← Chapters

နတ်မိစ္ဆာထိပ်ဆုံးအဆင့်

Vol. 64 Ch. 1268

နတ်မိစ္ဆာထိပ်ဆုံးအဆင့်

Vol. 64 Ch. 1268

အဂူး၏ရင်ထဲမှ အပြစ်တင်စိတ်ကိုခံစားမိသဖြင့် ပေထင်းဟွမ်သည် မျက်လုံးများကိုမှိတ်ကာ အဂူးကို အသိစိတ်ထဲမှပြောလိုက်သည် “ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး အတိတ်ကအတိတ်ပဲ မင်း ငါ့ကို အကြွေးတင်တာကို တစ်နေ့ ငါ ပြန်တောင်းမှာပါ အခု ငါ ပြန်လာပြီပဲ၊ ဖြေရှင်းဖို့လိုတာတွေကို အရင်ဖြေရှင်း ကြတာပေါ့”

အပလောကပင်လယ်လိပ်သည် အဂူးအား သနားသောအကြည့်ဖြင့် ကြည့်လေသည်။ ဤလသည် သူ့သခင်၏ကယ်တင်ခြင်းကိုခံရပြီးနောက် နှစ်ပေါင်းများစွာ ချိတ်ပိတ်ခံထားရခြင်းဖြစ်မည်။ သူသည် လက်သည်းများကို ဆန့်ပြီးနောက် အဂူး၏ပခုံးကို အသာပုတ်လေသည် “ဝိညာဉ်နတ်ဘုရားမျိုးနွယ် ဧကရာဇ်မင်ဟုန်က နတ်ဘုရားတွေကို ကာကွယ်ဖို့ ဝိညာဉ်နတ်ဘုရားမျိုးနွယ် ရဲ့စွမ်းအားကိုသုံးပြီး သခင်နဲ့ မင်းသားမင်ရှို့တို့ကို သွေးသားစာချုပ်တည်ထောင် ဖို့ နတ်သွေးကိုသုံးခဲ့တာ၊ အဲအချိန်ကစပြီး သခင်က မင်းသားမင်းရှို့ရဲ့ ဇနီးပဲဖြစ် ရတော့မှာ”

“အဲလိုဆိုရင် မင်းသားမင်းရှို့က ဘာလို့ တခြားသူကိုလက်ထပ်လို့ရတာ လဲ” ပေထင်းဟွမ်သည် လှောင်ပြောင်စွာပြုံးပြီး ကန်ထဲမှ ရေကို သာမန်ကာ လျှံကာ ခပ်ယူကာ ရေမျက်နှာပြင်ပေါ်မှ ရေလှိုင်းများ ညင်သာစွာလှုပ်ခတ်သွား သည်ကို ကြည့်နေလေသည်။

“အဲတုန်းက သွေးစာချုပ်ကို ဝိညာဉ်နတ်ဘုရာမျိုးနွယ်က တည်ထောင် ပေးခဲ့တာ၊ အဲဒါက လူသားနဲ့ သားရဲကြားမှာ စာချုပ်တည်ထောင်သလိုပဲ၊ ၃၊ ၆၊ ၉ ဆိုပြီးခွဲခြားလို့ရတယ်၊ အထဲမှာ သခင်က မင်ရှို့အတွက်ပဲ ဇနီးဖြစ်လို့ရမယ် တခြားဟာတော့ ငါလည်းမသိဘူး” အပလောကလိပ်နတ်ဘုရား ပြောလေ သည် “ပြီးတော့ ဒါတွေအကုန်လုံးကလည်း သခင်ကျဆုံးပြီးမှ မင်းသမီးရှီဖုန်းက မင်းသားမင်ရှို့ကို အနောက်တောရိုင်းအတွက် လက်ထပ်ခဲ့တာ၊ အဲဒါကြောင့် ကောင်းကင်ရဲ့ သွေးစာချုပ်ဆိုတာက မညီမျှဘူးဆိုတာသိနိုင်နေတာပဲ”

“သခင် ဒါက လိမ်လည်မှုကြီးပဲ” မိုးကြိုးသွားသည် ကျိန်ဆဲလေသည် “ကိုယ့်ညီမကိုယ်တောင် ထိခိုက်အောင်လုပ်တာ ကိုယ်ကျဘာလို့မလုပ်နိုင်ရမှာ လဲ”

ပေထင်းဟွမ်သည် လွန်ခဲ့သည့်နှစ်တစ်သောင်းက အဖြစ်အပျက်များကို မမှတ်မိသည်ကို အပလောကလိပ်သိသည်။ ထို့ကြောင့် ပေထင်းဟွမ်အား ဖြည်းဖြည်းချင်းရှင်းပြလေသည် “မင်းသမီးရှီဖုန်းက သခင့်ထက် အသက် နှစ် ထောင်ကြီးတယ်၊ သူမကို လက်ရှိအနောက်တောရိုင်းရဲ့ ဧကရီကမွေးလာတာ၊ ပြီးတော့ မင်းသမီးဟွမ်ကျို့ကိုတော့ အနောက်တောရိုင်းဧကရာဇ်နဲ့ အမှောင် နတ်မိစ္ဆာဘုံကအမျိုးသမီးတို့က မွေးလာခဲ့တာ၊ အနောက်တောရိုင်းကဧကရာဇ် က အဲဒီအမျိုးသမီးကို လက်ထပ်တော့မလို့ပဲ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲ အမျိုးသမီးက မသေခင်မှာ သခင့်ကိုပဲ မွေးနိုင်ခဲ့တယ်”

