← Chapters

နှစ်ပေါင်းသောင်းချီအတူရှိခြင်း

Vol. 64 Ch. 1271

နှစ်ပေါင်းသောင်းချီအတူရှိခြင်း

Vol. 64 Ch. 1271

အရှေ့ခန်းမသို့ပြန်သွားချိန်တွင် ယန်ယဲ့သည် သူမ၏ဆံနွယ်ရှည်များကို အခြောက်ခံပေးကာ အင်္ကျီများဝတ်ပေးလေသည်။ သူသည် အိပ်ရာအစွန်းတွင် ထိုင်နေပြီး ပေထင်းဟွမ်၏ဦးခေါင်းသည် သူ၏ပေါင်ပေါ်တွင် မှီအုံးထားသည်။ သူ တစ်စုံတစ်ရာကို အကြိမ်ပေါင်းများစွာ ပြောလိုက်ချင်သော်လည်း နောက်ဆုံးတွင် တစ်လုံးမှမပြောနိုင်ပေ။

ယန်ယဲ့သည်လည်း ခံစားချက်မကောင်းပေ။ သူသည် ထပြီး ပြတင်း ပေါက်ပိတ်တော့မည်အပြုတွင် ပေထင်းဟွမ်၏ ဖမ်းဆုပ်ခြင်းကိုခံလိုက်ရလေ သည်။ သူမသည် မျက်လုံးများကိုမှိတ်ကာ ရေရွတ်လေသည် “မသွားပါနဲ့”

ထိုစကားလုံးများသည် ယန်ယဲ့အား ရင်နာစေသည်။ သူသည် သက်ပြင်း ကြီးမှုတ်ထုတ်လိုက်သည်။ သူလုပ်သမျှသည် ပေထင်းဟွမ်အား ဤကဲ့သို့ နာကျင်စေပါက သူလုပ်ခဲ့သည့်အရာများသည် မည်သို့အကျိုးရှိပါတော့မည် နည်း။

“ယန်ယဲ့ ကျွန်မက တာဝန်မဲ့တဲ့သူမဟုတ်သလို အတိတ်ကိုကြောက်နေ တဲ့သူလည်းမဟုတ်ဘူး၊ ကျွန်မတို့တွေ ဒီဘဝမှာမတွေ့ရင်တောင် ရှင် ကျွန်မ အတွက်လုပ်ခဲ့ပေးတာတွေကို ကျွန်မသိမှာပါ” ပေထင်းဟွမ်သည် ယန်ယဲ့၏ စိတ်ကိုသိနေသလိုပင်။ သူမ၏ နူးညံ့ချောမွေ့ဖြူစွတ်သည့်လက်သည် ယန်ယဲ့ ၏ လက်ချောင်းများကို ဆုပ်ကိုင်ကာ လွှတ်မပေးတော့ပေ “ရှင်ကျွန်မအတွက် လုပ်ပေးခဲ့တာတွေကြောင့် ရှင့်ကိုသဘောမကျဘူး၊ ကျွန်မပြောချင်တာက ကျွန်မရှင့်ကို ချစ်တာမချစ်တာမသိဘူး၊ အစကနေအဆုံးထိ သက်ရှိကသေနိုင် သလို လူသေကလည်း ပြန်ရှင်နိုင်တယ်”

သူမသည် မျက်လုံးများကိုဖွင့်ပြီး ယန်ယဲ့၏ ခရမ်းရောင်မျက်လုံးများကို ကြည့်ပြီး လေးနက်စွာပြောလေသည် “လွန်ခဲ့သည့်နှစ်တစ်သောင်းက ကျွန်မ သေသွားခဲ့တယ်၊ နှစ်တစ်သောင်းကြာပြီးတဲ့နောက် အသက်ရှင်လာတယ်၊ သေခြင်းရှင်ခြင်းကို တွေ့ကြုံပြီးတဲ့နောက် သွေးစာချုပ်က ဘဘ်လောက်ပဲ အားကောင်းပါစေ လုံလောက်ပြီလို့ယုံတယ်၊ ယန်ယဲ့ ကျွန်မ စိတ်ပိုင်းဖြတ်ထား တယ်၊ ရှင် ကျွန်မကို နှစ်တစ်သောင်းကြာအောင်စောင့်နိုင်တယ်၊ ကျွန်မလည်း ရှင်နဲ့အတူ နှစ်ပေါင်းထောင်ချီရှိချင်တယ်၊ ကောင်းကင်နဲ့မြေကြီးစည်းမျဉ်းက ရှင့်ကို စီရင်ချက်ဗိမာန်ထဲဆွဲခေါ်သွားပြီး နာကျင်စေတာမျိုးဖြစ်ခွင့်မပေးနိုင်ဘူး”

ယန်ယဲ့၏ခရမ်းရောင်မျက်လုံးထဲတွင် အလင်းတန်းတစ်ခုရှိနေသည်။ သူ သည် ခါးကိုင်းပြီး ပေထင်းဟွမ်၏နဖူးကို ဖိကပ်နမ်းလိုက်သည်။ သူ၏ ကြီးမား ထူထဲပြီး နွေးထွေးသည့်လက်ဖဝါးသည် ပေထင်းဟွမ်၏ပါးပြင်ကို ပွတ်သပ်ပေး နေသည်။ ပေထင်းဟွမ် သူ့လက်ဖဝါးကိုကိုင်လိုက်ချိန်တွင် သူသည် ပေထင်းဟွမ်၏လက်ကိုပြန်ဆုပ်ကိုင်လေသည် “နှစ်ပေါင်းထောင်ချီရှိဖို့က ကိုယ့်ဘဝရဲ့ အကြီးဆုံးဆန္ဒပါ၊ အနာဂတ်မှာ အဲလောက်ကြီးတဲ့ဆန္ဒမျိုးမရှိ တော့ဘူး”

