နန်ကုန်းချန်းမို အသက်ပြန်ရှင်လာပြီ
Vol. 64 Ch. 1277
“လှုပ်လာပြီ လှုပ်လာပြီ လှုပ်လာပြီ” တုန်ဖန်းကျောက်သည် ကြောက်လန့်တကြား ထခုန်ကာ အိပ်ရာပေါ်မှ နန်ကုန်းချန်းမို၏ လက်ချောင်း အနည်းငယ် တုန်ခါသွားသည်ကို ညွှန်ပြလေသည်။
ထိုအချိန်တွင် အားလုံးနီးပါး ထိုမြင်ကွင်းကို မြင်လိုက်ကြသည်။ နန်ကုန်းချန်းသည် အိပ်ရာဆီသို့ အပြေးနှင်လာပြီး နန်ကုန်းချန်းမို၏ခန္ဓာကိုယ် ဘေးတွင် လက်တင်ထားကာ နန်ကုန်းချန်းမိုအား စိုက်ကြည့်လေသည်။ သူသည် မြေးမလေး အသက်ပြန်ရှင်လာသည်ကို ရှင်းလင်းစွာမြင်ချင်နေ၏။၏
ရှည်လျားသောမျက်တောင်များသည် မျက်အိမ်ကို လိပ်ပြာတောင်ပံကဲ့သို့ ဖုံးအုပ်ထားရာမျ အနည်းငယ် လှုပ်ခါလာသည်။ ရုတ်တရက်ပင် မျက်လုံးတစ်စုံ ပွင့်လာသည်။ မျက်အိမ်ထဲတွင် အလင်းနှင့်အမှောင် တလှည့်စီဖြစ်နေပြီး မျက်စိရှေ့မှ ကြီးမားသောမျက်နှာအိုကြီးမှာ အနီးကပ်ရှိနေသဖြင့် နိုးလာသည် နှင့် ကြောက်လန့်တကြားအော်မိလေသည်။ သူမ၏ခန္ဓာကိုယ်သည် အလိုလို ပင် အနောက်ဆုတ်မိလေသည်။
“အား...”
နန်ကုန်းချန်းသည်လည်း သတိလက်လွတ်ဖြစ်သွားသည်။ နန်ကုန်းချန်းမို သည် ရုတ်တရက် နိုးလာပြီး သူကိုမြင်သည်နှင့် အော်လိမ့်မည်ဟု သူ ထင်မထား ပေ။ သူ၏ခြေထောက်များသည် ပျော့ခွေသွားပြီး အိပ်ရာပေါ်မှ လိမ့်ကျလေ သည်။ တုန်ဖန်းလုကြောင့်သာမဟုတ်လျှင် သူသည် လဲကျသည့်အတွက် အရှက်ကွဲမည်ဖြစ်သည်။
အိပ်ရာဘေးသို့ရွှေ့သွားလိုက်ပြီး သူမ၏ သမင်မျက်လုံးကဲ့သို့ကြည်လင် သောမျက်လုံးများသည် ရွှေ့လျားနေကာ ငေးငိုင်စွာကြည့်လေသည်။ ထိုမြင်ကွင်းအားကြည့်ပြီး ပေထင်းဟွမ်သည် ရင်ခုန်သံမြန်လာသည်။ လူတစ် ယောက်ကို ကယ်တင်ပြီးပါက ဝိညာဉ်သည် ပျက်စီးသွားပြီး မှတ်ဉာဏ်ပျောက် သည့်အဖြစ်မျိုး ဖြစ်နိုင်သည်။ ထို့နောက် ပြစ်မှုသည် အလွန်စက်ဆုပ်ဖွယ်ရာ ပင်။
နန်ကုန်းချန်းရှီးသည် လှုပ်ရှားသံကြားပြီးနောက် ပြေးဝင်လာက အိပ်ရာ ပေါ်မှ အသက်မဲ့နေသော အစ်မဖြစ်သူကိုမြင်လိုက်ရသည်။ သူမသည် လက်သည်းထုတ်ထားသည့် သားရဲတစ်ကောင်အလား နိုးနိုးကြားကြားနှင့် အားလုံးကို အကဲခတ်နေသည်။ သူမ၏အတွေးများအားလုံးမှာ ပျောက်ကွယ် သွားပြီး အစ်မဖြစ်သူအတွက် ချစ်ခြင်းတစ်ခုသာကျန်တော့လေသည်။
“ချန်းမို ငါတို့ကိုမသိဘူးလား” နန်ကုန်းချန်းရှီးသည် အိပ်ရာဘေးသို့ ပြေး သွားကာ နန်ကုန်းချန်းမိုအား ပွေ့ဖက်လိုက်သည် “ငါက ညီမလေးလေ ညီမလေးလေ ဒါက ဘိုးဘိုး မမှတ်မိဘူးလား”
