပြီကွ... ကျိုးဟိုင်က ရေနက်တော့ စိုးရိမ်ရတယ်..."

" မပူနဲ့.. ယောင်ယောင် ပျောက်သွားခဲ့ရင် ကျုပ် ကူပြီး လိုက်ရှာပေးမယ်..."လင်းရီ ပြောလိုက်သည်။

" အင်း .. ငါ ဖုန်းဆက်ကြည့်ရင် ကောင်းမလား..."

" တကယ်ဆို ခုချိန် အင်တာဗျူးဖြေနေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့... ဖုန်းခေါ်ပြီး သူ့အတွေးတွေ နှောင့်ယှက်မိသွားခဲ့ရင် အင်တာဗျူးလည်း သဲထဲရေသွန် ဖြစ်သွားမှာပဲ... "

" အင်း... ငါ နည်းနည်း ထပ်ကြာအောင် စောင့်ကြည့်လိုက်မယ်... "

" ဒါပဲလေ.. ညီမယောင်ရဲ့ စရိုက်နဲ့ဆို သူပြီးတာနဲ့ ဖုန်းဆက်လာခဲ့မှာပါ... စိတ်ပူမနေပါနဲ့.. "

အကယ်၍ သူယောင် တစ်ဦးတည်း ဆိုပါက သူသဟိုင် စိုးရိမ်သည်မှာ ဖြစ်သင့်ပေသည်။

သို့သော် သူမက ဖန်းဖေး၊ ကော်ဖေးတို့နှင့်အတူ ထွက်ခွာသွား၏။ အကယ်၍ တစ်ခုခု ဖြစ်သွားခဲ့သည် ဆိုပါက သူသဟိုင် ဘိုးဘေးများ၏ အုတ်ဂူထံသွားပြီး ဒီလောက်ထိ ကံဆိုးရလောက်အောင် အတိတ်ဘ၀က ဘာအပြစ်တွေ ကျူးလွန်ခဲ့သလဲဟု ပါးဖြတ်ရိုက်ပြီး မေးမြန်းကြည့်သင့်သည်။

" မင်း အသီးတွေ ဒီနေ့ တော်တော်ရောင်းရတာပဲ.. ဒါပေမယ့် လူတွေ ၀ယ်တာကတော့ တအား နည်းတယ် .. တစ်ပေါင် နှစ်ပေါင် အဲ့လောက်ပဲ... အားလုံး ကုန်အောင် ရောင်းဖို့ဆို တော်တော်ကြာကြာကြီး ရောင်းရဦးမယ်တူတယ်... "

" ဒီလောက် ရောင်းနေရတာကို ဟုတ်လှပြီ... ကျုပ် အရင်တစ်ခေါက် ဒီလာခဲ့တုန်းကဆို ဒီလောက်တောင် မရောင်းရဘူး... "

" အမှန်ပဲ..." သူသဟိုင် ပြောလိုက်ပြီး " မင်းကလည်း ငွေ ပြတ်လပ်နေတဲ့ကောင် မဟုတ်ဘူး ဆိုတော့ ဂိမ်းဆော့တယ်ပဲ သဘောထားလိုက်ပေါ့ကွာ.. "

လင်းရီ ခါးသီးလျက်သာ ပြုံးပြလိုက်သည်။

အမှန်တော့ သူ တော်တော်လေး ငွေလိုအပ်နေသည်။

ခရိခ်...

ခရိခ်....

နှစ်ယောက်သား စကားပြောနေစဉ်မှာပဲ အိမ်ယာ အ၀င်၀သို့ ဗန်းနှစ်စင်း ထိုးရပ်လာခဲ့သည်။

ဤကဲ့သို့ ကားမျိုးက ထန်းချိန် အိမ်ယာတွင်တော့ ပစ္စည်းပို့သည့်ကား သို့မဟုတ် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန် ရောက်လာကြသူများ၏ ကားသာ ဖြစ်လိမ့်မည်။

" ညီကိုချန်.. အသီးရောင်းနေတဲ့ အဲ့ကောင်လေးပဲ.. သွားပြီး သင်ခန်းစာ ပေးလိုက်... "

မာကျန်းဖုန်းသည် ခရီးသည် ထိုင်ခုံတွင် ထိုင်နေလျက်ရှိပြီး ယွမ် ၅,၀၀၀ ထုတ်ယူ၍ " ဒီပိုက်ဆံ ယူသွား.. မင်းပြီးရင် ငါစားဖို့ တစ်ခုခု ၀ယ်လာခဲ့...."

" အသေးမွှားလေးပါ... ကားထဲမှာ စောင့်ပြီး အဲ့ကောင်ကို ဘယ်လို သင်ခန်းစာပေးမလဲ စောင့်ကြည့်နေလိုက်... "

ပြောလိုက်သူက ရွှီချန်အမည်ရသည့် လူတစ်ယောက်ဖြစ်၏။ သူက အနည်းငယ် ထွားကျိုင်းပြီး အတိုအပြတ်နှင့် ညှပ်ဖိနပ်ကို ၀တ်ဆင်ထားကာ သိပ်ကို သာမန်ဆန်လွန်းနေသည်။

ကားတံခါး ပွင့်ဟလာပြီး အခြား ကားတစ်စင်းထဲမှလည်း လူဆယ်ယောက်ခန့် ထွက်လာခဲ့ကြ၏။ သူတို့ အကုန်လုံးက စားမည့် ဝါးမည့် ပုံစံများဖြင့် လင်းရီ၏ အသီးဆိုင်လေးထံ ဦးတည်နေကြလေသည်။

" ရီလေး... ဒီကောင်တွေက ဘာကောင်တွေတုန်း.. သူတို့ ကြည့်ရတာ အသီးလာ၀ယ်တဲ့သူတွေနဲ့တော့ မတူဘူးနော်... "သူသဟိုင် တုန်လှုပ်စွာဖြင့် ပြောလာခဲ့သည်။

" အမှန်ပဲ... ဒါပေမယ့် အဲ့တာက အကြောင်းတော့ မဟုတ်သေးဘူး.. ဒီကောင်တွေ ကြည့်ရတာ အချိုးကို မပြေဘူး... "

" ငါတို့ ဘာလုပ်ကြမလဲ.. "

" ကျုပ် အဆင့်ကို မသိတာကျနေတာပဲ... ဒီလူလောက်လေးနဲ့တော့ သွေးတောင် မပူပါဘူး..."လင်းရီ ပြောလိုက်ပြီး " တကယ်လို့ ခဏနေကျ အခြေအနေ မဟန်ဘူးထင်ရင် အစ်ကိုဟိုင် နောက်ဆုတ်နှင့် .. ဒါမှ ကိုယ်ပေါ် သွေးမစင်မှာ... "

သူသဟိုင် ခဏလောက်ကြာအောင် စဉ်းစားကြည့်လိုက်ပြီး " ငါ ကြို ဆုတ်ထားနှင့်လိုက်မယ်..."

" ကောင်းပြီလေ.. သွားပါ.. "

သူသဟိုင် နောက်သို့ ဝေးဝေး ဆုတ်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ရွှီချန် သူ့လူများနှင့်အတူ လင်းရီရှေ့ ရောက်ချလာခဲ့၏။ ပါးစပ်ထဲတွင် သွားကြားထိုးတံ တစ်ချောင်း ကိုက်ထားပြီး ဖရဲသီး တစ်လုံးကို ပုတ်လျက် " ဒီ ဖရဲသီးက မှည့်ပြီလား.... "

လင်းရီ "....... "

စာစဉ် (၇၅)ပြီး၏။

All Chapters