Chapters

ချန်းမို အသက်ပြန်ရှင်နိုင်တာလား

Vol. 64 Ch. 1273

ချန်းမို အသက်ပြန်ရှင်နိုင်တာလား

Vol. 64 Ch. 1273

“ရှောင်ကျို့ စိတ်မပူနဲ့၊ မင်ဟွမ်က ယန်ချန်းကိုလာနေတယ်ဆိုတာ ငါတို့ လမ်းမှာတင်ကြားခဲ့ပြီးပြီ၊ သူ နောက်နှစ်ရက်နေရင် ရောက်လောက်တယ်” ပေထင်းကျင်းသည် ပေထင်းဟွမ်အား အထက်အောက်ကြည့်လေသည်။ မိသားစုထဲတွင် မိန်းကလေးမဆန်ဘဲ ကြီးပြင်းလာခဲ့သည့် ညီမငယ်အား ဂုဏ်ယူစွာဖြင့် မေးမိလေ၏ “အခု ရှောင်ကျို့က ဘယ်ခွန်အားရောက်ပြီလဲ”

နန်လင်းနှင့်တခြားနတ်ဘုရားများသည်လည်း ပေထင်းဟွမ်၏ခွန်အားကို သတိပြုမိသည်။ သူတို့သည်လည်း တိုးတက်မှုကြီးရှိခဲ့သည်။ သူတို့ နတ်ဘုရား အဆင့်ဝင်စဉ်က ပေထင်းဟွမ်သည် ကောင်းကင်အဆင့်သာရှိသေးသည်။ သို့သော် ဤအခိုက်အတန့်တွင် သူတို့သည် ပေထင်းဟွမ်၏ခွန်အားကို လုံးဝ မခံစားရပေ။

ပေထင်းဟွမ်၏ခန္ဓာကိုယ်ကို ဝိညာဉ်လက်နက်ဖြင့် ဖုံးဖိထားသော်လည်း ပေထင်းဟွမ်၏ရောင်ဝါမှတစ်ဆင့် ပေထင်းဟွမ်၏ခွန်အားသည် သူတို့ထက် မနိမ့်သည်ကိုခံစားမိကြသည်။

“မြေးလိမ္မာလေး ဒီကိုလာပါဦး ဘိုးဘိုးထက်သာသွားပြီလို့ မပြောနဲ့နော်” ပေထင်းကျင်းသည် ပေထင်းဟွမ်အား ဆွဲခေါ်ကာ ခေါင်းအစခြေအဆုံးကြည့် လေသည်။ သူသည် မတွေ့ရသည်မှာ လအနည်းငယ်သာရှိသေးသော်လည်း မြေးဖြစ်သူကို လွမ်းဆွတ်နေပြီဖြစ်သည်။ သူ ယန်ချန်းကို တစ်ခါတည်းလာချင် လိုက်သော်လည်း ဟွမ်ချန်းမြို့တည်ဆောင်သည့်လုပ်ငန်းစဉ်တွင် သူ့ကို လိုအပ် သဖြင့် ထိုင်ပြီးတာဝန်ယူနေရသည်။

“အဘိုးကြီး အကုန်လုံးက ခင်ဗျားလိုပဲထင်လို့လား၊ ခင်ဗျားအသက် တစ်ဝက်လောက်နေလာပြီးတာကို ရှောင်ကျို့ကြောင့်သာမဟုတ်ရင် နတ်ဘုရားအဆင့်တက်နိုင်မယ်လို့ထင်လား” နန်ကုန်းချန်းသည် ပေထင်းချင်း အား ရက်စက်စွာရိုက်နှက်လေသည်။

နန်ကုန်းချန်းစကားအဆုံးတွင် သူသည် ပေထင်းဟွမ်အား မျှော်လင့်ချက် များဖြင့် ကြည့်လေသည်။ ပေထင်းဟွမ်မှာ ရင်တွေခုန်လာသည်။ သေချာပေါက် ပင် နန်ကုန်းချန်း၏မျက်လုံးများကို သူမ နားလည်သည်။ နန်ကုန်းချန်းမို သေဆုံးသည့်အဖြစ်ကို နန်ကုန်းမိသားစုက ဘာမှမပြောခဲ့ပေ။ သို့သော် တိုက်ရိုက်ဆက်ခံသူများသည် သူ့အတွက် အရေးမကြီးဟု မဆိုလိုပေ။ သူတို့ တွင် သက်ရောက်မှုရှိသည်။