လွန်ခဲ့သည့်နှစ်တစ်သောင်းက သူမ၏မိဘများနှင့် ပတ်သက်၍ ပေထင်းဟွမ်သည် ရင်ထဲမှခံစားချက်ကို မည်သို့ဖော်ပြရတော့မည်မသိပေ။ သူမ မည်မျှပင်ကြုံတွေ့ခဲ့စေကာမူ ပေထင်းဟွမ်သည် အနောက်တောရိုင်းနှင့် ပတ်သက်၍ဘာမှမပြင်ဆင်ခဲ့ပေ။ သူမသည် ဘာမှမဆိုင်နေသလိုပင်။

“ကောင်းကင်က ပေးသနားတဲ့သွေးစာချုပ်က ကောင်းကင်နဲ့မြေကြီး စည်းမျဉ်းနဲ့မတူဘူး၊ ဘာလို့လဲဆိုတော့ နတ်ဘုရားစွမ်းအားက ကောင်းချီးပေး ပြီး အဲဒါကိုချိုးဖောက်လိုက်တာနဲ့ ရမယ့်အပြစ်ဒဏ်က ပေါ့သေးသေးမဟုတ်ဘူး” အပလောကလိပ်ကြီး၏အသံနေအသံထားသည် ပို၍ခံ့ညားလာသည်။ “အရင် မျိုးဆက်တွေကလောက် မကောင်းတော့ပေမဲ့ ပတ္တမြားကမ္ဘာမှာ အခရာနေရာ ကို သိမ်းပိုက်ထားတုန်းပဲ၊ ဘာလို့လဲဆိုတော့ နတ်မိစ္ဆာတွေရဲ့အထက်မှာ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရှိနေတယ်၊ ပြီးတော့ အရေးအကြီးဆုံးက စီရင်ချက် ဗိမာန်ပဲ”

“နတ်မိစ္ဆာတွေရဲ့အထက်မှာ ရှိတယ်ဆိုတာဘာအဓိပ္ပာယ်လဲ” ဤလူသည် သူမရင်ဆိုင်ရမည့် ရန်သူအစစ်အမှန်ဖြစ်သည်ကို ပေထင်းဟွမ် သိ နေသည်။

အပလောကလိပ်ကြီးသည် ထိုလူအကြောင်းပြောရာတွင် သူ၏အသံထဲ၌ တုန်ယင်သံများပါဝင်နေသည် “ဝိညာဉ်နတ်ဘုရားတိမ်းပါးသွားပြီးတော့ နတ်မိစ္ဆာနတ်ဘုရား ကမ္ဘာမြေကြီးမိခင်ပဲရှိတော့ပြီး ပတ္တမြားကမ္ဘာမှာ ဧကရာဇ် အထွတ်အထိပ်ဆိုတာမရှိတော့ဘူး၊ ဧကရာဇ်အထွတ်အထိပ်ဆိုတာ ပတ္တမြားကမ္ဘာတစ်ခု လုံးကို အုပ်စိုးတဲ့ စစ်မှတ်တဲ့နတ်ဘုရားပဲ၊ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်တစ်သောင်း တုန်းက အထွတ်အထိပ်ဧကရာဇ်စွမ်းအားရှိတဲ့ လူတစ်ယောက် ဝိညာဉ်နတ်ဘုရား မျိုးနွယ်မှာ ရုတ်တရက်ပေါ်လာခဲ့တယ်၊ စစ်မှန်တဲ့နတ်ဘုရားတစ်ပါးထပ်ပေါ် လာတာပေါ့၊ ဒါပေမဲ့...”

အပလောကလိပ်ကြီးသည် အသက်ကို ပြင်းပြင်းရှူလိုက်သည် “ငါ တစ်ခါက ဝိညာဉ်နတ်ဘုရာမျိုးနွယ်ကိုခိုးဝင်ပြီးတော့ လင်ရှောင်ဟွာကို ခိုးဖို့ လုပ်သေးတယ်၊ အဲတုန်းက အဲလူက အထွတ်အထိပ်ဧကရာဇ်အဆင့်ကို ရတာမဟုတ် ဘူးလို့ကြားခဲ့တာ၊ သူက အထွတ်အထိပ်ထိပ်ဆုံးအဆင့်ကိုချိုးဖောက်ပြီး ဧကရာဇ် အထွတ်အထိပ်ဘုံကိုဝင်ခဲ့ပေမဲ့ ပတ္တမြားကမ္ဘာတစ်ခုလုံးကို မထိန်းချုပ်နိုင်ဘူး၊ ကမ္ဘာ မြေကြီးမခင်မဆုံးခင်က စကားတစ်ခွန်းပြောခဲ့တယ်လို့ကြားတယ်၊ အသက် တစ်ခုက နှစ်ခုဖြစ်နိုင်တယ်၊ နှစ်ခုက သုံးခုဖြစ်နိုင်တယ်၊ သုံးခုက အရာရာဖြစ် နိုင်တယ်တဲ့၊ အရာအားလုံးက သုံးခုဖြစ်နိုင်သလို၊ သုံးခုက နှစ်ခုကိုပြောင်းနိုင် တယ်၊ နှစ်ခုကလည်း တစ်ခုကိုပြောင်းနိုင်တယ်၊ ဘယ်သူမှန်းမိမှာလဲ၊ ဖန်ဆင်း ရေးနတ်ဘုရားသုံးပါးထားခဲ့တဲ့ ရတနာကို ရသွားတဲ့သူက နောက်ဆုံး စစ်မှန်တဲ့ နတ်ဘုရားဖြစ်လာလိမ့်မယ်လို့”

All Chapters