← Chapters

ဒီဘဝမှာ သစ္စာမဖောက်ဘူး

Vol. 64 Ch. 1262

ဒီဘဝမှာ သစ္စာမဖောက်ဘူး

Vol. 64 Ch. 1262

ယန်ယဲ့၏လက်ထဲမှ မှော်စွမ်းအားဖြင့် တည်ဆောက်လိုက်သော မြူခိုးမည်းသည် လက်ဖဝါးမှပျော်ကျသွားလေသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူ၏ခါးပေါ်တွင် ပေထင်းဟွမ် ကန်သွား သည့် ခြေရာကျန်နေတုန်းပင်ဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူသည် စိတ်ထဲမထားပေ။ သူသည် ပေထင်းဟွမ်အား မကြည့်ရဲသဖြင့် ခေါင်းကိုအနည်းငယ်လှည့်ထားသည်။ ပေထင်းဟွမ်သည် အရာအားလုံးကို သိပြီးနောက်တွင် သူမ မည်သို့တွေးမည်၊ မည်သို့စီစဉ်မည်ကို သူ မသိပေ။

ပေထင်းဟွမ်သည် ဤနေရာတွင် ကြာကြာမနေပေ။ သူမသည် အပလောကလိပ်ကြီးကို လက်ပတ်နေရာထဲသို့ထည့်ကာ ကျို့ယန်တို့ကိုခေါ် ကာ အဝေးရှိတောင်အတွင်းနက်ပိုင်းသို့ ပျံသွားလေသည်။

ဤပင်လယ်လိပ်ကို ထိန်းကျောင်းခြင်း၊ စာချုပ်တည်ထောင်ခြင်းများ သည် အချိန်တချို့ကြာဦးမည်ဖြစ်သည်။ ထိုအချိန်တွင် သူမ၏စိတ်ခွန်အား သည် အနည်းငယ်အားနည်းနေကာ ယခုအချိန်သည် အချိန်ကောင်းမဟုတ်ပေ။ ချောင်ကျသောတောင်တစ်လုံးကိုရှာပြီးနောက် ကျို့ယန်သည် ကျားသစ်အား ဂူထဲမှမောင်းထုတ်ပြီးနောက် အထဲတွင်အနားယူကြလေသည်။

ပေထင်းဟွမ်သည် နတ်ဘုရားသွေးစာချုပ်အကြောင်း အပတလောက လိပ်ကြီးအား မေးရန် မလောပေ။ ဤကိစ္စသည် အရေးမကြီးသလို၊ သူမ လက်မခံနိုင်လျှင် ယန်ယဲ့ သို့မဟုတ် ချုံချီတို့သည် တစ်စုံတစ်ရာကြိုပြီး ပြော ထားမည်ဖြစ်သည်ကို သူမ ကောင်းစွာသိသည်။ သူတို့သည် သူမအား ဖုံးကွယ် ရန် ရွေးချယ်လိုက်သည်မှာ ထိုရလဒ်သည် သူမအတွက် လက်မခံနိုင်လောက် စရာဖြစ်နိုင်သည်ဟု ဆိုလိုခြင်းပင်။

“ကျွန်မ စကားတွေက ကြမ်းတမ်းပေမဲ့ လွန်ခဲ့တဲ့နှစ်တစ်သောင်းက ဘဝကို လက်ခံဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဒီဘဝမှာတော့ ရှင့်ကို လုံးဝသစ္စာ မဖောက်တော့ဘူးလို့ စိတ်ထဲမှာဆုံးဖြတ်ချက်ချလိုက်တယ်” ပေထင်းဟွမ်သည် အသက်ကိုပြင်းပြင်းရှူနေသည်။ သူမသည် ဂူထဲတွင် ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်ထားသည် “ယန်ယဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လောက်ပဲခက်ခဲပါ စေ၊ ရှင့်ကို ကျွန်မဆီကနေ ထွက်သွားခွင့်မပြုနိုင်ဘူး”

“ကျွန်မကလည်း တစ်ယောက်တည်းဖြစ်မှာကို အရမ်းကြောက်တဲ့သူပါ၊ ကျွန်မက လူတွေနဲ့ ဆက်သွယ်ရတဲ့ခံစားချက်ကို ကြိုက်တယ်၊ မိသားစု သူငယ်ချင်း ဒါမှမဟုတ် ချစ်သူပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် အတူရှိပြီး ချစ်ရတဲ့ခံစားချက်ကို ကြိုက်တယ်၊ အဲဒါကြောင့်ပဲ ကြေးစားလုပ်ဖို့ ရွေးချယ်ခဲ့ တာပါ၊ ဘေးချင်းယှဉ်တိုက်ခိုက်ပြီး တစ်ယောက်နဲ့တစ်ယောက်မှီခိုကြမယ်ဆို ရင် သစ္စာဖောက်ဖို့မလွယ်ဘူး”

