← Chapters

နည်းလမ်းရှိမှာပါ

Vol. 64 Ch. 1270

နည်းလမ်းရှိမှာပါ

Vol. 64 Ch. 1270

ပတ်ပတ်လည်မှဇာပါးသည် ရေစိုနေသောကြမ်းပြင်ပေါ်တွင်ပုံလျက်သား ကျနေသည်။ ရေကန်ထဲတွင်ရှိနေရမည့် ပန်းပွင့်ဖတ်များသည် ဇာပေါ်တွင် ဖရိုဖရဲကျနေကာ ကြမ်းပေါ်တွင် ပြန့်ကျဲလျက်ရှိသည်။

တံခါးနှင့်ပြတင်းပေါက်များတွင် အက်ကြောင်းများပေါ်နေကာ ရေသည် အပေါ်မှကျနေတုန်းပင်ဖြစ်သည်။ ရံဖန်ရံခါတွင် ပန်းပွင့်ဖတ်တချို့သည် အပေါ် မှကျလျက်ဖြစ်လေသည်။ ဤနေရာတွင် မုန်တိုင်းတစ်ခုဝင်သွားသလိုပင်။

ပေထင်းဟွမ်သည် ရေကန်ထောင့်တွင် ဆောင့်ကြောင့်ထိုင်နေသည်။ ရေချိုးကန်ထဲမှ ရေအများစုကို ဆုံးရှုံးလိုက်ရပြီးနောက် ရေမျက်နှာပြင်သည် ရေထည့်လိုက်သလို မြင့်တက်လာတုန်းပင်။ သို့သော် သူမ၏ရင်ဘတ်အထိ မရောက်ပေ။ မိန်းကလေး၏ကိုယ်ထည်သည် ကျောက်စိမ်းဖြူကဲ့သို့ ကွေ့ကောက်လျက်ရှိသည်။ သူမသည် နှုတ်ခမ်းထောင့်ကို ကွေးတွန့်ကာ ခေါင်းမော့ပြီး ဝင်လာသောလူကိုကြည့်လိုက်သည်။

သူမ၏မျက်နှာတွင် ရေလား မျက်ရည်လားကို မပြောနိုင်ပေ။ သူမ၏ ရှည်လျားသောဆံပင်၏ တစ်ဝက်ကိုထုံးဖွဲ့ထားပြီး တစ်ဝက်မှာကျနေရာ ရေထဲ တွင် နူးညံ့စွာပြန့်ကျဲကာ ပန်းချီကားတစ်ကားလိုဖြစ်နေသည်။

သူသည် ဤခန္ဓာကိုယ်ကို နေမဝင်တောတွင်ရှိစဉ်က မြင်ဖူးသည်။ ထိုအချိန်က သူမ၏ခန္ဓာကိုယ်တစ်ပိုင်းကို ကိုးရောင်နိဗ္ဗာန်မီးဖြင့် ဖုံးထားကာ မီးတောက်များသည် သူမကို ရစ်ပတ်ကာ သူမ၏ အရွယ်မရောက်သေးသည့် ရင်အစုံနှင့် လည်ပင်းမှ လည်စည်းကိုသာ လစ်ဟာပြထားသည်။ နှစ်ပေါင်း ထောင်ချီကြာသည့်တိုင်အောင် သူသည် သူမ၏ နီလာလည်ဆွဲကို မေ့မရပေ။

ထိုအချိန်တွင် ပေထင်းဟွမ်သည် ရေချိုးကန်ထောင့်တွင် ကွေးကောက် နေသည်။ နှစ်တစ်ဝက်ကြာပြီးနောက် ကိုးရောင်နိဗ္ဗာန်မီးဖြင့် ပုံသွင်းပြီး မိုးကြိုး နှင့်လျှပ်စီးတို့၏ သွတ်သင်းခြင်းကိုခံရပြီးနောက် ကျင့်ကြံထားသည့်ခန္ဓာကိုယ် သည် ကြည်လင်ချောမွတ်ပြီး ဆွဲဆောင်မှုရှိလှသည်။ ဤကဲ့သို့ လှပသော အသွင်အပြင်သည် ယန်ယဲ့ပြောသလို ပဲပင်ပေါက်မဖြစ်နိုင်ပေ။

သို့သော် ဤအချိန်တွင် ယန်ယဲ့သည် နှစ်ပေါင်းထောင်ချီ လွမ်းဆွတ်ခဲ့ရ သော်လည်း ထိုခန္ဓာကိုယ်ကို တမ်းတနေရန် ခံစားချက်မရှိပေ။ ခရမ်းရောင် မျက်လုံးများသည် အနည်းငယ်မည်းနက်နေကာ ပေထင်းဟွမ်ဆီသို့ လျင်မြန်စွာ လျှောက်သွားလေသည်။ ပြိုကျနေသည့် ဇာများအနားကိုဖြတ်သွားချိန်တွင် သူသည် လက်မြှောက်လိုက်ရာ အနည်းငယ်ခြောက်သွေ့သောတဘက်သည် လက်ထဲတွင်ပါလာလေသည်။

