နတ်မိစ္ဆာဧကရာဇ်က အမြဲတမ်းနတ်မိစ္ဆာဧကရာဇ်ဖြစ် နေမှာပဲ
Vol. 64 Ch. 1263
ရွှမ်ဝူသည် အလျင်အမြန်ပင် ဖျောင်းဖျရန်အောင်နိုင်နေသည့် အခွင့်အရေးကိုယူကာ ပြောလိုက်သည် “နတ်မိစ္ဆာဧကရီက အရမ်းသန်မာတဲ့ စရိုက်ရှိပါတယ်၊ တစ်ခုခုဖြစ်တယ်ဆိုရင် အဆုံးသတ်ကတစ်ခုပဲရှိတယ်၊ နတ်မိစ္ဆာဧကရီက သေချာပေါက် လက်တုံ့ပြန်မှာပဲ၊ သူမက စိတ်ကြီးတယ်၊ သူမရဲ့ကံတွေ အပြစ်တွေကို နောက်မှာချန်ထားခဲ့ပြီ၊ ခင်မင်မှုကိုပဲ အလေး အနက်ထားတော့တယ်”
“ဟုတ်တယ် ဟုတ်တယ်” ပီဖုန်းသည် အလျင်အမြန်ပင်ပြောလေသည် “ဧကရီရဲ့စကားတွေက နားဝင်မချိုပေမဲ့ သခင့်အပေါ်မှာ မေတ္တာကြီးမား ကြောင်းကို လက်အောက်ငယ်သားတွေ မြင်နိုင်ပါတယ်၊ ဒီချစ်ခင်းက နောက်ဆုံး သေမယ့်အချိန်ထိ တည်မြဲသွားမှာမြင်နိုင်ပါတယ်”
ယန်ယဲ့၏တစ်ကိုယ်လုံးသည် တောင့်တင်းသွားသည်။ ကိုယ်ရံတော်လေး ယောက်၏ စကားများကို သူ သံသယမဝင်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ပေထင်းဟွမ်၏မျက်လုံးထဲမှ ပြတ်သားမှုများကိုမြင်ပြီးနောက် လွန်ခဲ့ သည့်နှစ်ပေါင်းထောင်ချီက သူမ၏ချစ်ခြင်းသည် ဘဝတစ်ခုနှင့်ရင်းရမည်ဖြစ် ကြောင်းကို သူ သတိရသွားသည်။ သို့သော် ဤဘဝတွင် သူမသည် သူ့အတွက် ကမ္ဘာတစ်ခုလုံးကို ဖြိုဖျက်ပေးနိုင်မည်ဖြစ်သည်။
“ကောင်းကင်ကပို့လိုက်တဲ့ သွေးမျိုးစေ့၊ နတ်ဘုရားကပို့လိုက်တဲ့ သွေး မျိုးစေ့” ယန်ယဲ့သည် အံတင်းတင်းကြိတ်ကာ ထိုစကားလုံးများကို တစ်လုံးချင်း စီထုတ်ပြောပြီး နောက်ဆုံးတွင် ကောင်းကင်ပေါ်သို့မော့ကာ ရယ်မောလေ သည် “ရှီဖုန်း မင်ရှို့ မင်းတို့ သေရမယ့်အချိန်ရောက်လာတော့မယ်”
ထိုအချိန်တွင် ပေထင်းဟွမ်သည် လေ့ကျင့်ရာမှ မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လာသည်။ သူမ၏မျက်လုံးမှာ မီးတောက်များလောင်ကျွမ်း နေသကဲ့သို့ ကိုးရောင်အလင်းတန်း လက်သွားလေသည်။ သူမသည် ယန်ယဲ့၏ ပူဆွေးမှုနှင့်နာကြည်းမှုများကို ကြားသောအခါ ရုတ်တရက် နှလုံးသားတစ်ခုလုံး တုန်ယင်မိသည် “ဟုတ်တယ် မင်ရှို့ ရှီဖုန်း မင်းတို့သေပြီ၊ ငါပြန်လာပြီ မင်းတို့ သေတော့မယ့်အချိန်ရောက်တော့မယ်”
သူမသည် နှုတ်ခမ်းများကို ဖြည်းဖြည်းချင်းရပ်လိုက်ပြီး လက်ပတ်ထဲမှ လိပ်ကိုထုတ်လိုက်သည်။ လိပ်သည်ပို၍ရိုးသားလာကာ ပေထင်းဟွမ်အား ကြောက်ရွံ့သည့်အကြည့်ဖြင့် ကြည့်လေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ် တွင်သူသည် ရောင်ဝါနှင့်နတ်မိစ္ဆာစွမ်းအင်ပြည့်နှက်နေသော ပေထင်းဟွမ်၏ လက်ပတ်အတွင်းတွင် နလန်ထူပြီးဖြစ်လေသည်။ သို့သော် သူသည် ပြင်းထန် စွာ ဒဏ်ရာရခဲ့ရာ ပေထင်းဟွမ်၏ တခြားသားရဲများသည် သူ့အား နည်းလမ်း အမျိုးမျိုးဖြင့် အနိုင်ကျင့်ကြလေသည်။ ထို့ကြောင့် အပြည့်အဝပြန်ကောင်းလာ ခြင်းမဟုတ်ပေ။
