အပလောကပင်လယ်လိပ်နတ်ဘုရားအား စာချုပ်တည်ထောင်ခြင်း
Vol. 64 Ch. 1264
“ငါရှေးဟောင်းသားရဲထိန်းဖြစ်နိုင်တယ်”
ထိုစကားများသည် ပင်လယ်လိပ်၏စိတ်ထဲတွင် ထပ်ခါထပ်ခါ ပဲ့တင်ထပ် သွားလေသည်။ ပဲစေ့မျက်လုံးတစ်စုံသည် ထိတ်လန့်တကြား ထွက်လာတော့ မည့်အတိုင်းပင်။ ရှေးဟောင်းသားရဲထိန်းဆိုတာ ဘာလဲဆိုတာသိရဲ့လား။ ရှေးခေတ်တုန်းကတောင် ၃၃ ကောင်းကင်ဘုံမှာ ရှေးဟောင်းသားရဲထိန်းက နည်းနည်းပဲရှိခဲ့တာကို မသိဘူးလား။ တစ်ယောက်ချင်းစီက ဖန်ဆင်းရေး နတ်ဘုရားရဲ့ ထူးခြားတဲ့သွေးရှိတာကိုလည်းမသိဘူးလား။
ရုတ်တရက်ဆိုသလိုပင် ကိုးရောင်အမြင့်ဆုံးနှင့် သူမ၏ အရင်ဘဝမှ သရုပ်မှန်ကိုတွေးပြီးနောက် အပလောကပင်လယ်လိပ်ကြီးသည် သူ့ကိုယ်သူ ရိုက်ပြီးသေချင်လာသည်။ သူ ဘာတွေထိတ်လန့်နေတာလဲ။ ဒီလို ဆိုးသွမ်းတဲ့ လူမျိုးက ရှေးဟောင်းသားရဲထိန်းဖြစ်တာ ဘာတွေထူးဆန်းနေလို့လဲ။
လွန်ခဲ့သည့်နှစ်ပေါင်းထောင်ချီက မင်းသမီးဟွမ်ကျို့သည် ဖန်ဆင်းရေး နတ်ဘုရား၏ ပြီးပြည့်စုံသောဆက်ခံသူဖြစ်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာ သည်မသိလောက်အောင် နှုတ်ဆိတ်နေခဲ့သော ကစဥ့်ကလျားနတ်အရင်းအမြစ် သည် ထွက်လာပြီး သူမအား သခင်အဖြစ်ရွေးချယ်ခဲ့ခြင်းကြောင့်ပင်။ ဤကဲ့သို့ လူတစ်ယောက်အတွက် ဤဘဝတွင် ကစဥ့်ကလျားနတ်အရင်းအမြစ်ကဲ့သို့ နတ်ပစ္စည်းမရှိလျှင်တောင် သူမအတွက် ရှေးဟောင်းသားရဲထိန်းဖြစ်ရန် မသက်ရောက်နိုင်ပေ။
ဤကဲ့သို့အချိန်တွင် သေချာပေါက်ပပင် ပင်လယ်လိပ်သည် ခုခံရန် အတွေးမရှိပေ။ ပေထင်းဟွမ်၏ ဆိုးဆိုးဝါးဝါးအရိုက်ခံရုံတင်သာမက သူသည် သူမ၏နေရာထဲမှ သားရဲများအားလုံး၏ အနိုင်ကျင့်ခြင်းကိုခံခဲ့ရသည်။ ထို့အပြင် ပေထင်းဟွမ်သည် လက်ရှိတွင် နတ်ဘုရားအဆင့်သာရှိသေးသော်လည်း သူ၏ သခင်ဖြစ်ထိုက်သည်။
ပေထင်းဟွမ်၏လက်ကို သူ၏ခေါင်းပေါ်အတင်ခံလိုက်သည်နှင့် ပေထင်းဟွမ်၏လက်ဖဝါးမှထွက်လာသည် နွေးပြီးအေးသည့် ဝိညာဉ်စွမ်းအား မှာ သူ၏အသိစိတ်ပင်လယ်ထဲသို့ဝင်သွားသည်ကို ခံစားမိလေသည်။ သူ၏ ခန္ဓာကိုယ်တွင် ဝန်းပတ်ကာ ပေထင်းဟွမ်ကြောင့် ခံစားခဲ့ရသော နာကျင်မှုများ သည် လျင်မြန်စွာပင် ပြန်ကောင်းလာသည်။
“ကစဥ့်ကလျားနတ်အရင်းအမြစ်လား”
