ငါ့ကို ဘယ်လိုတောင်မကြိုက်ရဲရတာလဲ
Vol. 64 Ch. 1266
“ဟီးဟီး ဒီတစ်ခေါက် အဆင့်တက်တာ အချိန်အတိုဆုံးပဲ ဟုတ်တယ် မလား” ရွှမ်ဝူလည်း သက်ပြင်းကြီးချမိလေသည်။ သူ၏ အသည်းနှင့် သည်းခြေ များကွဲပြဲသွားလောက်အောင် ကြောက်မိသော်လည်း တခြားသူများကို ရိုက်ရန် မမေ့ပေ “မမေ့လိုက်နဲ့နော် လွန်ခဲ့တဲ့နှစ်တစ်ဝက်က သူမ ဘာလုပ်ခဲ့တာလဲ အခု ဓား ၁ လက် နတ်ဘုရားကနေ ဓား ၉ လက်နတ်ဘုရားအဆင့်တက်တာ အချိန် တစ်လပဲကြာလိုက်တယ် အဲဒါက နှေးတယ်လို့တောင် ပြောလို့ရတယ်”
ပီဖုန်းသည် ရုတ်တရက် သူ့ခေါင်းသူရိုက်ကာ ဝမ်းနည်းသောအသံဖြင့် ပြောလေသည် “လက်ရှိအခြေအနေကိုရောက်ဖို့ နှစ်ပေါင်းသောင်းချီ ကြာခဲ့တာ ငါ သေသင့်နေပြီလား”
သူ၏မေးခွန်းကို မည်သူမှ ပြန်မဖြေခဲ့ပေ။ သူ သေမည်ဆိုပါက ချုံချီနှင့် တခြားသူများသည် သူနှင့်အတူ အဖော်ပြုပေးမည်ဖြစ်သည်။ ထို့အပြင် သူတို့ သည် ခွန်အားတူညီသည်။ ထိုစဉ်ကလည်း ယန်ယဲ့နောက်သို့လိုက်ခဲ့သည်မှာ လည်း တစ်ချိန်တည်းပင်။ ပေထင်းဟွမ်ကဲ့သို့ မကောင်းဆိုးဝါးနှင့်ယှဉ်လျှင် သူတို့ အသက်ရှင်လာသည့် နှစ်တစ်သောင်းသည် အလဟဿပင်။
ထိုအချိန်တွင် ပေထင်းဟွမ်သည် ပတ်ပတ်လည်မှ ကိုးရောင်စက်ဝန်း ပုံစံနှင့် သန့်စင်သောဓား ၉ လက်ကိုကြည့်ပြီး သက်ပြင်းချမိလေသည် “ငါ တစ်ခါတည်းနဲ့ နတ်ဘုရားဘုရင်အဆင့်ကို တက်နိုင်လိမ့်မယ်လို့ထင်ထားတာ ဒါပေမဲ့ ဒီအဆင့်ပဲရလိမ့်မယ်လို့ ထင်မထားဘူး”
အပလောကပင်လယ်လိပ်သည် အငြင်းခံရသည့်ခံစားချက်မျိုးရလေ သည်။ ဤအခိုက်အတန့်တွင် သူသည် ပေထင်းဟွမ်အား သခင်အဖြစ် လက်ခံရ သည်ကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် သုံးပေမြောက်သွားအောင် ထခုန်ပြီး ပေထင်းဟွမ်၏ အသိစိတ်ပင်လယ်ထဲတွင် အော်လေသည် “သခင် မင်းက ဒါကို မကျေနပ်ဘူးဟုတ်လား၊ နတ်ဘုရားအဆင့်ကို တက်ပြီးတဲ့နောက် ဒါက ဘယ်လောက်ခက်လဲဆိုတာသိရဲ့လား တချို့လူတွေဆိုရင် နှစ်တစ်ရာမှ ပထမဆုံး အဆင့်တက်တယ်ဆိုတာ တော်တော်ကိုရှားတာ၊ မင်းက ရက်နည်း နည်းလောက်ပဲ ကြိုးစားပြီးတော့ ဓား ၉ လက်နတ်ဘုရားအဆင့်ရောက်သွား တာလေ”
သေချာပေါက်ပင် ပေထင်းဟွမ်သည် ဤအမှန်တရားကို နားလည်သည်။ သို့သော် လက်ရှိတွင် ခွန်အားသည် သူမအတွက် အလောတကြီးဖြစ်နေသည်။ သို့သော် အစားစားနေသလို တစ်ညတည်းနှင့် မသန်မာနိုင်သည်ကို သူမလည်း အလွန်ရှင်းလင်းစွာသိသည်။ သူမသည် တခြားဘာမှမပြောဘဲ လက်မြှောက် လိုက်ရာ ရွှေရောင်နတ်စွမ်းအားအလင်းတန်းသည် ဂူထဲမှ သားရဲလေးကောင် ကို ရစ်ပတ်ပြီး လက်ပတ်နေရာထဲသို့ ခေါ်သွားလေသည်။
