ဒါမင်းအမှားမဟုတ်ပါဘူး
Vol. 64 Ch. 1274
အချစ်ဆိုတာဘာလဲ။ ဒါကသာ အချစ်ပင်။
ဘယ်ဟာပဲလုပ်လုပ် မင်းရဲ့ရှုထောင့်ကနေ ကူကြည့်ပေးမယ်။ မင်း ဘယ်လိုအမှားပဲလုပ်လုပ် မင်းအမှားမဟုတ်ဘူး၊ တခြားသူအတွက်လုပ်တဲ့ အမှားပဲ။ ဒါကသာ အချစ်ပဲ။ မင်းနဲ့ပတ်သက်ပြီး အကုန်လုံးကို သည်းခံနိုင်မှ မင်း စိုးရိမ်ကြောင့်ကြမှုမရှိ စိတ်အေးအေးရှိနိုင်မှာပဲ။
ပေထင်းဟွမ်သည် မလှုပ်မယှက်ရပ်နေသည်။ နန်ကုန်းချန်းမိုသည် သူမအတွက် အသေခံပေးခဲ့သည်။ နန်ကုန်းမိသားစုမှ ဒေါသွက်လျှင် ပေထင်းဟွမ်သည် ပြန်ပြောနိုင်ခွင့်မရှိပေ။ သို့သော် အစမှအဆုံးထိ နန်ကုန်းချန်ပြောသလိုပင် သူသည် ပေထင်းဟွမ်အား အပြစ်မတင်ခဲ့ပေ။ အားကောင်းသောရန်သူ ကျူးကျော်လာလျှင်တောင် သူသည် ပေထင်းဟွမ် အား ကာကွယ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
ပေထင်းဟွမ်သည် နန်ကုန်းချန်အား အားနာစွာကြည့်လေသည် “ဘိုးဘိုးနန်ကုန်း တောင်းပန်ပါတယ် ဝိညာဉ်ပြန်ခေါ်ဆေးကို ချန်းမိုကို မတိုက်ခဲ့ဘူး...”
“ဘာမှမဖြစ်ဘူး” နန်ကုန်းချန်သည် စိတ်ပျက်သွားသော်လည်း ပေထင်းဟွမ် ယခုလိုလုပ်သည်မှာ အကြောင်းအရင်းရှိမည်ကို သိသည်။ သူသည် လက်ခါပြလေသည် “သူမ ဆုံးသွားတာလည်းကြာပြီ၊ ဆေးစားလိုက် ရင်တောင် အသက်ရှင်ချင်မှရှင်မှာ၊ ရှောင်ကျို့ ဒီကိစ္စက အတိတ်မှာပြီးခဲ့ပြီ နောက်ဆိုရင် စိတ်ထဲမထားနဲ့တော့”
ရလဒ်ကမည်သို့ပင်ဖြစ်စေကာ ပေထင်းဟွမ် အရှင်အဆင့်ရတနာဆေး၊ ဝိညာဉ်ပြန်ခေါ်ဆေးကို ကောင်းကင်ခွန်အားနှင့် သန့်စင်ခဲ့သည်မှာ အထင်ကရ ပင်။ ယန်ချန်းမှလူများသည် ပေထင်းဟွမ်အား ထိတ်လန့်သည့်အကြည့်များဖြင့် ကြည့်ကြလေသည်။ သူတို့၏ ရင်ထဲတွင် ယုံကြည်ချက်ခိုင်မာနေကြသည်။ သခင်လေး ၉ သည် ငယ်ရွယ်သေးသည်။ နန်ကုန်းချန်းမိုဟုခေါ်သည့် မိန်းကလေးမှာ ဘဝမကောင်းလှသဖြင့် မကယ်နိုင်ခြင်းပင်။
“ဟုတ်ပြီ မြေးလိမ္မာလေး ဒါမင်းအမှားမဟုတ်ပါဘူး အကောင်းဆုံးလုပ်ခဲ့ တာပဲလေ” ပေထင်းချင်းသည် သေဆုံးသည်မှာကြာပြီဖြစ်သည့် လူတစ်ယောက်အတွက်နှင့် မြေးဖြစ်သူကို အပြစ်မတင်ပေ။ ပေထင်းချင်းသည် ပေထင်းဟွမ်အား ပွေ့ဖက်နှစ်သိမ့်ပေကာ နန်ကုန်းချန်အား မမေ့မလျော့ ကြည့် လေသည်။
