မင်ဟွမ်က ယန်ချန်းကိုလာရဲသေးတယ်၊ သူ့ကို ဒီမှာ သတ်လိုက်ချင်ပြီ
Vol. 64 Ch. 1272
ယန်ယဲ့သည် လှုပ်လှုပ်ရှားရှားအသံများကိုကြားရာ ဝင်လာလိုက်ချိန်တွင် ပေထင်းဟွမ်မှာ အဝတ်အစားများနှင့် ရှုပ်နေသည်ကိုမြင်လိုက်ရလေသည်။ သူ သည် ခေါင်းကိုခါယမ်းကာ သူမအား အင်္ကျီကူဝတ်ပြီး ဆံပင်ကိုထုံးဖွဲ့ပေးလိုက် သည်။ သူမ အပြင်ထွက်တော့မည့်အချိန်တွင် ယန်ယဲ့သည် သူမအား မလွှတ် ပေးသေးဘဲ မနက်စာစားရန်ခေါ်သွားလေ၏။ ထို့နောက် နှစ်ယောက်လုံးသည် ဆွေးနွေးရန်အတွက် နန်းတော်သို့သွားကြလေ၏။
ဝိညာဉ်ကိုးပါးခန်းမသည် အတွင်းခန်းမနှင့် အပြင်ခန်းမတို့အကြားတွင် ရှိကာ ယန်ချန်းမှလူများ အရေးကြီးကိစ္စများကို ဆွေးနွေးသည့်နေရာလည်းဖြစ် သည်။ ဟွမ်ချန်းမှလူများကို ဝိညာဉ်ကိုးပါးခန်းမတွင် ကြိုဆိုကြသည်။ ပေထင်းဟွမ်နှင့် ယန်ယဲ့တို့ရောက်သည့်အချိန်တွင် ဝိညာဉ်ကိုးပါးခန်းမသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။ နန်လင်းနှင့်အကြီးအကဲကြီးတို့ ဦးဆောင်လာသော ဟွမ်ချန်း၏ ပြည်သူများသည် ပျော်ရွှင်စွာစကားပြောဆိုနေ ကြသည်။
“ဆရာ ဘိုးဘိုး”
ပေထင်းဟွမ်မရောက်ခင်တွင် အသံသည် အရင်ရောက်လာသည်။ ဝိညာဉ်ကိုးပါးခန်းမတစ်ခုလုံးသည် တိတ်ဆိတ်သွားကာ ဟွမ်ချန်းမှလူများ သည် ပေထင်းဟွမ်၏အသံကိုကြားသောအခါ အံ့ဩမှုများဖြင့် လွှမ်းခြုံသွားပြီး ပေထင်းဟွမ်၏ပုံရိပ် ခန်းမအပြင်မှ ဝင်မလာခင်အထိ ပျော်ရွှင်စွာ မတ်တတ်ရပ် ကြလေသည်။
တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး နန်လင်းနှင့်တခြားသူများသည် စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ကြပေ။ ပေထင်းဟွမ်၏ပုံရိပ် ပေါ်လာပြီးနောက် နန်လင်းသည် လူအုပ်ကိုဦးဆောင်ပြီး ပေထင်းဟွမ်အား အရိုအသေပြုလေ၏ “ခေါင်းဆောင်ကြီးကို တွေ့ဆုံပါတယ်”
ယန်ချန်းမှလူများလည်း တစ်ချိန်တည်းမှာပင် ပေထင်းဟွမ်အား ဦးညွှတ် ကြလေသည်။
ထိုမြင်ကွင်းကို ပင်မတိုက်ကြီးမှလူများမြင်လျှင် အုတ်အုတ်ကျက်ကျက် ဖြစ်မည်ပင်။ ယန်ချန်းသည် အမြဲတစေအမြင့်တွင်နေခဲ့ကာ ပင်မတိုက်ကြီး တစ်ခုလုံးတွင် ထူးကဲသာလွန်သောနေရာတွင်ရှိနေခဲ့သည်။ ပေထင်းဟွမ်သည် ဇာမဏီမြို့၏မြို့စား၊ မဟာမိတ်အင်ပါယာ၏ခေါင်းဆောင်ဖြစ်လျှင်တောင် ယန်ချန်း၏လေးစားမှုကို ခံယူနိုင်မည်မဟုတ်ပေ။
ဤလက်ဆောင်ကြီးသည် သခင်တစ်ယောက်အတွက်သာ သင့်တော် သည်။