နန်ကုန်းချန်းရှီသည် ပေထင်းဟွမ်နောက်လိုက်ပြီး တိုးညင်းစွာခေါ်လိုက် သည် “ခေါင်းဆောင်”

ခန်းမတစ်ခုလုံးသည် ရုတ်တရက် ထူးဆန်းသောလေထုအဖြစ်သို့ ကျရောက်သွားသည်။ အားလုံးသည် ဤလေထုကိုခံစားမိကာ စကားပြောနေ ရာမှရပ်ပြီး ပေထင်းဟွမ်အား ကြည့်ကြလေသည်။ ပြန်လည်တွေ့ဆုံရခြင်း ကြောင့် ပျော်ရွှင်နေသည့်လေထုသည် ရုတ်တရက် ဝမ်းနည်းစရာဖြစ်လာ သည်။

နန်ကုန်းချန်းမိုသည် ပေထင်းဟွမ်အား ဝူမင်၏ တိုက်ကွက်မှ ကာကွယ် ပေးရင်းနှင့် သေဆုံးခဲ့သည်။ အဓိကမိသားစုလေးခု၏ တိုက်ရိုက်ဆက်ခံသူ အနေနှင့် သူမ၏ရုတ်တရက်ကျဆုံးမှုသည် နန်ကုန်းမိသားစုမှလူများ၏ ရင်ထဲ တွင် လေးလံသွားစေသည်။

ပေထင်းကျင်းသည် လူအုပ်ကိုလှည့်ပတ်ကြည့်ပြီး ဝမ်းနည်းမှုကို ဖိနှိပ်ကာ ပေထင်းဟွမ်ားအပြောလိုက်သည် “ရှောင်ကျို့ မင်း ဝိညာဉ်ပြန်ခေါ် ဆေးသန့်စင်ပြီးပြီလို့ ကြားတယ်၊ ချန်းမိုကို အသက်ပြန်ရှင်အောင်လုပ်ဖို့ ဖြစ် နိုင်လား”

ဖြစ်နိုင်လျှင် အကောင်းဆုံးပင်။ မဖြစ်နိုင်လျှင် ပေထင်းဟွမ်အား ဤကဲ့သို့ ဝန်ထုပ်ဝန်ပိုးကို မထမ်းစေချင်တော့ပေ။ သူသည် လက်မြှောက်ပြီး ပေထင်းဟွမ်၏ ဆံနွယ်ရှည်များကိုသပ်ပြီး နှစ်သိမ့်ပေးလေသည် “ရှောင်ကျို့ ဘိုးဘိုးနန်ကုန်းက မင်းကို အပြစ်မတင်ပါဘူး၊ ချန်းမိုက ပြန်ပြီးမွေးလာမယ့် မျှော်လင့်ချက်ရှိမယ်လို့ ဘယ်တော့မှမတွေးခဲ့ဘူး၊ သူမ ဆုံးသွားခဲ့တာကြာပြီဆို ပေမဲ့ ဝိညာဉ်ပြန်ခေါ်ဆေးအကြောင်းကြားလိုက်တော့ သူမကို အသက်ပြန်ခေါ် နိုင်မလားဆိုတာ သိချင်သွားတာပါ”

“ဟုတ်တယ် ခေါင်းဆောင်” နန်ကုန်းချန်းရှီးသည်လည်း ပေထင်းဟွမ်၏ လက်ကိုဆွဲကာ အားပေးလေသည် “ခေါင်းဆောင် မင်းက ချန်းမိုအတွက် ဝိညာဉ်ပြန်ခေါ်ဆေးကို သန့်စင်ဖို့ကြိုးစားခဲ့တာပဲ၊ ဝိညာဉ်ပြန်ခေါ်ဆေး သန့်စင် ပြီးတာတောင် အသက်ပြန်မရှင်နိုင်တာတော့ ခေါင်းဆောင်အမှားမဟုတ်ပါဘူး၊ ချန်းမိုလည်း ခေါင်းဆောင်က သူမကို မှတ်မိစေဖို့ ဒီလိုနည်းလမ်းကိုသုံးချင်နေ တာပါ”