သူသည် ပေထင်းဟွမ်ဆီသို့လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်ကာ လက်ဆန့်ထုတ်ပေးလိုက်သည် “ဟွမ်အာ တက်လာခဲ့”

ပေထင်းဟွမ်၏မျက်လုံးများသည် ပူလောင်လျက်ရှိသည်။ သူမသည် အသက်ကိုပြင်းပြင်းရှူကာ ယန်ယဲ့အား အတန်ကြာအောင် စိုက်ကြည့်လေ၏။ ထို့နောက် ယန်ယဲ့၏ဆန့်ထုတ်ထားသော လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက် သည်။ ယန်ယဲ့သည် မျက်လုံးများမှိတ်ကာ တဘက်ဖြန့်ပြီး ပေထင်းဟွမ်အား ပတ်ပေးလိုက်သည်။ ထို့နောက် သူမအား ပွေ့ပြီး အရှေ့ခန်းမဆီသို့လျှောက် သွားလိုက်သည်။

ပေထင်းဟွမ်၏သန့်ရှင်းပြီး နူးညံ့သည့်လက်မောင်းများသည် ယန်ယဲ့၏ လည်ပင်းကို ရစ်ပတ်ထားလေသ်ည။ သူမသည် မျက်နှာကို ယန်ယဲ့၏မျက်နှာ နှင့်ဖိကပ်လိုက်သည်။ အပလောကလိပ်ကြီး၏စကားလုံးများသည် သူမ၏ စိတ် ထဲတွင် ပဲ့တင်ထပ်နေသည် “သခင် တောင်းပန်ပါတယ် ဒါပေမဲ့ ကောင်းကင်ရဲ့ အပြစ်ပေးမှုကို ဘယ်လိုဖျက်ရမလဲမသိဘူး”

၎င်းသည်အဆုံးမရှိသည့် စက်ဝန်းတစ်ခုပင်။ သူမနှင့်ယန်ယဲ့အကြားတွင် ဖြေရှင်းရန်နည်းလမ်းမရှိသည့်ပုံပင်။ ယန်ယဲ့သည် သူမအား စာချုပ်ကူဖျက်ပေး ပါက သူမသည် ကောင်းကင်၏အပြစ်ပေးခြင်းကိုခံရမည်။ အကယ်၍ မဖျက်ပါ က သူမသည် မင်ရှို့အား လက်ထပ်ရန်သာရှိတော့သည်။

သူမသည် တစ်စုံတစ်ယောက်ကို မဖြစ်မနေ လက်ထပ်ရန်မလိုပေ။ သို့သော် သူမ မလုပ်ချင်ပေ။ သူမ၏ဝိညာဉ်ကို လွင့်ပျံအောင်လုပ်ပေးခဲ့သည့် ယောက်ျားတစ်ယောက်နှင့် သူမ၏ကံတရားကိုယုံကြည်သည်။

သူမပေါ်တွင်ရှိသော ယန်ယဲ့၏ခံစားချက်များကို သူမ ခံစားနိုင်သည်။ နယ်မြေတစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် တသီးတသန့်နေတတ်သောဤလူ သည် သူ၏ဂုဏ်သရေကို လက်လျော့ကာ သူမ၏ဝိညာဉ်ကိုစုစည်းပြီး သူမ ပြန်အလာကိုစောင့်ဆိုင်းနေခဲ့သည်။ သူ့အတွက် သူချစ်ရသော မိန်းကလေးမှာ တခြားယောက်ျားနှင့်လက်ထပ်ရခြင်းသည် ညှဉ်းပန်းနှိပ်စက်ခြင်းတစ်ပါးပင်။ ကောင်းကင်မှပေးသနားသော သွေးစာချုပ်လည်းဖြစ်နေပြန်သည်။

သူမအတွက် သူ သွေးစာချုပ်ကို ချိုးဖောက်မည့်အဖြစ်ကိုလည်း မငြင်းဆန်နိုင်ပေ။ ယောက်ျားတစ်ယောက်၏ ဂုဏ်သည် သွေးနှင့်မီး၏ သွတ်သွင်းခြင်းကိုခံရမည်။ သို့သော် နင်းခြေခံရခြင်းမျိုး အဖြစ်မခံနိုင်ပေ။

“နည်းလမ်းရှိမှာပါ၊ နည်းလမ်းရှိမှာပါ” ပေထင်းဟွမ်သည် မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူမ မသိလိုက်သည်မှာ မျက်ရည်နှစ်စက်သည် သူမ၏ ပါးပြင်ကိုဖြတ်ကာ ယန်ယဲ့၏လည်ပင်းဆီသို့ ကျလေသည်။ မျက်ရည်များသည် သူ၏တစ်ကိုယ်လုံးကို နွေးသွားစေသည်။ လပြည့်ညသည် ကျော်လွန်သွားပြီ ဖြစ်သော်လည်း သူ၏ရင်ထဲမှနာကျင်မှုကို ခံစားနေရတုန်းပင်။

All Chapters