အရေးတကြီးဆွေးနွေးစရာရှိတယ်
Vol. 64 Ch. 1278
ထိုမြင်ကွင်းအားကြည့်ပြီး အားလုံးသည် စိတ်သက်သာရာရစွာနှင့် အသက်ရှူလိုက်ကြတော့သည်။ ဘေးခန်းမမှလူများသည် လေးလံစွာ အသက် ရှူထုတ်လိုက်ကြသည်။ နန်ကုန်းချန်းမို၏ ရာထူးသည် ယန်ချန်းမှလူများ အရေးတယူလုပ်ရမည့်အရာမဟုတ်ပေ။ သို့သော် သူမ အသက်ပြန်ရှင်နိုင်လာ သည်မှာ အနည်းဆုံးတော့ ပြဿနာဖြေရှင်းပြီးဖြစ်လေသ်ည။ ဝိညာဉ်ပြန်ခေါ် ဆေးသည် သေလူကို အသက်ပြန်ရှင်စေသည်။
သို့သော် သေသွားသည်နှင့် ဝိညာဉ်ပြန်ခေါ်ဆေးနှင့် အသက်ပြန်ရှင်နိုင် သည်ဟု တွေးရလောက်အောင် မည်သူမှ မတုံးအပေ။
ပေထင်းဟွမ်ရှိနေခြင်းကြောင့်ပင် နန်ကုန်းချန်းမိုသည် သေသွားသည့် အခိုက်အတန့်တွင် အကောင်းဆုံးနည်းလမ်းတွေ့ရှိခဲ့သည်။ သူမသည် ဝိညာဉ်နှင့်နတ်မိစ္ဆာစွမ်းအင်တို့ အားကောင်းသည့် လက်ပတ်နေရာထဲတွင် ထိန်းသိမ်းထားခဲ့ကာ ဝိညာဉ်သွေးကြောများမှ ကာကွယ်ထားခဲ့သဖြင့် ပေထင်းဟွမ် ဝိညာဉ်ပြန်ခေါ်ဆေး သန့်စင်သည့်အချိန်ထိ စောင့်နိုင်ခြင်းပင်။
ဝိညာဉ်ပြန်ခေါ်ဆေးသည် သန့်စင်ရန်လွယ်ကူမည်လား။ ဝိညာဉ်ပြန်ခေါ် ဆေး သန့်စင်သည့်ပုံသေနည်းသည် ပေထင်းဟွမ် တန့်ကာမြို့တွင် သန့်စင်ပြ ပြီးကတည်းကပင် ပျံ့နှံ့နေသော်လည်း ကောင်းကင်နှင့်မြေကြီးတွင် မည်သည့် အဂ္ဂိရတ်ပညာရှင်မှ လိုက်မလုပ်နိုင်ကြပေ။
ဝိညာဉ်ပြန်ခေါ်ဆေး ပုံသေနည်းသည် လူအများကို မျှော်လင့်ချက်ပေးခဲ့ သော်လည်း ဆေးပစ္စည်းများသည် မျှော်လင့်ချက်မဲ့စေသည်။
နန်ကုန်းချန်းမိုကို ဘေးခန်းမတွင် နန်ကုန်းချန်းရှီးမှ ဂရုစိုက်ပေးလျက်ရှိ သည်။ သူမ နိုးလာချိန်တွင် ကိစ္စတော်တော်များများကို မရှင်းလင်းသေးပေ။ ဘေးခန်းမတွင် နန်ကုန်းချန်းရှီး သူမကို အဖော်ပြုပေးချိန်တွင် အဖွဲ့နှင့် ဖြစ်နိုင် သလောက်မြန်မြန် ပူးပေါင်းနိုင်ရန် ပင်မတိုက်ကြီးရှိ အပြောင်းအလဲများကို ပြောပြချင်၏။
တခြားသူများသည် ဘေးခန်းမမှ ထွက်လာခဲ့သည်။ နောက်ကျနေပြီဖြစ် ရာ ယန်ချန်းသည် ညစာစားပွဲကျင်းပလေသည်။ သေရည်နှင့် အသားများသည် မွှေးပျံ့လျက်ရှိပြီး သေရည်ခွက်များသည် လိမ်ယှက်လျက်ရှိသည်။ ပေထင်းဟွမ်သည် ပေထင်းကျင်တို့နောက်လိုက်ကာ တုန်ဖန်းကျောက်၊ တုန်ဖန်းအောင်၊ ရှီမန်ဆုန်းတို့နှင့်အတူ တစ်စားပွဲတည်းထိုင်ကာ ယန်ယဲ့သည် ဟွမ်ချန်း၏အကြီးအကဲနှင့် တခြားအာဏာပိုင်များနှင့်ထိုင်လေသည်။