“ငါ့စာချုပ်သားရဲဖြစ်လိုက်ပါ၊ မင်းစကားကို ပြန်မရုတ်သိမ်းဘူးမလား၊ ဟုတ်တယ်မလား” ပေထင်းဟွမ်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ သူမ ၏ နှုတ်ခမ်းတွင် လှောင်ပြောင်သည့်အပြုံးနှင့်ပြောလိုက်သည်။
“မဟုတ်ဘူး မဟုတ်ဘူး လုံးဝမဟုတ်ဘူး” အပလောကပင်လယ်လိပ် သည် ခေါင်းကိုအားပါပါခါယမ်းလိုက်သည် “တကယ်တော့ နတ်မိစ္ဆာဧကရာဇ် ငါ့ကိုကယ်တုန်းက ငါ့အသက်ကို သူကယ်ခဲ့တယ်ဆိုတာကို ရှင်းလင်းအောင် လုပ်ပြီးသားပါ၊ ဒီအသက်က ငါ့အပိုင်မဟုတ်တော့ပါဘူး ၊ဒါပေမဲ့ ဟီးဟီး နှစ်တွေအများကြီးကြာသွားပြီးတော့ ဒီစကားကိုငါ မေ့လုနီးပါးဖြစ်သွားတာ”
ပေထင်းဟွမ်၏မျက်လုံးများသည် ဂူအပြင်ဘက်သို့လှည့်လိုက်သည်။ သူမသည် နှစ်တစ်သောင်းသက်တမ်းရှိသစ်ပင်၏ အစိမ်းရောင်နွယ်ပင်များ တက်နေသည့် ပင်စည်ကိုမြင်နေရသည်။ လေထဲတွင် အမည်မသိပန်းများ ဝေ့ဝဲ ပါလာသည် “သူ့ကို ယန်ယဲ့လို့ခေါ်တာမလား ဘာလို့ အခု နတ်မိစ္ဆာအရှင်ပြန် ဖြစ်သွားတာလဲ”
အသံသည် အရှေ့လေကဲ့သို့ ပေါ့ပါးနေသည်။ သို့သော် အပလောက ပင်လယ်လိပ်ကြီးသည် ပေထင်းဟွမ်၏အသံထဲမှ အေးစက်မှုကို ကြားနိုင်တုန်း ပင် “ယန်းမိုထျန်းမျိုးနွယ်က နတ်မိစ္ဆာဧကရာဇ် ၃၃ ကောင်းကင်ဘုံကနေ ထွက်သွားတဲ့အချိန်မှာ နှစ်ပိုင်းကွဲသွားတယ်၊ နတ်မိစ္ဆာဧကရာဇ်က ဂုဏ်သိက္ခာ ပျောက်ဆုံးခဲ့တယ်၊ ၃၃ ကောင်းကင်ဘုံမှာ နတ်မိစ္ဆာဧကရာဇ်ဆိုတဲ့စကားလုံးကို မှတ်မိတဲ့သူ နည်းနည်းပဲကျန်တော့မှာစိုးတယ်၊ ဒါပေမဲ့ သူ ပြန်လာတာနဲ့ နတ် မိစ္ဆာဧကရာဇ်က နတ်မိစ္ဆာဧကရာဇ်ဖြစ်နေဦးမှာပဲ”
နတ်မိစ္ဆာဧကရာဇ်သည် သူ၏ဂုဏ်သိက္ခာကို ဆုံးရှုံးခဲ့ရသည်။ ထိုစကား လုံးများသည် ချွန်ထက်သည့်ဓားသွားအလား ပေထင်းဟွမ်၏ နှလုံးသားကို မွှန်းလေသည်။
ပေထင်းဟွမ်၏မျက်လုံးများသည် ပင်လယ်လိပ်၏ ခန္ဓာကိုယ်ပေါ်သို့ ဖြည်းဖြည်းချင်းရောက်သွားပြီး သူ၏ပဲစေ့မျက်လုံးတစ်စုံနှင့် သွားဆုံလေသည်။ အပလောကလိပ်မှာ တစ်ကိုယ်လုံးတွင် အမွေးဖုံးနေပြီး ကြောက်လန့်တကြား နောက်ဆုတ်ကာ ကလူသည့်အပြုံးပြုံးလေသည် “အရှင်မ ငါက အရှင်ကြီး အဆင့်သားရဲပါ၊ ငါက အရှင်ကြီးအဆင့်ပြီးမြောက်တဲ့အဆင့်တောင်ရောက်ပြီ ထိန်းကျောင်းဖို့ဆို ရှေးဟောင်းသားရဲထိန်းလိုတယ်၊ ငါ့ကို ထိန်းကျောင်းနိုင် မလားလို့ နတ်မိစ္ဆာဧကရာဇ်ကို မေးပေးလို့ရမလား၊ ငါ ဘာမှမခုခံဘူးလို့ ကတိ ပေးပါတယ်”
“မလိုဘူး” ယန်ယဲ့မှာ သားရဲများကို ထိန်းကျောင်းရန် မည်သည့် နည်းလမ်း သုံးသည်ကို ပေထင်းဟွမ် မသိပေ။ နတ်မိစ္ဆာကျွင်းတန့်မှ ဖန်ဆင်းရေးနတ်ဖုရားထိ ထားခဲ့သည့်နည်းလမ်းဖြစ်၍ ထူးခြားသည့်စွမ်းအား ဖြစ်လိမ့်မည်ဟု သူမ ထင်သည်။ သူမသည် ဖြည်းဖြည်းချင်းပြောလေသည် “ငါ ရှေးဟောင်းသားရဲထိန်းဖြစ်နိုင်တယ်”