ဒီအဘိုးကြီးက သူ့မြေးမကိုချစ်မှာပဲ။ သူလည်း သူ့မြေးကိုချစ်တာပဲ မဟုတ်လား။ သူ့ မြေးဘယ်လောက်လိမ္မာလဲကြည့်လိုက်လေသည။
နန်ကုန်းချန်သည် ပေထင်းဟွမ်၏ အပြစ်တင်သည့်မျက်လုံးများကို မြင် သည်။ သို့သော် သူသည် ပေထင်းဟွမ်အား ပိုအပြစ်ရှိသောလေသံဖြင့်ပြောလေ သည် “ရှောင်ကျို့ မင်းဘိုးဘိုးပြောတာမှန်တယ်၊ ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ဘူး ပြီးတော့ သူမက ချန်းမိုကိုဒဏ်ခတ်လိုက်တာပဲ၊ အခုဆို ကောင်းကင်ဘုံမျာ ဝိညာဉ်အဖြစ်နဲ့ပျော်နေလောက်ပြီ”
တုန်ဖန်းလုနှင့်ရှီမန်ကျင်းတို့သည် ပေထင်းဟွမ်အား ဝင်ရောက်နှစ်သိမ့် ပေးကြလေသည်။ ပေထင်းရွေ့နှင့် ပေထင်းလင်တို့သည် ပိုစိတ်မကောင်းဖြစ် ကြသည်။ သူတို့သည် ပင်မတိုက်ကြီးတွင် ထူးခြားသောပင်ကိုစရိုက်နှင့် အားကောင်းသောလူများဖြစ်ကြသည်။ ကိုယ့်အသက်ကို အကြွေးတင်သည့် ခံစားချက်သည် မည်မျှပင် မသက်မသာဖြစ်ကြောင်းကို သူတို့ကောင်းစွာသိကြ သည်။ ဤကဲ့သို့ အကြွေးသည် ပြန်ဆပ်၍မကုန်ပေ။
ထိုအကြွေးသည် ပေထင်းဟွမ်၏ရင်ထဲတွင် နတ်ဆိုးတစ်ပါးဖြစ်ကာ သူမ၏ ကျင့်ကြံမှုတွင် အဟန့်အတားဖြစ်မည်ကိုသာ သူတို့တွေစိုးရိမ်ကြသည်။
အကြီးအကဲကြီးသည် ပေထင်းဟွမ်၏မျက်နှာထးကို အကဲခတ်နေ သော်လည်း ပေထင်းဟွမ်၏အတွေးကို မမြင်နိုင်ပေ။ သူသည် အတွင်းနတ်ဆိုး ၏ ပြဿနာကိုတွေးမိပြီးပြောလိုက်သည် “သခင်လေး ၉ က အရမ်းမေတ္တာကြီး တာကိုး တကယ်ရှားပါတယ်၊ သေဆုံးခြင်းက ပြီးသွားပြီ အတိတ်ကိုပြန်ခြေရာ ကောက်လို့မရတော့ဘူး၊ သခင်လေး ၉ က သူများတွေထက် သန့်ရှင်းနေရမယ် ကျင့်ကြံသူရဲ့မျက်လုံးက အတိတ်ကိုတွယ်ကပ်နေမယ့်အစား ထိပ်ဆုံးထိ အဝေးကိုကြည့်နိုင်ရမယ်”
“အကြီးအကဲကြီးပြောတာမှန်တယ်” နန်ကုန်းချန်သည် ပေထင်းဟွမ် သူ့ကိုမမြင်မည်ကိုစိုးသဖြင့် ခေါင်းကိုအားပါပါညိတ်လေသည် “ရှောင်ကျို့ ဘိုးဘိုးနန်ကုန်းပြောတာကိုနားထောင်၊ ဒီကိစ္စကို စိတ်မပူနဲ့ မစဉ်းစားနဲ့တော့၊ အဲဒီသောက်ကောင် မင်ဟွမ်က ဘယ်မှာလဲ၊ သူ ပင်မတိုက်ကြီးကိုလာရဲရင် ပြန်လမ်းမရှိအောင်လုပ်ပေးလိုက်မယ်”
နန်လင်းတစ်ယောက်သာ နှုတ်ဆိတ်လျက်ရှိသည်။ သူ၏မျက်လုံးများ သည် ပင်လယ်ရေကဲ့သို့နွေးထွေးစွာဖြင့် ပေထင်းဟွမ်ဆီသို့ ကျရောက်လျက်ရှိ သည်။ သူသည် ပြုံးပြီးပြောလိုက်သည် “ရှောင်ကျို့ မင်း ငါတို့ကိုစောင့်နေတာ လား”