“အရှင်ယဲ့ဝမ် အရှင်ယဲ့ဝမ်လို့ခေါ်ရမလား ယန်းမြို့စားလို့ခေါ်ရမလား မသိတော့ဘူး” ပေထင်းချင်းသည် ယန်ယဲ့ဆီသို့ ခွက်မြှောက်ပြပြီးပြောလေ သည် “ကျုပ်တို့ ဒီကိုလာရတဲ့ အစောပိုင်းအကြောင်းအရင်းက အရှင်ယဲ့ဝမ်နဲ့ အရေးတကြီးကိစ္စကိုဆွေးနွေးဖို့ပါ၊ ညအရှင်သခင် ကျုပ်တို့နဲ့ စကားဖို့ပြောဖို့ အချိန်ရှိလားမသိဘူး”
ယန်ယဲ့သည် ခွက်မြှောက်ကာ ပေထင်းချင်းအား အရိုအသေပြုလေ၏။ သူသည် ပေထင်းဟွမ်အား မခွာနိုင်ကြည့်ကာ ခေါင်းညိတ်ပြီးပြောလေသည် “ကျုပ်လည်း ခေါင်းဆောင်နန်လင်း၊ ဂိုဏ်းထောက်လေးယောက်တို့နဲ့ ဆွေးနွေး ချင်တာရှိပါတယ်၊ ဒီနေ့ညပြောကြမလား”
တုန်ဖန်းကျောက်သည် ယန်ချန်းအား အလည်အပတ်လိုက်ပို့ရန် ပေထင်းဟွမ်အား တောင်းဆိုလျက်ရှိသည် “၉ လပိုင်း ၁၅ ရက် လောက်ဆိုရင် ယန်ချန်းညဈေးက အရမ်းအသက်ဝင်တာဆို...”
ထိုစကားကိုကြားပြီးနောက် ပေထင်းကျင်၏ မျက်ခုံးများသည် တည်ငြိမ် စွာ လှုပ်ခတ်သွားသည်။ ၉ လပိုင်း ၁၅ ရက်သည် ရှောင်ကျို့၏မွေးနေ့ဖြစ်သည်။ ဤမြို့သို့လာသည့်လမ်းတွင် လွန်ခဲ့သည့်နှစ်လက ယန်ချန်း တည်ဆောက် သည့်နေ့မှစပြီး ၉ လပိုင်း ၁၅ ရက်နေ့သည် ယန်ချန်းတစ်မြို့လုံး၏ အောင်ပွဲခံ မည့်နေ့ဖြစ်သည်။
ယန်း(မီးတောက်)မြို့ကို တည်ဆောက်ပြီးသည်မှာ နှစ်ပေါင်းထောင်ချီ ကြာပြီဖြစ်၏။ ပင်မတိုက်ကြီး တည်ရှိသည့်နေ့မှစပြီး ယန်းမြို့တည်ရှိလာခဲ့ သည်။ သို့သော် လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီက ရှောင်ကျို့ မွေးဖွားမလာခဲ့ ပေ။ အရာအားလုံးသည် တိုက်ဆိုင်သည်လား။
၎င်းသည် တိုက်ဆိုင်သည်ဟု ပေထင်းကျင် မထင်ပေ။ ယန်ယဲ့သည် အမှောင်နတ်မိစ္ဆာနန်းတော်၏ နတ်မိစ္ဆာအရှင်ဖြစ်သည်။ ထိုအရာသည် ဇာမဏီ မြို့တွင်ရှိစဉ်က ခေါင်းဆောင်နန်လင်းနှင့် ချုံချီတို့ပြောပြသည့် ပတ္တမြားကမ္ဘာ ၏ နတ်မိစ္ဆာဧကရာဇ်နှင့်ဧကရီတို့၏ ဇာတ်လမ်းကို သွားအမှတ်ရစေသည်။
ဝိညာဉ်ပြန်ခေါ်ဆေးသောက်ပြီးနောက် သေလူသည် အသက်ပြန်ရှင်လာ ပါက ယန်ယဲ့၏နည်းလမ်းနှင့်ဆိုလျှင် လွန်ခဲ့သည့်နှစ်ထောင်ချီက သေဆုံးသွား သည့်လူ ပြန်မွေးဖွားလာမည်လား။
ပေထင်းကျင်၏မျက်လုံးများသည် ပေထင်းဟွမ်ခန္ဓာကိုယ်ပေါ်သို့ ရောက် နေကာ သူမ၏အနီရောင်ဝတ်ရုံကို ကြည့်လေသည်။ သူမ၏မျက်နှာပေါ်မှ တောက်ပသောအပြုံးရှိနေပြီး သူမ၏ရှည်လျားသောဆံပင်များသည် သူမ၏ လှုပ်ရှားမှုတိုင်းတွင် လွတ်လပ်စွာလှုပ်ခတ်နေသည်။ သူမ၏မျက်နှာသည် ပိုပို၍ နူးညံ့လာပြီး သူ၏မှတ်ဉာဏ်ထဲမှ ညီမငယ်နှင့်တူညီသယောင်ရှိသော်လည်း ကွဲပြားနေပြန်သည်။