← Chapters

မကြာခင် သူမအကုန်လုံးသိတော့မှာပါ

Vol. 64 Ch. 1265

မကြာခင် သူမအကုန်လုံးသိတော့မှာပါ

Vol. 64 Ch. 1265

ပေထင်းဟွမ်သည် ပင်လယ်လိပ်၏ပုံစံငယ်ဖြစ်သည့် အနည်းဆုံး ကီလို ၂၀၊ ၂၅ ရှိသော ထိုမသေးလှသည့်လိပ်ကိုကြည့်ပြီးပြောလိုက်သည် “ပေမင် မင်းက ဒီကိုအရှင်ကြီးအဖြစ်နဲ့ရောက်လာတာ မင်းရဲ့ပုံစံကို မပြောင်းနိုင်ဘူး လား”

အရိုးသားဆုံးပြောရလျှင် ပေထင်းဟွမ်သည် ပင်လယ်လိပ်၏ လူသား အသွင်ကို အလွန်သိချင်တုန်းပင်ဖြစ်သည်။

ထိုစကားကိုကြားသောအခါ ဘေးတွင်စောင့်နေကြသော ကျို့ယန်တို့မှာ လည်း အပလောကပင်လယ်လိပ်ကြီးအား စပ်စုသည့်မျက်လုံးများ၊ သူ၏ လူသားအသွင်ကို သိချင်သောမျက်လုံးများဖြင့် ကြည့်လေသည်။ အပလောက ပင်လယ်လိပ်သည် ခေါင်းကိုခါယမ်းလိုက်သည် “မပြာင်းဘူး၊ ငါ လူသားပုံစံကို မပြောင်းဘူး၊ ငါက လူသားပုံစံကို အမုန်းဆုံးပဲ”

သူမသည် ပုံရိပ်ကို ကဖျက်ယဖျက်လုပ်ခြင်းကြောင့် ဤလူသည် ပို၍ စက်ဆုပ်နေသည်ဟု ပေထင်းဟွမ် စိတ်ထဲမှတိတ်တိတ်လေးတွေးလိုက်သည်။ ထိုအချိန်တွင် သူမသည် အပလောကလိပ်ကို ဂရုမစိုက်နိုင်ခဲ့ပေ။ စာချုပ် တည်ထောင်ပြီးနောက် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းမှ ချလိုက်သော ကြီမားသောစွမ်းအင်သည် သူမ၏ခန္ဓာကိုယ်ထဲသို့ လောင်းထည့်လေသည်။

ကိုးရောင်နိဗ္ဗာန်မီးသည် မိုးကြိုးနှင့်လျှပ်စီး၏စွမ်းအားကို ထပ်ခါထပ်ခါ ပုံသွင်းလိုက်ရာ သည်တစ်ခေါက် စွမ်းအင်သည်အလွန်ကြီးမားပြီး အတူတကွ ပြေးတိုက်လိုက်ချိန်တွင် ပေထင်းဟွမ်၏ တစ်ကိုယ်လုံးရှိအကြောများ နာကျင်မှု ကျန်နေတုန်းပင်။ သူမသည် အံကိုတင်းတင်ကြိတ်လိုက်သည်။ ခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျားနတ်အရင်းအမြစ်သည်လည်း ပေထင်းဟွမ်၏ခန္ဓာကိုယ်တစ်စုံ တစ်ရာလွဲမှားနေသည်ကို အာရုံခံမိပြီး အဆက်မပြတ် အလုပ်လုပ်တော့သည်။

ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ကြီးမားသောစုပ်ခွ်ကြီးတစ်ခုလို ပင်။ အကြောထဲမှ သွေးကြောထဲသို့ စွမ်းအင်များအားလုံး စုပ်ယူပြီးပို့ပေးလေ သည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်၏ ချုပ်တည်းခြင်းကိုခံရပြီးနောက် ကစဥ့်ကလျားနတ်အရင်းအမြစ်နှင့် စွမ်းအင်လုံးကို ချိတ်ဆက်ထားသော ငွေချည်သည် ပိုပိုပြီးသန့်ရှင်းလာသည်။ စွမ်းအင်အားလုံးသည် ရွှေရောင်အမြု တေထဲသို့ ပို့ဆောင်ခြင်းခံလိုက်ရ၏။

စွမ်းအင် အဆက်မပြတ်ထည့်လိုက်သည်နှင့် ပေထင်းဟွမ်၏ခန္ဓာကိုယ် ပတ်ပတ်လည်မှ ရွှေရောင်အလင်းသည် ရင့်သွားပြီး နောက်ဆုံးတွင် ရွှေရောင် အဖျော့မှ ရွှေရောင်အဖြစ်ပြောင်းသွားလေသည်။ ၎င်းထဲတွင် ကိုးရောင်အလင်း ကျန်နေဆဲဖြစ်ကာ ၎င်း၏အဓိပ္ပာယ်သည် ကောင်းကင်နှင့်မြေကြီးမှ အပ်နှင်း သည့် စွမ်းအင်သည်လည်း ပေထင်းဟွမ်၏အကြောထဲမှ ကိုးရောင်နိဗ္ဗာန်မီးနှင့် ပေါင်းစပ်ရာ သူမ၏ကိုယ်ပိုင်စွမ်းအင် လုံးလုံးလျားလျားဖြစ်သွားလေသည်။

