← Chapters

ငါ ဒီမှာရှိတယ်

Vol. 64 Ch. 1269

ငါ ဒီမှာရှိတယ်

Vol. 64 Ch. 1269

“ဒါကပြောရမယ် ဝိညာဉ်နတ်ဘုရားတွေက ငါ့ကို ဇာတ်လမ်းဆင်ဖို့ အတွက် ရှီဖုန်နဲ့ပေါင်းပြီး လှည့်ဖျားခဲ့တာပဲ၊ တကယ်တော့ ဒါက ငါ့ခန္ဓာကိုယ်ထဲ က ကစဥ့်ကလျားနတ်အရင်းအမြစ်ကိုရဖို့ပေါ့” အေးစက်သောအလင်းသည် ရေချိုးကန်ကို ထိုးဖောက်မတတ်ပင်။

ထိုအချိန်တွင် ပေထင်းဟွမ်သည် မင်းသမီးရှီဖုန်းကို တကယ်တွေ့ချင်လာ သည်။ သူမက တကယ်ကို သတ္တိရှိတဲ့မိန်းကလေးပေါ့ ဟုတ်လား။

“ပတ္တမြားကမ္ဘာအကြောင်းပြောချင်ရင် ဘယ်သူက အံ့ဩစရာကောင်း လောက်အောင် အရည်အချင်းရှိတဲ့လူလဲ” အပလောကလိပ်ကြီးသည် နှုတ်ခမ်း သပ်လိုက်သည် “သခင်မကြီးထွားခင်က သူမက မင်းသမီးရှီဖုန်းဖြစ်ခဲ့တာ၊ သူမ က သခင်နဲ့မတူဘူး၊ ၃၃ ကောင်းကင်ဘုံမှာ သခင့်မီးတောက်က ခွန်အားနဲ့ သတ္တိပေါ်မှာ မှီခိုတယ်၊ မင်းသမီးရှီဖုန်းက နည်းဗျူဟာနဲ့ တွက်ချက်မှုမှာ တော် တယ်လို့ပြောတယ်၊ ဒါပေမဲ့ ခွန်အားအရာဆိုရင် သူမက အားမနည်းဘူး၊ လွန်ခဲ့ တဲ့နှစ်တစ်ထောင်က သူမက အရှင်ကြီးအဆင့်ဖြစ်နေပြီ အခု အနည်းဆုံးတော့ သူမ အထွတ်အထိပ်အဆင့်ကိုရောက်နေလောက်ပြီ”

ထင်ထားသည့်အတိုင်းပင် အလွန်အားကောင်းသည်။ ပေထင်းဟွမ်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူမသည် လက်ရှိတွင် နတ်ဘုရားဘုရင်အဆင့်ပင်မရောက်သေးပေ။ သို့သော် တစ်ဖက်လူသည် အထွတ်အထိပ်သို့ရောက်နေပြီဖြစ်သည်။

ဒါပေမဲ့ ဘာဖြစ်လဲ။ လွန်ခဲ့တဲ့နှစ်ဝက်က သူမက ဘာမှမဟုတ်ခဲ့ဘူးလေ။

“သွေးစာချုပ်ဖျက်တဲ့အကြောင်းပြောရအောင်” ပေထင်းဟွမ်သည် ၃၃ ကောင်းကင်ဘုံ၏အခြေအနေကို ထပ်မစဉ်းစားချင်တော့ပေ။ သို့သော် လက်ရှိ ပြဿနာကို ဖြေရှင်းရန် လောနေသည်။

“စီရင်ချက်ဗိမာန်က ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့လက်ထဲမှာရှိတယ်၊ ပြီးတော့ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ အထွတ်အထိပ်အုပ်စိုးသူ မင်ဟုန်ကသာ စီရင်ချက်ဗိမာန်ကိုဖွင့်နိုင်တာ” အပလောကလိပ်ကြီးပြောလေသည် “ပတ္တမြားမြေက ကောင်းကင်နဲ့မြေကြီး စည်းမျဉ်းကို ချိုးဖောက်တဲ့လူတိုင်းက အပြစ်ပေးခံရမယ်၊ သူတို့ကို စီရင်ချက်ဗိမာန်ထဲကိုခေါ်သွားတတ်ကြတယ်၊ စီရင်ချက်ဗိမာန်က ပတ္တမြားကမ္ဘာနဲ့ ပြည်နှင်ဒဏ်ပေးတဲ့နေရာနဲ့ ချိတ်ဆက် ထားတဲ့လမ်းကြောင်းပဲ”

“အဲဒါဘယ်လိုနေရာမျိုးလဲ” ပေထင်းဟွမ် ထိုအကြောင်းအားမေးချိန်တွင် သူမ၏အသံသည် တုန်ယင်ကာ သူမမသိလိုက်ခင်မှာပင် အကြောက်တရားကို ဖော်ပြမိလေသည်။

