← Chapters

ဘိုးဘိုးနန်ကုန်းက လက်မထောင်ပြတာနဲ့ ထိုက်တန်ပါတယ်

Vol. 64 Ch. 1275

ဘိုးဘိုးနန်ကုန်းက လက်မထောင်ပြတာနဲ့ ထိုက်တန်ပါတယ်

Vol. 64 Ch. 1275

ထိုစကားသည် အနည်းငယ် နားလည်ရခက်သော်လည်း ပေထင်းဟွမ် နားလည်သည်။ သူမသည် နန်လင်းအားပျော်ရွှင်စွာ ခေါင်းညိတ်ပြကာ လူအုပ် အား အနည်းငယ်မြူးသောမျက်လုံးများဖြင့် ဝေ့ဝဲကြည့်ပြီး နန်ကုန်းချန်းအား ပြုံးပြီးမေးလိုက်သည် “ဘိုးဘိုးနန်ကုန်း ချန်းကို ဝိညာဉ်ပြန်ခေါ်ဆေးမကျွေး သေးတာက ဘိုးဘိုးတို့လာတာကိုစောင့်ပြီး သူမ ပြန်နိုးလာမှာကို အတူကြည့် ချင်လို့ပါ”

ဘာ...

ခန်းမတစ်ခုလုံးတွင် ယန်ယဲ့နှင့်နန်လင်းတို့နှစ်ယောက်သာ တည်ငြိမ် လျက်ရှိပြီး ပေထင်းဟွမ်အား နှစ်သိမ့်ပေးသည့်အကြီးအကဲအပါအဝင် အားလုံးသည် ပေထင်းဟွမ်အား ပြူးကျယ်သောမျက်လုံးများဖြင့်ကြည့်လေ၏။ တချို့သည် ပေထင်းဟွမ်၏ စကားများကိုနားမလည်ပေ။

ငေးကြောင်နေသောမျက်လုံးများသည် ထိတ်လန့်မှုနှင့် မယုံနိုင်မှုများ ပြသနေကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပြန်ကြည့်နေကြ သည်။ အခု ပေထင်းဟွမ်က ဘာပြောလိုက်တာလဲ။ သူမ သခင်မလေးနန်ကုန်း ကို ဝိညာဉ်ပြန်ခေါ်ဆေးမကျွေးတာက ဟွမ်ချန်းကလူတွေလာတာကိုစောင့်ပြီး နန်ကုန်းချန်းမို နိုးလာတာကို ကြည့်ဖို့တဲ့လား။

ဆိုလိုတာက နန်ကုန်းချန်းမို အသက်ပြန်ရှင်ဖို့ သူမ တကယ်သေချာနေ တာလား။

ပေထင်းဟွမ်သည် မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေကာ ကြက်ဥပင်ဝင်ဥ နိုင်လောက်အောင် ပါးစပ်အဟောင်းသားဖြစ်နေသော လူအုပ်ကိုကြည့်လိုက် သည်။ သူမသည် ပြုံးပြီး ရှက်ရွံ့စွာနှာခေါင်းကို ပွတ်လိုက်သည်။ သူမသည် သူတို့ကို အမှန်တကယ် မခြောက်လှန့်ချင်ပေ။ “ချန်းမိုက ကျွန်တော့်အတွက် သေပေးခဲ့တာ၊ သူမ မသေခင် သူမကို လုံးဝသေခွင့်မပြုနိုင်ဘူးလို့ပြောခဲ့တယ်၊ သူမ သေသွားရင်တောင် ကျွန်တော် ကယ်မှာ”

သူမသည် နန်ကုန်းချန်း၏ စိတ်လှုပ်ရှားပြီး မျက်ရည်များဝဲနေသည့် မျက်လုံးများကို ကြည့်လိုက်သည်။ “ဘိုးဘိုးနန်ကုန်း လူကြီးလူကောင်းရဲ့ စကားတွေက လိုက်နာဖို့က်တယ်၊ ပြောဖို့တောင်မလိုပါဘူး ကျွန်တော်က ချစ်ရတဲ့သူကို ဆုံးရှုံးရတဲ့ နာကျင်မှုကို ကြုံတွေ့ပြီးပြီ၊ အဲဒါကိုပဲ အမြဲခံစားနေရ တာ၊ ကျွန်တော့်တစ်သက်မှာ အဲဒါကိုလက်လျော့ပြီးတော့ ဘိုးဘိုးနန်ကုန်းကို အဲဒီနာကျင်မှု ခံစားစေလို့ ဘယ်ဖြစ်မလဲ”