သို့သော် ယခုအချိန်တွင် ဟွမ်ချန်းမှလူများနှင့်အတူ ယန်ချန်းမှလူများ ထိုသို့လိုက်လုပ်သဖြင့် အံ့ဩစရာပင်။ နန်လင်းတို့ပင် ထိုမြင်ကွင်းအားမြင်ပြီး နောက် နားမလည်တော့ပေ။ ပေထင်းဟွမ်နှင့် ယန်ယဲ့တို့အကြားမှ ဆက်ဆံရေး မဆိုးလှဘူးဆိုလျှင်တောင် ဤကဲ့သို့ဆက်ဆံရေးဖြစ်လျှင်တောင် ပေထင်းဟွမ် သည် ယောက်ျားလေးမဟုတ်ပါလား။ လုံယန်းမှာကောင်းသော်လည်း ဖြစ်နိုင် သလောက် ဖုံးကွယ်ထားသင့်သည်မဟုတ်ပါလား။
သူတို့နှစ်ယောက်သည် သူတို့၏ဆက်ဆံရေးကို ကြေညာရန် ပြင်ဆင်ထားသည်လား။
ထိုအချိန်တွင် ပေထင်းဟွမ်သည် ယန်ယဲ့ကဲ့သို့ တူညီသောပုံစံဖြင့် အနီရောင်ဘရိုကိတ်ဝတ်ရုံကိုဝတ်ဆင်ထားကာ ခေါင်းတွင် အနီရောင်ဖဲပြားဖြင့် ဆံပင်ကိုစုချည်ထားသည်။
ရင်ထဲမှ ခန့်မှန်းချက်များအားလုံးကို ဖိနှိပ်ထားကြရာ ခန်းမတစ်ခုလုံးတွင် ပေထင်းဟွမ်၏အသံတစ်ခုသာ ထွက်လာလေသည် “အရိုအသေပေးဖို့မလိုပါ ဘူး ဆရာ ဘိုးဘိုး အားလုံးပဲထကြပါ၊ ဘိုးဘိုးနန်ကုန်း၊ ဘိုးဘိုးတုန်ဖန်း၊ ဘိုးဘိုးရှီမန် အစ်ကိုကြီး အားလုံးပဲ ဒီလိုမလုပ်ကြပါနဲ့တော့”
ပေထင်းဟွမ်သည် ဆက်ဆံရေးကို ဝေးကွာသွားခြင်းမျိုးမလိုလားသည် ကိုအားလုံးသိကြသည်။ လုပ်သင့်သည့်ထုံးတမ်းများလုပ်ပြီးသည်နှင့် သူတို့သည် ပေထင်းဟွမ်အား ဝန်းရံကြလေသည်။ နန်လင်းနှင့် နတ်ဘုရား လေးယောက်သာ ကျင့်ဝတ်အရ ယန်ယဲ့အား လေးနက်စွာအရိုအသေပြုလေ သည်။
မည်သို့ပင် ဆက်ဆံရေးကောင်းမွန်သည်ဖြစ်စေ၊ မည်မျှပင် ရင်းနှီးစေကာ မူ မဟာမိတ်အင်ပါယာနှင့် ယန်ချန်းတို့သည် မတူညီသည့် အင်အားစုများဖြစ် ကြသည်။ စွမ်းအားနှင့်စွမ်းအားအကြားတွင် ထုံးတမ်းအစဉ်အလာရှိသင့်ပြီး ကျင့်သုံးသင့်သည်။
ပေထင်းဟွမ်သည် လူငယ်မျိုးဆက်နှင့် စနောက်နေဆဲဖြစ်ကာ ယန်ယဲ့ သည် ဦးစွာနေရာယူလေသည်။ နန်လင်းနှင့် အကြီးအကဲကြီးလေးယောက်တို့ သည် ယန်ချန်းမှ အမြင့်ပိုင်းအရာရှိများနှင့် အပြန်အလှန်နှုတ်ဆက်ကြသည်မှာ ဝိညာဉ်ကိုးပါးခန်းမတစ်ခုလုံးမှ လေထုသည် အလွန်ကောင်းမွန်လေသည်။
ပေထင်းဟွမ်၏ရှားပါးလှသောအပြုံးကိုကြည့်ပြီး ယန်ယဲ့သည် ခံစားချက် ကောင်းလာသည်။ သူသည် လက်ကိုင်ပေါ်တွင်လက်တင်ကာ တစ်ခါတစ်ခါ လက်ကိုင်ကို လက်ချောင်းဖြင့်ခေါက်နေသည်။ သူ၏ ရက်စက်ပြီး လွှမ်းမိုးနိုင် သောအကျင့်ကို ပြောင်းလဲပြီးနောက် သူသည် တည်ငြိမ်သွားသည်။
“ဆရာ ဘိုးဘိုး ဇာမဏီမြို့တည်ဆောက်တာကိုမြင်ပြီးပြီ၊ မင်ဟွမ်သာ မီးတောက်မြို့ကိုလာရဲရင် သူ့ကိုဒီမှာပဲသတ်ပစ်မှာ တစ်စက္ကန့်မှ အရှင်မထား နိုင်ဘူး” ပေထင်းဟွမ်သည် ပင်မခန်းမတွင်ရပ်နေသည်။ သူတို့၏ မျက်လုံး နက်နက်များတွင် ပူဆွေးမှုများ နာကြည်းမှုများပြည့်နေလေ၏။ လက်ရှိ ဇာမဏီမြို့၏အခြေအနေကို တုန်ဖန်းကျောက်ပြောနေချိန်တွင် ပေထင်းဟွမ် သည် မင်ဟွမ် ဟွမ်ချန်းကို ဖျက်ဆီးသွားခဲ့ပုံများကို မတွေးဘဲမနေနိုင်တော့ပေ။