နန်ကုန်းချန်းရှီးသည် အနည်းငယ် ရှက်ရွံ့မိသည်။ အစောလေးကတင် သူမသည် မဟုတ်သည့်အတွေးများတွေးခဲ့သည်။ အစ်မဖြစ်သူမှာ ယခုလိုဖြစ် နေ၏။ သူမသည် မျိုးနွယ်ခေါင်းဆောင်နေရာအတွက် အစ်မဖြစ်သူနှင့် တိုက်ခိုက်နေတုန်းပင်။ အစ်မဖြစ်သူသည် တပ်ရင်း၏ခေါင်းဆောင်အတွက် အသက်ကိုပါ ပေးလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ပေထင်းဟွမ်သည် ယန်ယဲ့၏ရင်ခွင်ထဲမှ ထွက်ကာ အိပ်ရာဘေးသို့ လျှောက်သွားပြီး သူမအားကြည့်နေသည့် မိန်းကလေးအား ငုံ့ကြည့်လိုက်သည်။ စိတ်ရှုပ်မှုများဖြစ်ပေါ်ပြီးနောက် မိန်းကလေး၏မျက်လုံးများသည် တဒင်္ဂ အတွင်းမှာပင် ကြည်လင်သွားလေသည်။ ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးလိုက် သည် “ချန်းမို ငါက ဘယ်သူလဲ”
နန်ကုန်းချန်းမိုသည် ထိုမျက်နှာကို အတန်ကြာသည်အထိ စိုက်ကြည့် လေသည်။ သူမ၏စိတ်ထဲတွင် တံခါးပေါက်တစ်ပေါက်ပွင့်သွားပုံပင်။ မရေမတွက်နိုင်သောမှတ်ဉာဏ်များသည် သူမ၏စိတ်ထဲတိုးဝင်လာကာ မျက်စိ ရှေ့မှ ပုံရိပ်များသည် ခပ်ဝါးဝါးရှိရာမှ ကြည်လင်လာသည်။ နောက်ဆုံးတွင် သူမ၏ စိတ်ထဲ၌ မြင်ကွင်းတစ်ခုပေါ်လာသည်။ မျက်နှာသည် အနည်းငယ် လှုပ်ရှားလာသည်။
“ခေါင်းဆောင် ကျွန်မ ကျွန်မ... တကယ် ရှင့်ကိုပြန်တွေ့ချင်နေတာ ရှင့်မျက်နှာကို ကြည့်ချင်နေတာ”
“လိမ္မာတယ် စကားမပြောနဲ့တော့ ငါ မင်းကို အသေမခံနိုင်ဘူး၊ မဟုတ် သေးဘူး နေဦး ကြည့်လိုက်၊ သေချာကြည့် မင်းကို ထိခိုက်အောင်လုပ်တဲ့သူကို တန်ရာတန်ကြေးအဆပေါင်းများစွာ ပေးဆပ်ခိုင်းမယ်၊ ဒီကမ္ဘာကိုလာရတဲ့ အတွက် သူ နောင်တရအောင်လုပ်မယ်”
မှန်သည်။ ဤမျက်နှာပင်။ သူမသည် ဤမျက်နှာကိုရှင်းရှင်းလင်းလင်း မှတ်မိသည်။ သူသည် ခေါင်းဆောင်ဖြစ်သည်။ ခေါင်းဆောင်ကို ဓားနှင့် တိုက်ခိုက်သည်ကိုမြင်သည်နှင့် သူမသည် တုံ့ဆိုင်းခြင်းမရှိ ခေါင်းဆောင်ဆီသို့ ပြေးဝင်ခဲ့သည်။ သူမရှေ့တွင် သူမ၏တပ်ရင်းခေါင်းဆောင် သေဆုံးသွားသည် ကို မည်သို့ကြည့်ရက်နိုင်မည်နည်း။
မှန်သည်။ သူမ သေဆုံးခဲ့သည်။ သို့သော် ယခုအခြေအနေသည် မည်သို့ သောအခြေအနေနည်း။
“ခေါင်းဆောင် မင်းလည်းသေသွားတာလား၊ အဲကောင်က မင်းကို သတ် လုက်တာလား ခေါင်းဆောင် မင်း ဘယ်လိုသေသွားတာလဲ” နန်ကုန်းချန်းမို သည် ချန်းရှီးအား တွန်းထုတ်ပြီး ပေထင်းဟွမ်ဆီသို့သွားလေသည်။ သူမ ပေထင်းဟွမ်၏လက်မောင်းများကို ကိုင်လိုက်ချိန်တွင် သူမ၏လက်မှ အပူကြောင့် တစ်ကိုယ်လုံးတုန်ယင်သွားလေသည်။
သေလူတစ်ယောက်၏ခန္ဓာကိုယ်တွင် အပူချိန်မရှိဟု ပြောကြသည် မဟုတ်ပါလား။