တခြားသူအပေါ် အပြစ်မပုံချသည်မှာ ဟွာရှ၏ သူတော်ကောင်းတရားပင် ဖြစ်သည်။

သို့သော် ဤနေရာသည် သန်မာသူများကို လေးစားပြီး အားနည်းသည် သန်မာသူ၏ သားကောင်ဖြစ်သည့် ပင်မတိုက်ကြီး ပတ္တမြားကမ္ဘာဖြစ်သည်။ မည်သူမှ ထိုစရိုက်များကို ဂရုမစိုက်ပေ။ နန်ကုန်းချန်းမိုသည် ပေထင်းဟွမ် အတွက် သူမဘာသာ အသေခံပေးကာ မည်သူမှ ဖိအားပေးခဲ့ခြင်းမရှိခဲ့ပေ။ ထို့အပြင် ပေထင်းဟွမ်သည် သူမအတွက် လက်စားချေပေးရန် ဝူမင်အား ဓားချက်ဖြင့် ခေါင်းဖြတ်ခဲ့သည်။ သူမ လုပ်ပေးခဲ့သည်မှာ နန်ကုန်းမိသားစုကို ဆွံ့အသွားစေခဲ့သည်။

သို့သော် သူမ မကျေနပ်ပေ။ သူမသည် နန်ကုန်းချန်းမိုကို ကယ်တင်မည့် အကြံကို လုံးဝလက်မလျော့ခဲ့ပေ။ ထိုစွဲလမ်းမှုသည် သူမ၏ရင်ထဲတွင် အမြဲတစေရှိနေခဲ့သည်။

ပေထင်းဟွမ်သည် ဝိညာဉ်ပြန်ခေါ်ဆေးကို သန့်စင်ပြီးဖြစ်ကြောင်း ရှိနေ သည့်လူများသိသွားသော်လည်း ထိုဆေးကို တန့်ကာမြို့တွင် သန့်စင်စဉ်က မည်မျှအန္တရာယ်ရှိကောင်းကို မည်သူမှမသိကြပေ။ ပထမဆုံးအနေနှင့် စီရင်ချက်ဗိမာန်မှ နတ်ဘုရားကျိမင်သည် ဆေးသန့်စင်မှုပြီးသွားချိန်တွင် ချောင်းမြောင်းတိုက်ခိုက်ခဲ့ကာ ၃၃ ကောင်းကင်ဘုံမှ ဆင်းသက်သူများသည် အားကောင်းသောခွန်အားနှင့် ဆေးကို လုခဲ့သည်။

ပေထင်းဟွမ်သာမဟုတ်ပါက နန်ကုန်းချန်းမိုနောက်သို့ လိုက်သွားရမည် ကိုပင် စိုးရသည်။

နန်ကုန်းချန်းသည် နှစ်ပေါင်းရာချီနေလာခဲ့ပြီဖြစ်၏။ နန်ကုန်းမိသားစု၏ ခေါင်းဆောင်တစ်ယောက်အနေနှင့် သူ၏နှလုံးသားသည် သံမဏိကဲ့သို့ မာကျောသည်ဟုဆိုနိုင်သည်။ သို့သော် ဤအခိုက်အတန့်တွင် နှလုံးသား၏ တစ်စိတ်တစ်ပိုင်းသည် ပေထင်းဟွမ်ကြောင့် ပြိုလဲခဲ့သည်။ သူသည် တုန်ယင် နေသောလက်ကိုမြှောက်ကာ ပေထင်းဟွမ်၏ဦးခေါင်းကို ပွတ်သပ်ပေးပြီး ပြောသည့်အသံမှာ မြေးအရင်းကိုပြောသည်ထက်ပင် အသံမှာနူးညံ့နေသည် “လိမ္မာတဲ့ကေင်လေး မင်းဘိုးဘိုးနန်ကုန်းက ဒီဘဝမှာ ဘယ်သူ့ကိုမှ မလေးစား ဖူးဘူး၊ မင်းရဲ့အဘိုကိုတောင်မှ အာရုံစိုက်ခဲ့တာမဟုတ်ဘူး၊ လိမ္မာတဲ့ကောင်လေး မင်းက ဘိုးဘိုးနန်ကုန်း လက်မထောင်ပြတာနဲ့ ထိုက်တန်ပါတယ်”

နန်ကုန်းချန်းသည် ပေထင်းချင်းအပေါ် သိမ်ငယ်မိသည်။ သို့သော် ဂုဏ်ယူနေတုန်းပင်။ သူသည် မြေးဖြစ်သူကို ရင်ခွင်ထဲတွင် ရတနာတစ်ပါး အလားပွေ့ဖက်သည်။ လူတစ်ယောက်ကို လက်ခံယုံကြည်စေသည်မှာ ခွန်အား တင်သာမဟုတ်ဘဲ နှလုံးသားပါပါဝင်သည်ကို ပေထင်းချင်းသည် သေချာပေါက် သိသည်။

အငယ်ဆုံးဖြစ်သည့် ပေထင်းဟွမ်ကို ဝိညာဉ်ကိုးပါးခန်းမတစ်ခုလုံး လေးစားမိသည်မှာ သူမ၏ကျင့်ကြံရေးအရည်အချင်းနှင့် အားကောင်းသော ခွန်အားအပြင် သူမ၏အကျင့်စရိုက်သာဖြစ်လေသည်။

မည်သည့်အချိန်တွင်ဖြစ်စေကာမူ သူမသည် သူမ၏အပေါင်းအဖော်များ ကို သေသွားလျှင်တောင် စွန့်ပစ်သွားမည်မဟုတ်ပေ။

All Chapters