အကြောများကိုအနည်းငယ် မွမ်းမံပြီးနောက် အပလောကပင်လယ်လိပ် သည် ထိတ်လန့်သွားလေသည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ပေထင်းဟွမ်အား ထပ်မံရွေးချယ်လိမ့်မည်ဟု ထင်မထားပေ။ သူ မစဉ်းစားဘဲ မနေနိုင်ပေ “ဖန်ဆင်းရေးနတ်ဘုရားပြောတာမှန်တဲ့ပုံပဲ၊ သူမက တကယ်ပဲ နှစ်သက်လောက်စရာပဲ၊ သူမ ပြောတာမှန်တယ်၊ သူမ အခုလက်ရှိမကြီးထွား ရင်တောင် နောက်ဆိုရင် ငါက သူမရဲ့သားရဲဖြစ်ဖို့ အရည်အချင်းရှိမှာမဟုတ်ဘူး”
ထို့အပြင် ကိုးရောင်အမြင့်ဆုံးအုပ်စိုးသူနှင့် အဂူးရှိနေသည်။ အဂူးသည် အပလောကပင်လယ်လိပ်၏ အရှင်ကြီးထက်မနိမ့်ပေ။ ၃၃ ကောင်းကင်ဘုံမှာ မည်သို့နည်း။ ၎င်းသည် ချောက်ထဲသို့ နဂါးခုန်ဝင်သွားသလို၊ ကောင်းကင်သို့ လင်းယုန်ပြန်သွားသလိုဖြစ်ကာ ၎င်း၏ခွန်အားသည် ပင်လယ်လိပ်အောက် မနိမ့်ပေ။
အပလောကပင်လယ်လိပ်သည် ပေထင်းဟွမ်၏ ထိန်းကျောင်းမှုကို မခုခံမိစေရန် သူ၏စိတ်စွမ်းအားကို အကောင်းဆုံးထိန်းချုပ်နေသည်။ သို့သော် ခွန်အားကွာခြားချက်မှာကြီးသဖြင့် အပလောကလိပ်ကို ထိန်းကျောင်းရန် များစွာအားစိုက်ထုတ်ရသည်။ အပလောကပင်လယ်လိပ်၏ခွန်အားသည် အနည်းငယ်တိုးတက်လာကာ အရှင်ကြီးထိပ်ဆုံးအဆင့်ကို ပြီးမြောက်လေ၏။
သို့သော် အပလောကပင်လယ်လိပ်သည် ၃၃ ကောင်းကင်ဘုံသို့ဝင်ချိန် တွင် စစ်မှန်သောအမြင့်ဆုံးဘုံသို့ရောက်မည်ဖြစ်သည်။ အမှောင်နတ်မိစ္ဆာဘုံ ဖြစ်စေ မန္တလာမြေဖြစ်စေ နယ်မြေဖိနှိပ်မှုရှိသည်။
ထိန်းကျောင်းပြီးနောက် အပလောကပင်လယ်လိပ်၏ ဝိညာဉ်သည် အနည်းငယ် နှေးကွးလာသည်။ သို့သော် ကံကောင်းစွာပင် ပေထင်းဟွမ်သည် အလျင်အမြန်ပင် စာချုပ်တည်ထောင်လိုက်သည်။ ရွှေရောင်အလင်းသည် သူမကို ဝန်းရံပြီး ဂူတစ်ခုလုံးတွင် ရွှေရောင်အလင်းများ ရောင်ပြန်ဟပ်နေ၏။ ကြီးမားသောစွမ်းအင်အတက်အကျသည် သူမ၏ခန္ဓာကိုယ်ကို ရစ်ပတ်ပြီး ကြီးမားသောလေသည် ဂူတစ်ခုလုံးကို ဖွင့်လုမတတ်ပင်။
ပေထင်းဟွမ်သည် စာချုပ်နှင့်ရင်းနှီးပြီးသားဖြစ်သော်လည်း အရှင်ကြီး အဆင့်သားရဲနှင့် စာချုပ်တည်ထောင်ရန် အချိန်ယူရလေသည်။ မည်မျှစောင့်ရ သည်ကိုတော့မသိပေ ပေထင်းဟွမ်၏အသိစိတ် ပင်လယ်ထဲတွင် အနည်းငယ်အက်ကွဲပြီး အိုမင်းသောအသံမှာ ရင်းနှီးစွာထွက်ပေါ်လာသည် “သခင် ပေမင်က သခင့်ကိုတွေ့ဆုံပါတယ်”
လက်ဆေးကန် အရွယ်အစားရှိ လိပ်ကြီးသည် ပေထင်းဟွမ် ပတ်ပတ်လည်ရှိ ရွှေရောင်အလင်းမှ ဖြည်းဖြည်းချင်းတွားသွားပြီးထွက်လာ သည်။ သူသည် ပေထင်းဟွမ်ရှေ့တွင် ခေါင်းညိတ်ပြီး ပေထင်းဟွမ်အား အရိုအသေပေးလေသည်။