ပေထင်းဟွမ်သည် လေကိုလေးလံစွာရှူသွင်းလိုက်သည်။ သူမ၏ စိတ် သည် အကြောများထဲတွင် နစ်မြှုပ်ထားကာ ရွှေရောင်သက်စောင့်ဆေးကို စတင်လှုပ်ရှားလေသည်။ ဂူအပြင်မှ ဝိညာဉ်စွမ်းအင်သည် ဂူထဲသို့ ကူးခတ်လာ ပြီး မူလကအေးချမ်းနေသော ဂူဝင်ပေါက်သည် လေအထက်သို့ရောက်သွားဟန် တူကာ စူးရှသောလေချွန်သံများသည် ဂူနံရံကိုဖြတ်သွားသည်။ ကျို့ယန်နှင့် တခြားသားရဲများသည် ချက်ချင်းပင်အတုခိုးပြီး ပေထင်းဟွမ်ဘေးတွင်ရပ်လေ သည်။ သူတို့သည် သက်တောင့်သက်သာနေရာကိုရှာပြီး ပေထင်းဟွမ်အား မှီလေသည်။

ယန်ယဲ့သည် နောက်မှလိုက်လာသော်လည်း အနားမကပ်ရဲပေ။ သူသည် ပေထင်းဟွမ်ရှိသည့်နေရာမှ မိုင်တစ်ရာအကွာတွင် လေပေါ်တွင်ရပ်ကာ ပေထင်းဟွမ်ရှိသည့်တောင်ဆီသို့ကြည့်နေသည်။ သူ၏မျက်လုံးများသည် တည်ငြိမ်သော်လည်း သူ စဉ်းစားနေသည့်အရာကိုမသိနိုင်ပေ။

“သခင် နတ်မိစ္ဆာဧကရီက တစ်ခုခုဖြစ်နေပြီ” ချုံချီသည် သတ္တိမွေးကာ ရှေ့တိုးပြီးပြောလိုက်သည် “လွန်ခဲ့တဲ့နှစ်တစ်သောင်းက နတ်မိစ္ဆာဧကရီက သူမရဲ့ခံစားချက်တွေကို ဆက်တိုက်ဖိနှိပ်ခဲ့တယ်၊ အဲအချိန်ကတည်းက သူမက သွေးစာချုပ်ရဲ့စွမ်းအားကိုသိပြီးသားပဲ၊ အခု နတ်မိစ္ဆာဧကရီပြန်ဝင်စားတော့ စိတ်ကပိုဆတ်လာတယ်၊ ကြမ်းတမ်းတယ် သူမက သခင် ဒီလိုမျိုး နာကျင်မှု တွေ ခံစားနေရတာကို ဆက်ကြည့်နေမှာမဟုတ်ဘူး”

ထို့အပြင် ထိုနာကျင်မှုကိုမခံနိုင်လျှင် အဆုံးတွင် ပြာဖြစ်သွားမည်ဖြစ် သည်။

စကားပြောနေစဉ်တွင် ချုံချီသည် ပိုင်ဇီနှင့်တခြားသူများကို ဆက်တိုက် မျက်စိမှိတ်ပြနေသည်။ ထို့ကြောင့် ပိုင်ဇီသည် ရွေးချယ်စရာမရှိတော့ဘဲ ရှေ့ထွက်ကာ ချုံချီအားသဘောတူရလေတော့သည် “နတ်မိစ္ဆာဧကရီက ကြိုမသိထာရင် နတ်သွေးစာချုပ်ပျက်တဲ့အချိန်ကျရင် သခင်ကပျောက်သွားမှာ ပဲ၊ သူမ မခံနိုင်လို့ တစ်ခုခုဖြစ်သွားရင် သခင်လည်း စိတ်မကောင်းဖြစ်ရမယ် မလား”

ထိုစကားကိုကြားလိုက်ရသောအခါ ယန်ယဲ့သည် ထိတ်လန့်သွားသည်ကို ချုံချီနှင့်တခြားသူများသည် မြင်နေရသည်။ ထင်ရှားစွာပင် သူ နားထောင်နေ သည်။ နောက်ဆုံးစကားသည် သူ့ရင်ထဲသို့ထိသွားလေသည်။

All Chapters