၎င်းသည် ကတိဖြစ်သည်။ ပေထင်းဟွမ်အား သူ ပေးသည့်ကတိပင်။

သူ ရှင်သန်နိုင်ပါက သူမသည် သူ့ကိုနှစ်ပေါင်းထောင်ချီအဖော်ပြုပေးမည် ဖြစ်ပြီး အဆုံးတွင် ဘာမှမပြောင်းလဲနိုင်ပါက သူမသည် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းမှ စီရင်ချက်ဗိမာန်သို့ဆွဲခေါ်ခြင်းကိုခံရမည်ဖြစ်ပြီး သူမလည်း သူနှင့် အတူခံစားရမည်ဖြစ်သည်။

မကြောက်ပေ။ မစိုးရိမ်ပေ။ တစ်နေ့တွင် အရာအားလုံးပြောင်းလဲနိုင်လိမ့် မည်ဟု သူမ ယုံကြည်သည်။

ယန်ချန်းတွေ့ဆုံပွဲပြီးကျင်းပရန် သုံးရက်သာလိုတော့သည်။ ယန်ချန်း၏ ဖွဲ့အစည်းမှုမှာလည်း ထိုအချိန်တွင် ပိတ်သွားပြီဖြစ်သည်။ ပင်မတိုက်ကြီးပေါ်မှ အဓိကအင်အားစုများသည် ဤနေရာသို့ရောက်လာကြပြီဖြစ်ရာ အထူးသဖြင့် ဇာမဏီမြို့မှလူများသည် အစောဆုံးရောက်လကြသည်။

မနက်ခင်းတွင် ပေထင်းဟွမ်သည် အိပ်ရာပေါ်တွင် အိပ်နေဆဲပင်။ တနေ့ညက ဒေသထွက်ပြီးနောက် သူမသည် ယန်ယဲ့၏ရင်ခွင်ထဲတွင် ကျိုးနွံစွာ ပင်လှဲလျောင်းခဲ့သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ကာ အိပ်ပျော်သွားခဲ့သည်။ သို့သော် သူတို့သည် တစ်ရက်တစ်ည ပြုလုပ်ရမည့် ပြင်းထန်သောလေ့ကျင့်ရေးကို မလုပ်ခဲ့ကြပေ။

သူမ မနိုးခင်တွင် အသိစိတ်ပင်လယ်ထဲ၌ လှုပ်လှုပ်ရွရွဖြစ်နေကြသည်။ ကင်းကောင်သည် ယန်ချန်း၏လမ်းမထက်မှ မိန်းကလေးများနောက်သို့လိုက်မိ ရာ ယန်ချန်း၏ ဥပဒေရေးရာအဖွဲ့၏ လိုက်ခြင်းကိုခံနေရသည်။ သူသည် မြို့အတွင်းပိုင်းတွင် မပုန်းနိုင်ခင်အထိ ထိုလူများကို မျက်ခြေမဖြတ်နိုင်ပေ။ ရှောင်ကျောက်နှင့်လျှပ်စီးတို့သည် ဈေးဝယ်ထွက်နေကြသည်။ မိုးကြိုးသွား သည် အလင်းစီးကြောင်းနောက်တွင်လိုက်နေရာ လျှပ်စီးမှအမြင်ကတ်နေလေ သည်။

ရှောင်ထင်းတစ်ယောက်သာ လိမ္မာနေသည်။ ယန်ချန်းပေါ်မှ လူအုပ်ကြီး လမ်းလျှောက်ထွက်နေသည်ကို မြင်သောအခါ သူမသည် ပေထင်းဟွမ်အား စိတ်လှုပ်ရှားစွာနှင့်အော်လေသည် “သခင် သခင် ဟွမ်ချန်းကလူတွေက ဒီရောက်နေကြတယ်၊ မြန်မြန်ထတော့ အဘိုး အစ်ကိုကြီး အဒေါ်နဲ့ ဦးလေးတို့ လည်းပါတယ်၊ သူတို့တွေက မင်းရဲ့သူငယ်ချင်းတွေကိုဦးဆောင်ပြီး ဒီကိုလာနေ ကြတယ်”

ပေထင်းဟွမ်သည် မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။ အိပ်ရာ ပေါ်တွင် သူမ တစ်ယောက်တည်းရှိနေပြီး ယန်ယဲ့သည် ထသွားသည်မှာ ကြာ ပြီဖြစ်သည်။ ပေထင်းဟွမ်သည် ပျာတီးပျာယာနှင့် အင်္ကျီများကိုဝတ်လိုက် သည်။ သူမသည် ရွှေရောင်ချည်မျှင်ဖြင့်ထိုးထားသော ပီအန်းပန်းအလွှာ အလှဆင်ထားသည့် အနီရောင်ဘရိုကိတ်ဝတ်ရုံကိုဝတ်လိုက်ရာ အလွန်ပင် ဆွဲဆောင်မှုရှိလေ၏။

All Chapters