ထိုအခိုက်အတန့်တွင် သူမ၏သားရဲများအားလုံးသည် အသက်အောင့်မိ ထားကြလေသည်။ မည်သူမှ ထိုနေရာကိုမရောက်ဖူးကြပေ။ သို့သော် 'ပြည်နှင် ဒဏ်မြေ' ဆိုသည့်စကားလုံးသည် သူတို့ကိုကြောက်လန့်သွားစေသည်။

“ပတ္တမြားကမ္ဘာမှာ ဘယ်သူမှ အဲဒီကိုမရောက်ဖူးကြဘူး၊ သွားတဲ့လူတွေ လည်းပြန်မလာနိုင်ကြဘူး” အပလောကလိပ်ကြီးသည် ခေါင်းကို ဖြည်းဖြည်း ခါယမ်းကာ နှမြောကြီးစွာနှင့်ပြောလေသည် “အဲတုန်းက ငါ လင်ရှောင်ဟွာကို ခိုးပြီးစားခဲ့တုန်းက ကောင်းကင်ကပေးသနားတဲ့သွေးစာချုပ်ကို ချိုးဖောက်တဲ့ သူက ကောင်းကင်ရဲ့အပြစ်ပေးခြင်းကိုလက်ခံရမှာဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ နတ်မိစ္ဆာဝိညာဉ်ချိတ်ပိတ်တာကိုခံရမယ်၊ နေ့တိုင်း အရိုးတွေ အကြောတွေ ကျိုးတဲ့ဝေဒနာကိုခံစားရမယ်၊ သူ့ဝိညာဉ်ကို နတ်မီးနဲ့ကင်မယ်ဆိုတာကို ပြော ဖို့တောင်မလိုတော့ဘူး၊ ၇ ရက် ဒါမှမဟုတ် ၄၉ ရက်ကြာတဲ့အထိ မသေဘူးဆို ရင် ပြည်နှင်မြေကိုပို့ခံရမယ်၊ ခန္ဓာကိုယ်ထဲက ဝိညာဉ်နတ်မိစ္ဆာစွမ်းအားက ဘယ်တော့မှ ပြန်ကောင်းနိုင်တော့မှာမဟုတ်ဘူး”

ဘုန်း

ပေထင်းဟွမ်သည် ရေချိုးကန်ထဲသို့ လက်သီးနှင့်ထိုးချလိုက်သည်။ သူမသည် ခန်းမရှေ့မှယန်ယဲ့ကို အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် ဝိညာဉ် စွမ်းအားကိုမသုံးခဲ့ပေ။ ထို့ကြောင့် အားမှာ မလေးလံလှပေ။ သို့သော် ကန်ထဲမှ ရေများသည် လက်သီးကြောင့် ပေါက်ကွဲပြီး ရေသည်အဘက်ဘက်သို့ လွင့်စင် သွားကာ နံရံများ၊ ပြတင်းပေါက်အစွန်များကို သွားစင်လေသည်။ ကန့်လန့်ကာ များသည် လှုပ်ခါပြီး ပြိုကျလေသည်။

“ဟွမ်အာ”

တစ်ချိန်တည်းနီးပါးမှာပင် ယန်ယဲ့၏အသံသည် တံခါးအပြင်မှထွက်ပေါ် လာသည်။ သူသည် အရှေ့ခန်းမတွင်ရှိကာ ပေထင်းဟွမ်နှင့် အခန်းတစ်ခန်းသာ ခြားနေသည်။ သို့သော် သူသည် အနောက်ခန်းမတွင်ရှိသော ပေထင်းဟွမ်အား အာရုံစိုက်လျက်ရှိပြီး အသံကြားသည်နှင့် ချက်ချင်းဆိုသလိုပင် ရောက်လာလေ သည်။

“အိုး ခဏစောင့်ပေးပါဦး ပြီးတော့မှာ” ပေထင်းဟွမ်သည် အသက်ပြင်း ပြင်းရှူလိုက်သည်။ ထိုအခိုက်အတန့်တွင် သူမ၏နှာခေါင်းမှာ အနည်းငယ် ချဉ် နေရာ အသံထဲတွင် စိတ်ထိခိုက်သောအသံပါဝင်နေသည်။ သူမ အတတ်နိုင်ဆုံး ဖိနှိပ်ထားသော်လည်း ယန်ယဲ့ကြားနိုင်တုန်းပင်ဖြစ်သည်။

“ဟွမ်အာ ဝင်လာပြီနော်”

ယန်ယဲ့သည် ထိုအချိန်တွင် ပေထင်းဟွမ် အဝတ်အစားဝတ်မထားသည် ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တံခါးဖွင့်ပြီးဝင်သွားလေသည်။ နဂိုကသပ်သပ်ရပ် ရပ်ရှိသော အခန်းသည် ယခုအခါ ရှုပ်ပွလျက်ရှိသည်။s

All Chapters