ကောင်းကင်မှ ဆင်းသက်လာသော ကိုးရောင်အလင်းသည် တောင်ကို လွှမ်းခြုံလေသည်။ မိုင်ရာချီအကွာ မိုးပေါ်တွင် ရပ်နေကြသော ယန်ယဲ့နှင့် တခြားသူများသည် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းလာနေသည်ကိုမြင်သော အခါ အသက်အောင့်မိထားကြလေသည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း လာသည့်အဓိပ္ပာယ်သည် ပေထင်းဟွမ် နတ်ဘုရားအဆင့်သို့ ထပ်မံတက်သွား ပြီဖြစ်ကြောင်းကို သူတို့ ကောင်းကောင်းသိကြသည်။

“သူက အပလောက နတ်လိပ်ကို ထိန်းကျောင်းလိုက်ပြီ စာချုပ်လည်း တည်ထောင်လိုက်ပြီပဲ” ယန်ယဲ့သည် ပေထင်းဟွမ်အတွက် ပျော်ရွှင်မိသည်။ သို့သော် တစ်ချိန်တည်းမှာပင် အပလောကလိပ်သည် ပေထင်းဟွမ်၏ စာချုပ်သားရဲဖြစ်လာပြီး ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းအောက်တွင် သခင် အစေခံစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပါက အပလောကလိပ်ကြီးသည် ပေထင်းဟွမ်အား သခင်အဖြစ် ခစားရမည်ကို စိုးရိမ်မိသည်။

“မကြာခင် သူမ အကုန်သိသွားတော့မှာ” ယန်ယဲ့သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ခရမ်းရောင်မျက်လုံးတစ်စုံသည် တောင်ထိပ်ကို စိုက်ကြည့်ရာ ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်သို့ တဖြည်းဖြည်းမြင့်တက်လာသည်။ အနီရောင်စကတ်တိုတိုဝတ်ထားသော မိန်းကလေး၏ နဖူးပေါ်တွင် မီးတောက်ပုံနှိပ်ပေါ်လာသည်ကို မိုင်ရာချီဝေးနေ သည့်နေရာမှပင် ရှင်းလင်းစွာမြင်နိုင်လေသည်။

သူမ၏ခြေထောက်အောက်တွင် ကြီးမားသော သတ္တဂံကြယ်အစီအရင် နှင့် သန့်စင်သောကြက်ခြေခတ်ဓားများသည် ခြေထောက်ပတ်ပတ်လည်တွင် သပ်ရပ်စွာစီမံထလေသည်။ ကိုးရောင်အလင်းသည် တဟုန်ထိုးပြေးသွားကာ မိန်းကလေးပေါ်တွင် ရောင်ပြန်ဟပ်ပြီး သူမအား ခမ်းနားသောစစ်နတ်ဘုရား ကဲ့သို့ဖြစ်စေသည်။

“ဓား ၉ ချောင်းနတ်ဘုရားလား၊ အမှားအယွင်းများရှိနေလား”

မိုင်ရာချီအကွာအဝေးမှပင် ချုံချီနှင့်တခြားသူများ၏ အမြင်တွင် ကြီးမားသော သတ္တဂံကြယ်အစီအရင်နှင့် သန့်စင်သောဓားတောက်ပနေမှုများ ကို ရှင်းလင်းစွာမြင်ရလေသည်။ သူတို့လေးယောက်သည် တညီတညွှတ်တည်း ရှေ့တိုးကာ မျက်လုံးများကို ပွတ်သပ်ကြည့်ကြလေသည်။ လေးယောက်လုံး သည် သူတို့မြင်နေရသည်များကိုမယုံနိုင်ဖြစ်လေသည်။

“သူမ နတ်ဘုရားအဆင့်ကို တက်သွားတာ မနေ့ကလိုပဲရှိသေးတာကို မှတ်မိသေးတယ်၊ ဒီနေ့ သူမက ဓား ၉ လက်နတ်ဘုရားဖြစ်နေပြီဟုတ်လား၊ ဒါက ကြောက်စရာမကောင်းလွန်းဘူးလား” ပိုင်ဇီသည် တည်ငြိမ်နေကာ ဤ အခိုက်အတန့်တွင် အနည်းငယ်စိတ်မရှည်ဖြစ်လေသည်။

All Chapters