ပေထင်းဟွမ်သည် လေပေါ်တက်လိုက်ပြီး ယန်ယဲ့ရှိသည့်ဘက်သို့ ကြည့်လိုက်ရာ လူငါးယောက်သည် စောင့်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။ သူမ စိတ်ကိုလှုံ့ဆော်လိုက်သည်နှင့် ထိုဘက်သို့ ပျံသွားလေသည်။
“ဟွမ်အာ”
ယန်ယဲ့သည် ရှေ့တိုးပြီး ပေထင်းဟွမ်အား ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ သူသည် ခေါင်းငုံ့လိုက်ကာ ခရမ်းရောင်မျက်လုံးများသည် မျက်စိရှေ့မှ နူးညံ့ သော မျက်နှာကိုစိုက်ကြည့်နေမိ၏။ ထို့နောက် သူမ၏နှုတ်ခမ်းပေါ်သို့ နူးညံ့စွာ အနမ်းပေးလိုက်သည် “ပြန်သွားရအောင် ကိုယ် အထင်သေးလောက်အောင် ညစ်ပတ်အိုးလေးဖြစ်နေပြီ”
သူမသည် ကန်ဘေးတွင် ကိုးရောင်နိဗ္ဗာန်မီးနှင့်ပေါင်းစပ်ရာ တစ်ကိုယ်လုံးတွင် ချွေးထွက်လိုက်၊ ခြောက်သွေ့လိုက်နှင့် အပလောကလိပ်နှင့် လည်း တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဂူထဲတွင် ပြန်ကုစားကာ အပလောကလိပ် အားထိန်းကျောင်းပြီး စာချုပ်တည်ထောင်ကာ ငါးရက်တိုင်တိုင် ထိုင်နေခဲ့၏။ သူမ၏အနံ့ထွက်နေသဖြင့် ပေထင်းဟွမ်ပင်လျှင် ရွံရှာမိလေသည်။
“ဘယ်လိုတောင် ရွံရှာရဲတာလဲ” ပေထင်းဟွမ်သည် သည်းညူလိုက်သော် လည်း သူမ၏ခေါင်းသည် ယန်ယဲ့၏ရင်ခွင်ထဲတိုးဝင်ပြီး လက်များမှာ ယန်ယဲ့၏ လည်တိုင်ကို ဖက်လျက်ရှိသည်။ သူမ အပလောကလိပ်ကြီးနှင့်စာချုပ်တည် ထောင်ပြီးနောက် နတ်ဘုရားသွေးစာချုပ်အကြောင်း ပေးခဲ့သင့်သည်။ သို့သော် အနည်းငယ်ကြောက်နေမိတုန်းပင်။ သူမသည် စိတ်ပိုင်းဆိုင်ရာ အဆင်သင့် မဖြစ်သေးပေ။ သူမ ဤလူနှင့် အချိန်ကြာမြင့်စွာ အတူရှိလေလေ သူနှင့်ခွဲခွာရ မည်ကို လက်မခံနိုင်လေလေဖြစ်သည်။
“သူ့ကို ထပ်ပြီး မနာကျင်စေရဘူး၊ ငါ့ကို သူ မထားသွားစေရဘူး၊ နှစ် တစ်သောင်းက လုံလောက်နေပြီ၊ လူတစ်ယောက်ကို နှစ်တစ်သောင်းစောင့်နိုင် တယ်၊ ငါ လုံးဝစိတ်ပြောင်းမှာမဟုတ်ဘူး၊ စကြာဝဠာထဲက ကမ္ဘာ ၃ ထောင်မှာ လူတစ်ယောက်ပဲရှိတယ်” ပေထင်းဟွမ် တွေးလိုက်သည်။ သူမ၏လက်များ သည် တင်းကြပ်လျက်ရှိသည် “ငါတို့ကို ဘယ်ဟာကမှ မခွဲနိုင်ဘူး၊ ကောင်းကင် နဲ့မြေကြီးစည်းမျဉ်းတောင်မရစေရဘူး”
ထိုအကြောင်းတွေးပြီး ပေထင်းဟွမ်သည် စိတ်ထဲတွင် ဆုံးဖြတ်ချက်ချ လိုက်သည်။ တစ်လသာကျန်သေးသည်။ သူမ မည်မျှပင် သွေးစာချုပ် ချိုးဖျက် ချင်လျှင်တောင် သူမ ပြင်ဆင်ရမည်။
ယန်ယဲ့သည် ပေထင်းဟွမ်၏ခံစားချက်ကို ခံစားမိသဖြင့် သူမဆီသို့ ခေါင်းလှည့်ကြည့်ပြီး သူမ၏ပါးပြင်ကို သူ၏ပါးပြင်ဖြင့် ပွတ်သပ်ကာ တင်းကြပ် စွာပွေ့ဖက်ထားမိလေသည်။